မြေစာမြက်ကလေးများ...

“အဲဒီ စစ်ကလည်း ဘာဖြစ်လို့ ဖြစ်နေကြတာလဲ၊ ကျွန်တော်တို့ ကျောင်းလည်း မတက်ရတော့ဘူး၊ ဒီမှာနေရတာ အရမ်းချမ်းတယ်.. အိမ်ဘဲပြန်ချင်တယ်။ အဝါး( အဖေ) ကလည်း ခုထိ ပြန်မလာသေးဘူး” ဟု ရေရွတ်နေရင်းက....

အိပ်မက်ထဲက ကချင်မြေ

ကျွန်မတို့ ကချင်ပြည်နယ်မှာ သဘာဝတရားရဲ့ ဖန်တီးမှုတွေနဲ့ အင်မတန် လှပသာယာတဲ့ အိက်မက်ဆန်ဆန် နေရာလေးတွေ ရှိနေပါသေးတယ်....

ကွာရှင်းပြတ်စဲခြင်း

ဒီလိုနဲ့ ကျွန်တော်တို့၂ယောက်ရဲ့ အချစ်တွေ အေးခဲသွားချိန်မှာ ကျွန်တော့်ဘ၀ထဲကို ဂျူလီ ဝင်ရောက်လာခဲ့တယ်....

ကျောက်စိမ်းတွင်းပေါ်က ကျွန်မတို့ရွာ...

ကျောက်စိမ်းမှော်နယ်မြေကို ရောက်တာနဲ့ ဖားကန့်ကို မရောက်ခင်မှာ ကျွန်မရဲ့ ရွာကလေးကို အရင်ဆုံး ရောက်ပါတယ်။ ပြီးတော့မှ...

ဘ၀လမ်းပေါ်က အမှိုက်ကားများ

လူတွေတော်တော်များများဟာ အမှိုက်ကားတွေနဲ့ တူတယ်ဗျ.. သူတို့ဟာ အမှိုက်တွေအပြည့် တင်ဆောင်ပြီး လမ်းပေါ်မှာ မောင်းနှင်နေကြတယ်...

Thursday, November 25, 2010

အမြင်အာရုံ လှည့်စားမှုများ


သင်ရဲ့ အမြင်အာရုံဟာ ဘယ်လောက်ဘဲ အားကောင်းလှပါတယ်ဆိုဆို အချို့သော ပုံတွေကြောင့် မိမိရဲ့ မျက်စိဟာ လှည့်စားခံလိုက်ရပါတယ်.. အောက်က ပုံတွေကိုကြည့်ပြီး သင့်အမြင်အာရုံ ဘယ်လောက်ကောင်းတယ် သင့်ဦးနှောက် ဘယ်လောက် အလုပ်လုပ်တယ်ဆိုတာ စမ်းကြည့်ကြပါစို့လားနော် ...

(၁) Kanizsa Triangle




အပေါ်က ပုံမှာ တြိဂံ ဘယ်နှစ်ခု မြင်ပါသလဲ... ၂ခု လို့မြင်ရတာ ဟုတ်ပါတယ်နော်... ဒါပေမဲ့ တကယ်တမ်းဆွဲထားတာ တြိဂံတစ်ခုတည်းပါ။ ပြင်ပက တစ်စိတ်စီပဲ့နေတဲ့ စက်ဝိုင်းတွေရယ် ပြတ်နေတဲ့ အနက်ရောင်တြိဂံရဲ့ လှည့်စားမှုတွေရယ်ကြောင့် မျက်စိအမြင်အာရုံဟာ လှည့်စားခံလိုက်ရပြီး ဦးနှောက်ကပါ တြိဂံ၂ခု ဖြစ်ကြောင်း မှားယွင်းဆုံးဖြတ်မိတာ ဖြစ်ပါတယ်.. ဒီသရုပ်ဖော်ပုံလေးကိုတော့ Kanizsa Triangle လို့ ခေါ်ပါတယ်..

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

(၂)Fraser Spiral Illusion

အောက်က ပုံမှာ အဖြူအနက် ကြိုးတွေဟာ ခွေနေတဲ့ ကြိုးတွေလား သို့မဟုတ် ရိုးရိုး စက်ဝိုင်းတွေလား .. သေချာကြည့်ပါနော်...


တကယ်တမ်းတော့ ရိုးရိုးစက်ဝိုင်းပုံ ကြိုးတွေဖြစ်ပါတယ်.. အမြင်အာရုံက မှားယွင်း သတင်းပို့တဲ့အတွက် ဦးနှောက်ဟာလည်း ခွေရစ်နေတဲ့ကြိုးတွေအဖြစ် ထင်သွားခဲ့ပါတယ်.. ဒါကြောင့် ဦးနှောက် ရှိသူများလည်း လှည့်စားခံရတတ်ပါတယ်..

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
(၃)The moving image illusion

တစ်ခါတစ်လေမှတော့ အရောင်နဲ့ အရာဝတ္ထုပစ္စည်းရဲ့ အထားအသိုကြောင့်လည်း အမြင်အာရုံလှည့်စားပြီး မိမိရဲ့ ဦးနှောက်ဟာ အချို့သော အရာဝတ္ထုတွေလှုပ်ရှားနေကြတယ်လို့မှားယွင်း ဆုံးဖြတ်မိ တတ်ပါသေးတယ်..






တကယ်တော့ အထဲက အလုံးကလေးတွေဟာ လှုပ်ရှားနေတာ မဟုတ်ပါဘူး.. ဒါပေမဲ့ သင့်မျက်စိမှာတော့ လှုပ်ရှားနေတဲ့ အရာဝတ္ထုလေးတွေအဖြစ် မြင်နေရတယ် မဟုတ်ပါလားနော်..

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
(၄)Cafe wall

အောက်မှာ Cafe Wall လို့ အမည်ပေးထားတဲ့ သရုပ်ဖော်ပုံကို စတင်တွေ့ရှိခဲ့သူက Doctor Richard Gregory ဖြစ်ပါတယ်.. အညီအညာဆွဲထားတဲ့ ကန့်လန့်ဖြတ် မျဉ်းတွေဟာ ဒေါင်လိုက် လေးထောင့်ကွက်တွေရဲ့ နေရာ အထားအသိုကြောင့် မျဉ်းဖြောင့်အဖြစ် မမြင်ရဘဲ ကွေးနေတဲ့ မျဉ်းတွေလို့ မျက်စိအာရုံက လှည့်စားခံလိုက်ရပါတယ်..


တကယ်တမ်းတော့ သေချာကြည့်မယ်ဆိုရင် ကန့်လန့်မျဉ်းတွေအားလုံးဟာ မျဉ်းဖြောင့်များသာ ဖြစ်ပါတယ်..
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
(၅) The Hermann Grind

အောက်ကပုံမှာ လေးထောင့်ကွက်တွေရဲ့ ထောင့်စွန်းလေးခု ဆုံတဲ့နေရာတွေမှာ မီးခိုးဖျော့ ရောင်ခြယ်လေးတွေ တွေ့မြင်နေရတယ်လို့ ထင်ရပါတယ်... သေချာအနီးကပ် ကြည့်ကြည့်လိုက်ရင်တော့ မြင်နေရပါတယ်လို့ ထင်ရတဲ့ မီးခိုးရောင်လေးတွေဟာ ပျောက်ကွယ်သွားတာကို တွေ့ရပါတယ်.. ဒါဟာလည်း အဖြူအနက်ရဲ့ အမြင်အာရုံလှည့်စားမှု တစ်ခုပါဘဲ




~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

(၆) Different Colours

အောက်ကပုံမှာ အရောင် ဘယ်နှစ်မျိုး သင်မြင်ရပါသလဲ.... သေချာကြည့်ပါနော်





သင်ရဲ့ အမြင်အာရုံလှည့်စားချက်အရ အရောင် ငါးရောင်မြင်ရတယ်လို့ ဦးနှောက် လက်ခံမိမယ် ထင်ပါတယ်.. အစိမ်းရောင်၊ အစိမ်းရင့်ရောင်၊ ပန်းရောင်နဲ့ ပန်းရင့်ရောင်၊ အဖြူရောင်တို့ မြင်ရမယ် ထင်ပါတယ်နော်... တကယ်တမ်းတော့ အရောင် သုံးမျိုးထဲပါဘဲ... ညာဘက် ပန်းရောင်လိုင်းရဲ့ ဘေးမှာတော့ အဖြူကွက်တွေသာ သီးသန့်ရှိနေတဲ့အတွက် ပန်းရောင်အဖျော့လို့မြင်ရပြီး ဘယ်ဘက်လိုင်းကတော့ ဘေးကပ်ရပ်အကွက်တွေ အားလုံးဟာ အစိမ်းရောင်တွေချည်းဖြစ်အောင် နေရာချထားတဲ့အတွက် အရောင်ရင့်တွေအဖြစ် အမြင်အာရုံလှည့်စားပြီး မြင်ရတာ ဖြစ်ပါတယ်..

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

(၇)Pictographic Ambiguity

ရုပ်ပုံဆွဲသူရဲ့ ပညာစွမ်းနဲ့ လှည့်စားချက်လေးတစ်ခုပါ.. အောက်ကပုံမှာ သင့်မျက်စိထဲမှာ ဘယ်လို ပုံမျိုးလေး မြင်ရပါသလဲ.. အမျိုးသမီးငယ်တစ်ယောက်ရဲ့ ပုံကို မြင်ရမယ်ထင်ပါတယ်နော်.. ကြည့်တဲ့ ရှုထောင့် အနေအထားကို ပြောင်းပြီး ပြည်ကြည့်ကြည့်ပါလား။ သင့်အမြင်အာရုံ ဘယ်လောက် ထက်မြက်လည်း စမ်းကြည့်လို့ရပါတယ်.. မိန်းမပျိုလေးကို တွေ့ပြီးရင်  အဖွားအို တစ်ယောက်ရဲ့ ပုံရိပ်ကို ကြည့်လို့ တွေ့မြင်ရပါရဲ့လား။  တကယ်တမ်းတော့ မိန်းမပျိုလေးရယ်.. အဖွားအို တစ်ယောက်ရဲ့ ပုံရယ်ကို ပုံစံ ၂မျိုးအဖြစ် တွေ့မြင်ရမှာဖြစ်ပါတယ်..




အဖွားအိုပုံကို ဘယ်လိုမှ ကြည့်လို့ မမြင်ရဘူးဆိုရင်တော့ ကြည့်တဲ့ နည်းလေး ပြောပြပါရစေ... မိန်းခလေးရဲ့ မေးစေ့လို့ မြင်ရတဲ့နေရာကို နှာခေါင်းတစ်ခုအဖြစ် သဘောထားပြီး ပြန်ကြည့်လိုက်ပါနော်... ဒီလိုဆိုရင် အဖွားအိုတစ်ယောက်ရဲ့ ပုံရိပ်ကို ပီပီပြင်ပြင် တွေ့မြင်ရပြီထင်ပါတယ်..

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
(၈) လည်နေတဲ့ ဖရဲသီးများ

အောက်ကပုံမှာတော့ လည်နေတယ်လို့ ထင်ရတဲ့ ဖရဲသီးတွေ တွေ့ရပါလိမ့်မယ်... တကယ်တမ်းတော့ ရုပ်ငြိမ်တွေသာ ဖြစ်ပါတယ်..



~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
(၉) နှင်းဆီလက်ဆောင်

အမြင်အာရုံကောင်းကောင်းနဲ့ ကြည့်ပြီးသွားသူတွေကို ကျွန်မက နှင်းဆီပန်းလေးတစ်ပွင့် လက်ဆောင်ပေးပါမယ်ရှင်... အောက်ကပုံမှာတော့ 3 Dလို့ခေါ်တဲ့ သုံးဘက်မြင် ရုပ်ကြွလေး တစ်ခုရှိပါတယ်.. 3D ကြည့်နည်းကို အားလုံးကြည့်မြင်တတ်မယ် ထင်ပါတယ်.... ကျွန်မကတော့ 3D ပုံတွေကို မပေါ်ပေါ်အောင် ကြည့်ရတာ အတော့်ကိုစိတ်ဝင်စားမိပါတယ်.. အာရုံစူးစိုက်ပြီး သေချာကြည့်လို့ ပုံကို မြင်လိုက်ရတဲ့ ခံစားချက်က ပျော်ရွှင်ဖို့ ကောင်းပါတယ်.. ပုံရဲ့ အလယ်ကောင်တည့်တည့်မှာ လှပတဲ့ ရုပ်ကြွ နှင်းဆီပန်းတစ်ပွင့်ပုံလေး ရှိနေပါတယ်ရှင်.. မြင်နိုင်သူများ နှင်းဆီပွင့်လေးကို လက်ဆောင်အဖြစ် ယူသွားပါလို့နော်.. :)  :)



ဘာရယ်မဟုတ်ပေမဲ့ အပျင်းလဲပြေ၊ ကိုယ့်အမြင်ကိုလည်း ပျော်ရွှင်စွာ စမ်းသပ်ကြည့်ဖို့ပါ။