ဂူအတွင်းလမ်းကြောင်းဟာ အဝင်လမ်းနဲ့ အထွက်လမ်း နှစ်ပေါက်ရှိပြီး ဂူထဲမှာ လှည့်ပတ်ကြည့်ရှုချိန်ဟာ တစ်နာရီကျော် နှစ်နာရီနီးပါး ကြာပါတယ်။ လျှပ်စစ်မီးတွေ ထွန်းထားတာမို့ ဂူအတွင်းမှာ မဲမှောင်မနေပေမဲ့ မီးအရောင်တွေက ထိန်ထိန်လင်းနေတာမျိုးလည်း မဟုတ်ပါဘူး။ အချို့ ထင်ရှားထူးခြားတဲ့ ကျောက်စက်ပန်းဆွဲတွေ ကျောက်တိုင်ကြီးတွေနေရာမှာ အနီရောင် အစိမ်းရောင်လို ရောင်စုံ မီးလုံးလေးတွေ ထွန်းညှိထားတာပါ။ နတ်သမီး သုံးဖော် လှိုဏ်ဂူဟာ မြို့နဲ့ အင်မတန် အလှမ်းဝေးတဲ့နေရာမှာ ရှိတာကြောင့် လှပတဲ့ ကျောက်စက်ပန်းဆွဲတွေ ကျောက်တိုင်တွေ ရှိပေမဲ့ လူသူအသွားအလာ နည်းပါးပါတယ်။ လှိုဏ်ဂူရှိရာ တောင်ခြေကို ရောက်တဲ့အခါ ဈေးဆိုင်အနည်းငယ်ကို တွေ့ရပါတယ်။ ဂူထဲဝင်မယ်ဆိုရင် သတ်မှတ်ဝင်ကြေးကို ပေးဆောင်ရပြီးတော့ သက်ဆိုင်တဲ့ လမ်းပြတစ်ယောက်က ဂူထဲကို လိုက်ပြတဲ့အပြင် ထင်ရှားတဲ့ နေရာတွေကိုလည်း ရှင်းလင်း ညွှန်ပြပေးပါတယ်။
ဒီတောင်ကြီးဟာ ကျောက်လှိုဏ်ဂူကြီးရှိတဲ့တောင်ဖြစ်ပါတယ်။ ဒါပေမဲ့ ဂူပေါက်ရှိတဲ့နေရာကိုရောက်ဖို့ တော်တော်လေး လမ်းလျှောက်တက်ရပါတယ်။
မက်မန်းသီးလေးတွေလေ .. ချစ်စရာလေးမို့ ဓာတ်ပုံရိုက်ထားတာပါ။ အပင်ပေါ်ကခူးထားတာ မဟုတ်ပါဘူး. ဈေးဆိုင်တန်းမှာ ရောင်းထားတာကို ရိုက်လာတာပါ။
လှိုဏ်ဂူရှိရာ တောင်ခြေမှာ ဒီလိုအပန်းဖြေတဲကလေးတွေနဲ့ မက်မန်းသီးပင်တွေ တွေ့ရပါတယ်။
ဒါကတော့ ထင်းရူးပင်တွေ ဘေးနှစ်ဖက်မှာ စီတန်းနေတဲ့ လှိုဏ်ဂူရှိရာ အတက်လမ်းဖြစ်ပါတယ်။
ဒီလိုလမ်းတွေကိုတက်ခဲ့ရတာပါ။
လှိုဏ်ဂူဝရောက်အောင် သွားရတဲ့လမ်းဟာ တောင်အတက်ခရီး ဖြစ်တာကြောင့် အသက်ကို မနည်းရှုပြီးတက်ခဲ့ရပါတယ်။ ဂူဝမရောက်ခင် လမ်းမှာ တစ်ထောက်နားရပါသေးတယ်။
လှိုဏ်ဂူဝရှိ ရာတောင်ပေါ်ရောက်တော့ ဘေးဝန်းကျင်ကို ကြည့်တဲ့အခါ ကြည့်လေရာရာ တောတောင်တွေ ပတ်လည်ဝန်းရံလို့နေခဲ့ပါတယ်။ ဒီလို စိမ်းစိုနေတဲ့ မြင်ကွင်းလေးတွေ တွေ့လိုက်ရပြန်တော့ အသက်ရှူမဝအောင် မောပန်းခဲ့တဲ့ တောင်တက်လမ်းက စိတ်အပန်းပြေသွားရပြန်ပါတယ်။
လှိုဏ်ဂူဝကိုရောက်ပါပြီ..
ကျောက်ဂူကြီးထဲမှာတော့ လူတွေ ကောင်းမွန်စွာ သွားလာနိုင်အောင် လမ်းတွေကို သေချာပြုပြင် ဖောက်လုပ်ထားတာ တွေ့ရပါတယ်။ အချို့နေရာတွေမှာတော့ လှိုဏ်ဂူဟာ အလွန် ကျဉ်းမြောင်း နေတာကြောင့် ခေါင်းငုံ့ပြီး သွားရတာတွေ ကိုယ်တစ်စောင်းနဲ့ ဝင်ရတဲ့နေရာတွေ ရှိပါတယ်။ ကျောက်စက်ပန်းဆွဲကြီးတွေဟာ ပုံသဏ္ဍာန်အမျိုးမျိုး ဖြစ်ပေါ်နေပြီး ရင်သပ်ရှုမော ဖြစ်ရလောက်အောင်ကို ဆန်းကျယ်လှပလွန်းပါတယ်။ တက်လိုက်ဆင်းလိုက်နဲ့ လမ်းလျှောက်နေရတာကြောင့် ဂူထဲမှာ အေးနေပေမဲ့ ခန္ဓာကိုယ်မှာတော့ ချွေးပြိုက်ပြိုက်ကျလောက်အောင် အကြာကြီး လျှောက်ကြည့်ခဲ့ရပါတယ်။ အဆင်းအတက်များပြီး လှိုဏ်ဂူက ရှည်လျားလွန်းလို့ ဂူထဲက အဆင်းလမ်းမှာ ခြေထောက်တွေတောင် တုန်လာတဲ့အထိ မောပန်းလှပေမဲ့ ရှုမညီးစရာ လှပလွန်းလှတဲ့ ကျောက်ခက် ပန်းဆွဲတွေကြောင့် ဒီခရီးကို ကျေနပ်စရာကောင်းတဲ့ ခရီးတစ်ခုလို့ ခံစားခဲ့ရပါတယ်။

ဂူအဝင်ဝက ကျောက်စက်ပန်းဆွဲများ
ကွန်ကရိခင်းထားသော်လည်း ကျဉ်းမြောင်းပြီး အမိုးနိမ့်နေတာကြောင့် ဒီနေရာတွေမှာ ခေါင်းငုံ့ပြီးမှ ဝင်ရပါတယ်
အောက်မှာတော့ လှိုဏ်ဂူကြီးအတွင်းမှာ နှစ်နာရီကြာမျှ ကြည့်ရှုလှည့်လှည်ရင်း ရိုက်ဖြစ်ခဲ့တဲ့ သဘာဝအတိုင်း ဖြစ်ပေါ်နေသော ကျောက်စက်ပန်းဆွဲကြီးများ ကျောက်တိုင်ကြီးများ၊ ထဲမှ ကောင်းနိုးရာရာ ပုံလေးများကို ဖော်ပြထားပါတယ်ရှင်။
ဂူထဲမှာ ရောင်စုံမီးဆလိုက်လေးတွေ သူ့နေရာနဲ့သူ ထွန်းညှိထားတာကို တွေ့ရပါတယ်
အထက်အောက် ဆက်နေတဲ့ ကျောက်စက်မိုးမျှော်တိုင်ကြီးများ
မှိုပွင့်သဏ္ဍန်ဖြစ်ပေါ်နေသော ကျောက်စက်ပန်းဆွဲများ
လှေကားထစ်များ
လှိုင်ဂူကြီးအတွင်းမှာ တက်လိုက် ဆင်းလိုက်
လှိုင်ဂူထဲမှာ ရေနက်တဲ့ နေရာတွေ ရှိပါတယ်။ အဲဒီနေရာတွေကိုတော့ ရေထဲဖြတ်ကူးစရာမလိုအောင် အလွန်ချစ်စရာကောင်းတဲ့ သစ်ရွက်လေးတွေပေါ် ဖြတ်သန်းရပါတယ်။
ဒီမှာပါ။ ကျွန်မ အင်မတန်သဘောကျမိတဲ့ နေရာလေး တစ်ခုလည်း ဖြစ်ပါတယ်။ ဘယ်လောက်တောင် ချစ်ဖို့ ကောင်းတဲ့ အသည်းပုံသစ်ရွက်ကလေးတွေလည်းနော်..း)
ရှေ့မှာ ဂူပေါက် ရောက်ပြီတဲ့..
ဒါက လာတုန်းက ဝင်တဲ့ ဂူပေါက်မဟုတ်ဘဲ ပြန်ထွက်တဲ့ အပေါက်ဖြစ်ပါတယ်။
ပြန်အထွက်မှာ ဒီနေရာမှာ ခဏနားပြီး ပတ်ဝန်းကျင် ရှုခင်းတွေ ကြည့်လို့ရပါတယ်။
ကားရပ်ထားတဲ့နေရာကို ခပ်ဝါးဝါးလေးမြင်နေရပါတယ်။ ဘုရားရေ အဲဒီကို ရောက်အောင် မနည်း လမ်းလျှောက်ရဦးမှာလား ....


ဒီလမ်းတွေကတော့ လှိုဏ်ဂူကနေ ပြန်ဆင်းတဲ့ လမ်းပါ။ တကယ့် တောလမ်းကလေးပါဘဲ
လှိုဏ်ဂူတွင်းမှာ ဓာတ်ပုံပေါင်း နှစ်ရာကျော် ရိုက်ဖြစ်ခဲ့ပေမဲ့ အားလုံးတင်ဖို့ မဖြစ်နိုင်တာကြောင့် ကောင်းမယ်ထင်တဲ့ ပုံလေးတွေကို ရွေးတင်လိုက်ပါတယ်။ သဘာဝ ပတ်ဝန်းကျင်အလှအပနဲ့ နတ်သမီးသုံးဖော်အမည်ရ ကျောက်လှိုဏ်ဂူအတွင်းက အံ့မခန်း ကျောက်စက် ကျောက်တိုင်ကြီးများရဲ့ အလှအပကို ခံစားခဲ့ရတဲ့နေ့ ဖြစ်တာကြောင့် ပင်ပန်းပေမဲ့ စိတ်ကြည်လင် ချမ်းမြေ့ခဲ့ရတဲ့ နေ့လေးတစ်နေ့ ဖြစ်ခဲ့ရပါတယ်ရှင်..း)



























































34 comments:
ရောက်ဖူးချင်လိုက်တာ ချောရယ် ...
အဲဒါ ဘယ်နားမှာရှိတာလဲဟင် နတ်သမီးသုံးဖော် ကျောက်လှိုဏ်ဂူဆိုတာ မကြားဖူးဘူး။
ဘာကြောင့် နတ်သမီးသုံးဖော်လို့ ခေါ်တယ်ဆိုတဲ့ သူ့သမိုင်းကြောင်းတွေ ဘာတွေလဲ ရှိမှာပဲနော် ...
သဘာဝတရားရဲ့ လှပဆန်းကြယ်မှုတွေက အံ့မခန်းပဲ။
ကျောက်လှိုဏ်ဂူ ဓာတ်ပုံတွေ အများကြီးကို တ၀ကြီး ကြည့်သွားတယ် အစ်မချောရေ...။ လှလိုက်တာ။ မက်မန်းသီးလေးတွေ သီးနေတာလည်း ချစ်စရား)
ကျောက်လှိုဏ်ဂူ အဝကို ရောက်ဖို့ လှေကား ဘယ်နှထစ်တောင် တက်ခဲ့ရသလဲ မချောရေ..၊ ဂူထဲက ကျောက်စက်ပန်းဆွဲတွေက ရောင်စုံ မီးရောင်တွေ အောက်မှာ လှလိုက်တာ..၊ တောင်အဆင်း လမ်းကလေး ကလည်း တကယ့်ကို အမောပြေ လျှောက်ချင်စရာလေး....။
မမရေ..ဒါတရုတ်ပြည်ဘက်လားဟင်..
နယ်စပ်ဖက်လား..
သိချင်ပါတယ်
အရမ်းစိတ်ဝင်စာဖို့ကောင်းတာပဲနော်..
ဒီလိုဗဟုသုတတွေမျှဝေပေးတာကျေးဇူးအများကြီးတင်ပါတယ်..
ကိုယ့်ဟာကိုယ်ဆိုဒီတသက်မရောက်ဖူးနိုင်ပါဘူး
ခင်မင်လေးစားစွာဖြင့်
လေလွင့်နတ်သမီး
ချောငယ် လှလိုက်တဲ့နေရာ
မက်မန်းသီးကလည်း စားချင်စရာနော်
ဒီနေရာ ကိုယ်ငယ်ငယ်က အဒေါ်တွေနဲ့ရောက်ဖူး
သလားလို့
နတ်သမီးသုံးဖော် လှိုဏ်ဂူကို လေယာဉ်ကွင်းမဆင်းခင် ဖတ်သွားတယ် ချောရေ။ အလည်တစ်ခေါက်လောက်တော့ ရောက်ဖူးချင်တယ်။ ရှမ်းပြည်က ပင်းဒယလှိုဏ်ဂူတော့ ရောက်ဖူးတယ်။
ကျောက်လှိုင်ဂူကိုသွားရာ လမ်းတစ်လျှောက် တောတောင်သဘဝ ရှုခင်းလေးတွေကို ကြည့်ရတာ စိတ်ကြည်နူးစရာပဲကွယ်။
မေတ္တာဖြင့်
အန်တီတင့်
အင်း တော်တော်လှတာပဲ၊
အေးချမ်းမူအပြည့် ရလိုက်သလိုပဲ။
အဲ့လှိုဏ်ဂူကဘယ်နားမှာလဲဗျ...၊ဘယ်လိုသွားရသလဲဟင်။
နတ်လမ်းညွှန်လေးလုပ်ပါဦး...။သွားချင်ထှာ....၊
ညန်မာပြည်ပြန်ရောက်ရင် လျှောက်သွားစရာတစ်နေရာ
တော့ရပြီ...။နတ်သမီးလေးတွေရော...ရှိသလားဗျ....:)))
ကြည့်ရတာ အရမ်းလှနေတယ်... သွားချင်လိုက်တာနော်..
အဲဒါ ထိုင်ဝမ်လား တရုတ်ပြည်မကြီးထဲမှာလားဟင်
မချော..
ဒီနှစ် နှစ်ကုန်ရင် ဟောင်ကောင်ကနေ ပြည်မကြီးထဲ သွားလည်ဖို့ အစီအစဉ်ရှိတာကြောင့် ခုထဲက စုံစမ်းရေးလှည့်နေတာ...
ကျွန်တော်တို့လည်း မချော ရဲ့ ဘလော့ခ်ကို ဖတ်ဖြစ်မှပဲ မရောက်ဖူးတဲ့ နေရာတွေကို ကိုယ်တိုင် သွားကြည့်သလို မြင်ကွင်းများကို ခံစားရပြီးတော့ မတွေ့ဖူးတဲ့မမြင်ဖူးတဲ့ ထူးဆန်းအံ့သြဖွယ် အကြောင်းတွေလည်း အမြဲ မမြင်တွေ့ခွင့် ရတဲ့အတွက် အများကြီး ကျေးဇူးတင်ပါတယ် မမချောရေ..
ခင်မင်စွာဖြင့်...
ဇော်သိင်္ခ
အရမ်းသွားချင်လိုက်တာ..
လှလိုက်တဲ့ သဘာဝ အလှတရားတွေပါပဲ..
ကင်မရာကောင်းကောင်းနဲ့ ရှူထောင့် အမျိုးမျိုးက ရိုက်လိုက်ရရင်ဖြင့် ဘယ်ပြောကောင်းလိုက်မလဲနော်...
ကျေးဇူးများကြီးတင်ပါတယ် မမချောရေ..။
လှလိုက်တာ နတ်သမီးသုံးဖော်လိုဏ်ဂူက၊
တကယ့် အံ့သြစရာ ကျောက်ခက်ပန်းဆွဲတွေနော်၊
တော်တော်တက်ရတယ်ဆို့လို့ ကိုယ်သာဆိုတက်နိုင်ပါမလားပဲ။
ခြေထောက်နာနေလို့ :(
ချစ်တဲ့
pp
အစိမ်းရောင်ရေ မင်္ဂလာပါခင်ဗျာ...နတ်သမီးသုံးဖော် လှိုင်ဂူကို ရောက်ဖူးချင်လိုက်တာ...အံ့စရာကောင်းပါ့နော်...ဒါဘာပင်လေးလည်း သိလား...လို့မေးတော့...စိတ်ထဲက...သိတယ်...အဲဒါပန်းသီးပင်လေလို့...ဖြေလိုက်မိတယ်...ဟိ...စာဖတ်လိုက်မှ...မှားသွားပါတယ်...မက်မန်းသီးပင်တဲ့...မက်မန်းသီးက...တော်တော်ကြီးလို့...ဘုန်းဘုန်းတို့ဘက်က...မက်မန်းသီးလေးတွေဆိုရင်...စမောလ်လေးရယ်...ကျန်းမာပျော်ရွှင် ကြည်လင်ဝင်းပ အေးမြပါစေ...
ကိုယ်တိုင် ရောက်ခဲ့သလိုကို ခံစားမိပါတယ်
မက်မန်းသီးလေးကိုတောင် စားမိလိုက်သလိုပဲ။
လှလိုက်တဲ့ သဘာဝတရားတွေ....း)
As usual, I wish I could visit that cave Chaw!
Mon Petit Avatar
ဓါတ်ပုံနဲ့ အလည်ရောက်ခဲ့ပြန်ပြီ..း)
တော်တော်လှတာပဲ။ သွားရကျိုးနပ်တဲ့ ခရီးလေးဖြစ်မှာ။
သဘာဝအလှအပတွေ ကြည့်ရတာ စိတ်ကြည်နူးတယ်။
ဒါထက် အတွင်းအားကောင်းစေတဲ့ နှစ်တရာ ရေခဲကြာပွင့်တွေ မတွေ့ခဲ့ဖူးလား
း)
လှပတဲ့နေရာလေးပါပဲ၊ နှစ်ပို့စ်ပေါင်းဖတ်သွာတယ်၊ ဓါတ်ပုံတွေကလည်းစိမ်းစိုနေပါတယ်
ချောရေ..
ကျေးဇူးပါ။ တောထဲသွားရတာပင်ပန်းပေမဲ့ပျော်စရာသိပ်ကောင်းတာနော်။ ကိုယ်တော့မှန်ဘီလူးလေးနဲ့ ငှက်ကြည့်ချင်တယ်။ မက်မန်းပင်လေးသဘောကျလိုက်တား
အိုင်အိုရာ
လှိုဏ်ဂူတွေဆို သဘောကျတယ်မချော.
တနေ့တော့ နတ်သမီးသုံးဖေါ်လိုဏ်ဂူကို သွားမယ်လေ. မချောလိုက်ပို့နော်....
ချစ်တဲ့
သဒ္ဓါ
အင်း ...
မမ ချောရေ၊
မ ချောနောက်က လိုက်ကြည့် လာမိတာ
ရင်သတ်ရှု့ မော ဖြစ်ရတယ်ဗျာ..။
မြန်မာပြည်မှာလည်း အဲ့ လိုနေရာလေးတွေ
ရှိမယ်ထင်တာပဲ။ အခုနေရာက အထက်က
သူများတွေ မေးသလို တရုပ်ပြည်ကလား ..။
အဲဒါဘယ်နားမှာလဲ..နေရာလဲမပြောခဲ့ဘူး..
ပဟေဒိလုပ်ခဲ့တယ်ပေါ့လေ.....
ကောင်းသဗျာ...ကိုယ်တိုင်ခရီးထွက်ရင် ပိုက်ဆံကုန်နေဦးမယ်...ဒေါ်ချောနောက်လိုက်ရင်းနဲ့ အထက်ပိုင်းတစ်ခွင်တော့ ပြဲပြဲစင်ကုန်ပေါ့...များများသွား များများရေးနိုင်ပါစေဗျာ...ဖတ်ရတာနဲ့တင် စိတ်ချမ်းသာလွန်းလို့...
လာရောက် ဖတ်သွားတယ်နော် မချော
မချောကိုလဲ တောင်းတက်သမားလို့ တောင်ခေါ်ရတော့မလိုလိုပဲ......စတာ
အရမ်းကိုအံ့သြစရာကောင်းတဲ့ နေရာလေးပါ...
နောက်ထက် ဒီထက်မက အံ့သြစရာကောင်းတဲ့နေရာ
တွေကိုလဲ ရောက်နိုင်ပါစေနော် စာရေး ဆရာမရေးးးးးးးးးး
အိုး ကျောက်ဂူကြီးကလှလိုက်တာ အဲဒီလို ကျောက်စက်ပန်းဆွဲတွေကို အပြင်မှာ တစ်ခါမှ မမြင်ဖူးဘူး။ ရောက်ဖူးချင်လိုက်တာ။ အဲဒီလို တောထဲတောင်ထဲကို သဘာဝရှုခင်းတွေခံစားပြီး သွားရတာကို အရမ်းသဘောကျမိတယ်။ အသေအချာ ဓါတ်ပုံတွေအများကြီးရိုက်လာပြီး တင်ပေးတဲ့အတွက် ကျေးဇူးပါဘဲ ညီမရေ။
Hi Ma Chaw,
like every one says, this is a very nice and interesting post, but where is it located?????
With Rgds
Nang Myint
တကယ်လှတယ်။ ပင်းတယလှိုင်ဂူမှာတော့ အဲလောက်ပန်းဆွဲတွေ မများဘူး။ မီးရောင်စုံတွေရယ် ၊ လှပသပ်ရပ်တဲ့ ဒီဇိုင်းတွေရယ်ဆိုတော့ တော်တော်လေး ဆွဲဆောင်မှုရှိသွားတယ်။ အရမ်းပျော်ဖို့ကောင်းမှာပဲနော်။ ဈေးဆိုင်တန်းတွေ ဘာတွေ မရှိဘူးထင်တယ်နော်။
မချောရေ မရောက်ဖူးသေးတဲ့နေရာတစ်ခုကို ထိတွေ့ခွင့်ရလို့ ကျေးဇူးတင်ပါတယ်နော်။
ခင်မင်လေးစားလျက်
သွားချင်လိုက်တာ သွားချင်လိုက်တာ သွားချင်လိုက်တာနော် ..................................း-|
တောရကျောင်း တစ်နေရာစာလောက်များ ရနိုင်မလား...။
စိတ်ဝင်စားကြသူများ မှတ်ချက်လေးများထားခဲ့သူများ စာလာဖတ်ကြသူများ အားလုံးကို ကျေးဇူးအထူးတင်ပါတယ်ရှင်။
ဒီ နတ်သမီးသုံးဖော် လှိုင်ဂူရှိတဲ့နေရာဟာ မြန်မာပြည်တွင်းမှာ မဟုတ်ဘဲ တရုတ်နိုင်ငံ ယူနန်ပြည်နယ်က မန်စီမြို့ အနီးမှာ ရှိပါတယ်။ တရုတ်ပြည်ဖက်ကို အလည်သွားတုန်းက ရောက်ခဲ့တာ ဖြစ်ပါတယ်ရှင်...
ဟန်းနီးမွန်းဘဲ ထွက်ထွက်။ တောထွက်ပြီး တရားဘဲ ထိုင်ထိုင်။ အတော်လေး ကောင်းတဲ့ နေရာဘဲ။ ကြိုက်ရာရွေးပြီး ကြိုက်သလိုသာ သွားကြရုံပေါ့။ မျက်စိ ပသာဒ အတော်ဖြစ်တယ်။
ခင်မင်လျက်
Grai hkrak ai. Hpaji ma grai lu sai. Dai kaw na nam si ni chyawm anhte mare kaw grai si ai sha yang ma grai mu ai re. Chyeju kaba sa...
Post a Comment