ဒီတစ်ပတ် အစားအသောက်ကဏ္ဍမှာ ပထမဦးဆုံး ဖော်ပြချင်တဲ့ ဟင်းလျာက ဝက်သားနာနတ်သီးကြော် ဖြစ်ပါတယ်။ ဒီရာသီမှာ နာနတ်သီးတွေ အလွန်ပေါနေပြီဖြစ်လို့ နာနတ်သီးကို အသုံးပြုဖို့ စိတ်ကူးမိတာပါ။ နာနတ်သီးနဲ့ ဝက်သားကို နှပ်ချက်လေး ချက်ဖို့ပါ။
ဒါပေမဲ့ အိမ်မှာ ရှိနေတဲ့ ဝက်သားက အခေါက်မပါတာကြောင့် ကြော်လိုက်ပါတယ်။ ဆီပြန်ဆိုရင် အခေါက်လေးနဲ့မှ ပိုလို့စားကောင်းတယ် ထင်မိတာကြောင့် နောက်တစ်ပတ်မှ ဝက်သားနဲ့ နာနတ်သီးကို နှပ်ဖို့ စိတ်ကူးမိပါတယ်။

ဂျင်း၊ ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ငရုပ်သီး ၊ ခရမ်းချဉ်သီးတို့ကို ပြင်ဆင်ထားပါတယ်။ (ပုံမှာ ခရမ်းချဉ်သီးမပါ)
နာနတ်သီးများကို အတုံးလေးများ တုံးပါတယ်။
ဆီကို ပူအောင်တည်ပြီး ဝက်သားများကိုထည့်ပါတယ်။ ကြက်သွန်ဖြူ၊ ဂျင်း၊ ကြက်သွန်နီတို့ကိုထည့်ပါတယ်။
ဝက်သားကျက်ရင် နာနတ်သီးများကိုထည့်ပါတယ်။ ဆား၊ အရသာမှုန့်တို့ကိုထည့်မွှေပါမယ်။ နာနတ်သီးထဲကို အရသာဝင်ဖို့အတွက် ပဲငံပြာရည်ကိုလည်း ထည့်ပါတယ်။ ခရမ်းချဉ်သီးတွေ နွမ်းဖတ် မသွားစေချင်တာမို့ ခရမ်းချဉ်သီးနဲ့ ငရုပ်သီးကို ချခါနီမှ ထည့်ပါတယ်။ နာနတ်သီးများ အရည်မပျော်သွားဖို့ ခဏတာကြော်ဖို့လိုပါတယ်။ ချခါနီး နံနံရွက်ကို ပါးပါးလှီးထည့်ပါတယ်။
အနံ့လည်းမွှေး အရသာလည်း ကောင်းတဲ့ ဝက်သား နာနတ်သီးကြော်တစ်ခွက်ရပါပြီ။
ချိုချဉ်အရသာလေးနဲ့ စားကောင်းတဲ့ ဟင်းတစ်ခွက်ဖြစ်မှာ သေချာပါတယ်ရှင်..
~~~~~~~~~~~~~~~~~~~~~~~~~~~~

ဝက်သားနာနတ်သီးကြော်
ဝက်သား နာနတ်သီးကြော်ဖို့အတွက် ဝက်သားတွေကို ခပ်သေးသေး ပါးပါး အတုံးလေးများတုံးပါတယ်။

ဂျင်း၊ ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ငရုပ်သီး ၊ ခရမ်းချဉ်သီးတို့ကို ပြင်ဆင်ထားပါတယ်။ (ပုံမှာ ခရမ်းချဉ်သီးမပါ)
နာနတ်သီးများကို အတုံးလေးများ တုံးပါတယ်။
ဆီကို ပူအောင်တည်ပြီး ဝက်သားများကိုထည့်ပါတယ်။ ကြက်သွန်ဖြူ၊ ဂျင်း၊ ကြက်သွန်နီတို့ကိုထည့်ပါတယ်။
ဝက်သားကျက်ရင် နာနတ်သီးများကိုထည့်ပါတယ်။ ဆား၊ အရသာမှုန့်တို့ကိုထည့်မွှေပါမယ်။ နာနတ်သီးထဲကို အရသာဝင်ဖို့အတွက် ပဲငံပြာရည်ကိုလည်း ထည့်ပါတယ်။ ခရမ်းချဉ်သီးတွေ နွမ်းဖတ် မသွားစေချင်တာမို့ ခရမ်းချဉ်သီးနဲ့ ငရုပ်သီးကို ချခါနီမှ ထည့်ပါတယ်။ နာနတ်သီးများ အရည်မပျော်သွားဖို့ ခဏတာကြော်ဖို့လိုပါတယ်။ ချခါနီး နံနံရွက်ကို ပါးပါးလှီးထည့်ပါတယ်။
အနံ့လည်းမွှေး အရသာလည်း ကောင်းတဲ့ ဝက်သား နာနတ်သီးကြော်တစ်ခွက်ရပါပြီ။
ချိုချဉ်အရသာလေးနဲ့ စားကောင်းတဲ့ ဟင်းတစ်ခွက်ဖြစ်မှာ သေချာပါတယ်ရှင်..
~~~~~~~~~~~~~~~~~~~~~~~~~~~~
ကြက်သား ဂျူးဖူးကြော်
နောက်ထပ် ဖော်ပြချင်တဲ့ ဟင်းတစ်မျိုးက ဂျူးဖူးနဲ့ ကြက်သားကြော်ပါ။ ( Chives) ဂျူးဖူးက ရုတ်တရက်ကြည့်ရင် ကြက်သွန်မြိတ်နဲ့ တူပေမဲ့ ကြက်သွန်မြိတ်က ရိုးတံပျောပြီးတော့ ဂျူးဖူးကတော့ ရိုးတံခပ်မာမာလေး ဖြစ်ပါတယ်။
ဂျူးဖူးများ