သေးသေးသွယ်သွယ် အပ်ချောင်းမှိုကလေးများ


http://0.tqn.com/d/gourmetfood/1/0/c/G/enoki_georgia_g.jpg




ဂျပန်လို Enokitake ၊ အင်္ဂလိပ်လိုတော့  Golden Needle Mushroom (a) လို့ခေါ်တဲ့ မှိုဟာ သေးသေးသွယ်သွယ်နဲ့ ရှည်မျှောမျှော အဖြူရောင်မှိုတစ်မျိုး ဖြစ်ပါတယ်။ ဂျပန်နိုင်ငံနဲ့ တရုတ်နိုင်ငံတို့မှာ အသုံးများတဲ့ ချက်ပြုတ်ဖွယ် ဟင်းလျာဖြစ်ပါတယ်။ သေးငယ်လွန်းပြီး ရှည်လျားကာ အပ်ချောင်းလေးများနဲ့ ဆင်တူတာကြောင့် အပ်မှိုရယ်လို့ ခေါ်ဆိုကြပါတယ်။


[cendawan+jarum+emas+@+Flammulina+velutipes.jpg]

ဂျပန်အမည် Enoki ခေါ်တဲ့  Hackberry ပင်တွေမှာ လို့ ခေါ်တဲ့ သစ်ပင်ကြီးတွေရဲ့ ပင်စည်တွေမှာ သဘာဝအတိုင်း ပေါက်ရောက်တတ်တာကြောင့် Enoki မှိုလို့ ခေါ်ပြီးတော့ ပိုးဇာပင်၊ တည်သီးပင်တို့ရဲ့ ပင်စည်တွေမှာလည်း ပေါက်တတ်ပါတယ်။ သဘာဝအတိုင်း ပေါက်ရောက်တဲ့ ရွှေအပ်မှိုနဲ့ စိုက်ပျိုးရရှိတဲ့ မှိုခြင်းဟာ ကွာခြားချက်ရှိပါတယ်။ စိုက်ပျိုးရရှိတဲ့ ရွှေအပ်မှိုဟာ နေရောင်ခြည်ရရှိမှု နည်းပါတဲ့အတွက် အဖြူရောင်ဖြစ်နေပြီး ရိုးတံလည်း ပိုရှည်ပါတယ်။ သဘာဝအတိုင်း ပေါက်ရောက်တဲ့ ရွှေအပ်မှိုကတော့ ညိုရွှေရောင်သန်းပြီး ရိုးတံတိုကာ တုတ်ပါတယ်။



 
 
Image Hosted by PicturePush - Photo Sharing
 

ရွှေအပ်မှိုဟာ စိုက်ပျိုးလို့ အလွန်လွယ်ကူတဲ့ မှိုမျိုးဖြစ်ပြီး ဂျပန်နိုင်ငံမှာတော့ လွန်ခဲ့သော နှစ် ၃၀၀ခန့်ကတည်းက သစ်တုံးများပေါ်မှာ စိုက်ပျိုးလာတာဖြစ်ပါတယ်။ ခုခေတ်မှာတော့ ဗီနိုင်းအိတ် သို့မဟုတ် ပလပ်စတစ်အိတ်၊ ဘူးခွံတို့ဖြင့် စိုက်ပျိုးကြပြီး စူပါမားကက်တွေမှာ ရနိုင်တဲ့အပ်မှိုဟာ စိုက်ပျိုးထားတဲ့ မှိုတွေ များပါတယ်။ ရွှေအပ်မှိုကို အမြစ်နဲ့ပါ တွဲရက် ရောင်းချကြပြီးတော့ လတ်ဆတ်တဲ့ အပ်မှိုဟာ ရေခဲသေတ္တာထဲမှာ ထားရင် ၅ရက်ကနေ ဆယ်ရက်ခန့် အထားခံပါတယ်။



 

ဟော့ပေါ့ဆွတ်ပြုတ်ထဲက အပ်မှို






 ချက်ပြုတ်ခါနီးမှာ အမြစ်ပိုင်းကို ဖြတ်ပစ်ဖို့လိုပြီးတော့ ရေနဲ့ သေချာဆေးကြောရပါမယ်။ အလွန် နူးညံ့လွန်းတာကြောင့် ချက်တဲ့အခါမှာလည်း အချိန်အကြာကြီး ချက်ပြုတ်တာမျိုး မလုပ်ဘဲ ၃မိနစ်ခန့်သာ ချက်ပြုတ်ဖို့လိုပါတယ်။ သို့မှသာ မှိုမှာပါဝင်တဲ့ ဒြပ်ပေါင်းများ မပျက်စီးဘဲ ကျန်ရှိမှာ ဖြစ်ပါတယ်။ရွှေအပ်မှိုကို ဟော့ပေါ့ထဲမှာ ထည့်သွင်းစားသောက်ကြပြီး ဆွတ်ပြုတ်၊ အသုပ်၊ ဆူရှီနဲ့ ဆင်းဒဝစ်ထဲ ထည့်စားခြင်း ၊ ခေါက်ဆွဲထဲ တည့်စားခြင်း၊ အစိမ်းစားခြင်း စသဖြင့် နည်းအမျိုးမျိုးတို့ဖြင့် စားသောက်ကြပါတယ်။ စည်သွပ်ဗူးနဲ့ သော်လည်းကောင်း လတ်လတ်ဆတ်ဆတ် သော်လည်းကောင်း ရနိုင်ပေမဲ့ လတ်လတ်ဆတ်ဆတ် ရနိုင်တဲ့ မှိုက ပိုပြီးကောင်းပါတယ်။


pork-roll-needle-mushroom
 အပ်မှို ဝက်သားလိပ်

steamboat
ဟော့ပေါ့

Image Hosted by PicturePush - Photo Sharing 
အပ်မှိုပါတဲ့ ဆူရှီ

Image Hosted by PicturePush - Photo Sharing 
မှို အသားလိပ် ဆူရှီ



ရွှေအပ်မှိုဟာ သေးငယ်ပေမဲ့လည်း လူတွေရဲ့ ကိုယ်ခံအားကို မြှင့်တင် ပေးနိုင်စွမ်းတော့ အလွန် ထက်တယ်လို့ ဆိုပါတယ်။ ဓာတ်တိုးဆန့်ကျင်ပစ္စည်းနဲ့ အဟာရဓာတ်ပြည့်ဝပြီး အမိုင်နို အက်ဆစ်လည်း ပါဝင်ပါတယ်။ ထို့ပြင်လည်း ဗိုင်းရပ်စ်များကို ခုခံနိုင်စွမ်းအားလည်း ရှိပါတယ်။ ရွှေအပ်မှိုရဲ့ ရိုးတံမှာတော့ ပရိုတိန်းတွေ ပါဝင်ပါတယ်။ ဗီတာမင် ဒီ ကြွယ်ဝစွာပါဝင်ပြီးတော့ ဗီတာမင်ဒီ ကွန်ပေါင်း ဓာတ်တွေ ပါဝင်ပါတယ်။ လိုင်စင်းနဲ့ ဇင့်ဓာတ်တွေ ပါဝင်တာကြောင့် ကလေးများအတွက်လည်း အထူး ကောင်းမွန်တယ်လို့ သိရပါတယ်။ အကြိတ်နဲ့ ကင်ဆာဆဲလ်တွေကိုလည်း တိုက်ဖျက်နိုင်စွမ်းရှိတယ်လို့ ထင်ရှားတာကြောင့် ဂျပန်၊ ကိုးရီးယားနဲ့ တရုတ်နိုင်ငံမှာတော့ သဘာဝ ကင်ဆာကာကွယ်ဆေးအဖြစ် အလွန် အစားများကြပါတယ်။

 

လတ်ဆတ်တဲ့ ရွှေအပ်မှို 


ရွှေအပ်မှိုကို ဝယ်မယ်ဆိုရင် ဖြူဆွတ်နေပြီး အရောင်တောက်ပနေတဲ့ အထုပ်ကိုသာ ရွေးချယ်သင့်ပြီးတော့ ရိုးတံဝါနေလျှင်သော်လည်းကောင်း ၊ အရိအရွဲများဖြင့် ချွဲနေပြီဆိုလျှင်သော်လည်းကောင်း မဝယ်သင့်ဘူးလို့ ဆိုပါတယ်။ ဒီလောက် အစားများပြီး အရသာလည်းကောင်းတယ်ဆိုတဲ့ ရွှေအပ်မှိုကို ကျွန်မ မချောကလည်း နှစ်သက်စွာ စားပါတယ်။ တကယ်လဲ အရသာကောင်းမွန်တာကြောင့် မကြာခဏ ချက်စားဖြစ်ပါတယ်။  ပိုစ့်သိပ်ရှည်သွားတဲ့အတွက် အဲဒီချက်နည်းတွေကိုတော့ မနက်ဖန်မှာ ဆက်လက် ဝေမျှပါဦးမယ်ရှင်။