မက္ကဆီကိုနိုင်ငံ Chihuahua ကန္တာရကြီးရဲ့အောက် ပေပေါင်း ၁၀၀၀ကျော် အနက်မှာ အလွန်ကြီးမားများပြားလှတဲ့ သလင်းကျောက်များစွာတို့ သဘာဝအတိုင်း ဖြစ်ပေါ်နေတာကို Naica ခဲနဲ့ ငွေ တူးဖော်ရေးလုပ်ငန်းကုမ္ပဏီမှာ တွင်းတူးလုပ်သားများအဖြစ် လုပ်ကိုင်နေတဲ့ ညီအစ်ကို နှစ်ဦးက ပထမဦးဆုံး စတင်တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။ တွေ့မြင်မြင်ချင်းမှာ သူတို့မြင်လိုက်ရတဲ့ မြင်ကွင်းကို မယုံနိုင်လောက်အောင် ထူးဆန်းအံ့သြပြီး ထိတ်လန့်မိရလောက်အောင် ဖြစ်ခဲ့ရပါတယ်။ သဘာဝအတိုင်း အချွန်အတက်များ၊ တိုင်လုံးများ၊ အတုံးအခဲများဖြင့် ဖြစ်ပေါ်နေတဲ့ သလင်းကျောက်တုံးကြီးတွေဟာ အကျယ် လေးပေခန့်ရှိပြီး အချို့မှာ ပေ၅၀ခန့် မြင့်မားပါတယ်။
ကြီးမားလှတဲ့ သလင်းကျောက်သားများဟာ မြေအောက်မှာ ရှိတဲ့ ရေတွေမှာ ပျော်ဝင်နေတဲ့ ကယ်လ်စီယမ် ဆာလ်ဖိတ်တွေကြောင့် ဖြစ်ပေါ်လာရတယ်လို့ သိရပါတယ်။ လွန်ခဲ့တဲ့ နှစ်သန်းပေါင်းများစွာက ကမ္ဘာမြေကြီးအတွင်းက ကျောက်ရည်ပူများကြောင့် မြေအောက်ရေတွေဟာလည်း ပူနွေးနေခဲ့ပါတယ်။ သို့သော်လည်း ကျောက်ရည်ပူများ တဖြေးဖြေး အေးသွားတဲ့အခါ ရေထဲမှာ ပျော်ဝင်နေတဲ့ ဓာတ်သတ္တုတွေဟာလည်း တဖြေးဖြေးအေးခဲလာပြီး
၎င်း သလင်းကျောက်များအဖြစ် ဖြစ်ပေါ်လာတယ်လို့ ဆိုပါတယ်။
၎င်း သလင်းကျောက်များအဖြစ် ဖြစ်ပေါ်လာတယ်လို့ ဆိုပါတယ်။
သဘာဝအတိုင်း ဖြစ်ပေါ်နေသော သလင်းကျောက်တိုင်များ
သလင်းကျောက်များ ဖြစ်ပေါ်နေရာ မြေအောက်လှိုင်ဂူကြီးဟာ ဒီတိုင်းကြည့်မယ်ဆိုရင် အေးစက်မဲမှောင်နေတယ်လို့ ထင်ရပေမဲ့ တကယ်တမ်းမှာတော့ အပူချိန် ၁၁၂ ဖာရင်ဟိုက်ထိအောင် ပူနွေးနေပြီး စိုစွတ်ထိုင်းမှိုင်းမှုမှာလည်း အလွန်များပြားတယ်လို့ သိရပါတယ်။ ဒီသလင်းကျောက်လှိုင်ဂူထဲ ၀င်ရောက်ပြီး ကြာကြာနေမယ် ဆိုပါက အထူးစီမံထားတဲ့ အပူခံ ၀တ်စုံများ၊ လေအေးများ ပါဝင်တဲ့ ကျောပိုးအိတ်များ ၀တ်ဆင် သွားရပါတယ်။
အချွန်အတက်တွေက အံ့မခန်း
ယခင်ကတော့ ၄င်း သလင်းကျောက် လှိုင်ဂူကို ဒီအတိုင်း ဖွင့်ထားခဲ့ရာက တွင်းတူး အလုပ်သမားများက သလင်းကျောက်များကို ဖယ်ရှားခြင်း၊ တူးဆွဖျက်ဆီးခြင်းများ ပြုလုပ်တာကြောင့် အလွန်အံ့မခန်း ဆန်းကြယ်လှပသော သဘာဝ သလင်းကျောက်တိုင်များ၊ ကျောက်ချွန်များ ပျက်စီးကုန်ခဲ့ပါတယ်။ ယခုချိန်မှာတော့ သတ္တုကုမ္ပဏီဟာ အလွန်ခိုင်ခံ့သော သံမဏိတံခါးကြီးများ တတ်ဆင်ကာ ဖျက်ဆီးမည့်သူများ ဘေးအန္တရာယ်မှ ကင်းဝေးအောင် ထိန်သိမ်း စောင့်ရှောက်လို့ ထားပြီ ဖြစ်ပါတယ်။ ~
~~~~~~~~~~@@@~~~~~~~~~~
သဘာဝအလှတရား ဆိုသည်မှာ လူများကတန်ဖိုးထား ထိန်းသိမ်း စောင့်ရှောက်မှသာ တည်တံ့ ခိုင်မြဲမည်ဖြစ်သည်။ သဘာဝတရား ပျက်စီးလျှင် ၄င်းသဘာဝတရားက ဒဏ်ခတ်မည်မှာ မုချမလွဲ အမှန်သာဖြစ်သည်။ ရေကြီးခြင်း၊ ချိန်ခါမဟုတ် လေမုန်တိုင်းများ ကျခြင်း၊ ရာသီဥတု ဖောက်ပြန်ခြင်း၊ ကမ္ဘာမြေကြီး ပူနွေးလာခြင်း၊ အိုဇုန်းလွှာ ပေါက်ခြင်း စသည့် များပြားလှသော ဘေးအန္တရာယ်တို့သည် သဘာဝပတ်ဝန်းကျင် ပျက်စီးခြင်းကြောင့် သဘာဝတရားက ဒဏ်ခတ်ခြင်းသာ ဖြစ်လေသည်။


Source:
http://channel.nationalgeographic.com/episode/giant-crystal-cave-3569/
http://www.popgive.com/2010/07/crystal-cave.html
















20 comments:
အဲဒီ သလင်းကျောက်ဂူအကြောင်း documentary ကြည့်လိုက်ရဖူးတယ်၊ စိတ်ဝင်စားဖို့ ကောင်းတယ်ဗျ၊ မျှဝေတဲ့အတွက် ကျေးဇူးပါ မချောရေ..။
တောက်...ဒီသလင်းကျောက်ကြောသာ မြန်မာပြည်မှာ ရှိလို့ကတော့ အဘတို့တော့ ၀မ်းသာလိုက်မယ့်ဖြစ်ခြင်းနော်...
ထူးပါပေ့ ဆန်းပါပေ့ဗျာ။ ကျေးဇူး မချောရေ။
It's amazing. Thanks Chaw.
Iora
မျှဝေပေးတာ ကျေးဇူးပါ
ကချင်ပြည်နယ်က ဓါတ်ပုံတွေ
ရှိသေးတယ်ဆိုဘယ်မှာတုန်း
သဘာဝတရားတွေ အထူးအဆန်းတွေပဲနော် ချော။ ဆရာဟန်ကြည်ပြောသလိုပဲ မြန်မာပြည်မှာ ရှိလို့ကတော့လေ.................။ (ဘုန်းဘုန်းက အေပရယ် ၁-ရက်ကနေ ၈-ရက်နေ့အထိ သီဟိုဠ်မှာ တစ်ပတ်ပဲကြာတယ်။ အခု မလေးရှားမှာ။ စင်္ကာပူလည်း ၀င်ဦးမယ်။ ချောတို့အမေနဲ့ မဆုံဆည်းလိုက်ရဘူးနော်။ ပဋ္ဌာန်းဆက်ပဲ မရှိခဲ့တာလား ချောရယ်။ ဘုန်းဘုန်းလည်း ထပ်မံတိုက်တွန်းလိုက်ပါရစေ။ ချောက သံဝေဇနိယလေးဌာနကော သွားဖူးပြီးပြီလား။ မဖူးရသေးရင် အဲဒီနေရာကိုကော မြတ်စွယ်တော်ကိန်းဝပ်စံပယ်တော်မူရာ သီရိလင်္ကာကိုရော သွားနိုင်အောင် ကြိုးစားနော် ချော။ သွားနိုင်အောင် ကြိုးစားဆိုတာက အချိန်ကိုပြောတာ။ ငွေရေးကြေးရေးကတော့ ပူစရာမရှိလောက်ပါဘူး။ စာလည်းများသွားပြီ။ ကြွဦးမှ...) ချောရော ချောရဲ့မိသားစုရော ကျန်းမာရွှင်လန်း ပွင့်သစ်စပန်းပမာ အေးချမ်းကြပါစေဗျာ။
ရောက်ဖူးချင်တယ်... ဒါမယ့် ကြောက်ကြောက်.. ကိုဆင်းသွားမှ ငလျင်လှုပ်လို့ ကတော့ ခက်စ်... :P
မချော ရေ အသစ်အဆန်းတွေ လာဖတ်ပါတယ်ရှင်..
မကြီးချောရေ..
သဘာဝတရား၇ဲ့ဆန်းကြယ်ပုံကတော့
ပြောမကုန်ပါဘဲနော်..
အခုလို..ဗဟုသုတရစေဖို့အတွက်
အမြဲတမ်းမျှဝေပေးတဲ့
မကြီးချောကိုလည်းကျေးဇူးအရမ်းတင်ပါတယ်..
ညီမလည်းစာတွေမရေးဖြစ်ဘူး..
မကြီးချောရဲ့ Gmail ကိုညီမadd ထားပါရစေနော်
စာလာဖတ်သွားတယ်။ စီဘောက်က ဝင်ကို မရဘူး။
မျှဝေပေးတာကျေးဇူးပါ။ ထူးထူးဆန်းဆန်း တွေအများကြီး ပဲနော်။
Post အတွက် ကျေးဇူးပါ ...
သလင်းကျောက် ဆိုတော့ Quartz (SiO2) လို့ ထင်နေတာ .. ရေတွေမှာ ပျော်ဝင်နေတဲ့ ကယ်လ်စီယမ် ဆာလ်ဖိတ်တွေကြောင့် ဖြစ်ပေါ်လာရတယ်လို့ သိရပါတယ်-- လို့ဖတ်ရတော့ အဲဒီ ပုံဆောင်ခဲတွေ ဟာ သလင်း မဟုတ်ဘဲ ပုံဆောင်ခဲထုံးကျောက် Crystalline Limestone (Calcite) CaCO3 ဖြစ်မယ် ထင်ပါတယ် ခင်ဗျား
Mother nature gave us countless wonderful things.The cave is amazing.Thanks for sharing.I love quartz and crystal:)
Gyidaw
ဝါးးးးးးးးးးးးးးတော်တော်လှတယ်နော်
ညီမလေး တို့ ရွာမှာမြင်ဖူးတယ် ဒါပေမဲ့သေးသေးလေးတွေပဲရှိတာ
ပြီးရင် စေတီပုံစံလေးတွေနဲ့ ...........
ဒါပေမဲ့ကြာကြာမှ တခါမြင်ဖူးတာ......
အခုလိုမြင်လိုက်ရတော့အရမ်းကိုအံ့သြသွားတယ်တယ်
အမက တကယ်ထူးဆန်းတဲ့ အကြောင်းအရာတွေ ရှာတင်ပေးနိုင်တယ်နော်...........ကျေးဇူးအများကြီးတင်ပါတယ် နောက်လဲလာပြိးအားပေးမယ်.....ကြာကြာမှတခါလာအားပေးနိုင်တဲ့အတွက် ခွင့်လွတ်ပေးနော်အမ.......
တီဗွီအစီအစဉ်တခုမှာ ကြည့်လိုက်ရဖူးတယ် အစ်မရဲ့။ တော်တော်လှတယ်နော်...
အားလုံး ကျေးဇူးအထူးပါရှင်..
Quartz နဲ့ rystalline Limestone (Calcite) အား ခွဲခြား ပြောပြပေးသော Anonymous အားလည်း အထူးကျေးဇူးပါ ...
သဘာဝဆိုတာ လူတွေဖန်တီးနိင်တာထက် ပို လှတယ်ဆိုတာ အမှန်ပဲ။ ကမ္ဘာ့အံ့ဖွယ်လို့ပဲ ဆိုရမယ်။ ရေခဲတုံး အကျိုးအပဲ့တွေ ပစ်ချထားသလိုတောင် ထင်မိသေးတယ်။
သီချင်းထဲကလို...ဖန်သားနန်းတော်...လိုပဲနော်..
ထူးဆန်းတယ်... ကျောက်သားတွေကလည်း လင်းသန့်နေတာပဲ..။
သဘာဝတရားကလည်း ထူးဆန်းလိုက်တာ၊
လှလည်းလှတယ်၊
ဆန်းလည်းဆန်း၊
မဖျက်ဆီးရဲပါဘူး၊ မချောက မှတ်ချက်လေးနဲ့ ခြိမ်းခြောက်လိုက်သေးတယ်၊ ကြောက်ပါရဲ့ :D
မချောရေ အားလုံး k တယ်ဟုတ်
ချစ်တဲ့
လှလိုက်တာနော်.
Post a Comment