မြေစာမြက်ကလေးများ...

“အဲဒီ စစ်ကလည်း ဘာဖြစ်လို့ ဖြစ်နေကြတာလဲ၊ ကျွန်တော်တို့ ကျောင်းလည်း မတက်ရတော့ဘူး၊ ဒီမှာနေရတာ အရမ်းချမ်းတယ်.. အိမ်ဘဲပြန်ချင်တယ်။ အဝါး( အဖေ) ကလည်း ခုထိ ပြန်မလာသေးဘူး” ဟု ရေရွတ်နေရင်းက....

အိပ်မက်ထဲက ကချင်မြေ

ကျွန်မတို့ ကချင်ပြည်နယ်မှာ သဘာဝတရားရဲ့ ဖန်တီးမှုတွေနဲ့ အင်မတန် လှပသာယာတဲ့ အိက်မက်ဆန်ဆန် နေရာလေးတွေ ရှိနေပါသေးတယ်....

ကွာရှင်းပြတ်စဲခြင်း

ဒီလိုနဲ့ ကျွန်တော်တို့၂ယောက်ရဲ့ အချစ်တွေ အေးခဲသွားချိန်မှာ ကျွန်တော့်ဘ၀ထဲကို ဂျူလီ ဝင်ရောက်လာခဲ့တယ်....

ကျောက်စိမ်းတွင်းပေါ်က ကျွန်မတို့ရွာ...

ကျောက်စိမ်းမှော်နယ်မြေကို ရောက်တာနဲ့ ဖားကန့်ကို မရောက်ခင်မှာ ကျွန်မရဲ့ ရွာကလေးကို အရင်ဆုံး ရောက်ပါတယ်။ ပြီးတော့မှ...

ဘ၀လမ်းပေါ်က အမှိုက်ကားများ

လူတွေတော်တော်များများဟာ အမှိုက်ကားတွေနဲ့ တူတယ်ဗျ.. သူတို့ဟာ အမှိုက်တွေအပြည့် တင်ဆောင်ပြီး လမ်းပေါ်မှာ မောင်းနှင်နေကြတယ်...

Wednesday, March 09, 2011

ပြုံးတိုင်းလှတဲ့သူ..


သွားဆိုတာဟာ လူတစ်ယောက်အတွက် အရေးပါတဲ့ အရာတစ်ခုဖြစ်ပါတယ်.. အစာစားတဲ့အခါမှာ သွားတွေ ကောင်းမွန်နေဖို့ လိုအပ်သလို လူတွေရှေ့မှာ ရဲရဲရင့်ရင့် ပြုံးနိုင်ဖို့၊ စကားဆိုနိုင်ဖို့ရင် သွားကလေးတွေ ဖြူစင်လှပ သန့်ရှင်းနေဖို့လည်း လိုပါသေးတယ်နော်။ တကယ်လို့ မိမိရဲ့ သွားကလေးတွေမှာ ပိုးပေါက်ကလေးတွေ ရှိနေရင် မညီမညာ ရွဲ့စောင်းနေတဲ့ သွားတွေ၊ ကျိုးနေတဲ့ရှေ့သွားတွေ၊ ၀ါညစ်ညစ် အရောင်ဖြစ်နေတဲ့ သွားတွေ ရှိနေခဲ့ရင် လူတွေရှေ့မှာ ဟက်ဟက်ပက်ပက် ရယ်မောဖို့ မိမိကိုယ်ကို ယုံကြည်မှုမရှိသလို ဖြစ်နေတတ်ပြီး အရှက်အကြောက်ကြီးလို့ ပါးစပ်ကို ကျယ်ကျယ် မဟရဲသလိုလို၊ ရယ်ဖို့ပဲ မေ့နေသလို၊ အပြုံးကလေးက ငါးခူလေးပြုံးနေသလို ရှိနေတတ်ကြပါတယ်။ မိမိရဲ့ သွားကလေးတွေ သဘာဝကျကျ ဖြူစင်သန့်ရှင်းနေပြီး လှလှကလေး ပြုံးနိုင်ဖို့ ဘယ်လိုများ လုပ်ကြရမလဲဆိုတာ စဉ်းစားကြည့်ကြပါစို့နော်။ သွားတွေ ဖြူဖွေးလှပဖို့ ထိရောက်တဲ့ နည်းလမ်းများစွာ ရှိပေမဲ့ အချို့နည်းလမ်းတွေက ငွေကြေး အကုန်အကျများတာကြောင့် ငွေကုန်ကြေးကျ မများဘဲ မိမိအိမ်မှာသာ လုပ်ဆောင်နိုင်တဲ့ နည်းလေးများကို ဝေမျှ ပါဦးမယ်ရှင်..


လိုအပ်တဲ့ပစ္စည်းတွေက
၁. အအေးသောက် ပိုက်တစ်ချောင်း
၂. သွားတိုက်တံတစ်ချောင်း
၃. သံပုရာရည်
၎. ဆား
၆. မုန့်ဖုတ် ဆော်ဒါ
၇. စတော်ဘယ်ရီ စတာတွေ ဖြစ်ပါတယ်။


အဆင့်(၁)

Image Hosted by PicturePush - Photo Sharing
အဆင့် (၁) အနေနဲ့ လုပ်ရမှာက သင့်သွားတွေကို ၀ါစေတဲ့ စားစရာ သောက်စရာတွေကို အကန့်အသတ်ထားပြီး စားသောက်ပါ။ သွားကို ၀ါစေတဲ့ အရာတွေထဲမှာ ကော်ဖီ၊ လက်ဖက်ရည်၊ ၀ိုင်အနီ၊ ဆေးလိပ်သောက်ခြင်း စတာတွေ ပါဝင်တာကြောင့် ၄င်းတို့ကို ဖြတ်နိုင်ဖို့ ကြိုးစားသင့်ပါတယ်.. ( ကော်ဖီကြိုက်တဲ့သူကို ကော်ဖီ ဖြတ်ခိုင်းနေပြန်ပြီ ) တကယ်လို့ မဖြတ်နိုင်ခဲ့ရင် အဲဒီအရာတွေကို သွားနဲ့ တိုက်ရိုက် မထိတွေ့စေနိုင်ရန် ကော်ဖီ အချိုရည် စသည်တို့ကို သင့်တင့်ရုံမျှ ပိုက်တစ်ချောင်းနဲ့ စုပ်သောက်ပါ လို့ အကြံပေးထားပါတယ်.. ( ဆိုင်မှာ ကော်ဖီနဲ့ လက်ဖက်ရည်ကို ပိုက်နဲ့ စုပ်သောက်ရင် ရူးနေပြီထင်တယ်လို့များ ပြောကြလေမလား မသိနော် :)  )

အဆင့်(၂)