ဖားကန့်သို့ အပြန်ခရီး



မိသားစုကိစ္စတစ်ခုကြောင့် မိုးတွင်းကြီး အိမ်ကို တစ်ပတ်လောက် ပြန်ဖြစ်သွားပါတယ်.. ကျွန်မ မွေးဖွားရာဇာတိ ကချင်ပြည်နယ်ဟာ မိုးများတဲ့ ဒေသဖြစ်တာကြောင့် မိုးရွာမိရင် တစ်နေကုန် မတိတ်နိုင်အောင် ရွာတတ်ပြီး ခုလိုချိန်မျိုးမှာ ခရီးထွက်ရတာ စိုစိုစွတ်စွတ်နဲ့မို့ ပျင်းစရာ အလွန်ကောင်းလှပါတယ်.. ပြီးတော့လဲ နံမည်ကျော် ဖားကန့်လမ်းတွေက မိုးအခါမှာ ရွံ့တွေဗွက်တွေနဲ့ စိတ်ညစ်စရာ ကောင်းလောက်အောင် ဆိုးဝါးလှပါတယ်.. နွေတုန်းက ဖုန်တစ်ထောင်းထောင်း ထခဲ့တဲ့ လမ်းတွေဟာ အခု မိုးရာသီလဲရောက်ရော ရွံ့ဗွက်အိုင်တွေ အပြည့်နဲ့ ချိုင့်တွေ၊ ကျင်းတွေ တစ်လမ်းလုံးပါဘဲ.. ဘယ်လိုမှ သက်သောင့်သက်သာ မရှိပါဘူး.. အိမ်ခန ပြန်သွားတဲ့ တစ်ပတ်လုံးလုံးဟာ မိုး ရက်ဆက်ရွာပါတယ်.. တစ်ရက်မှကို မပြတ်ခဲ့ပါဘူး…  မိုးရာသီဆိုရင် မြေပြို တတ်ခြင်းကြောင့် အန္တရာယ် များလွန်းတဲ့အတွက် ကျောက်တူးလုပ်ငန်းများ၊ ရွှေတူးခြင်းများ အားလုံးနီးပါး ရပ်နားထားရပါတယ်.. မိုးအခါမှာတော့ ဖားကန့်ဒေသမှာ လူဦးရေ လျှော့သွားတတ်ပါတယ်.. အလုပ်ပါးတဲ့ အတွက် မိမိနေရပ်ကို ပြန်ကြသူများပါတယ်.. စီးပွားရေး အရောင်းအ၀ယ် လုပ်ငန်းများလဲ နည်းပါးသွားပါတယ်..




ရှေ့က ရွံ့ဗွက် ဘယ်လောက်နက်.. သိနိုင်ပါ့မလား..




ရုန်းလိုက်စမ်းကွယ်.. အဲ နွားမှ မဟုတ်တာနော်.. ဟိဟိ    မွှားသွားလို့း)





ဒီလို လမ်းမျိုးကို ဖားကန့် လမ်းလို့ခေါ်ပါသည်...





ရွံ့တွေ ရွံ့တွေ




မိုးကရွာ လမ်းကဆိုး



ရွံ့စင်မှာစိုး.......



နွေတုန်းက ကျွန်မစီးနေကျ မြစ်ကြီးနား - ဖားကန့် ဗင်ကားခဟာ ၂၅၀၀၀ လောက်သာ ရှိပေမဲ့ ယခု မိုးရာသီမှာတော့ ၅၀၀၀၀ ထိ ၂ဆ ဈေးတက်သွားခဲ့ပါတယ်.. ဖားကန့်အသွားကိုတော့ ဈေးဒီလာက်မရှိပါဘူး.. ၃၀၀၀၀ လောက်ဘဲ ရှိပါတယ်.. အပြန်က ဈေးပိုကြီးပါတယ်.. ကြည့်ရတာ မိုးအခါဆို ဖားကန့်ကနေ ပြန်တဲ့သူတွေ ပိုများလို့ ဖြစ်ပါလိမ့်မယ်.. လမ်းခရီးဆိုးတဲ့အတွက် ကားစီးရတဲ့ အချိန်လဲ ပိုပြီး ကြာပါတယ်. ခါတိုင်း ၆နာရီ ခရီးကို ၈နာရီ လောက်ထိ ကြာမြင့်တတ်ပါတယ်.. နွေအခါတုန်းက တည်ဆောက်ထားခဲ့တဲ့ ချောင်းကူးတံတား တစ်ချို့ ချောင်းရေထဲ မျှောပါသွားလို့ စက်လှေ၃စီးနဲ့ ပြုလုပ်ထားတဲ့ ကူးတို့ဖောင်နဲ့ ကားတွေ ဆိုင်ကယ်တွေ ကူးခဲ့ရပါတယ်..







ဥရုချောင်းလဲ ရေတွေကြီးလို့



လမ်းမှာတော့ တံတားမရှိတဲ့ မြစ်ပြင်ကို ကားရော ဆိုင်ကယ်ရော ကူးတို့ဖောင်နဲ့ ကျော်ကြရတယ်..







ဖြေးဖြေးဆင်းကြပါ....



ကူးတို့ဖောင်ပေါ်က ကား



ဒီလိုစက်လှေ ၃စီးပေါ် တင်ထားတဲ့ကုတို့ဖောင်ပါ..


ယခုဆိုးတယ်ဆိုတဲ့ မြစ်ကြီးနား ဖားကန့်လမ်းဟာ လွန်ခဲ့တဲ့ ၁၀နှစ်လောက်က လမ်းကိုတော့ လုံးလုံး မမီပါဘူးရှင်.. ယခင်တုန်းခါကတော့ ခါးလောက်ထိ နှစ်တဲ့ ရွံဗွက်တွေနဲ့ ကားသွားလို့မရဘဲ လူနဲ့ နွားလှည်းတို့သာ သွားလို့ရပါတယ်… အဲဒီတုန်းက ဒီလမ်းဒီခရီးကို ၂ရက်၃ရက် လမ်းလျှောက်ပြီး သွားခဲ့ရတာပေါ့...  ခုလောက်ဆိုးတာကတော့ ပျင်းတောင် ပျင်းသေး...  :)




ရွံ့အိုင်ကို ကားအဖြတ်မှာ စင်လာတဲ့ ရွံ့ရေတွေကို မိမိရရရိုက်လိုက်သေး

ဒီလို ရွံ့တွေစင်တတ်လို့ တစ်ဖက်က ကားနဲ့ ကားချင်းယှဉ်ဖြတ်ကြတဲ့အခါ ကားမှန် မပိတ်ထားမိရင် ရွံ့တွေဟာ လူနဲ့ မျက်နှာကိုပါလာစင်ပါတယ်.. အင်္ကျီတွေရော အကုန်ပေတော့တာပါဘဲ.. ကားမှန်တွေကလည်း တင်ရခက် ချရခက်တဲ့ ရှေးဟောင်းကားတွေများတော့ ဒီတိုင်း ထားလိုက်ရတာ များပါတယ်။ မိုးရွာရင်တောင် မှန်တင်ရ ချရခက်လို့ အစိုခံရတဲ့ အခြေအနေတွေတောင် ရှိသေးတာကိုး။



နန့်ယားရွာကလေး


ဒီရွာကလေးကတော့ ကျောက်နီ( ပတ္တမြား) ထွက်တယ်လို့ နံမည်ကျော်တဲ့ နန့်ယားဆိပ်( နန့်ယားကျေးရွာ)ဘဲ ဖြစ်ပါတယ်.. မြစ်ကြီးနား - ဖားကန့် အသွား ကားနဲ့ ဆိုင်ကယ်များ ခရီးတစ်ထောက် နားကြတဲ့ နေရာလဲ ဖြစ်ပါတယ်.. စားသောက်ဆိုင် အများအပြားရှိပြီး ကျယ်ပြန့်တဲ့ လမ်းမ ရှိတာကြောင့် သာသာယာယာ ရှိသလို ကျောက်နီတူးဖော်တဲ့ ကုမ္ပဏီတွေလည်း ရှိတာကြောင့် စည်ကားပါတယ်။









 







မလိုင်အပြည့်နဲ့ နွားနို့



ဒီတစ်ခါတော့  နန့်ယားရွာမှာ ထမင်းစားခဲ့ပြီးလို့ ဗိုက်မဆာပေမဲ့ အရင်တစ်ခေါက် ပြန်တုန်းက ထမင်းစားနားတဲ့ လ၀ါးဆိုတဲ့ ကချင်ရွာကလေးမှာ ရှိတဲ့ ကချင်စားသောက်ဆိုင်ကလေးမှာ ကားပြင်ဖို့ ခနနားတော့ နွားနို့ သောက်ဖြစ်အောင် သောက်ခဲ့ပါတယ်....  ဒီရွာက နွားနို့သိပ်ကောင်းတယ်လို့ နံမည်ကြီးပြီး ကားမိုင်းမြို့နဲ့ မနီးမဝေးမှာ ရှိပါတယ်.. ဒီက နွားနို့ဟာ မြို့တွေမှာလို အဆီထုတ်ထားတဲ့ နွားနို့မဟုတ်ပါဘူး.. အဆီတွေအပေါ်မှာ ဝေ့နေပြီး မလိုင်ဖတ်တွေနဲ့ ပျစ်နှစ်နေတာမို့ နံမည်ကြီးမယ်ဆိုလဲ ကြီးလောက်ပါတယ်.. အဆီမထုတ်ထားတာကြောင့် ကျန်းမာရေးအရတော့ မပြောတတ်ပေမဲ့ ပင်ကိုယ်သဘာဝအတိုင်းမို့ အရသာကတော့ ကောင်းမှ ကောင်းပါဘဲ... မြို့က နွားနို့အရသာနဲ့ ဘာဆိုဘာမှမဆိုင်   ဟိဟိ :) တကယ်ပြောတာပါ.. မယုံဘူးလား...  ရောက်တဲ့အခါ သွားသောက်ကြည့်ပါလားနော်..





ရှောက်ပန်းသီးများ






အောက်အရပ်မှာ ကျွဲကောသီးခေါ်ပေမဲ့ ကျွန်မတို့ဆီမှာ ရှောက်ပန်းသီးလို့ခေါ်မှ သိကြပါတယ်..  .. အဲဒီကချင်ရွာကလေးမှာ အပင်တွေများကြီးမို့  စိတ်ယားစရာကောင်းအောင် သီးနေတာနဲ့ ဓာတ်ပုံရိုက်ခဲ့တာပါ..



အောက်က အပင်က ကျွန်မတို့အရပ်မှာ အိမ်မိုးတဲ့ ရုန်းပင်တွေပါ..


ရုန်းပင်များ





ဒါကတော့ ရုန်းကို အမိုးမိုးထားတဲ့ အိမ်ကလေးတစ်လုံးပါ..






ဒါကတော့ တံမြက်စည်း လုပ်တဲ့အပင်ပါ.. ဟိုမှာတော့ သိပ်ပေါပါတယ်...






တောတောင်တစ်ခုလုံးတော့ ဒီလို တောငှက်ပျောပင်တွေ အပြည့် ပါဘဲ..




မြစ်ကြီးနား မိုးကောင်းလမ်း ကတ္တရာ လမ်းမကြီးလဲ ရေကျော်နေပါတယ်..




ဖြေးဖြေးမောင်းနော်

မိုးတွင်းခရီးသွားရတာ လမ်းခရီး ကြမ်းတမ်းခက်ခဲပေမဲ့လို့ တစ်ခုတော့ စိတ်ချမ်းသာမိတယ်.. ကြည့်လေရာရာ မြင်လေရာရာဟာ စိမ်းစိမ်းစိုစိုနဲ့ပါဘဲ.. ရေတွေဖွေးနေတဲ့ လယ်ကွင်းပြင်တွေ၊  စိမ်းစိုနေတဲ့ စိုက်ခင်းတွေ၊  မြူခိုးဝေနေတဲ့ တောင်ပြာတန်းတွေ၊ ကြည့်လေရာ စိမ်းလန်း သာယာ နေတော့တာပါဘဲ..





ရေတွေဖွေးလို့

ရေဖွေးဖွေး လယ်ကွင်းလေး



အထီးကျန်သစ်ပင်







စိမ်းတစိုစို



စိမ်းစိမ်းစိုစိုရာဘာစိုက်ခင်းများ


ကချင်ပြည်နယ်မှာ မြေဧက တော်တော်များများကို ကုမ္ပဏီတွေက ရာဘာတွေ သစ်မွှေးတွေ စိုက်ပျိုးနေကြပြီ ဖြစ်ပါတယ်.. လမ်းတလျှောက် စိုက်ခင်းတွေ စိမ်းစိုနေတာကို ခြံကျယ်ကြီးတွေနဲ့ တွေ့ရပါတယ်



ကားပေါ်ကနေ ရိုက်လိုက်မိတဲ့  မြူခိုးတွေ ဆိုင်းနေတဲ့ တောင်တန်းအလှ




ကြည့်ပါဦးတော့ လှလိုက်တဲ့ အလှ



ခရီးထွက်ရတာ နှစ်သက်သဘောကျမိသူမို့ ပင်ပန်းပေမဲ့ စိမ်းလန်းစိုပြေနေတဲ့ ရှုခင်းတွေက အမောအပန်း ပြေပြီး စိတ်ကို ရွှင်လန်းစေတာမို့ အိမ်အပြန် ဒီခရီးကို ပျော်ပါတယ်လို့ဘဲ  မှတ်ချက်ချရမှာပါ.. ကချင်ပြည်နယ်အကြောင်း ဆက်ရန်ရှိပါသေးတယ်..  စောင့်မျှော်အားပေးကြပါဦးနော်..



ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းကြပါစေ



31 Responses to “ဖားကန့်သို့ အပြန်ခရီး”

မချော...
ခရီးပန်းနေပြီထင်တယ်...။ ညီမလဲ ဖားကန့်တော့မရောက်ဖူးဘူး..။ ကားမိုင်းတော့ ရောက်ဖူးတယ်.. ၊ ခရီးတအားကြမ်းတယ်နော်.. ဖားကန့်သွားမယ်ဆိုတော့ လမ်းကြမ်းတယ်ဆိုပြီးမသွားဖြစ်တာ.. ရောက်ဖူးချင်တယ် မမရေ..။

ကိုကြည်သာ said...

ဗွက်နဲ့လမ်းကိုကြည့်ပီးလူမောနေသလိုခံစားတုန်းဗြုန်းဆိုစိမ်းဆိုနေတဲ့တောတောင်တန်းတွေပေါ်ရောက်သွားသလိုပဲ.............. အင်း...အားများကျလားသလားချော..

မြစ်ကြီးနား-ဖားကန့်ဒေသရဲ့ မိုးတွင်း ရှုခင်းလေးတွေနဲ့.. စိမ်းလန်းအေးမြတဲ့ လယ်ကွင်းနဲ့တောင်တန်းတွေရဲ့ အလှ ကိုလာရောက်ခံစားသွားပါတယ်ဗျာ...

ahphyulay said...

မဟိဟိ ချောစိမ်း ရေ..၊
ကျွန်တော်က တော့  ဖားကန့်  အထိမရောက်ခဲ့ ပါဘူး ၊
မန္တလေး ကနေ မြစ်ကြီးနား ကို ရထားနဲ့ ပါပဲ၊ အဲ့ လို စိမ်းစို နေပြီး မိုးတစွတ်စွတ် ရွာ နေချိန် ပေါ့ ၊
အစ ကတော့  ရှု့ ခင်း တွေ စိမ်း နေ လို့  ကြည်နူး မိသလို ဖြစ် ပေမဲ့  နောက်တော့ လဲ
စိတ်ညစ်ပြီး ပျင်းလာရောဗျာ၊ ပုံတွေ ကြည့် ပြီး ကိုယ်တိုင်ပဲ ဗွက်တွေ စင်လာသလို ..၊
ဘာဖြစ်လို့  ဆို အဲ့ ဒီ ဗင်ကား ကို မန္တလေး ကနေ လားရှိုး အထိ ငှား စီး ဘူး ခဲ့ တာကိုး။
လမ်းတော့  ကောင်းပါတယ် ။

ဇူး said...

ဇူးလည်း ပြန်ရောက်ချင်လိုက်တာ.. ကချင်ပြည်နယ်ရောက်ပေမယ့် ဖားကန့်ကိုတော့ မရောက်ဖူးလိုက်ဘူး....

htun hlin htit said...

ဖားကန့် မြို့ ကို အခြေခံ ပြီး ချမ်းသာသွားတဲ့လူချမ်းသာတွေ လက်ချိုး ရေတွက်လို့ မရအောင်ရှိ ပေမယ့် အခုထိ လမ်းပန်းဆက်သွယ်ရေး ကနဲ့ အရင် ကနဲ့ အတူတူပဲနော်။ မြန်မာ့ ကျောက်စိမ်း ရတနာ မြေ ကြီးကို အခု ထိ သတိရ နေဆဲပါ ။ :D

သစ်သစ် said...

မမရေ ကြားသာကြားဖူးပေမယ့် တခါမှအဲလိုလမ်းမျိုး မသွားဖူးဘူး ပုံတွေအတွက်ကျေးဇူးနော် မမ

လမ်းတွေက ဆိုးဆိုး ..ဂျိုင့်တွေက ပေါ ပေါ ၊ဇောချွေးကလေးများ ပျံနေအောင် မောင်းတယ်....အိုး...မူဆယ် နမ့်ခမ်း လမ်း....အာ မဟုတ်သေး ပါ ဘူး....ဖားကန့်..အစိမ်းရောင် မိုးတွင်းလမ်း :P
ပျော်ရွှင်ချမ်းမြေ့နိုင်ပါစေဗျား။
with reps;

sosegado said...

ခရီးကြမ်းဖြစ်ပေမဲ့ ဓါတ်ပုံတွေကြည့်ပြီး ရောက်ဖူးချင်တယ်

မိုးတွင်းခရီးသွားရတာ စိတ်ညစ်စရာပါပဲ။
ရွံ့တွေ ရေတွေထဲက ဒေသန္တရ ဗဟုသုတ ပုံလေးတွေကို
အခန့်သင့် ကြည့်ခွင့်ရလိုက်တာ ကျေးဇူးတင်စရာပါ။

ဒါနဲ့ ပါလာတဲ့ ကျောက်တွေ ထု ပြီးပြီလား
း)

blackroze said...

မကြီးချောရေ...ဖားကန့်ကိုစာတွေထဲမှာဘဲဖတ်ဖူးတာ
တခါမှမရောက်ဖူးဘူး
နွားနို့မြင်တော့သောက်ချင်လိုက်တာမကြီးရာ....

zaytaryar said...

ခေတ်မှီနိုင်ငံတော်သို့ချီတတ်နေသော မြန်မာနိုင်ငံကြီးဆိုတော့လဲ ဟဲဟဲ

မြတ်နိုး said...

အင်း..ကိုယ်လဲလွမ်းလိုက်တ.. လယ်ကွက်တွေမှာရေဖွေးဖွေး တောတောင်တွေမှာမြူတွေဆိုင်းးး
ခရီးသွားတိုင်းတွေ့နေကျမြင်ကွင်းတွေ...

ဒါပေမဲ့..ဒီမှာလဲ အဲလိုမြင်ကွင်းတွေပြည့်နေတော့ တခါတလေ.. ကိုယ်ရောက်နေတာ နိုင်ငံဂျားဟုတ်ရဲ့လားဆိုတာ သံသယ၀င်နေမိတယ်..

လသာည said...

ဖားကန့်ဆိုရင် “ချမ်းသာချင်ရင် ဖားကန့်ကို ကျောက်တူးသွား”ဆိုတာမျိုး အရင်က ကြားဖူးနေခဲ့တယ်။ လမ်းကြမ်းနေပေမယ့် ပျော်စရာ ရှူခင်းလေးတွေကိုပါ ခရီးသွားရင်း တင်ပြသွားတဲ့ ချောရဲ့ အကောင်းမြင်တတ်တဲ့ ၊ အေးချမ်းတဲ့ စိတ်ထားကို သတိထားမိသွားလို့ ပိုပြီး ခင်မင်လေးစား မိပါတယ်။

မိုးတွင်းရာသီခရီးသွားရတာ။
စိတ်ပျက်ဖွယ်ရာကောင်းပေမယ့်..
"စိမ်းလန်းစိုပြေညို့ညို့မှိုင်းမှိုင်း..
မြူခိုးငယ်ဝေ...တောတောင်ရေမြေတွေ"
ကိုကြည့်ပြီးလွမ်းအိတာ...မချောရယ်:)
ခုမှပဲဖားကန့်ဆိုတာရောက်ဖူးတော့တယ်။အဲလေ
မြင်ဖူးတော့တယ်။ နောက်အဆက်ကိုလည်းစောင့်မျှော်နေပါအိ။

လွမ်းမိပါရဲ့ မနောမြေရယ်
" ကျေး ဂျူး ကမ္ဘာ ဆိုင် ရော် "

အင်ကြင်းသန့် said...

နောက်တစ်ခါ အိမ်ကိုကျန်ရင် ခေါ်နော်....နွားနို့လိုက်သောက်ချင်ရို့.... :D

အထီးကျန်သစ်ပင်ကြီးကိုကြည့်ပြီးတမျိုးကြီးပဲ..။ နွားနို့တော့သောက်ချင်တယ်.။ ဖားကန့်ကိုလည်း
သွားချင်သေးတယ်..။ တခေါက်တခါတော့သွားလည်နိုင်ပါစေလို့ဆုတောင်းပေးအုံးမချောရေ..။
ကားပဲရိုက်ထားတယ်.. ဘယ်လိုပဲဖြစ်ဖြစ်ခရီးသွားရတာကိုနှစ်သက်လို့ ရွှံ့ထူထူဖုန်ထူထူသွားချင်တာပဲ..။
မချောကတော့ကိုယ့်မြို့ကိုယ်ပြန်ရတော့ပျော်စရာကြီးနော်..။ လွမ်းမောစရာကြီး ဖြစ်ကျန်ခဲ့တယ်...
ခင်တဲ့
သဒ္ဓါ

bravo said...

ကားလမ်းတွေပဲကြိုက်တယ်.။.

မရောက်ဖူးတဲ့နေရာမို့ ဓါတ်ပုံတွေကို အငမ်းမရ ကြည့်မိတယ်.. အမရေ...။ ကောင်းလိုက်တာ... ကြည့်လို့...။ ရောက်ဖူးသလိုကို ခံစားလိုက်မိတယ်...။


ခင်မင်တဲ့
နေ၀သန်

ကျေးဇူးပါပဲအစ်မရယ်....တော်လိုက်တာ ကိုယ်တိုင်ရောက်သွားတဲ့အတိုင်းပဲ ရွှံစက်ကလေးတွေတောင်ပါသေး ဟီး

ခင်တဲ့(ချိုကျ)

ကျွဲကောသီးပဲစားချင်တာ.............

seesein said...

ဖားကန့်ကိုတော့ ရောက်အောင်သွားအုံးမယ် ကျောင်းတုန်းက သူငယ်ချင်းတွေကလည်း ခဏခဏခေါ်ပေမယ့် မတိုက်ဆိုင်တာနဲ့ကို မရောက်ဖြစ်သေးဘူး
ကျွဲကော်သီး စားချင်လို့ အဘွားရွာကို သတိရသွားပြီ မိုးရာသီ မှာ ခရီးသွားတာ ပျော်စရာကောင်းသလို စိတ်ညစ်စရာလည်းကောင်းတယ် ရေကျော်တွေ နဲ့တွေ့လို့ ညမအိပ်ရတာ ကံကောင်းတယ်မှတ်ဗျာ

ခင်မင်စွာဖြင့်
seesein

ဥရုချောင်းက ကဗျာဆန်တယ်.. မလိုင်အပြည့်နဲ့ နွားနို့သောက်ချင်တယ်..
မလေးလည်း ကမ္ဘာ့ဖလားနဲ့ ဘယ်မှမရောက်ဖြစ်နေလို့..
သတိရတယ်ချောရေ..

ျ ပ said...

ကျွှန်တော့ ဆုတောင်း ဒုတိယအပိုင်း မပြည့်လဲ ဒီခရီးကို ပျော်ပါတယ်လို့ဘဲ မှတ်ချက်ချထားတော့ ကျွှန်တော်လဲ ရော ပျော်ရတာပေါ့ဗျာ

မချောရေ....
အဲဒီလို ခရီးသွားရတာ ပျော်စရာကြီးနော်။ လမ်းလျောက်ရတာဆိုရင်တော့ စိတ်ညစ်စရာကြီးနေမှာ။ ကားပေါ်ကဆိုတော့ အေးအေးဆေးဆေးပေါ့။ ဒါပေမဲ့ ကား ဘာမှ မဖြစ်ပါစေနဲ့လို့တော့ ခဏခဏဆုတောင်းနေရမှာ သေချာတယ်။းဝ)

oakker said...

ကျွန်တော် တောင်းဆိုလိုက်တဲ့ ကချင်ပြည်နယ်ရဲ့ အလှအပ တွေကို ပြည့်ပြည့်စုံစုံတင်ပြ ထားလို့ ကျေးဇူးတင်ပါတယ်
နောက်လည်း သစ်ခွ အကြောင်းလေးတွေ တင်ပေးအုံးနော် ဓါတ်ပုံလေးတွေနဲ့
အစိမ်းရောင်လွင်ပြင်လေး ထာဝရ စိမ်းလန်းနိုင်ပါစေလို့ ဆုပေးလျက်

ဒေါက်တာကျော်သူစိုး said...

အိုး
ဓတ်ပုံတွေ ဝေေ၀ဆာဆာနဲ့ တစ်ခါမှမရောက်ဖူးပေမဲ့ အမ ရဲ့စာမူကိုဖတ်လိုက်တိာုနဲ့ ကိုယ်တိုင် ခရီးသွားနေသလိုခံစားရတယ်

saundoo said...

ှကျောကွဲသီးတွေ .. အဲ အဲ .. ကျွဲကောသီးတွေ ကျောက်စိမ်းတုံးကြီးတွေ ဖြစ်ရင် သိပ်ကောင်းမှာ

ဗဟုသုတရပါတယ်။ ကျေးဇူးတင်ပါတယ်ဗျာ..

vientiane said...

တစ်နေ့၂ကျပ်သားရ၇င်တစ်လ ၆၀ကျပ်သား သိပ်များနေသလိုပဲ