ချစ်စရာ ကြက်သွန်နီလေးများ



ကျွန်မတို့ မြန်မာလူမျိုးတွေဟာ ဟင်းချက်ရင်ကြက်သွန်အနီနဲ့အဖြူကို မပါမပြီး ထည့်သွင်း စားသောက် တတ်ကြပါတယ်.. ဒါဟာ ဟင်းတွေကို အညှီအဟောက် အနံ့မျိုး မထွက်အောင် ကာကွယ်ပေးနိုင်သလို ကျန်းမာရေးအတွက်လည်း ကောင်းမွန်ပါတယ်.. ကြက်သွန်နီနဲ့ ပတ်သက်တဲ့ ဗဟုသုတ အနည်းငယ်ပြောရရင် ကြက်သွန်နီကို လွန်ခဲ့တဲ့ နှစ်ပေါင်း ၇၀၀၀ လောက်ကတည်းက ကမ္ဘာမြေကြီးပေါ်မှာ စတင်စိုက်ပျိုးခဲ့ကြတယ်လို့ သမိုင်းအထောက်အထားများ အရ သိရှိရပါတယ်.. ကြက်သွန်ရဲ့ မူလ စတင်တွေ့ရှိရာအရပ်ဟာ အာရှတိုက် အလယ်ပိုင်းဒေသဖြစ်ပါတယ်.. ကြက်သွန်နီကို ကြာရှည်ခံအောင် သိုလှောင် သိမ်းဆည်းထားချင်သူများ အညှောင့်ပေါက်ခြင်းမှ ကာကွယ်ရန်အတွက် ကြက်သွန်ရဲ့ အမြစ်ငယ်တွေကို မီးရှို့ပြီး သိမ်းဆည်းထားကြလေ့ ရှိပါတယ်..

ကြက်သွန်မှာ ပန်းသီးတစ်လုံးထက် ပိုပြီး သကြားဓာတ် ကြွယ်ဝစွာ ပါရှိပါတယ်.. ဗီတာမင် B6, B1 နဲ့ B9 တို့နဲ့ ဖောလစ်အက်ဆစ် လည်း များပြားစွာပါဝင်ပါတယ်.. ကြက်သွန်နီကို အခွံမခွာခင် ရေခဲသေတ္တာ အတွင်းသော်လည်းကောင်း ရေအေးတွင် စိမ်ခြင်းအားဖြင့် သော်လည်းကောင်း မိနစ် ၃၀ခန့် ထားပြီးမှ အခွံခွာရင် ကြက်သွန်ငွေ့ကြောင့် မျက်ရည်ကျခြင်းမှ သက်သာရာရနိုင်ပါတယ်.. ကြက်သွန်နီမှာ ဆာလ်ဖာ ကွန်ပေါင်းများ ပေါများစွာ ပါရှိခြင်းကြောင့် မှတ်ဥာဏ်အား ကောင်းစေတယ်လို့ သိရပါတယ်.. သို့သော် အကျက်လွန်အောင် ချက်ထားသော ကြက်သွန်နီမှာ မူလပါဝင်သော ဓာတ်ပေါင်းများ ပျက်စီးသွား စေနိုင်သောကြောင့် ကြက်သွန်နီကို အစိမ်း သော်လည်းကောင်း၊ မကျက်တကျက် ချက်ပြီး စားသုံးခြင်းတို့ကသာ ပိုပြီး အစွမ်းထက်စေတယ်လို့ ဆိုပါတယ်..

ကြက်သွန်နီကို ဟိုးရှေးခေတ်ကတည်းက ရောဂါဘယတွေကို ကုသပေးနိုင်စွမ်းရှိတယ်.. မကောင်းဆိုးဝါးတို့ရဲ့ အန္တရာယ်ကနေ ကာကွယ်ပေးနိုင်တယ်လို့ ယုံကြည်ခဲ့ကြပါတယ်.. အချို့သော ကျေးလက် တောရွာတွေမှာ နေအိမ်ထဲမှာ ကြက်သွန်နီတွေ ချိတ်ဆွဲထားရင် မကောင်းဆိုးဝါးနဲ့ ရောဂါဘယတွေ မ၀င်ရောက်နိုင်ဘူးဆိုတဲ့ အယူအဆတွေ ရှိခဲ့ပါတယ်.. ဖျားနေတဲ့ လူနာအနီးမှာ ကြက်သွန်နီကို အခွံခွာပြီး ထားရင် အဖျားရောဂါ သက်သာတယ် လို့လည်း ယုံကြည်ကြပါတယ်.. ကြက်သွန်နီဟာ အနံ့အသက်တွေကို စုတ်ယူနိုင်စွမ်းအား မြင့်မားတာကြောင့် အခွံခွာပြီး ချက်ခြင်း မသုံးဖြစ်တဲ့ ကြက်သွန်နီကို နောက်နေ့မှ ပြန်သုံးတာမျိုး မပြုလုပ်သင့်ကြောင်း အကြံပြုကြပါတယ်..

အသုံးဝင်မှု များပြားလှတဲ့ ကြက်သွန်နီကို နိုင်ငံတိုင်းမှာ တန်ဖိုးထားသုံးစွဲကြသလို အချို့သောနိုင်ငံများမှာ ကြက်သွန်နီ ပွဲတော်ကို သီးသန့် ရက်များသတ်မှတ်ပြီး ကျင်းပလေ့ရှိပါတယ်.. ကြက်သွန်နီဟာ ကျန်းမာရေးအတွက် အသုံးဝင်ရုံသာမက ချစ်စရာလည်း ကောင်းလှပါတယ်.. မယုံဘူးဆိုရင် ကြက်သွန်နီပွဲတော်က ချစ်စရာ ကြက်သွန်နီပုံ အမျိုးမျိုးကို အောက်မှာ ဖော်ပြပေးလိုက်ပါတယ်နော်..


The Innovative Onion Festival

The Innovative Onion Festival

The Innovative Onion Festival

The Innovative Onion Festival

The Innovative Onion Festival

The Innovative Onion Festival

The Innovative Onion Festival

The Innovative Onion Festival

The Innovative Onion Festival

The Innovative Onion Festival

The Innovative Onion Festival

The Innovative Onion Festival

The Innovative Onion Festival

The Innovative Onion Festival

The Innovative Onion Festival

The Innovative Onion Festival

The Innovative Onion Festival

The Innovative Onion Festival

The Innovative Onion Festival

The Innovative Onion Festival

The Innovative Onion Festival

The Innovative Onion Festival

The Innovative Onion Festival

The Innovative Onion Festival

The Innovative Onion Festival

The Innovative Onion Festival

The Innovative Onion Festival

The Innovative Onion Festival

The Innovative Onion Festival

The Innovative Onion Festival

The Innovative Onion Festival

The Innovative Onion Festival

The Innovative Onion Festival

The Innovative Onion Festival

The Innovative Onion Festival

The Innovative Onion Festival
The Innovative Onion Festival
Credit: Funzug.com