Tuesday, July 12, 2011

ဥယျာဉ်တွင်းက စိတ်ဝင်စားဖွယ် လည်ပတ်စရာများ

ပြီးခဲ့တဲ့ ပိုစ့်ထဲက Zhangjiajie အမျိုးသား သစ်တောဥယျာဉ်အကြောင်းကို ဆက်ရေးပါဦးမယ်ရှင်။ ဥယျာဉ်ထဲမှာ သွားလာလည်ပတ်စရာ တစ်ခုအနေနဲ့ ပင်လယ်ရေမျက်နှာပြင်အထက် ၁၀၈၀ မီတာ (ပေ ၃၅၀၀ခန့်) အမြင့်မှာ တည်ရှိတဲ့ Huangshi လို့အမည်ရတဲ့ ရွာကလေးဟာ ရှုမျှော်ခင်းတွေကြည့်ရှုလို့ အကောင်းဆုံးနေရာဖြစ်တာကြောင့် ထင်ရှားထူးခြားတဲ့ နေရာတစ်ခု ဖြစ်ပါတယ်။ ၄င်းရွာကလေးဆီ တောင်တက်ဝါသနာပါသူများအတွက် လှေကားထစ်များနဲ့ တက်ရောက်နိုင်ပြီးတော့ အပင်ပန်း မခံနိုင်သူများအတွက်တော့ တောင်တစ်ခုနဲ့တစ်ခု ဖြတ်ကူးတဲ့ ကေဘယ်ကားများလည်း ရှိပါတယ်။ အဲဒီ Haungshi ရွာကလေးကနေ တောင်ဘက်ကို မျှော်ကြည့်လိုက်မယ်ဆိုရင် ကျောက်တိုင်ထွတ်များကို မျက်စိတစ်ဆုံး စီရီလှပစွာ တွေ့မြင်ရမှာဖြစ်ပြီး  ကျောက်တောင်များကြား အောက်ခြေမှာ ဖြစ်ပေါ်နေတဲ့ ရေအိုင်များ၊ အရှိန်ပြင်းပြင်း ဖြာကျနေတဲ့ ရေတံခွန်များစွာတို့လည်း ယျာဉ်တွင်းမှာ ရှိနေပါတယ်။ ရစ်ခွေစီးဆင်းနေတဲ့ စမ်းချောင်းများဟာ သလင်းကျောက်ပမာ ကြည်လင် စိမ်းစိုနေတာကို ကြည်နူးစဖွယ် တွေ့မြင်ကြရပါလိမ့်မယ်။ ရှုခင်းတွေကြည့်ဖို့ အကောင်းဆုံးနေရာတစ်ခုဖြစ်တဲ့ Hangshi ရွာကလေးကို မရောက်ခဲ့ဘူးဆိုရင် Zhangjiajie ကို ရောက်ခဲ့တယ်လို့တောင် မဆိုနိုင်ဘူးလို့ ဒေသခံတွေက ပြောကြပါတယ်။

Huangshizhai / Huangshi VillageHuangshizhai / Huangshi Village
တောင်ထိပ်ပေါ်က ရွာ
Image Hosted by PicturePush - Photo Sharing
ရစ်ခွေစီးဆင်းနေတဲ့ စမ်းချောင်း


Image Hosted by PicturePush - Photo Sharing
ပန်းချီဆန်တဲ့ ရေတံခွန်အလှ

Zhangjiajie China

Zhangjiajie 1
Tianzi Mountain
ရှုမျှော်ခင်းကြည့်ရန်နေရာ

Image Hosted by PicturePush - Photo Sharing


Image Hosted by PicturePush - Photo Sharing
ထင်းရှူးပင်နဲ့ Huangshi တောင်ရဲ့ အလှ

Wulingyuan Scenic Area: A View from Tianzi

Image Hosted by PicturePush - Photo Sharing

Image Hosted by PicturePush - Photo Sharing

တိမ်တွေကြားက Huangshi တောင်ရဲ့ အလှ


ZhangJiaJie ဒေသမှာ ဌာနေတိုင်းရင်းသားတို့ရဲ့ ရှေးယဉ်ကျေးမှုက စိတ်ဝင်စားဖို့ကောင်းသလို အံ့မခန်းလှပဆန်းကျယ်တဲ့ သဘာဝရှုခင်းများ၊ စိမ်းလဲ့ကြည်လင်နေတဲ့ မြစ်ပြင်၊ ရေကန် စသည်တို့ကလည်း ဘယ်နေရာကြည့်ကြည့် လှပတဲ့ ရှုခင်းတွေသာ ဖြစ်ပါတယ်။ ဥယျာဉ်တွင်းက ထင်ရှားတဲ့ ကြည့်ရှုလေ့လာဖွယ် နေရာများကတော့ Tianmen တောင်၊ Baofeng ရေကန်၊ Suoxiyu တောင်ကြား၊ ကျောက်စက်ပန်းဆွဲများနဲ့ လှပလွန်းတဲ့ Huanglong လှိုဏ်ဂူ တို့ဟာ အဓိက အထင်ကရနေရာများ ဖြစ်ကြပါပြီး ၄င်း ဥယျာဉ်အတွင်းမှာ လှည်ပတ်ကြည့်ရှုစရာ နေရာပေါင်း ၃၀၀ ကျော်ခန့်ရှိပါတယ်။ Tianmen တောင်ရဲ့ထူးခြားတဲ့အချက်များက တောင်အတက်ကားလမ်းဟာ ရှည်လျားပြီး အလွန်ကွေ့ကောက်စွာ ရှိပြီး ပင်လယ်ရေမျက်နှာပြင်အထက် ပေပေါင်း ၄၉၀၀ ခန့်မြင့်ပါတယ်။ Suoxiyu တောင်ကြားကနေပြီးတော့ Tianmem တောင်ပေါ်ကို တက်မယ်ဆိုရင် သဘာဝအတိုင်း ထူးခြားစွာဖြစ်ပေါ်နေသော အလွန်ကြီးမားတဲ့ ကျောက်တုံးဝကို ဖြတ်သန်းရမှာဖြစ်ပါတယ်။ လှေကားထစ်ပေါင်း ၉၉၉ထစ် တက်ရောက်ပြီး အပေါ်ရောက်တဲ့အခါ တံခါးဝကိုရောက်ပါပြီ။ ၄င်းကျောက်တုံးဝဟာ မုဒ်ဦးကြီးနဲ့တူတာမို့ ကောင်းကင်ဘုံရဲ့ တံခါးဝမုဒ်ဦးကြီးရယ်လို့ တင်စားခေါ်ဝေါ်ကြပါတယ်။






Tianmen Mountain # 193


Tianmen Mountain # 192

ဥယျာဉ်တွင်းက ပထမဦးဆုံး တွေ့ရတဲ့ Tianmen တောင်တက်ကားလမ်းတစ်နေရာ

Image Hosted by PicturePush - Photo Sharing
လှေကားထစ်ပေါင်း ၉၉၉ ထစ်ရှိသော ကောင်းကင်ဘုံရဲ့ တံခါးဝမုဒ်ဦးကြီးလို့ ခေါ်ဆိုကြတဲ့ ကျောက်တောင်ကြားက သဘာဝ ဂိတ်ဝကြီးသို့ တက်ရာလမ်း


Tianmen Mountain # 191

ကျောက်တုံး ဂိတ်ဝ (ကောင်းကင်ဘုံရဲ့ တံခါးဝ)





တောင်ကမ်းပါးယံမှာ ကပ်ပြီးဖောက်လုပ်ထားတဲ့ လူသွားလမ်းများ




Tianmen Mountain National Forest Park

Tianmenတောင်ပေါ်က လူသွားလမ်း

Snowy
ဆောင်းရာသီမှာတော့ ခုလိုရေတွေခဲနေခဲ့ပါတယ်

မင် မင်းဆက်ကတည်းက ဘုရားဖူးများ သွားရောက်ကြရာ Tianmenတောင်ပေါ်က ဗုဒ္ဓဘာသာဘုရားကျောင်း



Tianmen တောင်ပေါ်တက်ရောက်ရာ ကေဘယ်ကားလမ်းကြောင်းဟာ ကမ္ဘာပေါ်မှာ အရှည်ဆုံး ကေဘယ် လမ်းကြောင်းဖြစ်ပြီး ကေဘယ်ကြိုးအရှည်ဟာ ပေပေါင်း ၂၄၄၅၈ပေ ရှည်လျားပြီး ပင်လယ်ရေမျက်နှာပြင်ထက် အမြင့်ပေ ၄၁၉၆မှာ တည်ရှိပါတယ်။


Image Hosted by PicturePush - Photo Sharing
ဥယျာဉ်တွင်းတစ်နေရာက အသည်းပုံသော့ကြီး

http://www.2zhangjiajie.com/pubfiles/2011-3/20110320062456610.jpg



Image Hosted by PicturePush - Photo Sharing
သွားလာကြည့်ရှုစရာတစ်ခုအဖြစ်  ဥယျာဉ်ကြီးအတွင်းကနာမည်ကျော် Baofeng ရေကန်
http://www.2zhangjiajie.com/pubfiles/2011-3/20110320062528936.jpg

Tianzi Mountain

Image Hosted by PicturePush - Photo Sharing

Tianzi တောင်


Huanglong Cave


Huanglong Cave
အဝါရောင်နဂါး (သို့) Huanglong လှိုဏ်ဂူ၊

Image Hosted by PicturePush - Photo Sharing
Suoxiyu တောင်ကြားရဲ့ အလှ

Image Hosted by PicturePush - Photo Sharing

တောင်ကြားထဲမှာ ရစ်ခွေစီးဆင်းနေသော Golden Whip စမ်းချောင်းရဲ့ အလှ

http://www.2zhangjiajie.com/pubfiles/2011-3/20110320062643388.jpg

http://www.2zhangjiajie.com/pubfiles/2011-3/20110320062430339.jpg

Maoyan River မြစ်ထဲမှာ ဒီလိုလည်း စီးကြတယ်

Avatar ရုပ်ရှင် နာမည်ကျော်လာတာနဲ့အမျှ ၄င်းရုပ်ရှင်မှာ ပါဝင်ခဲ့တဲ့ Zhang Jia Jie ဒေသရဲ့ တောတောင်ရေမြေအလှအပ ဟာလည်း ပိုမိုနာမည်ကြီး ထင်ရှားလာပါတယ်။ ဒါကြောင့် ၄င်းဒေသဟာ  တစ်နေ့တစ်ခြား များပြားလာတဲ့ ခရီးသည်များကြောင့် အရှိန်အဟုန်ကောင်းလာတဲ့ ခရီးသွားလာရေးလုပ်ငန်းနဲ့အတူ ပိုမို ဖွံ့ဖြိုးတိုးတက်လာဖို့ သေချာနေပါပြီ။ ကမ္ဘာအဝှန်းက ခရီးသွားလာဖို့ ဝါသနာပါသူများကြားမှာ ဒီဒေသဟာလည်း ထူးခြားတဲ့ ခရီးသွားဒေသ ဖြစ်လာပါတယ်။  ဒေသခံတိုင်းရင်းသားများ အများအပြားနေထိုင်ကြတဲ့ မြို့ကလေးဟာလည်း စိတ်ဝင်စားဖွယ် ဒေသအစားအစာ၊ လှပတဲ့ ရှုမျှော်ခင်းများက ဆွဲဆောင်မှုတစ်ရပ်လို ဖြစ်နေခဲ့ပါတယ်။ မြစ်ကမ်းဘေးမှာ မြို့ကလေးဟာ စိမ်းကြည်နေတဲ့ မြစ်ပြင်ရဲ့ အလှနဲ့အတူ ရှေးဆန်ဆန် အိမ်ကလေးတွေကလည်း မြို့ကလေးကို အလှကျက်သရေ တိုးစေပါတယ်။ ရှေးနှစ်ပေါင်းများစွာကတည်းက အခြေချနေထိုင်ခဲ့တဲ့ တိုင်းရင်းသားတို့ကြားမှာ စိတ်ဝင်စားဖွယ် ရာဇဝင်များစွာ ရှိနေခဲ့ပါတယ်။ သင်ဟာ ၄င်းဒေသလေးကို ရောက်ခဲ့မယ်ဆိုရင် ပုံပြင်ပမာ ဒဏ္ဍာရီများစွာတို့ကို ဒေသခံတွေကြားမှာ ကြားသိရမှာဖြစ်ပါတယ်။


Image Hosted by PicturePush - Photo Sharing


http://www.chinalandscapes.com/UploadFile/Image/Guide/Hunan%20Province/Zhangjiajie/Phenix%20City/The%20river%20in%20Phenix%20City,Zhangjiajie%20Tour,China%20tour,China%20travel%20on%20line%20service..jpg
သာယာလှပတဲ့ မြို့ကလေး



ညရှုခင်း

Image Hosted by PicturePush - Photo Sharing


Image Hosted by PicturePush - Photo Sharing

မြစ်ထဲမှာ လှေများဖြင့် သွားလာပြီး ရှုခင်းတွေကြည့်ရှုတဲ့သူတွေလည်း အများအပြားပါ


Miao I


Miao II


Miao III


Miao V


Miao VI
ဒေသခံမိန်းခလေးများ၏ ချစ်စဖွယ်အပြုံးနှင့် ဝတ်စားဆင်ယင်မှုများ

ပုံမှာ မြင်တွေ့ရတဲ့အတိုင်းပါဘဲ.. ဒေသခံ မိန်းခလေးများဟာ ချောမောလှပတာနဲ့အမျှ စိတ်ဝင်စားဖွယ်ကောင်းတဲ့ ဝတ်စားဆင်ယင်မှုမျိုး ရှိကြပါတယ်။ မြို့ကလေးမှာရှိတဲ့ အဆောက်အဦးများဟာလည်း တရုတ်ယဉ်ကျေးမှုရဲ့ ရှေးခေတ် လက်ရာများအတိုင်း ဆောက်လုပ်ထားတာ ဖြစ်ပါတယ်.။ ဒါကြောင့် တရုတ်ပြည် Hunan ပြည်နယ်ရှိ Changsha မြို့တော်အနီးက Zhangjiajie အမျိုးသားဥယျာဉ်ကို အလည်သွားမယ်ဆိုရင် ရှုခင်းများကြည့်ရှုရင်း စိတ်ကြည်လင် ချမ်းမြေ့စေရုံတင်သာမက ဒေသခံတိုင်းရင်းသားတို့ရဲ့ နေထိုင် စားသောက်မှု၊ လှုပ်ရှားသွားလာမှုတို့ကို တွေ့မြင်ရမှာဖြစ်သလို မိမိကိုယ်တိုင်လည်း ၄င်းတို့ရဲ့ ယဉ်ကျေးမှုတစ်စိတ်တစ်ပိုင်းကို လေ့လာခံစားနိုင်ပါတယ်။ ဒါကြောင့်လည်း ခရီးသွားခြင်းဟာ ဒေသန္တရ ဗဟုသုတ ရစေယုံတင်သာမကဘဲ စိတ်ကိုလည်း အစာကျွေးခြင်းတစ်မျိုး ဖြစ်ပါတယ်။ စာဖတ်သူများလည်း မိမိအားလပ်ချိန်မှာ ခရီးသွားခြင်းဖြင့် စိတ်ချမ်းသာမှုကို ရှာဖွေ တွေ့ရှိနိုင်ကြပါစေရှင်။



Image Hosted by PicturePush - Photo Sharing


Special credit to William Wang for Photos and facts
http://www.mychinatours.com/
http://www.chinatourmap.com
http://www.chinahotelsreservation.com
http://www.2zhangjiajie.com

28 comments:

ကျောက်တောင်ကြားက သဘာဝ ဂိတ်ဝကြီးသို့ တက်ရာလမ်းကနေ တစ်ခေါက်လောက်တော့ တက်ကြည့်ချင်တယ်။
သဘာဝ အလှတွေက ပန်းချီကားကြီးတွေ ဆွဲထားသလိုပဲ .. အမိုးနဲ့ လှေကလေးတွေ ကဗျာဆန်လိုက်တာ ..

ဥယျာဉ်လဲလှ မိန်းခလေးတွေလဲလှ။ ကန်လေးက ကြည်သာ မြို.လေးကသာယာ။
၁၁ပုံမြောက်က ပုံမှာ ဘုရားကျောင်းကို ဟိုးအမြင်.ကြီးမှာတည်ထားတယ်နော်။
သွားလည်ချင်စရာကောင်းတဲ.နေရာအဖြစ် မှတ်ထားလိုက်ပါတယ်မချော။

ရေတံခွန်ကြီးကို သဘောကျတယ် ... လှလိုက်တာ

သွားမလည်နိုင်သေးတော့ ချောတင်ပေးတဲ့ ပုံတွေကိုပဲ အခေါက်အခေါက်အခါခါ ကြည့်ဖြစ်တယ် ချောရေ။ သူဌေးသားသာ ဖြစ်ခဲ့ရင်တော့ ခုလောက်ဆို မိဘတွေကို ပူဆာနေမိလောက်ပြီ။ (တစ်နေ့နေ့တော့ ရောက်နိုင်လိမ့်မည်ဟု မျှော်လင့်လျက်)။ ကျန်းမာပျော်ရွှင်ပါစေချော...။

မချောရေ ... ဘလောဂ့်ကိုရောက်တိုင်း မရောက်ဖူး မမြင်ဖူးတာတွေ အသစ်အဆန်းတွေ ကြည့်ရတယ်။
မသိတာတွေလည်းသိရတယ်။
ဥယျာဉ်ကြီးနဲ့ ကျောက်တောင်တွေလှသလို တရုတ်မလေးတွေလှလိုက်တာ။
မချောလည်း အဲလိုလေးဝတ်ပါးနီလေးဆိုလိုက်ရင် သူတို့ကို အသာလေး ကျော်သွားမှာပဲ။
မချော စာရင်းတို့ထားတဲ့အတိုင်း သွားဖြစ်ပါစေနော်။
God bless you.
ချစ်တဲ့
pp

It's amazing!
Thanks for your sharing Ma Chaw.

ရင်သတ်ရှုမောစရာနေရာလေးထဲ ရောက်သွားမိတယ်။
ဒေသခံလှပတဲ့ မိန်းကလေးတွေနဲ့တွေ့လိုက်ရမှ အမောပြေသွားပါသည်။(ဟူးးးးးးးးးးး)

ချစ်တဲ့
သဒ္ဓါ

တောင်တွေဝန်းရံထားတဲ့ မြစ်ထဲမှာ လှေစီးမယ်..၊ မိန်းခလေးတွေကလည်း ချောလိုက်တာ၊ ပါးလေးတွေက နီနီလေးတွေ၊ ချစ်တယ် အဲလိုမျက်နှာမျိုးလေးတွေကို...။
တောင်အမြင့်ကြီးပေါ်တော့ တက်ရဲဘူး..၊ ကြည့်တာနဲ့တင် အသဲတွေ အေးနေတာ..။
မျှဝေပေးတာ ကျေးဇူးပါ မချောကြီးရေ...

တစ်ခါလောက်တော့အိမ်ကလူကြီးကိုသားဆိုးနဲ့
သွားလည်နိုင်အောင်ကြိုးစားလိုက်ဦးမယ်..အမရေ

ခင်မင်လေးစားစွာဖြင့်
မဒမ်ကိုး

Thank you so much for sharing those lovely places! I wish I could travel all the place you mentioned in this blog too. Take care, Chaw.
Mon Petit Avatar

ပုံတွေကြည့်ပြီး တကယ်ရောက်သွားသလိုပဲ။
မျှဝေပေးတာကျေးဇူးတင်ပါတယ်။

ချော ရေ .... သွားလည်ချင်လိုက်တာ။ သဘာဝရှုခင်းတွေလည်း အရမ်းလှတယ်နော်။ လှေကား ၉၉၉ထစ်တက်သွားတဲ့ ၀င်ပေါက်က တိမ်တွေနဲ့ ဓာတ်ပုံက တကယ့်ကောင်းကင်ဘုံဝင်ပေါက် ကျနေတာပါပဲ။ သိထားတဲ့ ဗဟုသုတတွေကို share တဲ့အတွက် ကျေးဇူးနော်။ အဲဒီနေရာ ပတ်ဝန်းကျင် ရှိမှန်း မသိသေးလို့ပါ။

ကမ္ဘာ့ အလှပဆုံး သဘာဝ ရှုခင်းတွေ ထဲမှာ တရုပ်ပြည်မကြီးရဲ့ ရှုခင်းတွေ အတော်များများပါတယ် နော်.. အိပ်မက်လိုလို ပန်းချီလိုလို နဲ့ ရင်မောစရာ ဒီနေရာတွေ အစုံနှံ့ အောင် သွားလည်ဖို့ကတော့ တယ်မလွယ်လှဘူး.. ခုတော့ မချော ကျေးဇူးနဲ့ အချိန်မကုန် ငွေမကုန် လူမပန်း ရောက်ဖူးသွားပြီ.. ကျေးဇူး ပါ..

ခင်တဲ့
မကိ..

ထူးဆန်းစုံလင် ရှုခင်းလေးတွေနဲ့ ဒေသခံမိန်းမချောလေးတွေကို ကြည့်ခွင့်ရဖို့ မျှဝေပေးတာ ကျေးဇူးပါ ချောရေ။
သွားခွင့်ကြုံရင်တော့ တစ်ခေါက်လောက် ရောက်ဖူးချင်တယ်။ စိတ်ဓာတ်အစဉ် ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

ရှုခင်းတွေ အရမ်းလှတယ် မချောရေ..၊ ရောင်စုံ သစ်ရွက်တွေ၊ ရေတံခွန်တွေ၊ ကျောက်လှေကား၊ မြို့ကလေး၊ စမ်းရေ.. အားလုံးက လှလိုက်တာ..၊ အကောင်းဆုံးတွေကို သေချာရွေးချယ်ပြီး စုပုံထည့်ထား တဲ့ အတိုင်းပဲ..၊ သွားချင်စိတ်တွေ ဖြစ်သွားပြီဗျာ...။

မကြီးချောရေ..

တခေါက်တခါလောက်တော့အဲဒီနေရာလေးကို
ရောက်အောင်သွားချင်ပါသေးတယ်အမရယ်..
အရမ်းကိုလှပြီးကဗျာဆန်တဲ့နေရာလေးပါဘဲ...
ကောင်းကင်ဘုံရဲ့တံခါးဝ..လေးမှာအမှတ်တရ
ပုံလေးရိုက်ခွင့်ရချင်တယ်အမရယ်..

ချစ်တဲ့..Blackroze

It's amazing. Thanks for sharing.
I really want to visit there.
Iora

ရှုခင်းတွေ၊ လည်စရာ ပတ်စရာတွေ၊ အဲ..ပြီးတော့ နယ်ခံချစ်စရာ ကောင်မလေးတွေ သိပ်လှတာပဲ မချောရယ်။ မချောကလည်း လှတယ် (ဖဘမှာ မြင်ဖူးသွားလို့း))

ပုံတွေအတွက် ကျေးဇူးတင်ပါတယ်။

လှလိုက်တဲ့ရူခင်းတွေ တောင်တန်းတွေဗျာာ
ရောက်ဖူးချင်တယ်
ပြီးတော့ တိုင်းရင်းသူလေးတွေကိုလည်းတွေ့ချင်တယ်
း) ဟီး



မောင်ဘကြိုင်
နေပြည်တော်မှလာသည်

မချော ဒီလောက်ညွှန်းနေရင်းဖြင့် မရတော့ ဘူး
လိုက်ပို့တော့် လိုက်ပို့တော့

လှတယ်ဗျာ ရှယ်ခွင့် ပြုပါနော်

လှတယ်ဗျာ ရှယ်ခွင့် ပြုပါနော်

လှလိုက်တာ ချောရယ်..
စိတ်ကို ချမ်းမြေ့သွားတယ်..

ဝေမျှခြင်းတွက်.. ကျေးဇူးတင်ပါတယ်

တရုတ်ပြည်မှာ တော်တော်လှတဲ့ရှုခင်းတွေအများကြီးရှိသေးတယ်.. အခွင့်ရှိရင် သွားချင်ပါသေးတယ်ဗျာ..

ခင်မင်လျက်
နေ၀သန်

တောင်ရဲ့ အမြင့်ဆုံး နေရာတက်ပြီး တွံတေးသိန်းတန် သီချင်းတစ်ပုဒ်လောက် အော်ဟစ်ချင်စိတ်ပေါက်သွားတယ်။း)))

အော်.. လှလိုက်ကြတာ။ လှလိုက်ကြတာ။ ရှုခင်းတွေ ပြောပါတယ်။း)))

ခင်မင်လျက်

ချော..ရယ် ရူခင်းလေးတွေ လှလိုက်တာ။ နောက်ပြီး ချောရဲ့ဘလော့ထဲ ရောက်လာတဲ့ ဓါတ်ပုံတွေဆို ပိုလှသလိုပဲလို့ အမြဲခံစားမိတယ်။ ဘလော့ဂါကိုယ်တိုင်က လှတာဆိုတော့ ပုံလေးတွေပါ လှသွားတာနေမှာနော်း)

ဟင် ဘယ်သူကပြောတုန်းတဲ့ ဘလော်ဂါက လှတယ်လို့း)သူများလျှောက်ပြောတိုင်း မယုံနဲ့နော်

Thanks for sharing those awesome pictures, is there one of them is graphics illustration, but i like them all, one problem, what is wrong with the language? I cant read them.