လူ့အရိုးတွေနဲ့ ဘုရားကျောင်း


ထူးထူးဆန်းဆန်း လူတွေရဲ့အရိုးတွေ၊ ခေါင်းတွေနဲ့ တန်ဆာဆင်ထားတဲ့ ဘုရားရှိခိုးကျောင်းဟာ အပြင်မှာ တကယ်ရှိပါတယ်ဆိုရင် ယုံချင်ပါ့မလားမသိဘူးနော်။ မယုံဘူးဆိုရင် အောက်က ပုံတွေမှာ ကြည့်နိုင် ပါတယ်။ လူတွေရဲ့ အရိုး အစစ် တကယ်ဟုတ်မဟုတ် သေချာ လေ့လာ စူးစမ်းချင်တယ်ဆိုရင်တော့ ချက်ဇ် ရီပတ်ပလစ်နိုင်ငံကို ကိုယ်တိုင်သွားရောက်လို့ လေ့လာနိုင်ပါတယ်နော်။ :P


Image Hosted by PicturePush - Photo Sharing

ပုံမှာမြင်ရတဲ့ဘုရားကျောင်းဟာ အတွင်းထဲမှာတော့ လူ့အရိုးပေါင်းများစွာနဲ့ မျက်နှာကျက်တွေ နံရံတွေ၊ တိုင်တွေမှာ တန်ဆာဆင်ထားတာ ဖြစ်ပါတယ်။ ချက်ဇ်ရီပတ်ပလစ်နိုင်ငံမှာ တည်ရှိတဲ့ Ossuary ဘုရားကျောင်းဟာ ဘယ်လိုများ တန်ဆာဆင်ထားသလဲဆိုတာ သိချင်ရင် ဘုရားကျောင်းထဲ ဝင်ကြည့်ကြပါစို့လားရှင်။
Image Hosted by PicturePush - Photo Sharing
Image Hosted by PicturePush - Photo Sharing
Image Hosted by PicturePush - Photo Sharing




ပုံမှာ မြင်ရတဲ့အတိုင်းပါဘဲ။ အားလုံးမြင်နေရတဲ့ အရိုးတွေ ဦးခေါင်းတွေဟာ တကယ်ကို လူရိုးတွေ ဖြစ်ပါ တယ်။ Ossuary ဘုရားကျောင်းဟာ (Bone Church) လို့ လူသိများပြီး ချက်ဇ်လိုတော့ Kostnice လို့ခေါ်ကြပါတယ်။ လူပေါင်း ၄၀၀၀၀ ခန့်ရဲ့ အရိုးများကို ခင်းကျင်း ဆင်ယင်ထားတာ ဖြစ်ပြီး ဒီဘုရားကျောင်းကို ၁၃ရာစုမှာ ဆောက်လုပ်ခဲ့တာဖြစ်ပါတယ်။ ထုထည်ကြီးမားတဲ့ အဆောက် အဦး ဖြစ်သော်လည်း အလင်း ဝင်ပေါက်မှာ ပြတင်းပေါက်ခပ်ကျဉ်းကျဉ်း ကနေသာ ဝင်ရောက်နိုင်အောင် စီမံထားတာဖြစ်လို့ ဘုရားကျောင်းထဲမှာ လျှပ်စစ်မီးသာ မရှိလျှင် အေးစိမ့် မှုန်မှိုင်းနေမှာ သေချာပါတယ်။ ဘုရားကျောင်းရဲ့ နံရံ၊ မျက်နှာကျက် ကြည့်လေရာရာ နေရာတိုင်းမှာ လူတွေရဲ့ အရိုးတွေကို ပုံသဏ္ဍာန်အမျိုးမျိုးနဲ့ ပြုလုပ်ဖန်တီးထားတာ တွေ့နိုင်ပါတယ်။ အဲဒီအရိုးတွေဟာ ဘုရားကျောင်းရဲ့ သင်္ချိုင်း မှာ နောက်ထပ် အသစ်ရောက်လာတဲ့ လူသေ အလောင်းများ မြုပ်နှံရန် နေရာ လွတ်အတွက် ယခင်ကမြုပ်နှံ ခဲ့တဲ့ လူတွေရဲ့ အရိုးတွေကို ဘုရားကျောင်းမှာ ထိန်းသိမ်းထားရာကနေ ခုလို ပြုပြင်ဖန်တီးဖို့ စိတ်ကူး ရကာ ပြင်ဆင် ထားခဲ့တာဖြစ်ပါတယ်။ 


Bone Church


 
Image Hosted by PicturePush - Photo Sharing


photo


ဘုရားကျောင်း မျက်နှာကျက်ပေါ်မှာလည်း အရိုးတွေချိတ်ဆွဲထားတဲ့အပြင် မီးပန်းဆိုင်းကိုပင်လျှင် ပုံမှာ မြင်ရတဲ့အတိုင်း အရိုးများနဲ့ ပြုလုပ်ထားတာ ဖြစ်ပါတယ်။ ဒီမီးပန်းဆိုင်းဟာ မရဏမင်းရဲ့ မီးပန်းဆိုင်းလို့လည်း တင်စားကြပါသေးတယ်။


Image Hosted by PicturePush - Photo Sharing



Image Hosted by PicturePush - Photo Sharing
Image Hosted by PicturePush - Photo Sharing
Image Hosted by PicturePush - Photo Sharing
photo

Image Hosted by PicturePush - Photo Sharing
Image Hosted by PicturePush - Photo Sharing

အထက်ပါ ဘုရားကျောင်းဟာ လာရောက်ကြည့်ရှုလေ့လာသူများအတွက် တစ်နှစ်ပတ်လုံး ဖွင့်ထားပြီး ဒီဇင်ဘာလ ၂၄ရက်နဲ့ ၂၅ရက် ၂ရက်တည်းသာ ပိတ်ပါတယ်။ ဝင်ကြေးမှာ ချက်ဇ်ငွေ 40Kč  ဖြစ်ပြီး ကျောင်း သူကျောင်းသားများ ဆိုရင်တော့ 20Kč သာ ပေးရမှာ ဖြစ်ပါတယ်။  ဓာတ်ပုံရိုက်မယ်ဆိုရင်တော့ ကင်မရာအတွက် အပိုကြေး 30Kč ထပ်မံ ပေးဆောင်ကြရမှာဖြစ်ပါတယ်။


photo



Bone Church Entry 

ပိရမစ်ပုံ မာဘယ် ကျောက်သားတိုင်ကြီးရဲ့ ဘေးတစ်လျှောက်မှာတော့ အရိုးခေါင်းတွေဟာ ပါးစပ်ကြီးဟပြီး မိမိရဲ့ ခြေသလုံးရိုးကို ကိုက်ထားတဲ့သဏ္ဍာန် ပုံဖော်ထားပါတယ်။

Kutna Hora Bone Church, Prague

 အကြွေစေ့တစ်ချို့တောင်တွေ့ရသေး



ပုံတွေကြည့်ရတာ အားမရလို့ ဗီဒီယိုကြည့်လိုသူများ အောက်က ယူကျုမှာ ကြည့်နိုင်ပါတယ်နော်။ ဘာတွေပြောနေတယ် ဆိုတာတော့ ဒေါ်ချောတစ်ယောက်လည်း နားမလည်ပါ။ အရိုးဘုရားကျောင်းကို သွားလိုသူများအတွက် လိပ်စာမှာ 

Kostnice
Zamecká 127
Kutná Hora - Sedlec, 284 03
Tel. 728 125488



သွားရောက်လည်ပတ်ခဲ့ကြသူ တစ်ချို့ကတော့ ဒီမြင်ကွင်းဟာ အနိဌာရုံမြင်ကွင်းဖြစ်တယ်။ ကြည့်တဲ့ သူတွေရဲ့ စိတ်ကို ခြောက်ခြားစေတယ်။ ကြက်သီးထစေတယ် လို့ ဆိုကြပါတယ်။ တစ်ယောက်ကတော့ ဘုရားကျောင်းရဲ့ reception desk မှာ အလုပ်လုပ်နေတဲ့ အမျိုးသမီးကို “ခင်ဗျား.. ဒီလိုနေရာ မျိုးမှာ နေ့တိုင်းနေရတာ ဘယ်လိုမှ မခံစားရဘူးလား။ မကြောက်ဘူးလား” လို့ မေးတဲ့အခါ. “ အိုး.. ဒါတွေက  သေပြီးသားသူတွေရဲ့ အရိုးတွေဘဲ.. အသက်ရှိတော့တာမှ မဟုတ်တာ။ ဘာကြောက်စရာရှိလဲ.. သူတို့က ဘယ်သူ့ကိုမှ နာကျင်အောင် မလုပ်နိုင်တော့ပါဘူး။ အသက်ရှင်နေတဲ့ သူတွေကသာ ဒုက္ခပေးနိုင်တာ၊ ကြောက်ဖို့ကောင်းတာ” လို့ ခပ်ပြတ်ပြတ် ပြန်ဖြေပါတယ်တဲ့။ 


ထိုအမျိုးသမီးကတော့ သတ္တိရှိလိုက်လေ.. ဒေါ်ချောတို့ကတော့ သွားလဲ မလည်ရဲသလို၊ အဲဒီနေရာမှာလည်း အလုပ်လုပ်ရဲမယ်တော့ မထင်ပါ။ သတ္တိက အဲသလိုကောင်းပါသည်။ :P အရိုးတွေနဲ့ ဘုရားကျောင်းကို ဗဟုသုတ သက်သက် အနေနဲ့ ဖော်ပြခြင်းသာ ဖြစ်ပါသည်။


Photos : Funzug.com, vagabondish.com
Ref: : The Bone Church by Christopher Cook

37 Responses to “လူ့အရိုးတွေနဲ့ ဘုရားကျောင်း”

ချောရေ
နှလုံးသားနဲ့ကြည့်ပြီးကိုယုံခဲ့ပါတယ်
ချက်ဇ် ရီပတ်ပလစ်နိုင်ငံကို ကိုယ်တိုင်မသွားတော့ပါဘူးနော်
အသိတွေတိုးပြီးရင်းတိုးရလို့ချောကိုကျေးကျေးပါ

Aunty Oo said...

ကိုယ်တိုင်သွားဖို.နေနေသာသာ ကြည့်ရုံနဲ.တင်ကျောချမ်း
မိပါတယ်။အရိုးတွေကိုလုပ်ထားတာကတော့လက်ရာတော်
တော်မြောက်တယ်နော်။

စိတ်ဝင်စားတယ်အမချောရေ
မယုံလို့မဟုတ်ပါဘူး ကိုယ်တိုင်ရောက်ဖူးချင်တယ်ဗျာ
အဲဒီလိုထူးထူးဆန်းဆန်းတွေကို သဘောကျတတ်လို့ပါ

AH said...

စိတ်ဝင်စားစရာနော် မချောရေ.... သွားကြည့်ချင်လိုက်တာ......

mstint said...

ထူးဆန်းပါဘိ ချောရေ။ ယုံလိုက်ပါပြီ သွားတော့ဘူးး))
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

Anonymous said...

တရားတွေများ.ပြနေလေရော့သလားနော်
ဘာမှ.ကျောင်းဆရာမရှိပါဘူးနော်.အစ်မရယ်
မိစံတို့လည်းတစ်နေ့ဒီလမ်း.သွားရမှာပဲလေး)
(ပြောသာပြောနေတာ.လက်တွေကတော့.
ဓာတ်လိုက်နေသလိုပဲ.
ချမ်းလို့နဲ့တူပါရဲ့နော်း)

သြော်...
အနိစ္စ၊ဒုက္ခ၊အနဂ္ဂ :P

ငယ်ဘဝကိုသွားသတိရတယ်
အရိုးတွေကိုတော့ ကြောက်မိပေါင် မြင်နေရတာကိုးဗျာ့ မချောရး)

ကြံကြံဖန်ဖန် အရိုးတွေကျိုးကြေဖူးလားသိဖူး
ဆေးဝါးတွေနဲ့များ စီမံထားရော့သလား အရိုးတွေက လှသလိုလို

ထူးဆန်းပါပေ့ အန်တီချောရယ်
း) p

mabaydar said...

မဗေဒါလဲ မသွားချင်ဘူး... တရားမရှိဘူးပဲပြောပြော... ကိုယ်တစ်နေ့ ဒီလိုဖြစ်မယ်ဆိုပေမဲ့.... အနိဋ္ဌာရုံတွေမြင်ပြီး အမှတ်မှားရင်မကောင်းဘူး... သွားဘူး.. ဒါပေမဲ ဝေမျှပေးတဲ့အတွက် ဗဟုသုတရလို့ မချောကို ကျေးဇူး..

ကိုအောင်(ပျူနိုင်ငံ) said...

ဒီတခါ အဲဒီဖက် အလည်အပတ်ရောက်ရင် ဓါတ်ပုံသွားရိုက်အုံးမယ် ...း)

အင်း... အဲဒီဘု၇ားကျောင်းသွားပြီး အသုဘကမ္မဋ္ဌာန်းတရား အားထုတ်ရင်တော့....။ ကြောက်လို့ ထွက်ပြေးရမယ်ထင်ပါတယ်လေ...

ချမ်းမြေ့ပါစေကြောင်း
ချယ်ရီမြေ

စိတ်ကူးကောင်းလိုက်တာ အရိုးတွေကိုထိန်းသိမ်းထားတာ ပြတိုက်ကို ဖြစ်ရေား)
ဆောက်လုပ်တဲ့ ပညာရှင်တွေကို လဲ ချီးကျူးလောက်ပါပေတယ်..ကြောက်ဖို့တော့ ကောင်းတာပေါ့..ဒါပေမယ့် ရောက်အောင်တော့ သွားလိုက်ဦးမယ် တစ်ခေါက်လောက် ..မချောရေ ကျေးဇူးပါ..
ချစ်တဲ့
အိမ်မက်

ဒဏ္ဍာရီ ထဲမှာပဲ ရှိမယ်ထင်တာမမရေ..အပြင်မှာလဲ တစ်ကယ်ရှိတာပဲနော်...ကြောက်စရာကြီး ..မမနဲ့ သတ္တိချင်း တူတယ်...လေ:):)

MG THANT said...

အသည်းယားစရာ နောက်တစ်ခု.....

Anonymous said...

မသွားဘူး မသွားဘူး။ ကျောတောင်ချမ်းလာတယ်။
အိုင်အိုရာ

ဧည့်ကြိုအမျိုးသမီးပြောတဲ့ စကားလေးသဘောကျစရား) ကြောက်ပါဘူး (အသံနည်းနည်းတုန်သွား :D) အဖ်ာပါရင်တော့ နောက်တောပါးက ရဲရဲလိုက်ဝံ့သူပါ :))
ကျေးစ်...ချစ်မ :)

အောင်မငေး တင်တာတောင်ရက်စက်လွန်းရာကျနေပါပြီချစ်မကြီးရယ်
ဒူးတောင်တုန်ပါရဲ့
မတွားတော့ဘာဘူး ကျေဇူး ကျေးဇူးး ဟိဟိ

မဟာ့မဟာသတ္တိခဲ သူရဲကောင်း
ဒိုးကန်

တစ်ကယ်တော့ သူတို့တွေက လွတ်မြောက်သွားပြီ။
ရှင်နေသူတွေကသာ ပူလောင်မှုတွေမျိုးစုံနဲ့ ... ရယ်လို့

ယူဆသူတွေ ရှိနေမလားနော်...

ခုလိုထူးခြားအံ့သြစရာတွေကို ဝေမျှပေးတဲ့ ချောကိုကျေးဇူးတင်ပါတယ်ရှင်။

အရိုးတွေရဲ့ပိုင်ရှင်ဝိညာဉ်တွေကတော့ ရုပ်အမျိုးမျိုးပြောင်းလို့ ဘယ်ဘ၀တွေရောက်နေပါလိမ့်လို့ တွေးမိနေပါတယ် ဒေါ်ချောရယ်

Anonymous said...

ကြည့်ခွင့်ရတာ ကျေးဇူးတင်ပါတယ်..

တရားသဘောနဲ့ ဆင်ခြင်နိုင်အောင် ဘုရားကျောင်းကိုမှ လူ့အရိုးတွေနဲ့ ဆောက်လုပ်စေသလားမသိ...။
ညအချိန် အဲ့ဒီ ဘုရားကျောင်းထဲများရောက်နေရင်... ဘယ်လောက် ကြက်သီးထစရာ....
ကျောချမ်းစရာ ကောင်းနေမလဲ မသိဘူးနော်...။

reception desk က အမျိုးသမီး ပြောတာကိုတော့ ကြိုက်ပါရဲ....
ဒါပေမယ့် ကြောက်တယ်.........အသွားရဲဘူး။

Nyi Linn Thit said...

Receptionist အမျိုးသမီး ပြောတာ သဘောကျတယ်၊ တကယ်တမ်း ဒုက္ခပေးနိုင်တာက ရှင်သူတွေပါ၊ အဲဒီ ဘုရားကျောင်းထဲမှာ အသက်အကြီးဆုံး အရိုးတွေက ဘယ်အရိုးတွေလဲ ဆိုတာပါ သိရရင် ကောင်းမယ်နော်၊ မျှဝေတာ ကျေးဇူးပါ မချောရေ...။

ဧည့်ကြိုအမျိုးသမီးပြောတာတော့ အမှန်ပဲချောရေ။ အဲဒီလို တည်ဆောက်ဖို့ စိတ်ကူးရတဲ့သူကိုလည်း တကယ်ချီးကျူးပါတယ်။ သေဆုံးသွားပြီးသူတွေရဲ့ အရိုးတွေကိုလည်း ထိန်းသိမ်းပြီးသားဖြစ်၊ ထူးခြားဆန်းကြယ်တဲ့ စိတ်ကူးနဲ့ တည်ဆောက်ထားတဲ့ ဗိသုကာလက်ရာကိုလည်း ပြသပြီးသားဖြစ်တာပေါ့နော်။ ဘုရားကျောင်းဖြစ်တာမို့ အရိုးတွေရဲ့ ပိုင်ရှင် ကွယ်လွန်ပြီးသူတွေအတွက်လည်း လာရောက်လည်ပတ်တဲ့သူတွေက အနည်းနဲ့အများတော့ ဆုမွန်ကောင်းတောင်း အမျှအတန်းဝေ လုပ်ဖြစ်ကြမယ်လို့ထင်ပါတယ်။ ကြည့်ပြီး တရားကျစရာပေါ့...

Anonymous said...

ဖတ်လိုက်ရတာ တော်တော်အံသြသွားတယ် ..
ပုံတွေကြည့်ပြီး
ကြောက်လည်း ကြောက်တယ် ..
စိတ်ထဲမှာလည်း တစ်မျိုးကြီး ခံစားလိုက်ရသလိုပဲ ..း((

ခင်မင်လျှက်
ဆောင်းနှင်းရွက်

တူးဘီ said...

သရဲခြောက်ရင်ကြောက်စရာကြီးနော်
ဗဟုသုတရတဲ့အတွက်ကျေးဇူးတင်ပါတယ်

ဒီလောက်များတဲ့ လူသေတွေ သရဲခြောက်မယ်ဆိုရင်တောင် အလှည့်ကျ ခြောက်ရလောက်တယ်။း)

လူသေတွေ တစ်စုတစ်စည်းထဲ ထားခဲ့ကြတော့ နောက်လူတွေ ပိုက်ဆံရှာဖို့ အဆင်ပြေသွားတာပေါ့။

ဒီဘက် နိုင်ငံတွေမှာ ဘုရားကျောင်းရှိရင် သင်္ချိုင်းရှိနေတတ်ကြတယ်။ မြေမြှုပ်ထားတာလေ။ တစ်နေ့နေ့ကျရင် ပြန်လည်ရှင်သန်ထမြောက်အောင်လို့တဲ့။
အခုတော့ သူတို့ကိုယ်တိုင် မထမြောက်နိုင်လို့ လူတွေက တူးဖော်ပေးလိုက်ကြတာ ဖြစ်မယ်။ နောက်တော့ အလှဆင်ဖို့ ခရီးသည်တွေကို ဆွဲဆောင်ဖို့ ဖြစ်သွားရော။

အင်းး
နေ့လည်ဘက်တော့ သွားရဲမယ်ထင်ပါတယ်။ ညဘက်ဆိုရင်တော့ သားသားကြောက်ကြောက်။း)

san htun said...

မီးမီးကြောက်ကြောက်

အင်း အတော် လက်၇ာ မြောက် တာပဲနော်
တစ်ခေါက်လောက် သွားကြည့်ချင်လိုက်တာ ... ထူးဆန်းလို့ ပါ

shwewunyatana said...

မချောရေ..ထူးထူဆန်းဆန်းရှာဖွေပြီးတင်ပေးတာဗဟုသုတတွေအများကြီးရပါတယ်..ကြုံရင်တော့တခေါက်လောက်သွားချင်တယ်...

မေတ္တာဖြင့်...
ရွှေဝန်းရတနာ...

myothansoe said...

ငါးကလေး
မမချောနဲ့ကျနော်နဲ့တူတူသွားကြည့်မယ်လေ။

လူ့ အရိုးဆိုတာလည်း ထုံးကျောက်ပါပဲလို့  တွက်ကြည့်ရင်တော့လည်း သာမန်ပဲ ဖြစ်မှာပါလေ။ သို့ သော် နည်းနည်းတော့ လန့် နေသလိုပဲဗျာ။

ညီရဲ said...

ကြောက်ဖို့ ကောင်းတယ်နော် အစ်မ...

ကြည့်တာနဲ့တင် စိတ်ညစ်စရာကြီးပဲ .. :-|

ကြောက်တယ် ချော။ ကြောက်တယ်၊ တကယ်ကြောက်တယ်။ ညအခါမှာ မီးများပြတ်သွားရင်...အမလေး

Anonymous said...

ကြောက်စရာကြီးနော်

မြသွေးခြယ် said...

ထူးထူးဆန်းဆန်းတွေမျှဝေပေးလို့ကျေးဇူးတင်ပါတယ်။