ပုဇွန်လိမ္မော် ပျားရည်ဆမ်းနဲ့ ဘရိုကိုလီချဉ်စပ်သုပ်

ပုဇွန် လိမ္မော် ပျားရည်ဆမ်း

ဒီတစ်ပတ် ဟင်းချက်စရာ အတွက် ဖော်ပြချင်တဲ့ ဟင်းသစ်တစ်မျိုးက ပုဇွန်လိမ္မော် ပျားရည်ဆမ်းဖြစ်ပါတယ်။ လူတွေမှ ပျားရည်ဆမ်းတတ်တာ မဟုတ်ပါဘူး။ ပုဇွန်တွေမှာလည်း ပျားရည်ဆမ်းကြပါတယ်။ ပုဇွန်ကို ပျားရည်ဘယ်လို ပျားရည်ဆမ်းမလဲဆိုရင် ဒီလိုလေးပါရှင်............

Image Hosted by PicturePush - Photo Sharing
ပထမဦးစွာ ပုဇွန်များကို ခေါင်းချိုးအခွံခွာ၊ သန့်စင်ပြီး ဆား၊ အရသာမှုန့်၊ ပဲငံပြာရည်၊ ဟင်းချက်ဝိုင်အနည်းငယ်တို့ဖြင့် နယ်ပြီး အချိန်အတော်ကြာ ထားထားပါတယ်။

Image Hosted by PicturePush - Photo Sharing
ထို့နောက် ကြက်သွန်ဖြူ၊ ငရုပ်သီးစိမ်း များများကို တောက်တောက်စင်း (စက်ဖြင့်ကြိတ်) ပြီး ဆီဖြင့်ကြော်ပါတယ်။ ကြက်သွန်ဖြူဝါရောင်သန်းလာရင် ပုဇွန်များကို ထည့်ကြော်ပါတယ်။

Image Hosted by PicturePush - Photo Sharing

ကြေ်ပြီးပုဇွန်များကို ပန်းကန်ပြားတစ်ခုထဲ ခုလိုထည့်ထားလိုက်ပါတယ်

Image Hosted by PicturePush - Photo Sharing

ခွက်တစ်ခုထဲ လိမ္မော်ရည်နဲ့ ပျားရည်အနည်းငယ်တို့ကို ရောမွှေထားပါတယ်

Image Hosted by PicturePush - Photo Sharing

အိုးထဲ ဆီအနည်းငယ်ထည့်ပြီး ဆီပူလာပါက လိမ္မော်နဲ့ ပျားရည်အရောကို ထည့်ပါတယ်။ ထို့နောက် အရည်များ ခပ်ပျစ်ပျစ်လေး ဖြစ်ရန် ကော်မှုန့်အနည်းငယ်ကို ရေအေးဖြင့်ဖျော်ပြီး အိုးထဲ လောင်းထည့်ပါတယ်။

ထို့နောက် အရည်များကို ပုဇွန်ပေါ် ခုလို လောင်းချလိုက်ပါတယ်။ ဒီမှာဘဲ ပုဇွန်ကို ပျားလိမ္မော်ရည် ဆမ်းပြီးပြီမို့ အနံ့မွှေးမွှေး၊ အရသာ စပ်စပ်လေးနဲ့ ပုဇွန်လိမ္မော် ပျားရည်ဆမ်းရပါပြီရှင်။
ပုဇွန်လိမ္မော်ပျားရည်ဆမ်းကို ဆီပြန်ချက်စားဖို့ အီလာသူများ ဒီနည်းလေးကို စမ်းပြီးချက်စားနိုင်ပါတယ်။

~~~~~~~~~~~~~~~~~~~~


အင်ဥကြော်

တစ်နေ့က ဈေးထဲမှာ အင်ဥလိုလို ဥတစ်မျိုးကို ပါးပါးလှီး ရေစိမ်ပြီး ရောင်းနေတာ တွေ့တာနဲ့ ဝယ်လာဖြစ်ပါတယ်။ မှိုဥဖြစ်မလား အင်ဥအကြီးစား ဖြစ်မလားတော့ ကျွန်မလဲ မသေချာပါဘူး။ ကျွန်မတို့ဘက်မှာတော့ တစ်ခါမှ ဒီလောက်ကြီးတဲ့အင်ဥတွေကို မတွေ့ဖူးပါဘူး။ ဒီမြို့ကလေးမှာတော့ မိုးရာသီဆို ခုလို ဥမျိုးတွေ ပေါပါတယ်။ ကျွန်မက အင်ဥလို့ဘဲ ခေါ်လိုက်ပါတယ်။

Image Hosted by PicturePush - Photo Sharing

ဒီလိုမျိုးလေးတွေပါ။


Image Hosted by PicturePush - Photo Sharing

၎င်း ပါးပါးလှီးထားတဲ့ ဥကလေးတွေကို ငရုပ်ပွ အနီ အစိမ်းတို့နဲ့ ရောကြော်ဖို့ ခုလို ပြင်ဆင်ပါတယ်။ ထို့နောက် ကြက်သွန်ဖြူ ဓားပြားရိုက်ပြီး ဆီအိုးထဲထည့်ကာ အင်ဥနဲ့ ငရုပ်ပွတို့ကို ရောကြော်ပါတယ်။ ဆား၊ အရသာမှုန့်၊ ပဲငံပြာရည်၊ ငရုပ်သီးစိမ်း ၊ ခရမ်းချဉ်သီး တို့ထည့်ပြီး အချိန်ခဏကြာရင် အိုးချလို့ရပါပြီ။

Image Hosted by PicturePush - Photo Sharing
အင်ဥ ငရုပ်ပွကြော်

Image Hosted by PicturePush - Photo Sharing
စားကြည့်တဲ့အခါမှာလည်း အင်ဥရဲ့ အရသာနဲ့ ဆင်ပါတယ်။
~~~~~~~~~~~~~~~~~~~~

ဘရိုကိုလီချဉ်စပ်သုပ် ( ပန်းဂေါ်ဖီစိမ်းသုပ်)

Image Hosted by PicturePush - Photo Sharing

အရင်တုန်းက ရိုးရိုး ပန်းဂေါ်ဖီသုပ်ကို တင်ခဲ့ဖူးပါတယ်။ ဒီတစ်ခါတော့ ပန်းဂေါ်ဖီစိမ်းကို သုပ်ပါတယ်။ ပန်းဂေါ်ဖီစိမ်းကို အနေတော် အရွယ်များဖြတ်ပြီး  ရေနွေးဆူဆူမှာ ပြုတ်ပါတယ်။ ဂေါ်ဖီများ ပျော့မသွားစေရန် ခေတ္တသာ ပြုတ်ပေးဖို့ လိုပါတယ်။ ပြီးရင် ရေအေးအေးထဲမှာ ချက်ခြင်းစိမ်ထားလိုက်ပါတယ်။