စိန်စီထားတဲ့ လက်ကိုင်ဖုန်းများ



တကယ်လို့များ သင့်မှာ ပိုက်ဆံတွေ ဘယ်နားထားရမှန်းမသိ၊ ဘဏ်ထဲမှာလည်း ပြည့်နေတယ်.. သုံးလို့ မကုန်နိုင်အောင်လဲ ချမ်းသာနေတယ်ဆိုရင် သင့်ပိုက်ဆံတွေ ဖြုန်းဖို့ နည်းလမ်းတွေ ညွှန်ပြပါရစေ။

Goldstriker iPhone 3GS Supremeး $3.2 million

                          Goldstriker iPhone 3GS Supreme

(၁) Apple က ထုတ်တဲ့ iPhone 3GS Supreme  နဲ့ မိတ်ဆက်ပေးပါရစေ။ အဲဒီ ဖုန်းဟာ ခုလက်ရှိအနေအထားအရတော့ ကမ္ဘာပေါ်မှာ ဈေးအကြီးဆုံး ဖုန်းတစ်လုံး ဖြစ်ပါတယ်.. ဘယ်လောက်များ ဈေးကြီးသလဲဆိုတော့ ဒေါ်လာ ၃.၁၄ သန်း ( ၃၁,၄၀,၀၀၀ ဒေါ်လာ ) တန်ကြေး ရှိလို့ပါဘဲ။ ဒီဇိုင်နာ Stuart Hughes ရဲ့ လက်ရာဖြစ်တဲ့ iPhone 3GS Supreme ဟာ ကိုယ်ထည်တစ်ခုလုံးကို အလေးချိန် ၂၇၁ ဂရမ်ရှိ ၂၂ ကာရက်ရွှေဖြင့် ပြုလုပ်ထားပြီး ဖုန်းရဲ့ ဘေးပတ်လည် အနားသတ်လိုင်းတွေမှာ အပြစ်အနာအဆာကင်းတဲ့ စိန်ပွင့်ပေါင်း ၁၃၆ လုံးနဲ့ ပြုလုပ် အလှဆင်ထားပါတယ်..

နောက်ကျောဘက်


                                       ဖုန်းထည့်တဲ့ ဂရင်းနိုက်ကျောက်သေတ္တာ

                                           ၇.၁ ကာရက်စိန်ပွင့်ကြီး
Apple အမှတ်အသား တံဆိပ် ဖြစ်တဲ့ ပန်းသီးပုံကိုတော့ ၁ ကာရက်လေးတဲ့ စိန်ပွင့်ပေါင်း ၅၃လုံးနဲ့ တန်ဆာဆင် ထားပါတယ်.. ဖုန်းရဲ့ အရှေ့ဘက် မျက်နှာစာပေါ်က navigation button အဖြစ် ပြုလုပ်ထားတဲ့ စိန်ပွင့်ဟာ အရည်အသွေးကောင်းတဲ့ ရှားပါးစိန်ပွင့်ဖြစ်ပြီး ၇.၁ ကာရက် အလေးချိန်ရှိတဲ့ စိန်ပွင့်ကြီးတစ်ပွင့် ဖြစ်ပါတယ်.. ၄င်းဖုန်းကို အချိန် ၁၀လမျှ ကြာအောင် ပြုလုပ်ခဲ့ရတယ်လို့ ဆိုပါတယ်..  ဒီဈေးကြီး တန်ဖိုးများလှတဲ့ ဖုန်းကိုထည့်ဖို့ သီးသန့်ပြုလုပ်ထားတဲ့ ဘူးခွံကတော့ ဂရင်းနိုက်ကျောက်နဲ့ ပြုလုပ်ထားပြီး ၇ ကီလိုဂရမ် အလေးချိန်ရှိ ခိုင်ခံ့တဲ့ ဘူးခွံဖြစ်ပါတယ်။ ကမ္ဘာ့ဈေးအကြီးဆုံး ဖုန်းအဖြစ် မှတ်တမ်းဝင်ထားတဲ့ ဒီဖုန်းဟာ မတော်တဆ ကျများ ပျောက်သွားခဲ့ရင် သွေးတက်လို့ သေနိုင်လောက်ပါရဲ့နော်။



Peter Aloisson's Kings Button iPhoneး$2.4 million



Peter Aloisson's Kings Button iPhone


                                     ၆.၆ ကာရက်ရှိ တန်ဖိုးကြီး စိန်ဖြူပွင့်ကြီး

(၂)နောက်ထပ် စိတ်ဝင်စားဖွယ် ဖုန်းတစ်လုံး သြစတေးလျ ကျောက်မျက်ရတနာကုန်သည် Peter Aloisson ပိုင်ဆိုင်တဲ့ စိန်တွေနဲ့ ဒီဇိုင်းပြုလုပ်ထားတဲ့ ဒေါ်လာ ၂.၅ သန်းတန် Kings Button iPhone ဖုန်းဖြစ်ပါတယ်.. ဖုန်းကို ၁၈ကာရက် အ၀ါရောင်ရွှေ၊ ရွှေဖြူ၊ နှင်းဆီရောင် ရွှေတို့ဖြင့် ပြုလုပ်ထားပြီး ဖုန်းရဲ့ အနားသတ် လိုင်းတွေပေါ်မှာတော့ တောက်ပ ပြောင်လက်နေတဲ့ စိန်ပွင့်ပေါင်း ၁၃၈လုံးနဲ့ အလှဆင်ထားပြီး ဖုန်းရဲ့ အရှေ့မျက်နှာစာပေါ်က စိန်ပွင့်ကြီးကတော့ ၆.၆ကာရက်ရှိ စိန်ဖြူပွင့်ကြီး ဖြစ်ပြီး တန်ဖိုးအကြီးဆုံး ဖြစ်ပါတယ်။


Goldvish Le Million Piece Unique $1.3 million



Goldvish Le Million Piece Unique



(၃) နောက်ထပ် တန်ဖိုးကြီးဖုန်းတစ်ခုက GoldVish Luxury Communications က ထုတ်လုပ်တဲ့ ဒေါ်လာ ၁.၃သန်းတန် GoldVish “Le Million   ဆယ်လူလာဖုန်း ဖြစ်ပါတယ်.. ဒီဇိုင်နာ Emmanuel Gueit ရဲ့ လက်ရာဖြစ်ပြီး ၁၈ကာရက် ရွှေဖြူ နဲ့အတူ ၂၀ ကာရက် အလေးချိန်ရှိ စိန်ပွင့်ငယ်ပေါင်း ၁၈၀၀ခန့်နဲ့ ပြုလုပ်ထားတာ ဖြစ်ပါတယ်.. ၄င်းဖုန်းမှာ  MP3, FM radio, Bluetooth, 2 GB ကဒ် ၊ ဒီဂျစ်တယ် ကင်မရာ၊ ရီကော်ဒါ၊  စတဲ့ ဖန်ရှင်များ ပါဝင်ပါတယ်။


The Diamond Crypto Smartphone: $1.3 million

most expensive cell phones The Diamond Crypto Smartphone Top 8 Most Expensive Cell Phones in The World
Crypto Smart phone



(၄) ဖုန်းတစ်ခုလုံးကို ပလက်တီနမ်နဲ့ ပြုလုပ်ထားပြီး စိန်ပွင့်အလုံး ၅၀နဲ့ အလှဆင်ထားတဲ့ Crypto Smart phone ဖုန်းဟာလည်း တန်ဖိုးကြီးတဲ့ ဖုန်းတစ်လုံးဖြစ်ပါတယ်. Moscow JSC Ancort ကုမ္ပဏီ မှ ဒီဇိုင်နာ Peter Aloisson ရဲ့ လက်ရာဖြစ်ပြီး ဖုန်းမှာ အလှဆင်ထားတဲ့ စိန်တွေထဲကမှ ထိပ်နားက တစ်ဖက်တစ်ချက် ၄လုံးစီ ပါဝင်တဲ့ ရှားပါးစိန်ပြာ၈လုံးဟာ ဒီဖုန်းကို ပိုမိုလှပ တန်ဖိုးကြီးမားစေတဲ့ အရာများ ဖြစ်ကြပါတယ်.. ကုမ္ပဏီ လိုဂို အမှတ်တံဆိပ်ဖြစ်တဲ့ Ancort ကို ၁၈ကာရက် နှင်းဆီရောင်ရွှေဖြင့် ပြုလုပ်ထားတာ ဖြစ်ပြီး Windows CE, color TFT display,  256-bit cryptographic algorithm , SMS, MMS, E-mail and Internet capability, WAP, JAVA support , Media Player တို့ ပါဝင်ကြောင်း သိရပါတယ်.. တန်ဖိုးအားဖြင့် ဒေါ်လာ ၁.၃ သန်း ဖြစ်ကြောင်းပါရှင်။


Vertu Signature Cobra: $310,000





(၅) ရတနာဒီဇိုင်းပညာရှင် French Boucheron ရဲ့ လက်ရာ Signature Cobra ဖုန်းဟာလည်း  ဖုန်းရဲ့ အပေါ် မျက်နှာပြင်ကို မြွေကြီးတစ်ကောင် ရစ်ခွေနဲ့တဲ့ ပုံ ဖန်တီးထားပြီး ခန္ဓာကိုယ်ကို ပတ္တမြား ၄၃၉လုံးနဲ့ စီခြယ်ထားပြီး မျက်စိနှစ်လုံးကိုတော့ မြနှစ်ပွင့်နဲ့ ပြုလုပ်ထားတာဖြစ်ပါတယ်.. စိန်ပွင့်ကြီးနှစ်လုံးလည်း ပါဝင်ပြီး ဒေါ်လာ ၃သိန်းတစ်သောင်း တန်ဖိုး ရှိပါတယ်.. တကယ်လို့များ ဆန်းဆန်းပြားပြားနဲ့ တန်ဖိုးကြီး ဖုန်းကို ကိုင်ချင်သူများ အတွက် စိတ်ဝင်စားဖို့ကောင်းတဲ့ ဒီဇိုင်းဖြစ်ပါတယ်..  တကယ်လို့များ သင့်မှာ ငွေကြေးအလုံအလောက်မရှိလို့ ဒီထက်ဈေးသက်သာတဲ့ ဖုန်းကိုလိုချင်ပါတယ်ဆိုရင် ပတ္တမြားမပါတဲ့ ဒီ ဒီဇိုင်းကိုဘဲ ဒေါ်လာ ၁၁၅,၀၀၀ နဲ့ ရနိုင်ပါတယ်ရှင်။  ဒါကိုမှ ဈေးများသေးတယ် ဆိုရင် အောက်က ပုံစံအတိုင်း ဒေါ်လာ ၇၂၅နဲ့ ၀ယ်ယူရရှိနိုင်ပါတယ်..




VERTU Signature Cobra Gold

Let your VERTU Signature Cobra Boucheron Limited Edition Yellow Gold be your signature in business and in life! Order your copy today!
Specifications:
Frequency : Tri-band 900/1800/1900 MHz
Display : 1.8" 176×220, 260k Color
Languages: English, French, Spanish, Portuguese, German, Turkish, Arabic, Vietnamese, Russian
Audio : Polyphonic 64-chord, MP3, MP4, MIDI, Dual-Bass Loudspeakers, FM Radio, Stereo Bluetooth Support Video : 3GP, MP4; Full-Screen Playback Support
Camera : No camera
Memory : Internal
memory: 1MB Internal; Supports External microSD Card up to 2GB
Data Transfer :USB, Bluetooth
Internet :WAP, GPRS Messaging :SMS (Multiple), MMS Battery :BL-5CV, Li-Ion, 1050 mAh, 3.7V; 5 hours talk-time, 400 hours stand-by Games :3 Standard + Downloadable
Dimensions :123x46x17 mm
Weight :200 Grams
Color :Gold, Ceramic
Misc :Schedule, 5 Alarms, Groups, Voice Tags, World Time, Health Management, E-Book, Memo/To-Do, Currency Exchange, Calculator, Voice Recorder
Package : 2 Batteries, 1 Charger, 1 USB Cable, 1 Hands-free, 1 Manual, Gift-box

Original Vertu Price:US$350,000
 Price: US$725.00


အထက်မှာ ပြောခဲ့သလိုဘဲ။ ပိုက်ဆံတွေ သိပ်ပေါများနေတယ် ဆိုရင်ဖြင့် တန်ဖိုးကြီးဖုန်းတွေနဲ့ စတိုင်ထုတ်နိုင်ကြဖို့ ဗဟုသုတအနေနဲ့ ဖော်ပြပေးလိုက်ပါတယ်ရှင်။  :)  :)