အဖြူရောင် သဘာဝရေပူကန်များ







အဖြူရောင်သဘာဝ ရေပူကန်များ


http://bignpromo.com/wp-content/uploads/2011/03/pamukkale-spring.jpg



Image Hosted by PicturePush - Photo Sharing



ပြည်တွင်းခရီးသွားများနဲ့ နိုင်ငံခြားသား ဧည့်သည်များ အသွားများတဲ့နေရာတစ်ခုက တူရကီနိုင်ငံ Denizli Pamukkale မြို့ကနေ ၁၉ ကီလိုမီတာ (၁၂မိုင်) အကွားမှာ တည်ရှိတဲ့ Pamukkale ဆိုတဲ့ နေရာလေးဖြစ်ပါတယ်။ အဲဒီနေရာက ထူးဆန်းအံ့သြဖွယ်ရာ မြောက်မြားစွာ သဘာဝအတိုင်း ဖြစ်ပေါ်နေတဲ့ ရေပူစမ်းများဖြစ်ပါတယ်။ စီးကျနေတဲ့ ရေပူစမ်းရဲ့ အပူချိန်ဟာ ၃၅ ဒီဂရီခန့်ရှိပြီး ထွက်နေတဲ့ ရေပူထဲမှာလည်း သတ္တုဓာတ်များ ကြွယ်ဝလွန်းစွာ ပါဝင်နေပါတယ်။ တောင်စောင်းကနေ စီးကျနေတဲ့ ရေပူစမ်းဟာ အဆင့်ဆင့် အတိုင်း ဖြစ်ပေါ်နေတဲ့ ရေကန်ငယ်လေးပေါင်းများစွာကို ဖြစ်ပေါ်စေပြီးတော့ ရေထဲမှာပါဝင်တဲ့ ကယ်လ်စီယမ်ကြောင့် ဆွတ်ဆွတ်ဖြူစွာ ဖြစ်နေတဲ့ အလှဟာ ထူးခြားလွန်းလို့ လူတိုင်းက ရင်သပ်ရှုမော အံ့သြခြင်း ဖြစ်ရတယ်လို့ ဆိုပါတယ်။


Image Hosted by PicturePush - Photo Sharing



Image Hosted by PicturePush - Photo Sharing


Image Hosted by PicturePush - Photo Sharing







ရှေးခေတ်ကာလကတည်းက ထင်ရှားခဲ့တဲ့ Pamukkal ဒေသဟာ ရောမခေတ်ကတည်းက ထင်ရှားခဲ့တဲ့ ဒေသဖြစ်ပြီး ရေပူချိုး ဇိမ်ခံရာ နေရာတစ်ခုဖြစ်ခဲ့ပါတယ်။ ရေပူစိမ်ချိုးရင် ရောဂါအမျိုးမျိုးကို ပျောက်ကင်းစေနိုင်တယ်လို့ ယုံကြည်ကြတဲ့အတွက်လည်း ရေပူချိုးဖို့ တကူးတက လာရောက်ကြသူများလည်း အများအပြား ရှိနေပြီးတော့ ရေပူချိုးဖို့နေရာများ စီစဉ်ထားတဲ့ ဟိုတယ်ပေါင်း မြောက်မြားစွာလည်း ထိုနေရာမှာ ရှိနေပါတယ်။ Hierapolis အမည်ရတဲ့ ရှေးဟောင်း ရောမခေတ် မြို့တော်ဟာလည်း အလွန်ထင်ရှားပါတယ်။ ထိုဒေသတစ်ဝိုက်မှာရှိတဲ့ ရှေးရောမခေတ်လက်ရာ ဘုရားကျောင်းများစွာနဲ့ အထွဋ်အမြတ်ထားစရာ နေရာဒေသများ ရှိနေတဲ့ နေရာဖြစ်လို့ သန့်စင်သော မြို့တော်လို့ လူသိများကြပြီး Apollo ဘုရားကျောင်းဟာ မာဘယ်လ် ကျောက်သားများဖြင့် ပြုလုပ်ထားပြီး ခုချိန်ထိတိုင် ကျောက်တိုင်ကြီးများ အခိုင်အခံ့ ကျန်ရှိနေသေးတာ တွေ့ရပါတယ်။ ဒါကြောင့်လည်း Pamukkal ဒေသဟာ ကမ္ဘာလှည့်ခရီးသွားများ အလွန်စိတ်ဝင်စားစွာ သွားရောက်ကြတဲ့နေရာတစ်ခုဖြစ်ပါတယ်။



http://www.altinkumholiday.co.uk/interior_Apollo_Temple_altinkum_didim.jpg


http://www.altinkumholiday.co.uk/temple1.jpg




~~~~~~~~@@@~~~~~~~~~~~



အမိုးကလေးနဲ့ သဘာဝ ရေကန်

Image Hosted by PicturePush - Photo Sharing

တက္ကဆက်ပြည်နယ်မှာ Hamilton ရှိတဲ့ ရေအိုင်ဟာ လွန်ခဲ့တဲ့ နှစ်ထောင်ပေါင်းများစွာက  မြေအောက်မှာရှိတဲ့ မြစ် ပြိုကျမှုကြောင့် ဖြစ်ပေါ်လာရတဲ့ ရေအိုင်ဖြစ်ပါတယ်။ ထူးခြားတာက ရေအိုင်ဟာ စက်ဝိုင်းပုံသဏ္ဍန် မြေအောက်မှာ ဖြစ်ပေါ်နေတာဖြစ်ပြီး မြေပြင်ဟာ ရေကန်ရဲ့ အပေါ်မှာ တစ်ဝက်တစ်ပျက်  အမိုးခုံးကြီးသဏ္ဍာန် ဖြစ်ပေါ်နေခဲ့ပါတယ်။ ၄၅ ပေမြင့်တဲ့ ၄င်းမြေပြင်ပေါ်ကနေ
အရှိန်ဖြင့် စီးကျနေတဲ့ လှပသော ရေတံခွန်ရှိနေတာကလည်း ရေအိုင်ရဲ့အလှကို ပိုပြီး ထူးခြား လှပနေစေပါတယ်။ Austin ကနေ ၂၃မိုင် ကွာဝေးတဲ့နေရာမှာ ဖြစ်ပေါ်နေတဲ့ Hamilton ရေအိုင်ကြီးဟာ Austin မှာ နေထိုင်ကြသူတွေနဲ့ အလည်ရောက်နေကြသူတွေ နွေရာသီမှာ ရေကူးအပန်းဖြေဖို့ သိပ်ကို နှစ်သက်သဘောကျကြတဲ့ နေရာဖြစ်ပါတယ်။ ရေကန်ရဲ့ ဘေးပတ်ပတ်လည်မှာ ကျောက်လွှာတွေဟာ အထပ်ထပ်နဲ့ ဝန်းရံနေပြီး ၄င်းတို့ကြားထဲမှာ ရေညှိလွှာတွေ၊ ဒရင်ကောက်ပင်တွေနဲ့ ကျောက်တောင်တွေမှာ ရှင်သန်နေထိုင်တတ်တဲ့ ပျံလွှားငှက်တွေ နေထိုင်ကျက်စား ရှင်သန်ပေါက်ဖွားနေပါတယ်။ ရေကန်ရဲ့ အမိုးမျက်နှာကျက်ကနေ ထုံးကျောက် ကျောက်ခက်ပန်းဆွဲတွေလည်း အချောင်းလိုက် စီရီတွဲလွဲ ဆွဲကျလို့နေပါတယ်။


Image Hosted by PicturePush - Photo Sharing


Hamilton Pool by Nick Conde-Dudding



Image Hosted by PicturePush - Photo Sharing


Hamilton Pool

http://farm3.static.flickr.com/2477/3645071340_b131feff17.jpg

http://farm4.static.flickr.com/3654/3645032588_2c77333298.jpg


Image Hosted by PicturePush - Photo Sharing




http://farm4.static.flickr.com/3629/3644201529_4b11394bfd.jpg
ပျော်ပျော်ပါးပါး ရေကစား


သို့သော်လည်း သဘာဝအတိုင်း ဖြစ်ပေါ်နေတဲ့ မြေအောက်ရေကန်ရဲ့ ဘေးပတ်ဝန်းကျင်မှာ ပေါက်ရောက်နေတဲ့ ခြုံပင် နွယ်ပင်တွေကြောင့် ရေကန်ရဲ့ သန့်စင်မှုကို မကြာခဏ စစ်ဆေးဖို့ လိုအပ်သလို ရေကူးနိုင်ခွင့်ကိုလည်း အခါအားလျော်စွာ တားမြစ်ထားလေ့ရှိပါတယ်။ တကယ်လို့များ သင်သာ အဲဒီနေရာကို ရေကူးဖို့ ရောက်နေခဲ့မယ်ဆိုရင် ရေမကူးခင်မှာ တာဝန်ရှိသူတွေကို ရေကန်ထဲက ရေရဲ့ သန့်စင်မှုကို စစ်ဆေးပေးဖို့ အရင်တောင်းဆိုသင့်ပါတယ်။ ရေကန်ဟာသဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်မှု ဧရိယာအတွင်းမှာ ပါဝင်တာကြောင့် ၄င်းပတ်ဝန်းကျင်မှာ ငါးမျှားခြင်း၊ တောင်တက်ခြင်း၊ စခန်းချနေထိုင်ခြင်း၊ မီးမွှေးခြင်း၊ အစားအစာ ချက်ပြုတ်စားသောက်ခြင်း၊ ခွေးစသော တိရိစ္ဆာန်များ ခေါ်ဆောင်သွားခြင်း စသည်တို့ကို တားမြစ်ထားပါတယ်။ ရေကန်ကို သွားရောက်လိုသူများအတွက် ကားပါကင် စီစဉ်ထားရှိသော်လည်း  တစ်ကြိမ်လျှင် ကားစီးရေ ၇၅စီးသာ ထားနိုင်တဲ့အတွက် လူအသွားအလာ များတဲ့နေ့မျိုးမှာ ကားနေရာရဖို့ကို စောင့်ဆိုင်းရလေ့ရှိတယ်လို့ ဆိုပါတယ်။



ဗဟုသုတအဖြစ် ပြန်လည် မျှဝေပါသည်။ 



Image Hosted by PicturePush - Photo Sharing

Sources and photos from pamukkaleturkey.com and google

20 Responses to “အဖြူရောင် သဘာဝရေပူကန်များ”

ချောရေ
စုံနေအောင်ဖတ်ရကြည့်ရတယ်။
စိတ်ဝင်စားစရာတွေပဲ ရွေးတင်ပေးထားတဲ့ ဓါတ်ပုံတွေလည်း ကောင်းတယ်နော်။

ရေပူစိမ်ရတာ ကြိုက်တယ်။
ချမ်းတဲ့ရာသီဆိုနေ့တိုင်းနီးပါး စိမ်ဖြစ်တယ်။

An Asian Tour Operator said...

အဲဒါတွေ ကို မှီပြီး ခရီးသွားလုပ်ငန်းတွေလဲ ရပ်တည်ကြရတာပဲ။

ရေပူသွားစိမ်ချင်တယ်မချော.။ အခါအခွင့်သင့်ရင်တော့ တခါတခေါက်တော့
စိမ်ချင်သား.
သွားမလားမချော..
ချစ်တဲ့
သဒ္ဓါ

tsawtsaw said...

ဝါးးးးးးးးးးးးးးတော်တော် စိတ်ဝင်စားစရာကောင်းတယ်နော်
ပျော်စရာကြီး ........ရောက်ဖူးချင်လိုက်တာ
ကျေးဇူးပဲနော် မချော...........

အဲဒီသဘာဝ ရေပူကန်ထဲ စိမ်ချင်လိုက်တာ။ စာတွေကြည့်ရလွန်းလို့ တကိုယ်လုံး ညောင်းညာနေတာလေးများ သက်သာမလားလို့။ မြန်မာပြည်ကရေပူစမ်းတောင် တခါမှမရောက်ဖူးတာမို့ တခြားနေရာ ဝေးရောပဲ။ ချောပို့စ်တင်မှ ဒါမျိုးလေးတွေ သိရတယ်။

မချော... လုပ်လိုက်တော့..။ ပျော်ပွဲစားခရီးလေး..။ အရင်ကတင်ထားတဲ့ ဟင်းတွေချက်ပြီး သယ်လာဖို့တော့ မမေ့နဲ့နော်... အဟဲ...


ခင်မင်လျက်
နေ၀ဿန်

Anonymous said...

I wish I could visit those places you mentioned in many posts Chaw. Thank you for sharing too!!!
Mon Petit Avatar

ချောရေ မင်္ဂလာပါ ရေပူစမ်းဆိုလို့ သထုံဘက်မှာပဲ တစ်ခါသွားလည်ဖူးတယ်။ ရေပူကန်တော့ သွားမလည်ဖူးသေးဘူး။ ချောတင်ပေးမှပဲ တူရကီ သွားလည်ချင်စိတ်တောင် ပေါက်လာပြီ။ ထူးထူးဆန်းဆန်း ကြည့်ရလို့ ကျေးဇူးပါ။ ကျန်းမာပျော်ရွှင် ကြည်လင်ဝင်းပ အေးမြပါစေ...

Nyi Linn Thit said...

တူရကီက ရေပူစမ်းအကြောင်းတော့ တခါဖတ်ဖူးတယ်၊ တက္ကဆက်က ရေကန်က လှလိုက်တာ..၊ နွေရာသီမှာ ဆင်းစိမ်ရရင် ဇိမ်ပဲ..။း)

ကမ္ဘာပေါ်မှာ သဘာဝရေကန်လှလှတွေ အများကြီးပဲနော်...
ရောက်ဖူးချင်လိုက်တာ..
ဒါပေမယ့် သွားလည်ဖို့ ပိုက်ချံချိဝူးးးးးးးးး :(

SHWE ZIN U said...

ကဲ ဘလော့ဂ်ဂါ ညီမ များနဲ့ အတူ သွားမယ် ချော ရေ မကျန်ရစ်နဲ့နော်

ဒီပို့စ်လေးဖတ်ရတော့ ပိုက်ဆံချမ်းသာချင်စိတ်ပေါက်လာ
တယ်.....၊အဲ့ရေပူကန်တွေဆီသွားလည်ချင်လို့....:))
ခုတော့ ....ကြည့်ပြီး စိတ်ကူးပဲယဉ်နိုင်တော့တယ်အစ်မရေ...

Anonymous said...

OK....I'll come along with whoever go wherever chaw posted.Don't leave me.What a lovely atmosphere we have!Thanks for sharing.You build wonderful blog.
Gyidaw

ဖော်ဝပ်မေးလ်ထဲကနေ တွေ့ဖူးတယ် ချောရဲ့၊ တအား လှလွန်းလို့ သွားချင် နေခဲ့တာ။ ဈေးကြီးတယ်ဆိုလို့ ငြိမ်နေတာ၊ ခု ရောဂါက ပြန်ထလာပြီ...ဟဟဟ :P

သင်းသင်းမြတ် said...

ဗဟုသုတရစရာပိုစ့်လေးတွေအတွက် ကျေးဇူးပါ အစ်မချော။
စာတွေ အများကြီးရေးနိုင်ပါစေ

mstint said...

ချောရေ ထူးဆန်းထွေလာလေးတွေ ဖတ်ရှုပြီး ကြည်နူးစရာကောင်းတယ်ကွယ် အန်တီတော့ လားရှိုး ကျိုင်းတုံ ရေပူစမ်းလေးတွေရောက်တာတောင် စိတ်ကိုလန်းဆန်းစေတာ မချော တင်ထားတဲ့ ထူးဆန်းဖွယ် ရေပူကန်လေးတွေကိုတော့ စိတ်မှန်းနဲ့တင် ကျေနပ်နေပါပြီ။

မေတ္တာဖြင့်
အန်တီတင့်

PhyoPhyo said...

သွားချင်တယ်၊ သွားချင်တယ်
လှလိုက်တာ ရေကန်လေးတွေ။

jr said...

Hamilton က ရေကန်လေးကို သွားချင်လိုက်တာ ချောရယ်။

သဘာဝရဲ့ ဆန်းကျယ်မှုကတော့ အံ့မခန်းပါပဲ။ လှလိုက်တာ.. ထိုင်ကြည့်နေရတင် စိတ်ကြည်နူးမိတယ်။

သက်ထား said...

ပျော်စရာဘဲ သွားချင်လာပြီ