ဖူးပွင့်ဝေစီ ပန်းစုံညီ


ကျွန်မတို့ မြန်မာပြည်မှာ မြင်တွေ့နေရတတ်တဲ့ ပန်းတွေထဲမှာ အချို့သော ပန်းတွေရဲ့ နာမည်ကို အင်္ဂလိပ်လို မသိသေးတဲ့သူများ  သို့မဟုတ် မေ့နေတဲ့သူများ အတွက် ပုံလေးတွေနဲ့တွဲပြီး ဗဟုသုတအဖြစ် ဖော်ပြချင်ပါတယ်။ ကျွန်မကိုယ်တိုင်လည်း မြန်မာပြည်မှာရှိတဲ့ ပန်းတွေထဲမှာ အင်္ဂလိပ်လို  မသိတဲ့ ပန်းတွေ အများကြီး ရှိနေတာကြောင့်  မသိတဲ့ပန်းတွေကို ရှာဖွေစုဆောင်းရင်း ဒီပိုစ့်လေးကို အချိန်အများကြီးပေးပြီး ရေးဖြစ်တာပါ။  မွှေနှောက်ရှာဖွေထားတဲ့ ပန်းတွေထဲက ကျွန်မတို့ မြန်မာလူမျိုးတွေ နှစ်ခြိုက်တတ်တဲ့ ပန်းကလေးတွေရဲ့ အမည်များကို ပြန်လည် မျှဝေရမယ်ဆိုရင်..  


ဇီဇဝါ - Gardenia

Gardenia

http://www.gardenpharmacy.us/wp-content/uploads/2010/12/Gardenia-florida.jpg

ပထမဦးဆုံး ဖော်ပြချင်တဲ့ ပန်းကတော့ ဇီဇဝါ လို့ အမည်ရတဲ့ ပန်းအဖြူရောင်ပန်း ဖြစ်ပါတယ်။ အနံ့အလွန်မွှေးတဲ့ အဖြူရောင် ပန်းတစ်မျိုးဖြစ်ပါတယ်။ အင်္ဂလိပ်လိုတော့ Gardenia လို့ခေါ်ပါတယ်။ မြန်မာပြည်မှာတော့  မြို့ပြတွေမှာထက် မြို့ငယ်လေးတွေ၊ ကျေးရွာတွေမှာ အတွေ့များတဲ့ ပန်းဖြစ်ပါတယ်။

*************


သနပ်ခါးပန်း - Chinese Perfume Plant (or) Chinese Rice Flower (a) Aglaia odorata

 

   

နောက်ထပ် ဖော်ပြချင်တဲ့ ပန်းတစ်မျိုးက ကျွန်မတို့ မြန်မာပြည်မှာတော့ သနပ်ခါးပန်းလို့ ခေါ်ကြတဲ့ အဝါရောင် အလုံးသေးသေး အနံ့သင်းသင်းလေးသာ မွှေးတဲ့ ပန်းဖြစ်ပါတယ်။ ဒီပန်းဟာ အနားကပ်ပြီး အနံ့ခံကြည့်မယ်ဆိုရင် ဘယ်လိုအနံ့မှ မရှိသလို ခံစားရပေမဲ့ ခပ်ဝေးဝေးကနေဆိုရင် လေပြေညှင်းလေးနဲ့ အတူ လွှင့်ပျံလာတတ်တဲ့ ရနံ့မျိုးရှိပါတယ်။ ပွင့်ပြီးတာနဲ့ တစ်ရက်လောက်ဆို ကြွေသွားတတ်ပါတယ်။ Chinese Perfume Plant လို့လည်း ခေါ်ကြပြီး Chinese rice လို့လည်း ခေါ်တတ်ကြပြန်ပါတယ်။

*************

ကံ့ကော် - Mesua Ferrea

Image Hosted by PicturePush - Photo Sharing

Image Hosted by PicturePush - Photo Sharing 

ကျွန်မတို့ မြန်မာလူမျိုးတွေ အလွန်ချစ်ခင်နှစ်သက်ကြတဲ့ ပန်းတစ်မျိုးက အဖြူရောင်ပွင့်ချပ်၊ အဝါရောင်ဝတ်ဆံလေးတွေနဲ့ ချိုအီလွန်းတဲ့ မွှေးရနံ့ရှိသော ကံ့ကော်ပန်း ခေါ် Mesua ferrea  ဖြစ်ပါတယ်။ အရွက်ကိုလည်း ဘုရားမှာ ထိုးကြသလို ပန်းပွင့်ချိန်မှာလည်း ဘုရားလှူ၊ ခေါင်းပေါ်ဆင်မြန်းကြနဲ့ လူကြိုက်များတဲ့ ပန်းဖြစ်ပါတယ်။ ဝတ်ဆံတွေဟာ အလွန်မွှေးတာကြောင့် အခြောက်ခံပြီး သနပ်ခါးဖြင့် ရောလိမ်းကြသလို၊ မြန်မာ ပရဆေးများ ဖော်စပ်ရာတွင်လည်း ထည့်သွင်း အသုံးပြုကြပါတယ်။


*************

တတိုင်းမွှေး - Magnolia

http://www.ceas.ku.edu/asian-botanicals/on-campus/magnolia/Magnolia.jpg

http://www.ceas.ku.edu/asian-botanicals/on-campus/magnolia/Magnolia%202.jpg

အဖြူရောင် အနီရောင် စသဖြင့် ရှိတတ်တဲ့ ဖော်ပြပါ ပန်းကလေးတွေကတော့ တတိုင်းမွှေးခေါ် Magnolia ပန်းကလေးတွေ ဖြစ်ပါတယ်။ ဒီပန်းရဲ့ မူလဒေသဟာ ဂျပန်နဲ့ တရုတ်ဖြစ်ပါတယ်။ ပေ ၂၀ခန့်ထိ ရှိတတ်တဲ့ အပင်မြင့်မျိုးဖြစ်ပါတယ်။ ပွင့်တဲ့ အချိန်မှာ တစ်ပင်လုံး ဝေအောင် ဖူးပွင့်တတ်တဲ့ ပန်းမျိုးဖြစ်ပါတယ်။ မြန်မာပြည်မှာတော့ အတွေ့ရနည်းတဲ့ ပန်းဖြစ်ပါတယ်။

*************

ယုဇနပန်း - Orange Jasmine


 http://1.bp.blogspot.com/_EbeuC85-eGY/TTjL-dcZCYI/AAAAAAAABow/HgUniOHGzew/s1600/Orange_Jasmine-01.jpg
Image Hosted by PicturePush - Photo Sharing

နာမည်လှလှ ဖြူဖွေးဖွေးနဲ့ ပန်းကလေးက ယုဇနပန်းဖြစ်ပါတယ်။ အပွင့်သေးပေမဲ့ အနံ့လေးက အလွန်မွှေးတဲ့ ပန်းပါ။ အပင်လတ် အမျိုးအစားဖြစ်ပြီး ၈ပေမှ ၁၂ပေခန့် ရှိနိုင်သော်လည်း တစ်ပေသာသာခန့် အပင်ငယ်လေး ဖြစ်အောင်လည်း စနစ်တကျ ပြုပြင်လို့ ရတဲ့ အပင်မျိုးလည်းဖြစ်ပြီး ခပ်ဝိုင်းဝိုင်းအပင်မျိုး ဖြစ်ပါတယ်။ Orange Jasmine လို့ ခေါ်ရခြင်းကလည်း ပန်းပွင့်တဲ့အခါ အလွန်မွှေးကြိုင်ပြီး လိမ္မော်ရနံ့နဲ့ ဆင်ဆင်တူတယ်လို့ ဆိုပါတယ်။ တစ်နှစ်ကို အကြိမ်ကြိမ်ပွင့်တတ်တဲ့ ပန်းဖြစ်ပါတယ်။

*************

ပိတောက်ပန်း - Gumkino flower