မေပယ်နှင်းဆီပန်းကလေး

မေပယ်ရွက်တွေ တဖြေးဖြေး ဝါလာပြီဝါရာကနေ နီလာပြီ ဆိုရင် သေချာကာက ဆောင်းဦးရာသီ ရောက် လာပြီ ဆိုတာပါဘဲနော်။  တစ်ပင်လုံး ရဲရဲနီအောင် အရွက်တွေ အရောင်ပြောင်းတတ်တဲ့ မေပယ်ရွက် ကလေးတွေ ဟာ အရွက်တွေထဲမှာတော့ ချစ်စရာ အရွက်တစ်မျိုးပါ။ အရွက်ပုံသဏ္ဍာန်ကလည်း ထူးခြားသလို သူ့ရဲ့ အရောင်ကလည်းထူးခြားပါတယ်. အခြားအရွက်တွေလို စိမ်းရာက ဝါပြီးခြောက်သွေ့ သွားရုံ မဟုတ်ဘဲ အရောင်သုံးမျိုး ပြောင်းလဲနိုင်စွမ်း ရှိတဲ့ အရွက်ပါ။ အစိမ်းရောင် အဝါရောင် ကနေ နောက်ဆုံး ရဲရဲ နီအောင် ပြောင်းသွားတဲ့အခါ မြင်ရသူတိုင်းရဲ့ စိတ်ကို အလွန် ဆွဲဆောင်မှုပေးနိုင်ပြီး တစ်မျိုးလေး ခံစား ရစေတဲ့ အပင်ပါ။ အချွန်လေးတွေ ၅မြောင့်ပါတဲ့ မေပယ်ရွက်ဟာ ကျွန်မတို့ မြန်မာပြည် က ချဉ်ပေါင်ရွက်နဲ့ ဆင်ဆင် တူတာတွေ့နိုင်ပါတယ်။


Image Hosted by PicturePush - Photo Sharing
 မေပယ်ရွက်နီနီ


photo

တစ်ပင်တည်းမှာ အစိမ်း၊အဝါ၊ အနီတွေ့ရတဲ့ မေပယ်

Image Hosted by PicturePush - Photo Sharing




赤は赤より出でて


Image Hosted by PicturePush - Photo Sharing


Image Hosted by PicturePush - Photo Sharing


Image Hosted by PicturePush - Photo Sharing


Image Hosted by PicturePush - Photo Sharing


Image Hosted by PicturePush - Photo Sharing

 ရဲရဲတောက်အနီ

အေးတဲ့ဒေသက နိုင်ငံများမှာတော့ မေပယ်ပင်ဟာ လမ်းဘေးမှာ၊ ပန်းခြံထဲမှာ အလှအပ အဖြစ် မြတ်နိုးစွာ စိုက်ပျိုးကြတဲ့ အပင်ဖြစ်ပါတယ်။ ဆောင်းဦးရာသီရောက်လာတာနဲ့ အချို့ အပင်တွေက ဝင်းဝါတဲ့ ရွှေရောင်၊ အချို့အပင်တွေကတော့ ရဲရဲတောက် အနီရောင် အဖြစ် လောကကြီးကို အလှဆင်ကြပါတော့တယ်။  ကနေဒါနိုင်ငံမှာတော့ မေပယ်ရွက်ကို အထွတ်အမြတ်အနေနဲ့ တန်ဖိုးထားပြီး အမျိုးသားရေး အထိမ်းအမှတ် တစ်ခုအဖြစ် အလံတော်ပေါ်မှာ ထည့်သွင်းထားပါတယ်။ ဒါကြောင့်လည်း မေပယ်ရွက်ဟာ ကနေဒါရဲ့ သင်္ကေတ ဆိုလည်း မမှားပါဘူး။


File:Flag of Canada.svg

ကနေဒါနိုင်ငံရဲ့ အလံ


Image Hosted by PicturePush - Photo Sharing



photo
ပန်းခြံထဲက မေပယ်

photo

တောအုပ်ထဲက မေပယ်


မေပယ်ပင်ကို အလှအဖြစ်စိုက်ရုံသာမက ဂျပန်နိုင်ငံမှာတော့ အပင်ပု(ဘွန်ဇိုင်း) အဖြစ်ပါ ဖန်တီးပြီး ဧည့်ခန်းဆောင်များ၊ ဥယျာဉ်ပန်းခြံများမှာ အလှပြနိုင်အောင် ပြုလုပ်ကြ ပါသေးတယ်။ အစိမ်းရောင် အနီရောင် နှစ်မျိုးလုံးကို ဖန်တီးကြပေမဲ့ လူကြိုက်များတဲ့ မေပယ်ဘွန်ဇိုင်းကတော့ ဆောင်းဦးမှာ တစ်ပင်လုံး နီရဲတဲ့ အပင်မျိုးကို လူတွေက ပိုပြီးနှစ်သက်ကြပါတယ်။


Image Hosted by PicturePush - Photo Sharing


http://www.maplebonsaiblog.com/wp-content/uploads/2010/04/maple-bonsai-tree.jpg





photo
မေပယ်ဘွန်ဇိုင်းပင်ပု


ရွှေဝါရောင်မေပယ်ဘွန်ဇိုင်း



အစိမ်းရောင် မေပယ်ဘွန်ဇိုင်း

A red maple bonsai.

Image Hosted by PicturePush - Photo Sharing

စိမ်းတစ်ချို့ဝါတစ်လီ

photo



photo


မေပယ်ပင်လေးတွေကို ဘွန်ဇိုင်းအဖြစ် ပြုလုပ်ကာ ၄င်းအပင်တို့ကိုစုစည်းပြီး တောအုပ်ငယ်လေးသဖွယ် ဖန်တီးထားတာပါ။

မကြာခင်မှာတော့ ခရစ္စမတ်ချိန်ခါ ကျရောက်လို့လာတော့မှာမို့ ခရစ္စမတ်ပွဲကို ကျင်းပလိုသူများ ဒီဇင်ဘာရဲ့အထိမ်းအမှတ် မေပယ်ရွက်လေးတွေနဲ့ ပန်းအိုးပြုလုပ် ချင်သူများ အတွက်  အင်တာနက်မှာ ရှာဖွေတွေ့ရှိထားတဲ့ မေပယ် ရွက်လေးတွေနဲ့ နှင်းဆီ ပန်းပွင့်ပြုလုပ်ပြီး၊ ပန်းအိုး ထိုးတဲ့ နည်းလေး ကို  မေပယ်ပင် ရှိတဲ့နေရာမှာ ရောက်နေတဲ့ မိတ်ဆွေများ အသုံးချနိုင်ဖို့ ပြန်လည် မျှဝေချင်တဲ့အတွက် ဒီပိုစ့်လေးကို ရေးတာပါ။ အချို့နိုင်ငံတွေ မှာတော့ မေပယ် ရွက် တွေတောင် ကြွေကုန်ပြီမို့ နည်းနည်းတောင် နောက်ကျနေပြီ ထင်ပါတယ်။ ဘာဘဲဖြစ်ဖြစ် နောက် တစ်ကြိမ် ဆောင်းဦးရောက် လို့ မေပယ် ရွက်လေးတွေ ရွှေရောင် ဝင်းတဲ့အခါ ခုနည်းလေးနဲ့အတူ ပန်းစည်းလေးတွေ ပြုလုပ်ပြီး လက်ဆောင်ပေးခြင်းနိုင်သလို မိမိ အိမ်မှာလည်း အလှဆင်နိုင်ပါတယ်။  ပန်းအိုး လှလှပပ ပြင်ဆင်ပြီး ခရစ္စမတ်ကိုလည်း ကြိုဆိုနိုင် ပါသေးတယ်နော်။ 


ပထမဦးစွာ လှပအနာအဆာကင်းသော  မေပယ်ရွက်ဝါကလေးများကို စုစည်းလိုက်ပါ။
မေပယ်ရွက်ကို လက်ဝါးပြင် ခုလို မှောက်ထားတယ်လိုက်ပါ

ထိပ်ဖျားပိုင်း ထက်ဝက်နီးပါးကို ခေါက်ချလိုက်ပါတယ်.





 အဖျားတစ်ဖက်ကိုပုံအတိုင်းခေါက်ပါတယ်
 အတွင်းထဲကို လိပ်ယူလာပါတယ်

ဆက်ပြီးအဆုံးထိ လိပ်ပါ

အလိပ်လေးဖြစ်သွားပါပြီ


၎င်းအလိပ်ကို မေပယ်ရွက် အခြားတစ်ရွက်ထဲ ထည့်ပါတယ်


ထိုအရွက်ရဲ့ ထိပ်ဖျားကို လှန်ခေါက်လိုက်ပါတယ်

ဒီအတိုင်းဖြစ်ပါပြီ

အနားလေးကို အသာလိပ်


တစ်ဖက်က ဒီလိုလိပ်


နောက်တစ်ဖက် ဒီလိုပြန်လိပ်


ဒါမျိုးလေးဖြစ်ကရော
မေပယ် နောက်တစ်ရွက် ထပ်ယူပါတယ်။အလယ်က ခေါက်ထားပြီး ထပ်လိုက်ပါတယ်



ခေါက်ထားတဲ့ အဖျားစကို နောက်ဘက်သာသာလေးချိုး

Diy Roses From Maple Leaves

 ပြန်လိပ်

Diy Roses From Maple Leaves
အငုံလေးဖြစ်လာ


Diy Roses From Maple Leaves




Diy Roses From Maple Leaves

အပ်ချည်လေးနဲ့ချည်

Diy Roses From Maple Leaves
ဒီလိုလေးဖြစ်သွားရော

Diy Roses From Maple Leaves
ခုလို အဖူးငုံလေးတွေ များလာရင်


Diy Roses From Maple Leaves

မေပယ်ရွက် အပြန့်လေးတွေကို အပြင်က လှလှပပ ထပ်ပြီး စည်းလိုက်ရင် ချစ်စရာ မေပယ်နှင်းဆီပန်းစည်းလေး ရပြီပေါ့နော်


photo

များများလုပ်ပြီးရင်




အိုးကလေးမှာ အရွက်လေးတွေနဲ့ရောပြီး ထိုးထားလည်း လှပါတယ်။

photo



photo


  
Autumn Leaf Bouquet

ဒီလိုလည်းထိုးတယ်.. ဒါကတော့ ပွင့်နေတဲ့ နှင်းဆီနဲ့ တူတယ်

Image Hosted by PicturePush - Photo Sharing
 ချစ်စရာ ရွှေဝါရောင် မေပယ်နှင်းဆီ
Image Hosted by PicturePush - Photo Sharing

photo






photo




photo


photo


photo


photo


photo


photo

photo


photo


photo


photo



photo


photo



photo

ဒီလိုအရွက်ခြောက်လေးတွေနဲ့ ပန်းစည်းလေးပြုလုပ်ပြီး နံရံမှာချိတ်ဆွဲကာ ခရစ္စမတ်ကို ကြိုနိုင်ပါသေးတယ်

photo



photo


photo

အချို့ကတော့ မေပယ်ရွက်တွေကို အခြားသော ပန်းတွေနဲ့ ပန်းအိုးလည်း ထိုးတတ်ကြပါသေးတယ်။ 

ဓာတ်ပုံများအားလုံး အင်တာနက်က ရှာဖွေထားတာပါ။ မေပယ်ရွက်ကနေ ပန်းပွင့်လေးတွေ လုပ်တာလည်း အင်တာနက်ကပါဘဲနော်. မေပယ်ရွက်လေးတွေကို လှလှပပလေး အသုံးချနိုင်ဖို့ မျှဝေပါတယ်နော်. 


Image Hosted by PicturePush - Photo Sharing



တစ်ဆက်တည်းမှာ ညီမရိုစ့်ရဲ့ ဒီဇင်ဘာပိတ်ရက်မှာ ဘာလုပ်မယ်ဆိုတဲ့ တဂ်ပိုစ့်လေးထဲက မေးခွန်းတွေကို ဒီမှာဘဲ တစ်ခါတည်း ဖြေလိုက်ပါတယ်နော်။ သူမေးတဲ့ မေးခွန်းတွေကို အပြာရောင် ခြယ်ထားပါတယ်. ဖြေထားတဲ့ အဖြေအတွက် ရိုစ့်တစ်ယောက် ကျေနပ်ပေးပါလို့နော်။



♥ ခရစ်စမတ် ရောက်ခါနီးရင် စိတ်လှုပ်ရှား ပျော်ရွှင်မိပါသလား။
ငယ်ငယ်တုန်းကတော့ ခရစ်စမတ်ဆို ကျောင်းပိတ်တာရယ်. ပျော်ပွဲရွှင်ပွဲတွေ များတာရယ်ကြောင့် ထူးထူးခြားခြား စိတ်လှုပ်ရှားပျော်ရွှင်မိပါတယ်. ခုချိန်မှာတော့ သိပ်မထူးခြားတော့ပါဘူး။

♥  ကိုယ့်ရဲ့ အိမ်ကို ခရစ်စမတ် သစ်ပင်၊ decoration ornaments များနဲ့ အလှဆင်လေ့ ရှိပါသလား။
အဲဒါလည်း မလုပ်ဖြစ်ပါဘူး။ 

♥ နှင်းတွေ အေးခဲနေတဲ့ နေရာကို သွားရောက်လည်ပတ်ချင်ပါသလား။ တကယ်လို့ နှင်းတွေကြားမှာ လက်ရှိနေထိုင်နေရင် နှင်းမပါတဲ့ ခရစ်စမတ်နဲ့ နှင်းဖြူဖြူတွေ ကျရောက်နေတဲ့ ခရစ်စမတ် ဘယ်အရာကို ပိုနှစ်သက်မိလဲ (ရွေးချယ်ခွင့် ရှိမယ်ဆိုရင်ပေါ့)။
နှင်းတွေအေးခဲနေတဲ့နေရာကိုတော့ အလည်အပတ်သွားချင်ပါတယ်. ခရစ္စမတ်ဟာ နှင်းဖြူဖြူလေးတွေပါမှ ပိုပြည့်စုံတယ်လို့ ခံစားရပါတယ်။

♥ ခရစ်စမတ်ပိတ်ရက်ကို ဘယ်လို ဖြတ်သန်းချင်ပါသလဲ။ အဲ့ဒီအချိန်မှာ ခရီးထွက်တတ်ပါသလား။
ဒီမှာတော့ ပိတ်ရက်က မများတော့အိမ်မှာဘဲရှိမှာပါ။ ခရီးထွက်ဖြစ်မှာမဟုတ်ပါ။

♥ ချစ်တဲ့ခင်တဲ့သူတွေကို ဘယ်လို လက်ဆောင်လေးတွေ ပေးဖြစ်လဲ။
ခရစ္စမတ်ကဒ်လောက်ဘဲ ပေးဖြစ်မယ် ထင်ပါတယ်။ 

♥ ခရစ်စမတ်မှာ အမှတ်တရလေးတွေ ရှိခဲ့ဖူးရင် ပြောပြပေးပါ။
ငယ်တုန်းကတော့ ခရစ္စမတ်ဆို သိပ်ပျော်ခဲ့တယ်။ အမှတ်ရစရာတွေလည်း ရှိခဲ့ဖူးတယ်။ နှင်းတွေကျတဲ့ Sweet December နဲ့ Christmas အကြိုညတွေမှာ ညလုံးပေါက် သီချင်းတွေလိုက်ဆိုတယ်။ သစ်တုံးတွေနဲ့ မီးဖိုထားတဲ့ မီးဖိုတွေ့ရင် အလုအယက် ဝင်ထိုင်နေရာဦးကြတယ်။ သူများတွေတိုက်တဲ့ ဆန်ပြုတ် ပူပူ ကော်ဖီပူပူတွေ သောက်ရတာ သိပ်ပျော်တယ်။ 

♥ နှစ်သစ် အကြိုညမှာ ဘယ်သူတွေနဲ့ အတူတူ ရှိနေချင်ပါသလဲ။
သူငယ်ချင်းတွေ အများကြီးနဲ့ရှိချင်တယ်. တစ်ညလုံး မုန့်တွေလုပ်စားပြီး နယူးရီယားရောက်ချိန်မှာ Happy New Year လို့ အသံကုန်အော်ရတာ ပျော်ဖို့ကောင်းတယ်.

♥ New Year Eve မှာ countdown ပြုလုပ်လေ့ ရှိသလား။ အမှတ်တရများ ရှိခဲ့ရင် ပြောပြပေးပါ။
ရှိတယ်။ လုပ်လည်းလုပ်ခဲ့တယ်.။ အပေါ်မှာ ပြောသလိုဘဲ. သူငယ်ချင်းတွေနဲ့ မုန့်စားပြီး နှစ်သစ်ကို ကြိုခဲ့တာ မကြာခနပေါ့။

♥ နှစ်သစ်ကို ကုန်ဆုံးစေချင်တဲ့ နေရာသီးသန့်မျိုး ရှိပါသလား။ အလည်အပတ် အစီအစဉ် ရှိ၊ မရှိ ဖော်ပြပေးပါ။
မီးပုံကြီးအကြီးကြီးဘေးမှာ ဂစ်တာတီးသီချင်းဆိုရင်း မုန့်တွေစားရင်း နှစ်သစ်ကြိုတဲ့ညကို ကုန်ဆုံးချင်တယ်။ လည်ဖို့အစီအစဉ်က ဒီနှစ်သစ်မှာတော့ မဟုတ်ဘူး.. နှစ်သစ်ပြီး ရက်နည်းနည်းကြာတဲ့ မကြာခင်မှာ ရှိတယ်. 

♥ နှစ်သစ်မှာ New Year Resolution အနေနဲ့ ဘာတွေ ဆုံးဖြတ်ချက်ချပြီး အကောင်အထည် ဖော်တတ်ပါသလဲ။
အဲဒီလိုတော့ နှစ်သစ်မှာ တကူးတက ဆုံးဖြတ်ပြီး အကောင်အထည်ဖော်တာမျိုးတော့ မရှိပါဘူး။  

♥ နှစ်တစ်နှစ် ကုန်ဆုံးသွားတဲ့ အပေါ် လွမ်းမောတသတာမျိုး၊ အချိန် မကုန်စေချင်တာမျိုး ရှိတတ်ပါသလား။
မကုန်စေချင်တာတော့ ထူးထူးခြားခြား မရှိပါဘူး.. နှစ်သစ်ရောက်တာကိုဘဲ ပျော်ပျော်ရွှင်ရွှင်နဲ့ ကြိုချင်ပါတယ်။

♥ နှစ်သစ်ရောက်ရင် ဆွေမျိုး၊ မိတ်ဆွေတွေကို ပို့စ်စကဒ်များ၊ e-card များနှင့် နှုတ်ခွန်းဆက်တာမျိုး ရှိပါသလား။
ရှိပါတယ်. အဲဒီလို လုပ်ရတာကိုလည်း သဘောကျပါတယ်။

♥ ထပ်ပြီး ဖြည့်စွက် ရေးချင်တာက....။ 
အလည်လာ စာဖတ်သူများ၊ ကျွန်မရဲ့ စာရေးဖော် မိတ်ဆွေ သူငယ်ချင်းများ အားလုံးလည်း မကြာခင်မှာ ကျရောက်တော့မဲ့ ခရစ္စမတ်မှာ  ပျော်ရွှင်နိုင်ကြပါစေလို့ ဆုမွန်တောင်း လိုက်ပါတယ်နော်.



Image Hosted by PicturePush - Photo Sharing

30 Responses to “မေပယ်နှင်းဆီပန်းကလေး”

MG THANT said...

မေဘယ်ရွက်ဟာ ချဉ်ပေါင်ရွက်နဲ့ တူတယ်ဆိုလို့ :D

စိတ်ကိုကြည်လင်သွားတာပါပဲ ခင်ညာ
ကျေးဇူးပါ။ မမချော

Aunty Oo said...

မေပယ်ရွက်လေးတွေကိုမြင်ရတာနဲ.တင်ချစ်ဖို.ကောင်း
လိုက်တာ။အေ၇ာင်၃ မျိုးပြောင်းတာကလဲသိတ်လှတာ
ဘဲနော်။အပြင်မှာမြင်ဘူးချင်လိုက်တာ။

ဝေ said...

မြန်မာပြည်မှာ မေပယ်ရွက်မရှိလည်း ချဉ်ပေါင်ရွက်နဲ့ စမ်းလုပ်လည်းရတာပဲလေ..နော..
မေပယ်ပင်လေးတွေ မေပယ်ရွက်လေးတွေ ကြည့်ရတာ စိတ်ချမ်းမြေ့စရာ...
ပန်းအိုးလေးတွေကလည်း စိတ်ကြည်လင်စရာ...

Anonymous said...

My memory went to rolling maple syrup in snow and have a kind of lollipop.I made it happily and had like a kid in Canada over 2 decades ago.Our maple leaves already gone and only brunches left here in Europe.I'll try next time.Thanks Chaw.
Gyidaw

Anonymous said...

အန်ကယ်ဘကြိုင်ရဲ့ချဉ်ပေါင်ခြံကတော့
ရောင်းကောင်းအုံးမယ်အစ်မရေး))
နည်းလေးကတော့
တော်တော်လက်ဝင်တယ်နော်
စိတ်ရှည်မှ.ရမယ့်ပုံပဲအမတော်း)

ချမ်းမြေ့ပါစေရှင်
ချစ်ခင်စွာဖြင့်
မိစံ

လှလိုက်တာ လှလိုက်တာ တခါလောက်များ အချစ်နဲ့မေပယ်ပင်အောက်များချိန်းတွေ့လိုက်ရရင်ကွား)

စောစောပိုင်းက ဒီနှင်းဆီပန်းလုပ်နည်းလေး တင်ပေးရင်လိုက်လုပ်ကြည့်မိအုန်းမယ်.. ခုတော့.. သစ်ပင်တွေမှာ ဘာအရွက်မှမချန်ဘဲ တဖြုတ်ဖြုတ်ကြွေအောင် ဆောင်းရဲ့အအေးက ရက်စက်လွန်းနေခဲ့ပြီ ...

မယ်ရီခရစ္စမတ်ပါ.. ချေား)

Nyi Linn Thit said...

ဒီလိုမျိုး ပန်းစည်းလုပ်ထားတာ တခါမှ မတွေ့ဖူးဘူး၊ လှတယ်..၊ ဒီပို့စ်မှာတော့ မေပယ်လ်တွေကို တဝကြီး ကြည့်လိုက်ရတယ်..။ ကျေးဇူးပါ မချောရေ..။

တူးဘီ said...

မေပယ်ရွက်ကိုင်ထားတာမချောရဲ့လက်လေးတွေလားဟင်
လက်သူကြွယ်တစ်ခုမှာလက်စွပ်လေးတွေ့မိလို့မေးတာပါ-
Merry Xmas and Happy New Year ပါမချော

ကိုတူးဘီ
အင်တာနက်ကရှာတင်ထားတာပါ
ကျွန်မရဲ့ လက် မဟုတ်ပါရှင့် :P
အားလုံးအားလုံးလည်း Merry Christmas ပါနော်..

mstint said...

မေပယ်ရွက်လေးတွေနဲ့ အမြင်တစ်မျိုးဆန်းပြီး
လှတယ်ချောရေ။ အဲဒီလို ရှုခင်းမျိုးဆန်ဆန်လေးတွေ
ပြင်ဦးလွင်ရောက်ရင် ကြည့်ရတာအမောပဲ။
ပန်းအိုးထိုးဘို့ ပန်းလိုရင် ချောတင်ထားတဲ့နည်းသုံးမယ်။
သစ္စာပန်းခြောက်တော့ တီတင့်လုပ်တတ်တယ်း))
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

မေပယ်ဘွန်ဇိုင်းပင်ပုလေးတွေကိုကူးယူထားပါတယ်မချော
Merry X'mas and Happy New Year ပါနော်
ပန်းခြောက်လေးတွေလဲသူ့ဟာနဲ့သူတော့လှတယ်နော်-----

သတိုး said...

ဒီဆိုဒ်ထဲရောက်ရင် နှစ်သက်ကျေနပ်မှုနဲ့ စိတ်ကူးသစ်တွေ ရတတ်လို့ ကျေးဇူးတင်ပါတယ်ဗျို့။
ခင်မင်သော သတိုး

ခရစ္စတလ် said...

အပင်နဲ့ နာမည် အခုမှ တွဲမိတော့တယ်။
လှတယ် ချောရေ........
“Merry Christmas”

johnmoeeain said...

မေပယ်ဟာ ဒီလောက်လှမှန်း ခုမှ သေချာသိတော့တယ်...။ ကျွန်တော်သိဖို့ လိုအပ်တဲ့ အချက်တော်တော်များများကိုလည်း ဒီလွင်ပြင်မှာ လာလာတွေ့တယ် :)
"Wishing you a merry Christmas and a Happy New Year! Ma Chaw!"

regards,
-johnmoeeain-

rose said...

ထူးထူးဆန်းဆန်းလေးနော်... မေပယ်ရွက်တွေကို နှင်းဆီပန်းပုံဖော်တာ။ ပုံထဲက လက်တွေက အစ်မချော လက်တော့ မဟုတ်ပါဘူးနော်။ ဟိး)

မကျေနပ်ဘူး... မကျေနပ်ဘူး ခိခိး) များများ ရေးမပေးလို့။ ဖတ်ရတာ မ၀ဘူး။ စိတ်ကောက်တယ်။ ဒါပဲ။

blackroze said...

မေပယ်လ်ပင်တွေကရဲပြီးလှလိုက်တာ
မေပယ်လ်ရွက်ပန်းစည်းထက်စာရင်
မေပယ်လ်ပင်ဘွန်ဇိုင်းတွေကိုပိုသဘောကျတယ်
မကြီးချောရေ..
merry X'mass and happy New year..
ပါနော်..

အနုပညာမြောက်သူရဲ့ လက်ထဲက အရာတွေ အနုပညာဆန်စွာ လှပကြတယ် ဆိုတာ ဒါမျိုးကို ခေါ်တာ ဖြစ်မယ်ထင်တယ်မမ...လှတယ် ချစ်ဖို့လည်း ကောင်းတယ်...မမ:):)

Anonymous said...

ငယ်ကတည်းက ပြက္ခဒိန်က မေပယ်တွေကို သဘောကျခဲ့တာ ခုထိပါဘဲ။
ခုကိုယ်တိုင်ကိုယ်ကျမြင်ရပြန်တော့လည်း ပိုလို့ နှစ်သက်မိနေတာပါဘဲ။ ပုံလေးတွေအတွက် ကျေးဇူးပါချောရေ။
အိုင်အိုရာ

မေပယ်ရွက်လေးတွေ လှလိုက်တာ...ချောရယ်..။ ရှာရှာဖွေဖွေရေးထားလိုက်တာ။ မေပယ်နှင်းဆီလေးဆို ကိုယ်တိုင် လုပ်ကြည့်ချင် စိတ်တွေပါ ပေါက်လာရတယ်။ သဘာဝကနေ တကယ့်အလှတွေ ရှာဖွေဖန်တီးနိုင်တယ်နော်..။
ပျော်ရွှင်ဖွယ်ခရစ်စမတ်ဖြစ်ပါစေ..ချောရေ..။

ပုံလေးတွေ ကြည့်လိုက်ရတာ စိတ်ကိုလန်းဆန်းသွားတာပဲ....

ဒီအရွက်ကို မေပယ်ရွက်လို့ခေါ်မှန်း မချောပို့စ်လေး ဖတ်ပြီးမှသိတယ်။ ချဉ်ပေါင်ရွက်နဲ့တူမှန်းတော့သိတယ်။ မေပယ်နှင်းဆီပန်း ခေါက်နည်းလေးလည်း လေ့လာသွားပါတယ်။

မေပယ်ရွက်ဟာ သိပ်...ကို စွဲဆောင်မှု ရှိတာပဲနော်။ အရောင်လေးတွေကလည်း အမျိုးမျိုးပြောင်းလို့။ မြင်တော့မြင်ဖူးတယ်။ နံမည်မသိခဲ့ဘူး။

မေပယ်ပင်အောက်နားမှာ ပရီးမီးယားကော်ဖီလေးတစ်ခွက်နဲ့ အတွေးဖျာလေးတစ်ချပ်ပေါ်မှာ ထိုင်ပြီး အရောင်အမျိုးမျိုး ပြောင်းလဲနေတတ်တဲ့ လူ့အကြောင်း၊ လောကအကြောင်း ပိုစ်တစ်ပုဒ်လောက်ရေးလိုက်ရရင်ဖြင့်...။

ချောလည်း Happy Chritmas ဖြစ်ပါစေနော့...။

မေပယ်ပင်အောက်လေးမှာ ကိုယ်တိုင်သွားကောက်ပြီး ပန်းလေးလုပ်ချင်စိတ်ပေါက်သွားတယ်။ မေပယ်ပင်အောက်မှာ ကော်ဖီလေးတခွက်နဲ့ဆိုပိုကောင်းပေါ့။ လိုက်ပို့ပေးပါမချော.ဒါပဲ။။။
ချစ်တဲ့
သဒ္ဓါ

ကိုအောင်(ပျူနိုင်ငံ) said...

ဒီအရွက်ကို မေပယ်ရွက်လို့ခေါ်မှန်း မချောပို့စ်လေး ဖတ်ပြီးမှသိတော့တယ် ...

မေပယ်ရွက်ကို မေပယ်ရွက်လို့ ခေါ်မှန်းခုမှ သိတာ..အိမ်မက်တို့ ဗဟုသုတ မရှိပုံများ..
ကျေးဇူးပါ မချောရေ..စမ်းလုပ်ကြည့်လိုက်ဦးမယ်

Anonymous said...

ဂျပန်မှာ မိုမိဂျိ လို့ခေါ်တယ်ထင်တယ်နော် မချော..
တိုက်တိုက်ဆိုင်ဆိုင် ခုပဲ သူငယ်ချင်းတစ်ယောက် ဖဘမှာ တင်ထားတဲ့ပုံတွေကြည့်နေတာ။
မေပယ်ပင်၊ မေပယ်ရွက်ကလေးတွေကိုကြည့်ရင် ဘာလို့မှန်းမသိဘူး ကဗျာတစ်ပုဒ်ဖတ်နေရသလိုပဲ။

jr

Anonymous said...

Ma Chaw.. It's really so beautitul.. Thank for this post.. a ma..

Nan Khemar Aung

san htun said...

ဟုတ်တယ် မေပယ်ကို မြင်တိုင်း မြန်မာပြည်က ချဉ်ပေါင်ကို မြင်ယောင်ကာ စားချင်တယ်...:P မေပယ်တွေ အစိမ်းကနေ အဝါ၊ အဝါကနေ အနီပြောင်းတာ အရမ်းလှတယ်..မေပယ်ပန်းစည်းကတော့ ခုမြင်ဖူးသွားပြီ.

အရှင်ကောဝိဒ said...

မိမိနေထိုင်နေတဲ့ ကနေဒါနိုင်ငံရဲ့ နိုင်ငံတော်အထိမ်းအမှတ်
တံဆိပ် မေပယ်လ် ရွက်အကြောင်းကို စုံစုံလင်ဖေါ်ပြပေးတဲ့အတွက် အလွန်မတန်မှကျေးဖူးတင်ရှိပါကြောင်းပြောကြားလိုပါတယ်။