ကျောက်ခဲစွပ်ပြုတ်


photo from Here




ကျောက်ခဲစွပ်ပြုတ်








ဒီနေ့တော့ စာဖတ်သူ မိတ်ဆွေသူငယ်ချင်းများကို ကျောက်ခဲ စွပ်ပြုတ်ကလေးနဲ့ ဧည့်ခံပါရစေနော်.. သိပ်ကောင်းတဲ့ ကျောက်ခဲစွပ်ပြုတ် ပြုလုပ်ပုံလေးက ဒီလိုပါရှင်...






ဟိုးလွန်ခဲ့တဲ့ ဆယ်စုနှစ်ပေါင်းများစွာတုန်းက စစ်သားသုံးယောက်ဟာ စစ်ပွဲတစ်ပွဲကနေ နယ်ကျွံပြီး ရွာလေးတစ်ရွာကို ရောက်လာပါတယ်.. သူတို့၃ယောက်ဟာ  ရက်ရှည်လများ စစ်ပွဲမှာ စစ်တိုက်ရလို့ ပင်ပန်းနွမ်းနယ်နေပြီး အစားအစာ ကောင်းကောင်းမစားရတာလည်း ကြာပြီဖြစ်တဲ့အတွက် ဆာလောင် မွတ်သိပ်နေကြပါတယ်.. စစ်သားသုံးယောက် ရောက်ရှိသွားတဲ့ ရွာကလေးက ရွာသားတွေမှာလည်း ရှည်လျားလှတဲ့ ပြည်တွင်းစစ်ဒဏ်ကြောင့် အစားအစာ ကောက်ပဲသီးနှံရှားပါးပြီး ငတ်မွတ်ခေါင်းပါးခြင်းဒဏ်ကို ကာလရှည်ကြာ ခံစားနေခဲ့ရပါတယ်.. ဒါကြောင့်လဲ  စစ်သားသုံးယောက်ကို မြင်တဲ့အခါမှာ ရွာသားတွေဟာ သူတို့ဆီမှာ ရှိနေတဲ့ စားစရာ သောက်စရာလေးတွေကို လုံခြုံစိတ်ချရတဲ့ နေရာတွေမှာ အမြန်ဆုံး ဖွက်ထားလိုက်ကြပါတယ်..





ရွာသားတွေဟာ စစ်သားသုံးယောက်ကို ရွာလယ်မှာရှိတဲ့ မြေကွက်လပ် တလင်းပြင်ကြီးမှာ လက်ဗလာနဲ့သွားရောက် တွေ့ဆုံကြပြီးတော့  ရွာသားတွေဆီမှာလည်း ဘာမှမရှိတာကြောင့်  အစားအသောက်တွေနဲ့ ဧည့်မခံနိုင်ကြောင်းနဲ့ ထိုသို့ ဧည့်ဝတ်မကျေပြွန်မှုအတွက် ၀မ်းနည်းပါကြောင်း ပြောပြကြပါတယ်... ရွာသားတို့ရဲ့ စကားကို ကြားတော့ စစ်သားသုံးယောက်တို့ဟာ သူတို့ အချင်းချင်း တိုးတိတ်ငြင်သာစွာ စကားပြောဆို တိုင်ပင်လိုက်ကြပါတယ်.





ထို့နောက်တော့ သူတို့ထဲက စစ်သားတစ်ယောက်က ရွာလူကြီး ဖြစ်သူဘက်လှည့်ပြီး “ခင်ဗျားတို့ဆီမှာ ဘာအစားအသောက်မှ မရှိတော့ကြောင်း ကြားရတာ ၀မ်းနည်းပါတယ်.. စိတ်မကောင်းလဲ ဖြစ်မိပါတယ်.. ဒါပေမဲ့စိတ်မပူပါနဲ့ဗျာ.. ကျွန်တော်တို့မှာ ရှိတာလေးကို ခင်ဗျားတို့ကို ပြန်ပြီး ဝေမျှပါမယ်.. ဒီတော့ ကျွန်တော်တို့က ကျောက်ခဲကနေ စွပ်ပြုတ်ကောင်းကောင်း ဖြစ်လာအောင် ဘယ်လို လုပ်ရတယ်ဆိုတဲ့ လျှို့ဝှက်ချက်ကို ပြောပြပါ့မယ်..” လို့ ပြောလိုက်ပါတယ်.. စစ်သားရဲ့ စကားကို ကြားတော့  ရွာသားတွေဟာ အလွန်ဘဲ အံ့သြသွားကြပါတယ်. ပြီးတော့ သူတို့ စဉ်းစားမိတာက ကျောက်ခဲကနေ စွပ်ပြုတ်ဖြစ်အောင် လုပ်တဲ့ လျှို့ဝှက်ချက်ကိုသာ သိရပြီဆိုရင် သူတို့အတွက် အင်မတန်မှ အသုံးဝင်လာနိုင်ပြီး ဘာမှ စားစရာမရှိရင်တောင် ကျောက်ခဲစွပ်ပြုတ် လုပ်လို့ရမယ်ဆိုရင် သူတို့ ဘယ်တော့မှ ငတ်မွတ်ခြင်းဒဏ်ကို ခံစားရတော့မှာ မဟုတ်တော့ဘူး လို့ တွေးမိကြတာပါဘဲ.... ဒီတော့ သူတို့ သိပ်စိတ်ဝင်စားကြတော့တာပေါ့နော်..





ဒါကြောင့်လည်း ရွာသားတွေဟာ စစ်သားတွေ ညွှန်ကြားတဲ့အတိုင်း ထင်းတွေ ယူလာပြီး ရွာလယ်က ကွင်းပြင်ကြီးထဲမှာ မီးဖိုကြီးတစ်ခု ပြုလုပ်ကြပါတယ်.. ပြီးနောက် တစ်ရွာလုံးမှာ အကြီးဆုံးဖြစ်တဲ့ အိုးအကြီးကြီးကို ယူလာပြီး ရေအပြည့်ဖြည့်ခါ မီးဖိုပေါ် တင်လိုက်ပါတယ်.. စစ်သားတွေဟာ အဲဒီအိုးကြီးထဲကိုတော့ ချောမွတ်နေတဲ့ ကျောက်တုံးကြီး ၃လုံးကို ရေစင်အောင် ဆေးကြောပြီး ထည့်လိုက်ပါတော့တယ်.. ဒုတိယစစ်သားတစ်ယောက်က လူအုပ်ကြီးကို ကြည့်ပြီး “အခုဆိုရင် မကြာခင်မှာ အလွန်အရသာထူးကဲတဲ့ ကျောက်ခဲစွပ်ပြုတ်ကို ရပါတော့မယ်.. တကယ်လို့များ ဆားလေး နည်းနည်းနဲ့ ဟင်းခတ်အမွှေးအကြိုင် နည်းနည်းလေးများ ထည့်ခွင့်သာ ရလိုက်မယ်ဆိုရင် မမေ့နိုင်လောက်အောင် ကောင်းမွန်တဲ့ ကျောက်ခဲစွပ်ပြုတ် ဖြစ်လာမှာပါ.. ” လို့ ပြောလိုက်ပါတယ်..





စစ်သားရဲ့ စကားကို ကြားတော့ ရွာသားတစ်ယောက်ဟာ ထခုန်လိုက်ပြီး “အိုး ကံကောင်းလိုက်တာ.. ကျွန်တော် မေ့နေတာဗျ… ကျွန်တော့်မှာ ဆားနည်းနည်း ရှိနေသေးတာ သတိရပြီဗျ.. ကျွန်တော် သွားယူလာခဲ့မယ်.” လို့ ပြောပြီး  သူဖွက်ထားတဲ့ ဆားကို သွားယူဖို့ ထွက်ခွာသွားပါတယ်.. နောက် ရွာသားတစ်ယောက်ကလည်း သူ့မှာ ဟင်းခတ်အမွှေးအကြိုင် အနည်းငယ် ရှိသေးတာကို သတိရလာပြီဖြစ်ကြောင်းနဲ့ သူသွားယူလာမည် ဖြစ်ကြောင်း ပြောကာ ထွက်ခွာသွားပြန်ပါတယ်.. ဒီ့နောက် စစ်သားတွေဟာ ရွာသားတွေကို ဒီလိုနည်းနဲ့ သူတို့ ဖွက်ထားတဲ့ စားသောက်စရာလေးများကို ထည့်ချင်လာအောင် နိုးဆွပေးလိုက်တဲ့ အတွက် ကျန်တဲ့ ရွာသားတွေဟာ သူတို့မှာလည်း အချို့သော စားစရာများ ရှိသေးကြောင်း ပြောဆိုကာ အသီးသီး ထွက်ခွာသွားကြပါတယ်..  ဒီလိုနဲ့ ရွာသားတွေဟာ မုံလာဥ၊ အားလူး၊ အမဲသား အစရှိတဲ့ သူတို့ သိမ်းဆည်းထားတဲ့ အစားအစာများကို ယူဆောင်လာကြကာ စွပ်ပြုတ်အိုးထဲကို ပစ်ထည့်ကြပါတယ်..





စွပ်ပြုတ်အိုးကြီး ဆူပွက်လာတဲ့အခါ စုံလင်လှတဲ့ အမျိုးအမည်တို့ကြောင့် မွှေးကြိုင်သင်းပျံ့တဲ့ စွပ်ပြုတ်ရနံ့က တစ်ရွာလုံးကို လွှမ်းခြုံထားပါတော့တယ်… ဒီအချိန်မှာ ရွာသားတစ်ချို့ဟာ သူတို့ တန်ဖိုးထားကာ သစ်သားနဲ့စိမ်ထားတဲ့ ၀ိုင်စည်ကြီးတွေကို လိမ့်ကာ လိမ့်ကာ သယ်ထုတ်လာပါတော့တယ်.. ပြီးနောက်တော့ စစ်သားတွေနဲ့အတူ တစ်ရွာလုံးက ရွာသူရွာသားတွေဟာ စားပွဲသောက်ပွဲကြီးကို ပျော်ရွှင်စွာ ဆင်နွဲကြပါတော့တယ်.. တစ်ညလုံး စားကြသောက်ကြ သီချင်းသီဆို၊ ကခုန်အော်ဟစ်ကြနဲ့ အားလုံးဟာ အင်မတန်မှ ပျော်ရွှင်ကြရပါတယ်.. ရွာသားတွေဟာ သူတို့တစ်သက်မှာ ယခုလောက် အရသာရှိသော အစားအစာ၊ ယခုလောက် ပျော်ရွှင်ရသော ပွဲမျိုးကို တစ်ခါမှ မကြုံဖူးခဲ့ကြပါဘူး.. ရွာသားတွေနဲ ပျော်ပျော်ပါးပါး ကခုန်သီဆိုရင်း  စစ်သားတွေဟာ မနက်လင်းခါနီးမှ အိပ်ပျော်သွားကြပါတယ်..




သူတို့နိုးလာတဲ့အချိန်မှာတော့ သူတို့သုံးယောက်ရဲ့ အနားမှာ ရွာသားတွေအားလုံး ၀ိုင်းဖွဲ့နေကြပြီး အိတ်ကြီးတစ်အိတ်က သူတို့ဘေးမှာ အဆင်သင့် ရှိနေခဲ့ပါတယ်.. ရွာသားတွေဟာ အဲဒီအိတ်ကြီးထဲမှာ သူတို့ရဲ့ အကောင်းဆုံး ပေါင်မုန့်များ ထောပတ်များကို စစ်သားတွေအတွက် လက်ဆောင်အဖြစ် စီစဉ်ထားပေးကြပါတယ်.. “ခင်ဗျားတို့ဟာ ကျွန်တော်တို့ကို ကျောက်တုံးကနေ သိပ်အရသာရှိတဲ့ စွပ်ပြုတ်ဖြစ်အောင် ပြုလုပ်တဲ့ လျှို့ဝှက်ချက်ကို အကောင်းဆုံး လက်ဆောင်အဖြစ် ပေးခဲ့ကြသူတွေ ဖြစ်ပါတယ်.. ဒီနည်းလမ်းကို ကျွန်တော်တို့ ဘယ်တော့မှ မေ့မှာ မဟုတ်တော့ပါဘူး.. ကျွန်တော်တို့အားလုံးကို သိပ်ကို ပျော်ရွှင်ကြရပါတယ်.. ဒီအတွက် ကျေးဇူးတင်ပါတယ်ဗျာ ”  လို့  ရွာလူကြီးက စစ်သားတွေကို ပြောကြားပါတယ်..







တတိယ စစ်သားဖြစ်သူက “တကယ်တော့ ဒါဟာ လျှို့ဝှက်ချက်မဟုတ်ပါဘူး.. ဒါပေမဲ့ သေချာတာကတော့ ဒီနည်းလမ်းဟာ ညီညွှတ်စွာ ပူးပေါင်း မျှဝေခြင်းသာ ဖြစ်ပါတယ်.. ဒီလိုနည်းနဲ့ဆိုရင် တစ်ဦးစီမှာ နည်းနည်းလေးသာ ရှိပေမဲ့ ရှိတာလေးတွေ အားလုံး စုပေါင်းလိုက်တဲ့ အခါမှာတော့ အားလုံးအတွက် လုံလောက်စွာ အရသာကောင်းမွန်တဲ့ စွပ်ပြုတ်ဖြစ်လာတော့တာပါဘဲ.. အဲဒီနည်းအတိုင်း ခင်ဗျားတို့ဘ၀မှာ ပျော်ရွှင်ခြင်းကို အားလုံးနဲ့အတူ ဝေမျှနိုင်ပါတယ်..” လို့   ပြောဆိုပြီး ရွာသားများကို နှုတ်ဆက်ကာ သူတို့သုံးယောက်ဟာ ရွာကနေ ထွက်ခွာသွားကြပါတော့တယ်..






~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~




ကျွန်မတို့လည်း ကိုယ့်မှာ ရှိတာလေးတွေ၊ ကိုယ်သိတာ ၊ ကိုယ်တတ်တာလေးတွေကို သိမ်းဆည်းထားမဲ့အစား တစ်ဦးနဲ့တစ်ဦး မျှဝေကြလို့ အကောင်းဆုံး စွပ်ပြုတ်အိုးကြီး ဖြစ်လာအောင် ကြိုးစားကြပြီး အားလုံးနဲ့အတူ ပျော်ရွှင်စွာ စားသုံးကြပါစို့နော်..










ဖတ်လိုက်ရသော Stone Soup ( Unknown Author) ကို နှစ်သက်မိသဖြင့် ဘာသာပြန် ဝေမျှပါတယ်ရှင်.. ခုတော့ ကျွန်မဧည့်ခံတဲ့ ကျောက်ခဲစွပ်ပြုတ်လေးကို အားမနာတမ်း သုံးဆောင်သွားကြပါဦးလို့...






The more we share, the more we have (Leonard Nimoy)














ချော(အစိမ်းရောင်လွင်ပြင်)


26 Responses to “ကျောက်ခဲစွပ်ပြုတ်”

ဖတ်လို့ ကောင်းလိုက်တာ...။ ပညာလည်းရတယ်။

ခင်မင်တဲ့
နေ၀သန်

cas said...

Wow . . . မိုက်တယ် ။

blackroze said...

မကြီးချောရဲ့ကျောက်ခဲစွပ်ပြုတ်လေးကတော့
အင်မတန်မှကိုအရသာရှိပြီး..အရမ်းတန်ဘိုးရှိတဲ့စွပ်ပြုတ်လေးတခွက်ပါဘဲ
တသက်လုံးသောက်သုံးဖို့အတွက်လည်းချက်နည်းလေးကိုမှတ်သားသွားပါတယ်မကြီးရေ..

ahphyulay said...

ဟေ့  .. ဒါ လဲ ဂွပ် တာ ပဲ ။
ရှာမထိ အာ မထိ အောင် မျို ချ ရ တာ ပေါ့  ဗျာ ၊ သွားတွေ ချွေတာ ရအောင်၊
ပေး ချင် တာ လေး ကို ဖတ်ရင်း နဲ့  ယူ သွားပြီ။

sosegado said...

ကောင်းလိုက်တဲ့ အိုင်ဒီယာလေးပဲ ရှာတတ်လေတယ်၊ ဘောပွဲကြည့်လိုက်ဦးမယ်

shwezinu said...

ပေါက်ဆိန် ဆွပ်ပြုတ်တော့ သောက်ဖူးတယ် ငယ်ငယ်က ပုံပြင်ထဲမှာ

ကျေးဇူးပါညီမချော

zaytaryar said...

ဇေ့လဲနှင်းနဲ့စွပ်ပြုတ်ပြုတ်နေတယ် ၊ နေ့တိုင်းပြုတ်တာသောက်လို့ကိုမ၀ဘူး ၊ စွပ်ပြုတ်ထဲဘာတွေထည့်လဲဆိုတော့ အပြစ်တွေထည့်တယ် ၊ သူ့အပြစ်တွေ ကိုယ့်အပြစ်တွေကိုဦးတဲ့လူ က အရင်စထည့်တာဘဲနောက်တော့ လဲသောက်ကောင်းတာဘဲ အီတယ်ကိုမရှိဘူး ဒီနေ့တောင်တခွက်ပြုတ်
လိုက်သေးတယ်...

ကောင်းလိုက်တဲ့ ကျောက်ခဲစွပ်ပြုတ်.. ဆိတ်စွပ်ပြုတ်ထက်တောင် ကောင်းသေးတယ်.. :)
ဒီလိုပဲ ကျွန်တော်တို့လည်း အွန်လိုင်းစွပ်ပြုတ်လုပ်ပြီး သောက်သုံးလိုက်ကြတာ့ ပိုပြီး အရသာ ထူးကဲသွားကြတာပေါ့ဗျာ...

သွားမကောင်းလို့ အရည်ပဲ သောက်သွားတယ်
ကျောက်ခဲ ၃ လုံး အိမ်ရှင် အတွက် ထားပေးခဲ့ပါတယ်။

လသာည said...

ချော.. ကျောက်ခဲစွပ်ပြုတ်ကို အားမနာတမ်း သောက်သွားပါတယ်..။ ရှိတာလေးတွေလည်း အကုန်ပစ်ထည့်ခဲ့ပါတယ်။ နောက်ထပ် သောက်လို့ရအောင်း))))

ပူးတေ said...

ကျောက်ခဲဆွတ်ပြုတ်လာသောက်သွားပါတယ် မမ။ အရသာသိပ်ရှိ။ ပူးတေက သွားတွေသိပ်မကောင်းတော့ စွပ်ပြုတ်ရည်ပဲ သောက်သွားတယ်နော်... အပေါ်က ကျောက်ခဲ ၃ လုံး မမချောပဲ လက်စသတ်လိုက်တော့။ :)

ကျောက်ခဲစွပ်ပြုတ်ကောင်းလိုက်တာ။ ဗိုက်ကိုတင်းသွားတာပဲ။ ကျွန်မမှာရှိတဲ့ ငရုပ်ကောင်းနည်းနည်း ထပ်ထည့်လိုက်တာ ပိုကောင်းသွားတယ်။ နှမ်းဖြူးတာ မဟုတ်ဘူးနော်။ ငရုပ်ကောင်း ၊ ငရုပ်ကောင်း။

ခင်မင်လျှက်

ကျောက်ခဲစွပ်ပြုတ်ဆိုပါလား... သဒ္ဓါ့အတွက်သောက်ဖို့မရှိတော့ဘူး..။ နောက်တခေါက်ပြုတ်ပေးတော့.။
နောက်တခေါက်ပြုတ်တဲ့အခါလာထည့်ပေးမယ်နော်..(ဘာလဲလို့တော့ပြောဖူးးးးးးးးး)

ခင်တဲ့
သဒ္ဓါ

စွပ်ပြုတ်ကုန်သွားလို့  ပေါင်မုန့် နဲ့ ထောပတ်ယူသွားပါတယ် ....

မမချောရေ..ကျောက်ခဲစွပ်ပြုတ်ဆိုလို့
အပြေးရောက်လာတာ။
ဒီရောက်စွပ်ပြုတ်ကုန်နေပြီ..။
ကျန်တဲ့ ပေါင်မုန့်နဲ့ထောပတ်လေးပဲစားသွားတော့မယ်နှော်။

ကျနော်လည်း ခေါက်ဆွဲပြုတ်နဲ့ နှစ်ပါးသွားနေရတာကြာပြီမို့ မချောရဲ့ ကျောက်ခဲစွပ်ပြုတ်လေးကို သောက်ကြည့်မိတယ်။
အနံ့အရသာနဲ့ ပြည့်စုံလွန်းတာကြောင့် ပါဆယ်ပါ ဆွဲသွားပြီဗျာ။

ကျောက်ခဲကြားက ဆွပ်ပြုပ်လေး ခပ်သောက်သွား၏ ။
အလွန်ချို၏။ မကြာခဏ သောက်ချင်ပါ၏။
ကျောက်စိမ်း ဆွပ်ပြုပ်ဆို ပိုကောင်းမည် ထင်၏။

ဂွက်.....အားကျောက်ခဲကိုက်မိသဟ :) အစ်မချောရေ..ညီညွတ်စွာပူးပေါင်းမျှဝေခြင်း ဆိုတာကိုအကြိုက်ဆုံးပဲဗျာ.။

ခင်တဲ့(ချိုကျ)

seesein said...

ကုန်သွားပြီ သူများအတွက်နည်းနည်းဘဲ ကျန်တော့တယ်
နောက်တဒယ်လောက်ပါ

ခင်တဲ့

အင်ကြင်းသန့် said...

ဟင်....စွပ်ပြုပ်က သူများတွေသောက်သွားပြီ။ ကျောက်တုံးတွေပဲ ကျန်တော့တယ်။ ပြန်ပြီ။ :)

တော်သေးတယ်။ ကျောက်ခဲလေးတွေကို ရေစင်အောင်ဆေးလို့။ နို့မဟုတ်ရင် ပိုများအရသာထူးမလားလို့။ အဟဲ။

ဇွန် said...

ငယ်ငယ်က ပုဆိနှ်ဆွတ်ပြုတ် ခုတော့ ကျောက်ခဲ့ဆွတ်ပြုတ် ဆွဲသွားပါသည်။
မမ ပျော်ရွှင် ချမ်းမြေ့ပါစေ

အောင်ထွန်း said...

နော်လည်း ကျောက်ခဲစွပ်ပြုတ်လာသောက်သွားပါသေးတယ်နော်
မြန်မာပြည်ပြန်တော့မှ လုပ်သောက်ကြည့်ပါဦးမယ် ဟဲဟဲ

မိုးခါး said...

အရသာရှိတဲ့ စွပ်ပြုတ်ပဲ မချောရေ ...း))

han shin win said...

First, I think it was impossible because I 've seen the image of Myanmar soldier,but by the end of story the lesson to teach is very good sense as a stoy.That's the art of Ma Chaw.

အာဟာရများပြည့်ဝသွားအောင်သုံးဆောင်ခဲ့ပါတယ်
:)