စာရေးချင်စိတ်ကြောင့် ဘလောဂ့်တစ်ခုကိုတည်ဆောက်ထားပြီး အွန်လိုင်းပေါ်မှာ စာတွေရေးနေခဲ့ပါတယ်။ အဲဒီလို စာတွေ ရေးနေခဲ့တာကြောင့် အွန်လိုင်းပေါ်က စာရေးသူတွေကို ဘလော်ဂါလို့ ခေါ်ကြတဲ့အတွက် ကျွန်မသည်လည်း ဘလော်ဂါတစ်ယောက် ဖြစ်လာရပါတယ်။ ဘယ်သို့ပင်ဖြစ်စေ ဘလော့တစ်ခု ပိုင်ဆိုင်ပြီး စာရေးနေပြီဆိုမှတော့ အများသုံးနှုန်းတဲ့အတိုင်း ဘလော်ဂါဘဲ ဆိုရမှာပေါ့နော်။ ဘလော်ဂါ တစ်ယောက် အဖြစ် စာရေးနေတဲ့အတွက် ဘလော့်အသိုင်းအဝိုင်းနဲ့လည်း ဆက်စပ် ပတ်သက်လာရပါပြီ။ ခုတစ်လော ဘလောဂ့်ရပ်ဝန်းမှာ တဂ်ပိုစ့်တွေနဲ့ တစ်ယောက်နဲ့တစ်ယောက် ချစ်ခင်ရင်းနှီးစွာ တဂ်လာကြတာရှိကြပါတယ်။ အဲဒီထဲက ကျွန်မရေးဖို့ တာဝန်ရှိနေသေးတဲ့တဂ်ပိုစ့်က “ဘလော်ဂါဆိုတာ ဘာလဲ” လို့ နတ်ဆိုးလေးနဲ့ ညီမငယ် အိန်ဂျယ်လှိုင်တို့က တဂ်ထားတဲ့ ပိုစ့်ဖြစ်ပါတယ်။
ဘလော်ဂါဆိုတာဘာလဲတဲ့ .. ကျွန်မသိထားတဲ့ ဘလော်ဂါဆိုတာကတော့ ရှင်းပါတယ် အင်တာနက် စာမျက်နှာတွေထက်မှာ စာရေးနေကြသူတွေဘဲပေါ့။ ဘလော်ဂါဆိုတဲ့ သတ်မှတ်ချက်က အွန်လိုင်းပေးမှာ စာရေးနေသူတွေဖြစ်ကြောင်းတော့ တူညီနိုင်ပါတယ်။ အဲဒီလို ရေးနေကြသူတွေတိုင်းက ဝေမျှနေကြသူတွေ ဖြစ်ပါတယ်။ တစ်ချို့က စာလာဖတ်သူတွေကို ဗဟုသုတတွေ ဝေမျှတယ်၊ နည်းပညာ၊ အသိပညာတွေ ဖြန့်ဝေတယ်။ ခံစားချက်တွေ ရသတွေ မျှဝေခံစားစေတယ်။ ဟင်းချက်နည်း၊ ခရီးသွားအတွေ့အကြုံ၊ ကိုယ်ပိုင်ခံစားချက် စတာတွေကို မိမိတစ်ယောက်တည်း မခံစားဘဲ ဝေမျှကြတယ်။ ဒါကြောင့် ဘလော်ဂါတွေဟာ ဝေမျှခံစားနေကြသူတွေပါ။ ဘလော်ဂါအများစုဟာ မိမိရေးတဲ့စာ၊ မိမိဝေမျှတဲ့ အကြောင်းအရာရဲ့ အမှားအမှန်ကို တာဝန်ယူကြသူတွေများပါတယ်။ သို့သော် ဘယ်လိုတာဝန်ယူတာလဲ ဆိုတာကိုတော့ ကျွန်မကိုယ်ကိုယ် ဥပမာပေးပြီး ပြောပြချင်ပါတယ်။
ဘလော်ဂါဆိုတာဘာလဲတဲ့ .. ကျွန်မသိထားတဲ့ ဘလော်ဂါဆိုတာကတော့ ရှင်းပါတယ် အင်တာနက် စာမျက်နှာတွေထက်မှာ စာရေးနေကြသူတွေဘဲပေါ့။ ဘလော်ဂါဆိုတဲ့ သတ်မှတ်ချက်က အွန်လိုင်းပေးမှာ စာရေးနေသူတွေဖြစ်ကြောင်းတော့ တူညီနိုင်ပါတယ်။ အဲဒီလို ရေးနေကြသူတွေတိုင်းက ဝေမျှနေကြသူတွေ ဖြစ်ပါတယ်။ တစ်ချို့က စာလာဖတ်သူတွေကို ဗဟုသုတတွေ ဝေမျှတယ်၊ နည်းပညာ၊ အသိပညာတွေ ဖြန့်ဝေတယ်။ ခံစားချက်တွေ ရသတွေ မျှဝေခံစားစေတယ်။ ဟင်းချက်နည်း၊ ခရီးသွားအတွေ့အကြုံ၊ ကိုယ်ပိုင်ခံစားချက် စတာတွေကို မိမိတစ်ယောက်တည်း မခံစားဘဲ ဝေမျှကြတယ်။ ဒါကြောင့် ဘလော်ဂါတွေဟာ ဝေမျှခံစားနေကြသူတွေပါ။ ဘလော်ဂါအများစုဟာ မိမိရေးတဲ့စာ၊ မိမိဝေမျှတဲ့ အကြောင်းအရာရဲ့ အမှားအမှန်ကို တာဝန်ယူကြသူတွေများပါတယ်။ သို့သော် ဘယ်လိုတာဝန်ယူတာလဲ ဆိုတာကိုတော့ ကျွန်မကိုယ်ကိုယ် ဥပမာပေးပြီး ပြောပြချင်ပါတယ်။
ကျွန်မ ဘလော့်ပေါ်မှာ စာရေးတဲ့အခါ ထူးဆန်းတဲ့ အကြောင်းအရာတစ်ခုကို အင်တာနက်ကနေ ဖတ်မိပြီး စိတ်ဝင်စားလို့ ဘာသာပြန်တော့မယ်ဆိုရင် အဲဒီအကြောင်းအရာဟာ တကယ်ရှိတာဟုတ်မဟုတ်၊ ဓာတ်ပုံတွေဟာလည်း ဖန်တီးထားတဲ့ ပုံတွေ မဖြစ်ရလေအောင် ဝက်ဆိုဒ်ပေါင်းများစွာကို ဖွင့်ပြီး ရှာဖွေ မွှေနှောက်ပါတယ်။ အဲဒီအကြောင်းအရာကို စစ်စစ်ပေါက်ပေါက် ရှာဖွေလို့ သေချာပြီဆိုတော့မှ ဘာသာပြန်ပါတယ်။ တခါတလေမှာတော့ လွှဲချော်သွားခဲ့တာမျိုးလည်း ရှိကောင်းရှိခဲ့မှာပါ။ သို့သော် ကျွန်မပြောချင်တာက မရေးခင်မှာတော့ အချက်အလက်တွေကို တစ်နေရာတည်းက မဟုတ်ဘဲ နေရာအနှံ့က ရှာဖွေပြီးမှ ရေးတယ်ဆိုတာကို ပြောချင်တာပါ။
ကျွန်မရေးမဲ့ အကြောင်းအရာထဲမှာ ဆေးပညာနဲ့ပတ်သက်တဲ့ အချက်အလက် ပါခဲ့ရင်လည်း ကျွန်မနဲ့ ခင်မင်ရင်းနှီးတဲ့ ဆရာဝန်သူငယ်ချင်းတွေကို မေးမြန်း လေ့လာပြီးမှသာ ပိုစ့်ထဲကို ထည့်သွင်း ရေးသားပါတယ်။ ဒေသန္တရ ဗဟုသုတဖြစ်စေမဲ့ ခရီးသွားမှတ်တမ်းလို အကြောင်းအရာတွေ ရေးဖို့ဆိုရင်လည်း မြို့တစ်မြို့ရောက်ရင် အဲဒီမြို့ရဲ့ ဖြစ်စဉ်၊ ထူးခြားချက်၊ မြို့သမိုင်းနဲ့ပတ်သက်တဲ့ စာအုပ်စာတမ်းများ စတာတွေကို အရင်ဆုံး ရှာဖွေစုဆောင်း လေ့လာပါတယ်။ ပြီးရင် မြို့အနှံ့ ဓာတ်ပုံလိုက်ရိုက်ပါတယ်။ ဒေသခံများနဲ့ပါ စကားစမြည်ပြောဆိုပြီး မြို့အကြောင်းကို ပြည့်ပြည့်စုံစုံ သိရအောင် ရှာဖွေလေ့ရှိပါတယ်။ လိုအပ်ရင် ဖုန်းဆက်ပြီး မေးမြန်းရတာမျိုးတွေ လုပ်ဖြစ်ပါတယ်။
ဒီနေရာမှာ ကျွန်မရဲ့ အတွေ့အကြုံတစ်ခုကို ပြောရရင် မြို့တစ်မြို့ကို ရောက်တဲ့အခါတုန်းက တောင်ပေါ် ရေကန်ကြီးတစ်ခုကို သွားလည်ကြပါတယ်။ ရေကန်ကြီးက တောင်ပေါ်မှာ တည်ဆောက်ထားတာပါ။ တောင်တွေ ဝိုင်းရံနေပြီး ဘေးဝန်းကျင်မှာလည်း သစ်ပင်တောအုပ်တွေနဲ့ စိမ်းစိုနေခဲ့ပါတယ်။ သန့်ရှင်းသပ်ရပ်နေပြီးတော့ အင်မတန်မှလည်း သာသာယာယာ ရှိပါတယ်။ အဲဒီရေကန်ကြီးကနေ မြို့နေလူထုကို သောက်သုံးရေတွေ မျှဝေနေတာဖြစ်ပါတယ်။ အဲဒီရေကန်ဟာ ချောင်းတစ်ခုကို ဖြတ်ပြီး ပိတ်ထားတဲ့ ဆည်ကြီးတစ်ခုနဲ့ တူပါတယ်။ ဆည်ကြီးရဲ့ အောက်ဘက်မှာတော့ မြောင်းငယ်လေးတစ်ခု စီးဆင်းနေပါတယ်။ ဆည်ကနေ ဖွင့်ထုတ်ထားတဲ့ ရေအချို့ စီးဆင်းနေတာ ဖြစ်ပါတယ်။ မြောင်းဘေး ဝန်းကျင်တစ်လျှောက်မှာတော့ လူနေအိမ်ခြေတွေ အများကြီးရှိနေပါတယ်။
အဲဒါကိုကြည့်ပြီး ကျွန်မစိတ်ထဲမှာ အဲဒီရေကန်ကြီးဟာ ယခင်က ချောင်းကြီးတစ်ခု ဖြစ်လိမ့်မယ် အဲဒီချောင်းကို ဆည်ပိတ်ပြီး ရေတွေကို သိုလှောင်လိုက်တာ ဖြစ်နိုင်တယ်။ အဲဒီလို ဆည်ပိတ်လိုက်လို့ ချောင်းရေတွေနည်းသွားပြီး မြောင်းကလေးဖြစ်သွားတဲ့အခါ ဘေးပတ်ဝန်းကျင် လူထု ဘယ်လိုများ ခံစားရလဲ၊ ဘယ်လိုဆိုးကျိုးတွေ ရှိသွားသလဲဆိုတာ သိချင်လာပါတယ်။ တကယ်လို့ အဲဒီဆိုးကျိုးတွေ သိလာတဲ့အခါ ဆည်တစ်ခုတည်ဆောက်လိုက်ရင် လူတွေအတွက် ဘယ်လိုဆိုးကျိုးရှိတယ်၊ ဘယ်လို ကောင်းကျိုးရှိတယ်ဆိုတာ စာတစ်ပုဒ်ရေးဖို့ပါ စိတ်ကူးရှိခဲ့ပါတယ်။
အဲဒါကိုကြည့်ပြီး ကျွန်မစိတ်ထဲမှာ အဲဒီရေကန်ကြီးဟာ ယခင်က ချောင်းကြီးတစ်ခု ဖြစ်လိမ့်မယ် အဲဒီချောင်းကို ဆည်ပိတ်ပြီး ရေတွေကို သိုလှောင်လိုက်တာ ဖြစ်နိုင်တယ်။ အဲဒီလို ဆည်ပိတ်လိုက်လို့ ချောင်းရေတွေနည်းသွားပြီး မြောင်းကလေးဖြစ်သွားတဲ့အခါ ဘေးပတ်ဝန်းကျင် လူထု ဘယ်လိုများ ခံစားရလဲ၊ ဘယ်လိုဆိုးကျိုးတွေ ရှိသွားသလဲဆိုတာ သိချင်လာပါတယ်။ တကယ်လို့ အဲဒီဆိုးကျိုးတွေ သိလာတဲ့အခါ ဆည်တစ်ခုတည်ဆောက်လိုက်ရင် လူတွေအတွက် ဘယ်လိုဆိုးကျိုးရှိတယ်၊ ဘယ်လို ကောင်းကျိုးရှိတယ်ဆိုတာ စာတစ်ပုဒ်ရေးဖို့ပါ စိတ်ကူးရှိခဲ့ပါတယ်။
အောက်ကနေ မြင်ရတဲ့ အနေအထား
အဲဒီစိတ်ကူးတွေနဲ့ ကျွန်မဟာ တစ်ရက်လောက် အချိန်ယူပြီး သူတို့ဘာသာစကား တတ်ကျွမ်းတဲ့ ဒေသခံ မိန်းခလေးတစ်ယောက်ကို အဖော်ခေါ်ကာ အဲဒီဆည်ကြီးရဲ့ အောက်ဖက် မြောင်းကလေး ဘေးတစ်လျှောက်က လူနေအိမ်ခြေတွေကို သွားရောက်ပါတယ်။ ဆည်ကြီးကိုလည်း ဓာတ်ပုံတွေ အများကြီးရိုက်ပြီး၊ ဆည်အောက်က မြောင်းကိုလည်း ဓါတ်ပုံတွေ ရိုက်ပါတယ်။ ပြီးတော့ ဒေသခံ ရွာသူရွာသားတွေနဲ့ သေချာစကားပြောကြည့်တဲ့အခါမှာ သူတို့တွေက “ဒီဆည်ကြီးဟာ ချောင်းကို ပိတ်ပြီး ဆောက်ထားတာ မဟုတ်ပါဘူး၊ နဂိုက ဒီနေရာဟာ တောင်ကြားကြီးတစ်ခုပါ အဲဒီမှာ မိုးအခါ တောင်ပေါ်က စီးကျလာတဲ့ရေတွေကို ပိတ်ပြီး ဆည်ဆောက်ထားတာပါ။ ဒီမြောင်းကလည်း ဆည်ဆောက်ပြီးမှ ဖောက်ထားပေးတဲ့ မြောင်းပါ” လို့ အားလုံးက ပြောကြပါတယ်။ ကျွန်မ ဒီသတင်းကို သေချာဖို့ လူတစ်ယောက်တည်းကို မဟုတ်ဘဲ လူအတော်များများကို မေးခဲ့တာပါ။ အားလုံးကလည်း ချောင်းကို ပိတ်တဲ့ဆည် မဟုတ်ပါဘူးလို့ ပြောကြပါတယ်။
ကန်ထဲက စီးလာတဲ့ ရေမြောင်း
အဲဒီစကားတွေကြောင့် ကျွန်မက ဒီရေကန်ကြီးနဲ့ ပတ်သက်ပြီး ချောင်းကိုဖြတ်ကာ ဆည်ပိတ်လိုက်တဲ့အတွက် ဆိုးကျိုး ကောင်းကျိုးကို ဘယ်လိုရှိတယ်ဆိုတာ ရေးဖို့ အစီအစဉ်ကို ဖျက်လိုက်ပါတယ်။ ကျွန်မစိတ်ထဲမှာ ချောင်းကိုပိတ်တဲ့ဆည်လို့ ခုချိန်ထိကိုထင်နေခဲ့ပေမဲ့ ခိုင်မာတဲ့အထောက်အထား မရတာကြောင့် ဒီအကြောင်းကို မရေးဖြစ်တော့ပါဘူး။ အဲဒီတော့ ကျွန်မနဲ့ ခင်မင်တဲ့ ညီမငယ် တစ်ယောက်က “အစ်မက ဆည်တစ်ခု ဆောက်လိုက်လို့ ဖြစ်လာတဲ့ ကောင်းကျိုးဆိုးကျိုးကို ရေးမှာဘဲဟာ။ ဘာဖြစ်လဲ အခုလဲ ဒီရေကန်ကြီးဟာ ချောင်းကိုပိတ်ပြီး ဆည်ဆောက်ထားတာလို့ ပုံတွေနဲ့ ရေးလိုက်ပေါ့။ ပုံတွေလည်း ပါနေတာဘဲ မဟုတ်ဘူးလို့ ဘယ်သူက သိမှာလဲ ” လို့ ပြောပါတယ်။ ဒါပေမဲ့ ကျွန်မ အဲဒီလို မလုပ်ချင်ပါဘူး၊ မဟုတ်ဘဲ ရေးလိုက်တဲ့အခါ ဘယ်သူကမှ မသိခဲ့ရင်တောင် မိမိကိုယ်တိုင်က သိနေတဲ့အတွက် ဘယ်လိုမှ လိပ်ပြာမသန့်ပါဘူး။ မဟုတ်တာကို ဟုတ်ပါတယ်လို့ လီဆယ်ပြီး မရေးချင်တာက ကျွန်မဘလောဂ့်ကို လာဖတ်ကြသူတွေကို လေးစားသောအားဖြင့် မရေးချင်တဲ့ ကျွန်မရဲ့ စိတ်ရင်း အမှန်ပါ။
ကိုယ်ရေးမဲ့ စာတစ်ပုဒ်ဟာ မှန်ကန်မှုရှိမရှိ၊ စာဖတ်သူကို လိမ်ညာထားတဲ့စာ မဖြစ်စေဖို့ ၊ လေ့လာရပါတယ်။ ရှာဖွေရပါတယ်။ ကိုယ့်ဘလော့လေးမှာ ရေးတယ်ဆိုပေမဲ့ အယ်ဒီတာမရှိ၊ တည်းဖြတ်သူမရှိတဲ့ ကိုယ်ရေးတဲ့စာတွေရဲ့ ကောင်းကျိုး၊ ဆိုးကျိုး ကိုယ်တိုင်သာ တာဝန်ယူရတာ ဖြစ်ပါတယ်။ သတင်းဆိုရင်လည်း သတင်းဟာ မှန်ကန်ဖို့ လိုသလို၊ အကြောင်းအရာဆိုရင်လည်း ကိုယ်ရေးတဲ့ အကြောင်းအရာဟာ မှန်ကန်ဖို့ လိုပါတယ်။ ကိုယ်ရေးတဲ့ အကြောင်းအရာတွေဟာ မှားနေတာမျိုး၊ ကိုယ်ရေးလိုက်တဲ့အမှားကြောင့် သူတစ်ပါး နစ်နာရတာမျိုး မဖြစ်အောင် ဘလော်ဂါတွေက မိမိစာကို မိမိတာဝန်ယူကြရတာ ဖြစ်ပါတယ်။ အဲဒီလို ဆိုတော့ ကျွန်မရေးတဲ့စာတွေ၊ အကြောင်းအရာ တွေဟာ အမှားလုံးဝမရှိဘူးလား၊ မမှားတော့ဘူးလားလို့ မေးလာရင်တော့ ရှိပါတယ်လို့ ပြန်ဖြေမှာပါ။ ဘယ်လောက်ဘဲ တိကျတဲ့ အကြောင်းအရာဖြစ်စေ မှားရင်လည်း မှားနိုင်ပါတယ်။ ကျွန်မရဲ့ နားလည်မှု အမှားလည်း ဖြစ်နိုင်ပါတယ်။ မသိလိုက်လို့ မှားတာလည်း ဖြစ်နိုင်ပါတယ်။ အမှားလုံးဝမပါဘူးလို့ မပြောနိုင်ပေမဲ့ အမှားနည်းအောင်တော့ ကျွန်မတို့ကြိုးစားရမှာပါ။ မသိလို့ မှားတဲ့အမှားမျိုးတွေ ရှိတတ်ကြပေမဲ့ သိသိကြီးနဲ့ မှားတာမျိုး၊ အမှားကို အမှားမှန်းသိရက်နဲ့ အမှန်လို့ ပြောတာ၊ရေးတာမျိုးကတော့ မဖြစ်သင့်ဘူးလို့ ယုံကြည်ပါတယ်။
အွန်လိုင်းပေါ်မှာ စာရေးနေတဲ့ ဘာမှ မဟုတ်တဲ့ ကျွန်မတို့လို ဘလော်ဂါတွေကတောင် ကိုယ်ရေးမဲ့စာဟာ အမှန်တရား မဟုတ်ခဲ့ရင် ရေးသားဖို့ လက်တွန့်ပါတယ်။ ကျွန်မတို့ ဘလော့ရေးသူတွေရဲ့ ဘလောဂ့်က စာတွေကို ဖတ်တဲ့သူတွေဟာ လူနည်းစုဖြစ်ပါတယ်။ ရေတွက်ကြည့်ရင် ရာဂဏန်းမျှသာ ဖြစ်ပါတယ်။ သို့သော် ဘလောဂ့်ကို လာဖတ်ကြတဲ့ ရာဂဏန်းမျှသော သူတွေကိုပင် မှန်ကန်တဲ့ အကြောင်းအရာ တွေကိုသာ ဘလော်ဂါ အများစုက ပေးချင်ကြပါတယ်။ ကျွန်မတို့ ဘလော်ဂါတွေတင်မှ မဟုတ်ပါဘူး လူတိုင်းလူတိုင်းဟာ မိမိရေးမဲ့အကြောင်းအရာ၊ မိမိပြောမဲ့စကားတွေဟာ မှန်ကန်မှု ရှိဖို့ အရေးကြီးပါတယ်။ အွန်လိုင်းပေါ်က သာမာန် စာရေးသူတွေ မဟုတ်တဲ့ လူအများဖတ်ရှုကြသော စာအုပ်ပေါ်မှာ ရေးနေကြတဲ့ စာရေးဆရာကြီး တွေဟာလည်း မှန်ကန်တိကျတဲ့ အကြောင်းအရာတွေကိုသာ သူတို့ရဲ့ စာဖတ်သူတို့ကို ပေးဝေကြမှာ သေချာပါတယ်။
လူသိန်းပေါင်း၊ သန်းပေါင်းများစွာက စောင့်ဖတ်ကြရတဲ့ နာမည်ကြီး စာရေးသူတွေ၊ ပြည်သူလူထုအပေါ် တာဝန်ရှိကြသူ လူကြီးမင်းဖြစ်သူတွေရဲ့စကားတွေ၊ စာတွေ ဆိုရင် ပိုပြီး မှန်ကန်တိကျဖို့ လိုပါတယ်။ မိမိပြောမဲ့စကား၊ မိမိရေးမဲ့အကြောင်းအရာကို နားထောင်နေသူတွေ၊ စောင့်ဖတ်နေကြသူတွေဟာ စဉ်းစားဆင်ခြင် တတ်ကြသူတွေ ချည်းပါ။ အမှားအမှန်ကို သိမြင်နိုင်ကြသူတွေ ဖြစ်ကြပါတယ်။ ပြောတဲ့စကားမှာ အမှားပါရင်၊ ကျိုးကြောင်းဆီလျှော်မှု မရှိရင် နားထောင်တာနဲ့ သိကြမှာဖြစ်သလို၊ ရေးတဲ့စာမှာလည်း အမှားပါရင် တွေ့မြင်ကြမှာ ဖြစ်ပါတယ်။ လူတွေအားလုံးရှေ့ ချပြတဲ့ စကားလုံးများ၊ စာအရေးအသားများဟာ မမှန်မကန် လုပ်ကြံဖန်တီးထားတဲ့ အချက်အလက်တွေသာ ဖြစ်နေခဲ့မယ်ဆိုရင် အဲဒီစကားလုံးတွေ အတွက်တော့ ပြောတဲ့သူမှာ တာဝန်အပြည့်အဝ ရှိပါတယ်။ စာတစ်ပုဒ်ကို ပြီးစလွယ်မရေးသင့်သလို စကားတစ်ခွန်းကို ပြီးစလွယ် မပြောသင့်ဘူး မဟုတ်လားရှင်။
အမှန်အမှားရဲ့ ကောင်းကျိုးဆိုးကျိုးကို ပြောတဲ့သူ၊ သို့မဟုတ် ရေးတဲ့သူက တာဝန်ယူရမှာပါ။ ဒါကြောင့် မိမိပြောမဲ့စကား ၊ မိမိရေးမဲ့စာဟာ အမှားအမှန် သေချာအောင်တော့ မပြောခင်၊ မရေးခင်မှာ ဖြစ်နိုင်ချေ ရှိရဲ့လား ၊ မှန်ကန်မှုရှိရဲ့လား ဆိုတာကို ကြိုတင်စီစစ်မှု ရှိထားသင့်တယ်၊ လိုအပ်ရင် ကိုယ်တိုင် ကိုယ်ကျ လေ့လာ အားထုတ်သင့်တယ် မဟုတ်ပါလားရှင်။
နတ်ဆိုးလေး နဲ့ အိန်ဂျယ်လှိုင်လေး တဂ်တဲ့ပိုစ့် “ဘလော်ဂါဆိုတာ ဘာလဲ” ဆိုတာကနေ ခုတလော စိတ်ခံစားမိတာ၊ တွေးမိတာတွေ ဆင့်ပွားပြီး ရေးလိုက်တာဖြစ်ပါတယ်။ ဒီပိုစ့်လေးအတွက် ကျေနပ်မယ်လို့ မျှော်လင့်ပါတယ်နော်။




















