နည်းပညာ အသစ်အဆန်းတွေနဲ့ ထုတ်လုပ်ထားတဲ့ ဒီဂျစ်တယ် ပစ္စည်းအချို့နဲ့ မိတ်ဆက်ပေးပါဦးမယ်....... ဟဲဟဲ ကြိုက်တာတွေ့ရင် ကိုယ့်နည်းကိုယ့်ဟန်နဲ့ ရှာဝယ်ကြပါနော်..
အောက်ကပုံတွေဟာ ဂျပန် နည်းပညာနဲ့ထုတ်လုပ်ထားပြီး Motion Sensor System တတ်ဆင်ထားတဲ့ ဖဲန်စီကွန်ပျူတာ မောက်စ်တွေပါ။
လှတော့လှပါရဲ့ .. သုံးလို့ အဆင်ပြေမပြေတော့ ကိုယ်တိုင်မသုံးဖူးသေးလို့ မသိသေးပါ။။ လက်ဆောင်ရရင်တော့ သုံးကြည့်ဖို့ စိတ်ကူးရှိပါတယ်.. :)
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
Wireless Bluetooth Keyboard
ပိုက်ဆံအိတ်သာသာအရွယ် Wireless Keyboard ပါ.. ပါးပါးလှပ်လှပ်လေးနဲ့မို့ သယ်ယူဖို့လဲ လွယ်ကူပါတယ်.. ဆရာ၊ ဆရာမများ၊ ကျောင်းသားများ၊ စီးပွားရေးလုပ်ငန်းများတွင် Projects များ Presentation လုပ်ရာတွင်လည်းကောင်း၊ ခရီးသွားလာရာတွင် လည်းကောင်း အသုံးပြုဖို့ သင့်တော်လှပါတယ်.. ခလုပ် ၈၃ခုပါဝင်ပြီး ကွန်ပျူတာမှ ၁၅မီတာ အကွာအဝေးအထိ ကြိုးမဲ့ အသုံးပြုနိုင်တယ်လို့ သိရပါတယ်..
ရောင်းဈေးက ၃၉ ဒေါ်လာပါ။
Product Specifications:
- Bluetooth V2.0
- 83 keys
- Connect button to connect Bluetooth in your PC
- On / Off button at the back
- Max. distance: 15m
- Powered by 2pcs AAA batteries (Not included)
- Size: 140*70*13mm
- Weight: 65g
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
USB Flash Drive in Jewelry Necklaces
ရတနာစီခြယ်ထားတဲ့ ပိုးကောင်းပုံ USB Drive ပါ။ ဒေတာတွေကို သိုလှောင် သိမ်းဆည်းနိုင်တဲ့ ပမာဏက 8GB ရှိပါတယ်... မိမိတို့ရဲ့ အရေးကြီး အချက်အလက်များကို ကိုယ်နဲ့မကွာ သိမ်းဆည်း ထားနိုင်သလို အလှဆင် ဆွဲကြိုးအဖြစ်ပါ အသုံးဝင်ပါတယ်.. ရောင်းဈေး ၃၃ ဒေါ်လာပါတဲ့။

Features:
- USB 2.0
- Portable and easy operation
- Stylish and useful
- Plug and play
- Support Windows XP/Vista, Linux 2.4, MAC OSX or lastest version
- Dimension: 53 x 28 x 18mm (approx.)
- Weight: 27g

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
ရတနာစီခြယ်ထားတဲ့ ပျားပုံ USB Drive ပါ

Product Specifications:
- Jewel bee design
- Capacity: 4GB
- Fashionable and elegant
- Size: 36*53*15mm
- Weight: 40g

USB အဖြစ် အသုံးမလိုတဲ့ အချိန်ကျရင် လှပချစ်စရာကောင်းတဲ့ ဆွဲကြိုးလေးတစ်ခု အဖြစ် သုံးနိုင်ပါတယ်.. ရောင်းဈေး ဒေါ်လာ ၂၅.၅၀ ပါ။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
Digital Video Player
အလွန်သေးငယ်တဲ့ ခရစ်ဒစ်ကဒ်အရွယ် Video Player ပါ။
ကြည်လင်ပြတ်သားတဲ့ Screen ပါရှိပြီး ဘက်ထရီက ၈နာရီကြာ ခံတယ်လို့ သိရပါတယ်..
Features:
- Mini Media Players Handle Video, Audio and can do Voice Recording
- Keys on Neon M3 are heat sensitive and glow when touched
- Built in FM Radio
- Integrated Speaker, or use the included Headphones
Specifications:
- Built in Storage: 2 GB
- Support USB mass-storage mode for easy transfer of videos on any OS
- Expandable Memory Slot - ICE (TransFlash/MicroSD), Neon M3 (T-Flash)
- Video: AVI, MPEG
- Voice Record: WAV
- Image Viewer: JPEG
- Video Playing Time: 3-4 hours
- Audio Playing Time: 6-8 hours
- Charges Via USB
- FM Radio, Text Viewer, Picture Viewer, Game
- Built-in External Speaker
- 3.5mm Stereo Earphone Output
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
USB Flash Drive and Voice Recorder
USB Data Storage အနေနဲ့သာ မက Recording ပါလုပ်လို့ရတဲ့ ပစ္စည်းလေးပါ.. တစ်ဆက်တည်း ၅နာရီကြာအောင် အသံသွင်းလို့ ရတယ်လို့ သိရပါတယ်.. သင်တန်းတွေ၊ ဟောပြောပွဲတွေအတွက် အသုံးဝင်မဲ့ ပစ္စည်းလေးပါ။ သယ်ရလွယ်ကူပြီး လူမမြင်အောင် အသံခိုးသွင်းဖို့အတွက်လည်း အဆင်ပြေလှပါတယ်..
Features:
- Built-in voice recording On/Off switch
- File Format: WAV - 1GB ~ 70hours recording
- Built-in rechargeable battery
- Battery powered (around 5 hours per full charge)
- LED indicator
- USB 2.0
- Portable and easy operation
- Plug and Play
- Support Window 7 / Vista / XP, Linux 2.4, Mac OS X or latest version
- Dimension: 64 x 21 x 9mm (approx.)
- Weight: 13g
ရောင်းဈေး ၂၃ဒေါ်လာပါ။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
ဒီဇိုင်းဇုံ USB Drive များ
စကိတ်ပုံ USB Drive

Santa Cruz Screaming Hand SkateDrive
Memory : 2 GB
Price: $11.99 USD
~~~~~~~~~~~~~~~~~~~~~~
ပုလင်းအဖုံး ဖွင့်နိုင်တဲ့ USB Drive

TrekStor USB-Stick with Bottle Opener
Memory : 4 GB
Price: $33.58 USD
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
ငွေအကြွေစေ့လေးများသဏ္ဍန် USB Drive

LaCie CurrenKey USB Flash Drive
Memory : 4 GB
Price: $42.40 USD
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

Gundam USB Flash Drive
Memory : 4 GB
Price: $ 57.75 USD
~~~~~~~~~~~~~~~~~~~~~~~~~~

Ravage Transformer USB Flash Drive
Memory : 2 GB
Price: $42.99 USD
~~~~~~~~~~~~~~~~~~~~~~~~~~~~

Memory Pill USB Drive
Memory : 64MB
Price: $17.86 USD
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
MP3 Sunglasses 4GB
ဒီပစ္စည်းလေးကတော့ တရုတ်ပြည်လုပ် မျက်မှန်တပ်ရင်း သီချင်းလဲ နားထောင်လို့ရတဲ့ MP3 မျက်မှန်ပါ။ ပေါ်နေတာတော့ ကြာပါပြီ။ အနက်ရောင်၊ နီညိုရောင်၊ငွေမှင်ရောင် သုံးမျိုး တွေ့ရပြီး Quality ကောင်းတဲ့ မှန်သားကြောင့် နေရာင်ဒဏ်ကိုလည်း ကောင်းမွန်စွာ အကာအကွယ်ပေးသလို သီချင်းသံများကိုလည်း ပီပြင်ကြည်လင်စွာ နားဆင်နိုင်တယ်လို့ သိရပါတယ်.. သီချင်းများကို 4GB အထိ ထည့်သွင်း သိမ်းဆည်းထားနိုင်တယ်လို့ သိရပါတယ်..





ရှိုးလဲထုတ်ရင်း သီချင်းလဲ နားထောင်ရင်းပေါ့။

Manufacturer Specification
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
Digital Pocket Video Recorder
အောက်က ပစ္စည်းလေးကတော့ အိတ်ဆောင် ဗီဒီယို ကင်မရာလေးပါ... ရုတ်တရက်ကြည့်ရင် ဘောပင်လေး တစ်ချောင်းလိုပါဘဲ... ဘယ်သူမှ မသိအောင် ဗီဒီယို အလွယ်တကူ ရိုက်နိုင်တာမို့ စပိုင်ကင်မရာ (Spy Camera ) လို့တောင် ခေါ်ဆိုကြပါတယ်.. ဗီဒီယိုနဲ့အတူ အသံပါ recording လုပ်ပေးထားနိုင်ပါတယ်.. လျှို့ဝှက်အေးဂျင့်များအတွက် အလွန်အသုံးဝင်မဲ့ ပစ္စည်း ဖြစ်ပါတယ်.. ဒေတာများကို 8GB အထိ သိုလှောင်သိမ်းဆည်းထားနိုင်ပါတယ်..

ဘောပင်နဲ့ ဘာမှ မထူးပါဘူးနော်

ကင်မရာက မှန်ဘီလူးက ဒီနေရာမှာ ရှိပါတယ်..

ကွန်ပျူတာနဲ့ ချိတ်ဖို့

ဘောပင်တစ်ချောင်းလဲ ဟုတ်တာပေါ့

ကွန်ပျူတာနဲ့ ချိတ်ဆက်ပြီး ဒေတာတွေ ပြောင်းထည့်လိုက်ရုံပါဘဲ။

Manufacturer Specifications
- Primary Function: Video recording "Spy Pen" and USB drive with 8 GB's of
memory - Camera Specifications:
- Color CMOS sensor
- Auto White Balance Adjustment
- Focus Range: 150mm ~ Infinity
- Internal Flash Memory: 8GB - Capture Specifications:
- Format: AVI
- Frame Rate: 10 FPS
- Capture Resolution: 640x480 - Power Source: Internal Battery
- Battery Life: Approx 100 minutes
- Dimension: 150mm (L) x 16mm (Diameter)

ကောင်မလေးတွေရှေ့မှာ ဒီလိုနည်းနဲ့ ဗီဒီယို ရိုက်လို့ ရတယ်.. ဒီပစ္စည်းလေးကတော့ မိန်းခလေးတွေ သတိထားနိုင်ဖို့ပါ။ ဘောပင်လေး အင်္ကျီမှာ ဒီလိုချိတ်ထားပြီး မဟုတ်တရုတ် စကားတွေ လာပြောနေရင် ၂ခါ မစဉ်းစားနဲ့ ... ပါးသာ ပိတ်တီးလိုက်ပါတော့... အဲ ဟုတ်ပေါင်.. ဘောပင်ကို သေချာဆွဲဖြုတ်ပြီး စစ်ဆေးကြည့်လိုက်ပါလို့။ :) :)
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
အသစ်အဆန်းများဖြင့် ရွှင်လန်းကြပါစေရှင်။
Source from Crazytechnology.com

























