မှိုဝက်သားလိပ်ပေါင်း၊ မှိုချဉ်စပ်သုပ်

Image Hosted by PicturePush - Photo Sharing

မနေ့ကတော့ ( Golden Needle Mushroom) ရွှေအပ်မှိုရဲ့ ကောင်းကျိုးတွေအကြောင်း ရေးပြီးခဲ့တာမို့ ဒီနေ့တော့ ကျွန်မ ချက်စားဖြစ်တဲ့ ရွှေအပ်မှိုဟင်းအကြောင်းများကို ရေးချင်ပါတယ်။ ရွှေအပ်မှိုကို အသား၊ အသီးအရွက်တွေနဲ့ ရောပြီး ကြော်စားကြသလို ပေါင်းစားတာလည်း အရသာရှိပြီး စားလို့ကောင်းပါတယ်။ ပေါင်းစားဖြစ်တဲ့နည်းတွေကို ပြောပြရမယ်ဆိုရင်

ရွှေအပ်မှိုပေါင်း

Image Hosted by PicturePush - Photo Sharing 

ရွှေအပ်မှိုကို အမြစ်ပိုင်းက ဖြတ်ပစ်ပြီး ရေစင်အောင်ဆေးကာ ခုလို အစည်းလေးများ စည်းလိုက်ပါတယ်။

Image Hosted by PicturePush - Photo Sharing 

နှမ်းဆီ၊ ကြက်သွန်ဖြူ၊ ငရုပ်သီး၊ ကြက်သွန်မြိတ်၊ ပဲငံပြာရည် ၊ဆား၊ အရသာမှုန့် တို့ကို ရောမွှေပါတယ်။

Image Hosted by PicturePush - Photo Sharing 
အရည်ကို မှိုစည်းများပေါ်မှာ လောင်းချလိုက်ပါတယ်။

Image Hosted by PicturePush - Photo Sharing 

ထို့နောက် မှိုများကို ရေနွေးဆူဆူဖြင့် ပေါင်းပါတယ်။ အိုးကို အဖုံးအုပ်ထားဖို့ လိုပါတယ်။

Image Hosted by PicturePush - Photo Sharing 

ခဏလေးနဲ့ဆို ကျက်သွားပါပြီ။ အိုးပေါ်ကချပြီး ငရုပ်ပွအစိမ်း နဲ့ ငရုပ်သီးအနီများဖြင့် ခုလိုအပေါ်က အလှဆင်လိုက်ပါတယ်။

Image Hosted by PicturePush - Photo Sharing 
စားချင်စဖွယ် မှိုပေါင်းတစ်ခွက် ရပါပြီ။

 ************************

ရွှေအပ်မှို အသားလိပ်ပေါင်း

Image Hosted by PicturePush - Photo Sharing 

မှိုကို အသားလိပ်နဲ့ ပေါင်းဖို့အတွက် ဝက်သားကို ခုလို ခပ်ပါးပါး ရှည်ရှည်လှီးပါတယ်။

Image Hosted by PicturePush - Photo Sharing 

ရေစင်အောင်ဆေးထားတဲ့ မှိုများကို ဝက်သားပြားနဲ့ ခုလို ပတ်ပြီးစည်းလိုက်ပါတယ်။

Image Hosted by PicturePush - Photo Sharing 
မှိုဝက်သားလိပ်ကို ရေနွေးဖြင့်ပေါင်းပါတယ်။

Image Hosted by PicturePush - Photo Sharing 

ကြက်သွန်ဖြူ၊ ငရုပ်ပွ၊ အနီ အစိမ်းတို့ကို ဆီသတ်ပြီး ပဲငံပြာရည်၊ ဆား၊ အရသာမှုန့်တို့ ထည့်ပါတယ်။
Image Hosted by PicturePush - Photo Sharing

ကော်မှုန့် အနည်းငယ်ကို ရေဖျော်ပြီး ထည့်လိုက်ပါတယ်။

Image Hosted by PicturePush - Photo Sharing 

မှိုဝက်သားလိပ်ပေါင်း ရပါပြီ။

Image Hosted by PicturePush - Photo Sharing 
တစ်လိပ်ချင်းဆို ဒီလိုလေးပါ။ စားလို့လည်း ကောင်းပါတယ်။း)

************************

ရွှေအပ်မှိုသုပ်

Image Hosted by PicturePush - Photo Sharing

မှိုကိုရေစင်အောင်ဆေးထားပါတယ်

Image Hosted by PicturePush - Photo Sharing 

မုန်လာဥနီ၊ ငရုပ်ပွ နီ စိမ်းတို့ကို အချောင်းကလေးများ ဖြစ်အောင် လှီးထားပါတယ်

Image Hosted by PicturePush - Photo Sharing 
မှို ငရုပ်ပွ၊ ဥနီတို့ကို ပေါင်းပြီး ၂မိနစ်ခန့်သာ  ပြုတ်ပါတယ်

Image Hosted by PicturePush - Photo Sharing 

ပြုတ်ပြီး ရေအေးအေးတွင် ဆေးကာ ရေစစ်ထားပါတယ်.

Image Hosted by PicturePush - Photo Sharing 
ကြက်သွန်ဖြူ ၊ ငရုပ်သီးဆီကြော်၊ ငံပြာရည်၊ နှမ်းဆီ ၊ ဆား၊ ရှာလကာရည်

Image Hosted by PicturePush - Photo Sharing
 ပြုတ်ထားတဲ့ မှို၊ ဥနီ၊ ငရုပ်ပွတို့ကို ငရုပ်သီးစိမ်း ၊ နံနံပင်ထည့်ပြီး အပေါ်က အရည်ကို လောင်းချလိုက်ပြီး ရောမွှေလိုက်ပါတယ်။ ချဉ်ချဉ်လေး စားလိုပါက သံပုရာရည် ညှစ်ထည့်နိုင်ပါတယ်။

Image Hosted by PicturePush - Photo Sharing 

Image Hosted by PicturePush - Photo Sharing

 ချဉ်ချဉ်စပ်စပ် ရွှေအပ်မှိုသုပ်

 ကျွန်မချက်စားဖြစ်တဲ့  ရွှေအပ်မှိုဟင်းများ ဖြစ်ပါတယ်။

အားလုံးဘဲ ပျော်ရွှင်ကျန်းမာကြပါစေရှင်..