ကျောက်စိမ်းတွင်းပေါ်က ကျွန်မတို့ရွာ...


Image Hosted by PicturePush - Photo Sharing

 မှော်စီစာတောင်ပေါ်ရှိ စန္ဒာမုနိဘုရား

ကျွန်မကို မွေးဖွား ကြီးပြင်းစေခဲ့တဲ့ ကျွန်မရဲ့ ဇာတိ ရွာကလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ အရင်ဦးဆုံး ရွာအကြောင်း မပြောခင်မှာ ကျွန်မ မိဘတွေအကြောင်းလည်း အနည်းငယ် ပြောပြချင်ပါတယ်။ ကျွန်မ အင်တာနက်ပေါ်မှာ စာတွေရေးတယ်ဆိုတာ သိတဲ့ ကျွန်မအမေဟာ သူကိုယ်တိုင်လည်း စာရေးစာဖတ် သိပ်ဝါသနာကြီးတော့ သဘောတွေကျပြီး ကျေနပ်လို့နေပါတယ်။ ပြီးတော့လည်း အမေနဲ့ ဖုန်းပြောတိုင်း ကျွန်မတို့ဒေသရဲ့ အကြောင်းတွေ၊ အစားအသောက် အကြောင်းတွေ ရေးဖို့ တိုက်တွန်းတတ်သလို၊ ဖားကန့်ဒေသမှာ အခါကြီးရက်ကြီး ပွဲလမ်းသဘင်တွေဖြစ်စေ၊ တစ်ခုခု ထူးခြားတာတွေ ရှိလာရင်ဖြစ်စေ “မင်းတို့ အစ်မသာရှိရင် ဓာတ်ပုံရိုက်တော့မှာ။ အခုလည်း ဓာတ်ပုံတွေရိုက်ထား။ မင်းတို့အစ်မဆီ ပို့ရအောင်” လို့ ပြောတတ်ပြီး အနားမှာရှိတဲ့ မောင်နှမတွေကို ဓာတ်ပုံ အတင်းရိုက်ခိုင်းတတ်ပါတယ်။ ဘလော်ဂါတွေကတော့ သိတဲ့အတိုင်း ရောက်ရာအရပ်မှာ ကင်မရာတကားကားနဲ့ တွေ့သမျှ ဓာတ်ပုံရိုက်ကြတာကိုးနော်။ ကျွန်မရဲ့ ညီမအငယ်ဆုံးကလည်း ဘာလေးဘဲဖြစ်ဖြစ် ဓာတ်ပုံရိုက်ထားပြီး ကျွန်မဆီကို ပို့တတ်ပါတယ်။  ကျွန်မပြန်သွားတုန်းက ရိုက်ခဲ့တဲ့ ပုံတွေ ၉၀%နှုန်းလောက်က ပျက်စီးကုန်တာမို့  သူတို့ကျေးဇူးနဲ့မို့သာ ဖားကန့်ဒေသအကြောင်း ဓာတ်ပုံတွေ စုံစုံလင်လင်နဲ့ ရေးနိုင်တာပါ။

အဖေကတော့ အနေအေးသူမို့ ကျွန်မ ဘာလုပ်လုပ် ကန့်ကွက်တာတွေ ဘာတွေ မလုပ်သလို ထူးထူးခြားခြားလည်း ဘာမှ ပြောလေ့မရှိပါဘူး. ဒါပေမဲ့ အဖေက ဗဟုသုတသိပ်စုံပါတယ်. ကျွန်မသိလိုတာရှိရင် အဖေကို အမြဲ မေးရပါတယ်. ပြီးတော့လည်း ကျွန်မတို့ရွာကလေးမှာလည်း အဖေက အသက်ကြီးသူ၊ ဗဟုသုတစုံသူ၊ တည်တည်တံ့တံ့ နေတတ်သူ ဖြစ်တာကြောင့် အများက လေးစားကြပြီး သိလိုတာရှိရင်လည်း အဖေကို လာမေးတတ်ကြပါတယ်. ကျွန်မတို့ ရှမ်းနီ လူမျိုးတွေရဲ့ ရိုးလာဓလေ့တွေဆိုရင် ခုခေတ် လူတွေက သိပ်မသိကြတော့ ရှေ့မီနောက်မီဖြစ်တဲ့ အဖေကို လာမေးတတ်ကြပါတယ်။ အဖေဟာ အင်မတန်မှ ရိုးသားပြီး လူတွေကို ယုံလွယ်တဲ့သူတစ်ယောက်ပါ. စိတ်ကောင်းလည်း အလွန်ရှိပါတယ်။ အခုဆို အဖေက အသက်အတော်ကြီးပြီဖြစ်လို့ အိမ်မှာဘဲ နေပါတော့တယ်။ အမေကတော့ ဘာသာတရားကို အလွန်ကိုင်းရှိုင်းပြီး သားသမီးတွေကိုလည်း သူ့အတိုင်း ဘာသာရေးကို လိုက်စားစေချင်သူပါ။ ကျွန်မကို တွေ့တိုင်းလည်း ဘုရားတရားကို မမေ့ဖို့၊ တရားထိုင်ဖို့၊ စသဖြင့် အမြဲတမ်း တိုက်တွန်းတတ်သူပါ။ ခုချိန်ထိလည်း ဘာသာရေးနဲ့ ပတ်သက်တဲ့ အလုပ်တွေကို နှစ်သက်ခုံမင်စွာ လုပ်နေသူဖြစ်ပါတယ်။ အခါကြီး ရက်ကြီးတွေမှာ အမေရဲ့ ဘုရားစင်က ဆွမ်းတော်ပွဲဟာ ဆွမ်းခွက်ပေါင်းများစွာနဲ့ ဆွမ်းတော်တင်တတ်တဲ့ သဒ္ဓါတရားကြီးမားသူ ဖြစ်ပါတယ်။ သာမန်ရက်တွေမှာလည်း ဘုရားကို သက်တော်ထင်ရှား ရှိသကဲ့သို့ ဆွမ်းကပ်သူတစ်ယောက် ဖြစ်ပါတယ်။ အမေရဲ့ ဘုရားစင်နဲ့ အမေအကြောင်းကိုလည်း ပိုစ့်လေးတစ်ပုဒ် ရေးခဲ့ဖူးပါသေးတယ်။



Image Hosted by PicturePush - Photo Sharing

အမေရဲ့ ဘုရားစင်


Image Hosted by PicturePush - Photo Sharing

ဘုရားစင်က ဆွမ်းတော်ပွဲ

ဘလောဂ့်လေးလုပ်ပြီး စာရေးလာတဲ့ နောက်ပိုင်း ခရီး သွားလာ ရင်း မြို့တစ်မြို့ကို ရောက်တဲ့အခါ  အချိန်ရရင် ရသလို အဲဒီမြို့ရဲ့ ထူးခြားတဲ့နေရာ၊ သာယာ လှပတဲ့ နေရာ၊ သမိုင်းဝင် စေတီဘုရားတွေ၊ ထင်ရှား ကျော်ကြားတဲ့နေရာတွေ ရှိရာကို ရောက်အောင် သွားပြီး ဓာတ်ပုံရိုက်၊ အချက်အလက်တွေ စုဆောင်းလေ့ ရှိပါတယ်။ ပြီးတော့ အဲဒါတွေကို ကျွန်မရဲ့ ဘလောဂ့်ပေါ်ကနေ အခြားသော စာဖတ်သူ မိတ်ဆွေတို့ကို ပြန်လည် မျှဝေလေ့ ရှိပါတယ်။ ကျွန်မ ရောက်ခဲ့ဖူးတဲ့ မြို့တွေရဲ့ ကောင်းတဲ့ အချက်တွေ၊ သာယာ လှပပုံတွေကိုသာ ဦးစားပေးပြီး ရေးလေ့ ရှိခဲ့ပါတယ်။ ကျွန်မ ရေးခဲ့ဖူးတဲ့ မြို့တွေလိုဘဲ ကျွန်မကို မွေးဖွား ကြီးပြင်းလာစေခဲ့တဲ့ ကျွန်မရဲ့ ဒေသ အကြောင်းကိုလည်း ကောင်းတဲ့အချက်လေးတွေ၊ သာယာ လှပတဲ့ နေရာတွေကို ရေးချင် မိပါတယ်။ သို့ပေမဲ့လည်း ကျွန်မရဲ့ ဇာတိဒေသဟာ နာမည်ကျော်ကြားလှတဲ့ ကျောက်စိမ်းကြောင့် ရှိသမျှ တောတွေ တောင်တွေ ကုန်တော့မဲ့ အထိအောင် မြေလှန် ရှာဖွေခြင်း ခံရတဲ့ အခါမှာတော့ ဘယ်မှာလာပြီး ဟိုး ယခင် တုန်းကလို တောင် တန်း ပြာပြာတွေ သစ်တော စိမ်းစိမ်းတွေနဲ့ သာယာ လှပခဲ့တဲ့ တောရိပ်တောင်ရိပ် တို့ဟာ ခုနေခါမှာတော့ ဘယ်မှာလာပြီး စိမ်းစို လှပပါတော့မလဲရှင်.


ကျွန်မတို့ဒေသကလေးဟာ သဘာဝပတ်ဝန်းကျင်အားဖြင့် အရင်ကလို သာသာယာယာ မရှိတော့ပေမဲ့ ဘာသာ၊ သာသနာရေးမှာတော့ လက်မနှေးကြသလို၊ ဗုဒ္ဓဘာသာအလှူပွဲတွေမှာ အလွန်ကို ရက်ရက်ရောရော လှူတန်းကြသလို၊ ပွဲတွေကလည်း ရိုးရာထုံးတမ်း အစဉ်အလာမပျက် ကျင်းပတာမို့ သိပ်ကို ပျော်စရာကောင်းပါတယ်။ ကျွန်မတို့ဒေသရဲ့ သင်္ကြန်တို့လို၊ မီးထွန်းပွဲတော်တို့လို အကြောင်းတွေကို အရင်ကလည်း ရေးခဲ့ဖူးပါသေးတယ်။ ကျွန်မရဲ့ မိဘနှစ်ပါးစလုံးဟာ ကချင်ပြည်နယ်မှာ နေထိုင်တဲ့ ရှမ်းလူမျိုးတွေ ဖြစ်ပြီး ကျွန်မတို့ဒေသရဲ့ ကျောက်စိမ်းတွင်းက မြို့ရွာ၊ နာမည်တွေ တော်တော် များများဟာ ရှမ်းနာမည်တွေကနေ ဆင်းသက်လာတာ ဖြစ်ပါတယ်. ဖားကန့်ဆိုရင် ဖာ- ကျောက်ဖျာ ကန့်- ပြိုကျတာ လို့ အဓိပ္ပါယ်ရတယ်လို့ သိရပါတယ်။ ကျွန်မရဲ့ ဇာတိ လုံးခင်းဆိုရင်လည်း ဆည်ကြီးတစ်ခုရဲ့ အနီးမှာ ရှိလို့ ရှမ်းလိုခေါ်တာဖြစ်ကြောင်း ကျွန်မရဲ့ အဖေက ပြောပြခဲ့ဖူးပါတယ်။ မှော်စီစာ၊ နမ့်မဖြစ်၊ ဆိပ်မူ၊ နမ့်စမ်း စသဖြင့် ရွာတွေဟာ ရှမ်းနာမည်တွေ များစွာ ရှိပါတယ်။

ကျွန်မရဲ့ ဇာတိဒေသဟာ ဖားကန့်လို့ဆိုပေမဲ့ တိတိကျကျ ပြောရရင်တော့ ဖားကန့်မြို့နဲ့ ၆မိုင်နီးပါး ဝေးတဲ့ လုံးခင်းဆိုတဲ့ ရွာကလေးဟာ ကျွန်ရဲ့ မိဘတွေနဲ့ မောင်နှမတွေ နေထိုင်ဆဲဖြစ်ပြီး ကျွန်မကို မွေးဖွားခဲ့တဲ့ ရွာကလေးဖြစ်ပါတယ်။ ကျောက်စိမ်းမှော်နယ်မြေကို ရောက်တာနဲ့ ဖားကန့်ကို မရောက်ခင်မှာ ကျွန်မရဲ့ ရွာကလေးကို အရင်ဆုံး ရောက်ပါတယ်။ ပြီးတော့မှာ ဖားကန့်ကိုရောက်တာပါ။ ဖားကန့်ကနေ ဆက်သွားရင်