ထူးထူးဆန်းဆန်း ရေချိုးကြသူများ

တစ်သက်လုံးမှာ ရေတစ်ခါတောင် မချိုးတဲ့ လူမျိုးစုအကြောင်း ရေမချိုးကြသူများဆိုတဲ့ နာမည်လေးနဲ့ မကြာခင်ကမှ ရေးခဲ့ပါသေးတယ်။ ခု ဒီတစ်ခါတော့ ကမ္ဘာတစ်လွှားက ဆန်းဆန်းပြားပြား ရေချိုးနည်းများအကြောင်း ဖောက်သည်ချပါဦးမယ်။ အတင်းပြောတာ ဟုတ်ဘူးနော်.. ဖောက်သည်ချတား) ဘယ်လိုနည်းနဲ့များ ရေးချိုးကြတာပါလိမ့်လို့ သိချင်သူများ အောက်မှာ ဆက်ဖတ်ကြည့်ပါနော်။ စိတ်ဝင်စားဖို့ တကယ်ကောင်းပါတယ်း)


ဘီယာဖြင့်ချိုးနည်း

30surf.1large
နှစ်ယောက်တွဲချိုးချိုး
ကဲလေ.. ဘီယာနဲ့ ဇိမ်ခံပြီး ချိုးကြပြန်သတဲ့.. ပြီးတော့ လက်ထဲမှာလည်း ဘီယာခွက်တွေနဲ့.. ကြည့်ရတာ သူတို့ချိုးနေတဲ့ စည်ထဲကနေ ပြန်ခပ်ပြီးများ သောက်ကြသလား မသိနော်။။ ဟိဟိ တစ်ယောက်ယောက် ရှူးပေါက်ချထားရင်တော့ တွားပြီး)




Image Hosted by PicturePush - Photo Sharing

သူငယ်ချင်းနဲ့ ချိုးချိုး

Image Hosted by PicturePush - Photo Sharing

တစ်ယောက်တည်းချိုးချိုး (ချိုးလည်းချိုး သောက်လည်းသောက်)

Image Hosted by PicturePush - Photo Sharing
သူလေးက Budweiser ဘီယာနဲ့ ချိုးတာနော်

ဘီယာနဲ့ရေချိုးနည်းကို ကလေးလူကြီး နှစ်သက်ကြတယ်လို့ဆိုပါတယ်။ ပြီးတော့ ဘီယာနဲ့ ချိုးကြသူများကတော့ ဘီယာဟာ လူရဲ့အရေပြားကို လှပပြီး ငယ်ရွယ်နုပျိုစေပါတယ်လို့ ယုံကြည်ကြပါတယ်တဲ့။ ဟုတ်မဟုတ်တော့ ဘီယာထဲ လက်တွေ့ စိမ်ကြည့်ကြပါနော်..  သောက်ဖို့တောင် အနိုင်နိုင် ဘီယာနဲ့ ရေချိုးဖို့လာပြောနေပြန်ပြီ လို့တော့ မပြောကြေးနော်း)
~~~~~~~~~~~~~~

ဝိုင်နီဖြင့်ချိုးနည်း

wine-bath-001

Image Hosted by PicturePush - Photo Sharing
ဝိုင်အနီဖြင့်ရေချိုးနေကြသူတွေပေါ့

ဝိုင်နီနဲ့ ချိုးတဲ့နည်းက ဂျပန်နိုင်ငံမှာ ခေတ်စားနေတဲ့ ချိုးနည်းတစ်ခုဖြစ်ပါတယ်။  ဂျပန်နိုင်ငံ Hakone Kowakien  က ရေပူစခန်းမှာ ချိုးနိုင်ပါတယ်။ ရေနွေးကန်ထဲမှာ ဝိုင်ဖြင့်ရောစပ်ထားတဲ့ ရေနွေးနွေးကို စိမ်နေရတာဟာ တကယ့်ကို ထူးခြားတဲ့ ခံစားမှုမျိုးကို ပေးနိုင်တယ်လို့ဆိုပါတယ်။ ဝိုင်ကန်ထဲမှာ စိမ်နေရင်း နှစ်သက်သူများက ဝိုင်ကိုသောက်သုံးနိုင်ပါတယ်။ ဝိုင်အနီဟာ အရေပြားကို နုပျိုလှပစေပြီး ဆဲလ်အသစ်များဖြစ်ပေါ်ခြင်းကို အားပေးတယ်လို့ ဆိုပါတယ်။ ဝိုင်နှစ်သက်ကြတဲ့ ကိုကိုမမ၊ မောင်ညီမများ ဝိုင်ဖြင့်ရေချိုးသွားခဲ့ရင် ကန်ထဲက ဝိုင်တွေကို ကုန်အောင်သောက်ခဲ့ကြပါလို့ မှာလိုက်ပါရစေး)

Image Hosted by PicturePush - Photo Sharing
လက်ထဲမှာလည်း ဝိုင်ခွက်တွေကိုယ်စီနဲ့ တော်တော်ပျော်ကြပုံဘဲ။ ကန်ထဲက ဝိုင်တွေကို ခပ်သောက်နေကြတာတော့ မဟုတ်ပါဘူးနော်း)
Image Hosted by PicturePush - Photo Sharing

အချို့သော မိန်းမပျိုတို့ကတော့ ရေနွေးနွေးကို စပျစ်ဝိုင်အညိုရောင်ဖြင့်ရောစပ်လို့ ချိုးကြပါတယ်။ ဝိုင်နဲ့ ချိုးပြီးလို့ အပြင်ထွက်တဲ့အခါ ဘယ်လိုရေမွှေးမျိုးကိုမှ သုံးဖို့မလိုအောင် ခန္ဓာကိုယ်ပေါ်မှာ ဝိုင်ရဲ့ ရနံ့က စွဲကျန်နေရစ်ခဲ့တာက သိပ်ကို နှစ်သက်ဖို့ကောင်းတယ်လို့ ပြောကြပြန်ပါတယ်။ ဝိုင်နဲ့စိမ်ပြီးတော့ ရေအေးနဲ့ ပြန်မချိုးဘူးလား မသိနော်း)
~~~~~~~~~~~~~~

ချောကလက်ရည်ဖြင့်ချိုးနည်း

ကပ်သီးကပ်သပ် နောက်တစ်နည်းက ချောကလက်ပျော်ရည်နဲ့ ချိုးနည်းဖြစ်ပါတယ်။