ရွှေဖရုံသီး ဝက်သားအဆာသွပ်နဲ့ မာလာငါးခေါက်ဆွဲ

ချစ်စွာသော ဘလောဂ့်ကြွလာ မိတ်သဟာအပေါင်းတို့ ရွှင်လန်းကျန်းမာပါစရှင်.း)


အင်တာနက်မရတဲ့ အရပ်ကို ၃ရက်လောက် ရောက်သွားလို့ ဘလောဂ့်နဲ့ အဆက်ပြတ်သွားခဲ့ပါတယ်။ ခုတော့ ပြန်ရောက်လာပြန်ပါပြီ။ ဒါကြောင့် ၀မ်းသာအားရ ပျော်ရွှင်စွာဖြင့် နှုတ်ခွန်းဆက် ဂါရဝပြုလိုက်တာ ဖြစ်ပါတယ်ရှင်။ အင်တာနက် မသုံးဖြစ်တဲ့အချိန်တွေမှာ အလုပ်တွေ အလွန်ရှုပ်နေခဲ့တာကြောင့် စာအသစ်ရေးဖို့လည်း အချိန်မရသလို စိတ်ရောလူပါ မအားမလပ်ဖြစ်တာကြောင့် အသစ်တင်ဖို့ အဆင်သင့်မဖြစ်သေးခင်မှာ ပေါ့ပေါ့ပါးပါး စားသောက်စရာလေးနဲ့ အားလုံးကို ကြိုဆိုလိုက်ပါရစေနော်။

ကျွန်မ ဒီနေ့ ဦးဆုံး ဖော်ပြမဲ့ ဟင်းလျှာက ရွှေဖရုံသီး ၀က်သားအဆာသွပ် ဖြစ်ပါတယ်။ ခက်ခက်ခဲခဲ မဟုတ်သလို ဆန်းဆန်းပြားပြားလည်း မဟုတ်ပါဘူး။ နည်းလမ်းကိုတော့ အောက်မှာ ဆက်ဖတ်ကြည့်ပါစို့နော်။


Image Hosted by PicturePush - Photo Sharing 

ပုံမှာမြင်ရတဲ့ အတိုင်းပါဘဲ။ လူအနည်းအများပေါ်မူတည်ပြီး ရွှေဖရုံသီး အရွယ်အစားကို ရွေးချယ်နိုင်ပါတယ်။ ကျွန်မတော့ စားမဲ့သူနည်းတဲ့အတွက် ရွှေဖရုံသီး အသေးတစ်လုံးကို ရွေးလိုက်ပါတယ်။

Image Hosted by PicturePush - Photo Sharing 

အဲဒီ ရွှေဖရုံသီးလေးကို ထိပ်ပိုင်းဖွင့်လိုက်ပြီး အတွင်းမှာ အစေ့များ၊ အသားများကို ဇွန်းလေးနဲ့ ခြစ်ထုတ်ပြီး ဖယ်ပစ်လိုက်ပါတယ်။ အတွင်းက အစေ့များပါတဲ့ အပိုင်းကို လွှင့်ပစ်ပြီး ရွှေဖရုံသီး အသားများကို  ချန်ထားပါတယ်။ အပေါ်ပိုင်း ဖြတ်ထားတာလေးကို မပျက်စီးအောင် ဂရုတစိုက် ထားရအောင်နော်


Image Hosted by PicturePush - Photo Sharing
ဝက်သားကို ကြက်သွန်ဖြူ၊ နံနံ၊ ငရုပ်သီး အနည်းငယ်(အစပ်ကြိုက်က ) ထည့်ပြီး ကြိတ်ပေးပါတယ်. သို့မဟုတ် အသားညက်အောင် တောက်တောက်စင်းပါ။ ပြီးနောက် ဖယ်ထားတဲ့ ရွှေဖရုံသီး အတွင်းသားများကိုလည်း ဝက်သားတို့နဲ့ ရောပြီး (တောက်တောက်စင်း) ကြိတ်ပေးပါ။  ၄င်းတို့ကို ဆား၊ အရသာမှုန့် တို့ကို ထည့်ပြီး ရောနယ်ပါတယ်။ ကြိုက်တတ်ရင် ရှောက်ကောပါးကောမှုန့်ပါ ရောနယ်ပါတယ်။

Image Hosted by PicturePush - Photo Sharing 
ဒါကတော့ အားလုံး ရောနယ်ပြီး အဆာသွပ်ဖို့ အသင့်ဖြစ်နေတဲ့ ဝက်သား၊ ရွှေဖရုံသီးအသားတို့ပါ။

Image Hosted by PicturePush - Photo Sharing 

အသားတွေကို ရွှေဖရုံသီးထဲ ခုလို သိပ်ထည့်လိုက်ပါပြီ။

Image Hosted by PicturePush - Photo Sharing 

အပေါ်ပိုင်းဖြတ်ထားတာလေးကို ခုလို အဖုံးလေးဖုံးအုပ်လိုက်ပြီး ရေထည့်ထားတဲ့ အိုးတစ်လုံးပေါ်တင်ကာ ရေနွေးငွေ့ဖြင့် ပေါင်းလို့ ရသလို

Image Hosted by PicturePush - Photo Sharing 
ရေထည့်ထားတဲ့ အိုးထဲကို ရွှေဖရုံသီး သုံးပုံနှစ်ပုံမြုပ်စေအောင် ထည့်ပြီး အလုံးလိုက် ထည့်ပြုတ်လည်း ရပါတယ်။ အဲလိုပြုတ်တဲ့အခါ ရေထဲကို ဆားနဲ့ အရသာမှုန့်ပါ ထည့်လိုက်ပါတယ်။ ဒီလိုဆို ရွှေဖရုံသီး အသားထဲကို အရသာတွေ ၀င်သွားပြီး အထဲက ၀က်သားအပြင် ရွှေဖရုံသီး အကာသားပါ စားလို့ ရပါတယ်။ အချိန်ကိုတော့ သတ်မှတ်ချက် မပေးလိုပါဘူး။ အတွင်းက အသားရော၊ အပြင်က အကာသားပါ စားလို့ရအောင် နူးသွားချိန်ထိ ပြုတ်ရ(ပေါင်းရပါမယ်)။


ကဲလေ.. အထဲက အဆာသွပ်ထားတဲ့ ဝက်သားနဲ့ အပြင်က ရွှေဖရုံသီးအသားပါ စားလို့ရပြီဖြစ်တဲ့ ရွှေဖရုံသီး ဝက်သားအဆာသွပ်ဟင်း ရပါပြီ။