ကျွန်မတို့ နေထိုင်တဲ့ ကမ္ဘာကြီးဟာ နေစင်္ကြာဝဠာအတွင်းမှာ လှုပ်ရှားပြောင်းလဲမှု အများဆုံး ဂြိုလ်တစ်ခုရယ်လို့ ပြောလို့ရနိုင်အောင် တည်ငြိမ်မှုမရှိဘဲ အမြဲတမ်း ပြောင်းလဲနေတတ်ခဲ့ပါတယ်။ ထိုသို့ ပြောင်းလဲရခြင်းရဲ့ အကြောင်းတရားများမှာ လွန်ခဲ့သော နှစ်သန်းပေါင်းများစွာကတည်းက မီးတောင်၊ လေမုန်တိုင်း၊ ရာသီဥတု၊ နေ၊ စသော သဘာဝတရားများ၏ ပြုပြင်ပြောင်းလဲမှု၊ တိုက်စားမှုတို့ကြောင့် မြေမျက်နှာပြင်မှာ ပုံသဏ္ဍာန် ခဲ့ရပါတယ်။ ၄င်းဖြစ်စဉ်များထဲမှ အချို့သော ကျောက်တုံးကျောက်ဆောင်များဟာ ကမ္ဘာမြေကြီးရဲ့ ဆွဲငင်အားကို ကြံ့ကြံ့ခံရင်း ထူးဆန်းအံ့သြဖွယ် ဟန်ချက်ညီနေသော အနေအထားအဖြစ် ဖြစ်ပေါ်လာခဲ့ပါတယ်။ ကမ္ဘာတလွှားက ထင်ရှားကျော်ကြားတဲ့ ဟန်ချက်ညီ ကျောက်တုံးများအကြောင်း ဒီတစ်ပတ် ထူးထူးဆန်းဆန်း အကြောင်းအရာ အဖြစ် ဖော်ပြချင်ပါတယ်။
1. Balanced Rock Colorado
ပထမဦးဆုံး ဖော်ပြမဲ့ ကျောက်တုံးက ကော်လိုရာဒိုပြည်နယ်ရှိ The Garden of Gods ဥယျာဉ်ထဲမှာ တည်ရှိတဲ့ ကျောက်တုံးဖြစ်ပါတယ်။ သေးငယ်တဲ့ အောက်ခံကျောက်တုံးပေါ်မှာ ဟန်ချက်ညီစွာ တည်ရှိနေတာမို့ မြေငလျှင်များသာ လှုပ်ခဲ့ရင် စိုးရိမ်ရမဲ့ အနေအထားမှာ ရှိနေခဲ့ပါတယ်။ ဒီကျောက်တုံးရှိရာနေရာဟာ လမ်းမကြီးရဲ့ ဘေးနားမှာ ဖြစ်တဲ့အပြင် လှပတဲ့ သဘာဝရှုခင်းများ ရှိတာကြောင့် ကမ္ဘာလှည့် ခရီးသည်တွေအတွက် ဆွဲဆောင်မှု အကောင်းဆုံး နေရာတစ်ခုထဲမှာ ပါသလို ၄င်းကျောက်တုံးကြီးဟာလည်း ဓာတ်ပုံအရိုက်ရဆုံး နေရာတစ်ခုလည်း ဖြစ်ပါတယ်။
2. Balancing Rock, Digby, Nova Scotia, Canada
2. Balancing Rock, Digby, Nova Scotia, Canada
ကနေဒါနိုင်ငံ Nova Scotia , Digbyက တံငါရွာလေးအနီးမှာ ရှိတဲ့ ဟန်ချက်ညီ ကျောက်တုံးကလည်း တမူထူးခြားပါတယ်။ ခဲတံချောင်းသဖွယ် ဒေါင်လိုက် ဖြစ်ပေါ်နေတဲ့ ၄င်း ကျောက်တုံး ဟာ ပင်လယ်ကမ်းစပ်က ကျောက်ဆောင်ကြီးတစ်ခုပေါ်မှာ တစ်ဝက်ခန့်သာ တင်နေပြီး အခြားတစ်ဖက်က လေထဲမှာရောက်နေတာကြောင့် ပြုတ်ကျတော့မည်ကဲ့သို့ အသည်းယားစဖွယ် ရှိနေတာ ဖြစ်ပါတယ်။ သို့သော်လည်း ခဲတံတစ်ချောင်းတော့ဖြင့် မဟုတ်ပါ။ တန်ချိန်များစွာ လေးလံလှသော ကျောက်တုံးကြီး တစ်တုံးသာဖြစ်ပြီး မည်သည့်အထောက်အပံ့မှ မရှိဘဲ သဘာဝဘေးရန်ကို ကြံ့ကြံ့ခံရင်း နှစ်ပေါင်းများစွာ မတ်မတ်ရပ်တည် နေနိုင်ခဲ့တာဟာလည်း ထူးခြားဆန်းကြယ်လို့နေပါတယ်။
3. Idol Rock, Brimham Moor, North Yorkshire, UK
အင်္ဂလန်နိုင်ငံ ယောခ့်ရှိုင်းယားနယ်ရဲ့ မြောက်ဖက် Brimham Moor ဒေသမှာ ဖြစ်ပေါ်တည်ရှိနေတဲ့ ကျောက်တုံးအကြောင်း ဆက်လက်ဖော်ပြရရင် ပိရမစ်ပုံ အောက်ခံ ကျောက်သားခပ်ချွန်ချွန်သေးသေးပေါ်မှာ တန်၂၀မျှ လေးလံကြီးမားလှတဲ့ ကျောက်ဆောင်ကြီး ဟန်ချက်ညီညီ တည်ရှိနေပုံကလည်း စိတ်ဝင်စားစရာတစ်ခု ဖြစ်ပါတယ်။ ဒီလို ဆန်းကျယ်တဲ့ သဘာဝတရားကို တွေ့ရချိန်မှာ သင်ကိုယ်တိုင် အံ့သြမိမှာ သေချာလောက်အောင် ထူးခြား ဆန်းကျယ်လို့နေပါတယ်။
4. El Torcal de Antequera, Andalucia, Spain
ကျောက်တုံးမျှော်စင်လို့ ခေါ်ရလောက်အောင် အထပ်ထပ်သော ကျောက်သားတွေ တစ်ရစ်ပြီးတစ်ရစ် မြင့်တက်ကာ တည်ရှိနေတာ ဖြစ်ပါတယ်။ ၄င်းကဲ့သို့ ကျောက်သားများ အထပ်ထပ် မြင့်တက်နေခြင်းဟာ တစ်နေရာတည်းမှာ ဖြစ်ပေါ်နေခြင်း မဟုတ်ဘဲ ဘေးနားပတ်ဝန်းကျင်ရှိ ကျောက်သားများဟာလည်း ယခုကဲ့သလို့ပင် စီကာရီကာ မြင့်တက်နေတာ ဖြစ်ပါတယ်။

5. Kjeragbolten, Norway
မကြောက်ဖူးလား မသိး)
အလွန်ကြီးမားတဲ့ ကျောက်တောင်ကြီး ၂ခုကြားမှာ အကျယ်အ၀န်း ၅မီတာခန့် ရှိတဲ့ ကျောက်တုံးကြီးဟာ















