ဝက်သားပူစီနံ ချဉ်စပ်သုပ်၊ ဝက်သားသစ်အယ်သီးကြော်

ချစ်သော မိတ်ဆွေများကို ဒီတစ်ပတ် ဟင်းချက်စရာကဏ္ဍမှာ ခု ဆောင်းရာသီမှာ လှိုင်လှိုင်ပေါနေပြီဖြစ်တဲ့ သစ်အယ်သီး ( Sweet Chestnuts) ကို ဝက်သားနဲ့ ကြော်တဲ့နည်းရယ်၊ ပူစီနံရွက်ကို ဝက်သားနဲ့ ချဉ်စပ်လေး သုပ်တဲ့နည်းရယ် ကိုပြောပြချင်ပါတယ်ရှင်။ သစ်အယ်သီးကို ကျွန်မတို့ ကချင်ပြည်နယ် မှာတော့ ဂုံးသီးလို့လည်း ခေါ်ကြပြီး အချို့ကနှစ်တစ်ထောင်သီး လို့လည်းခေါ်ကြပါတယ်။ အခု ကျွန်မနေတဲ့မြို့မှာလည်း သစ်အယ်သီးတွေ သိပ်ပေါနေပါပြီ။ ဒါကြောင့် သစ်အယ်သီး ရှိတဲ့ ဒေသမှာ ရောက်နေသူများအတွက် ဟင်းတစ်ခွက် ရနိုင်အောင် ချက်နည်းလေး ပြန်လည် မျှဝေချင် ပါတယ်နော်။

သစ်အယ်သီး ဝက်သားကြော်


Image Hosted by PicturePush - Photo Sharing

သစ်အယ်သီး

သစ်အယ်သီး အစိမ်း အလုံး၂၀ခန့် အခွံမာများ ခွာလိုက်ပါတယ်.

Image Hosted by PicturePush - Photo Sharing

၎င်း အတွင်းသားများကို ရေနွေးဖြင့် မိနစ် ၂၀ခန့် ပြုတ်ပါတယ်.. 

 ရေနွေးဖြင့် ပြုတ်ပါတယ်..


ဝက်သားများကို အတုံးငယ်လေးများတုံးပြီး ဆား၊ ငံပြာရည်အကြည်၊ အရသာမှုန့်တို့ဖြင့် နယ်ထားလိုက်ပါတယ်..  
ဂုံးသီးများကျက်သွားပြီဆိုရင် ခုလို ခပ်ရွယ်ရွယ် အပိုင်းကလေးတွေ ပိုင်းလိုက်ပါတယ်။


Image Hosted by PicturePush - Photo Sharing

ကြက်သွန်ဖြူ၊ ဂျင်း တို့ဖြင့် ဝက်သားကို ကြော်ပါမယ်..


Image Hosted by PicturePush - Photo Sharing

 ဝက်သားကျက်ခါနီးမှာ သစ်အယ်သီး၊ ဂျူးဖူး အနည်းငယ်၊ ငရုပ်သီးတို့ကို ထည့်ပါတယ်.. ဂျူးဖူးက အစိမ်းရောင်လေး လိုချင်လို့ ထည့်တာပါ. မရှိလည်း မထည့်ဘဲ ရပါတယ်.. ကြက်သွန်မြိတ်၊ နံနံတို့ကို ချကာနီးမှ ထည့်နိုင်ပါတယ်။။


Image Hosted by PicturePush - Photo Sharing


အရသာမှုန့်များထည့်ပြီး အပေါ့ငံမြည်းလို့ အနေတော်ရင် ချလို့ရပါပြီ..


Image Hosted by PicturePush - Photo Sharing
ဝက်သားသစ်အယ်သီးကြော်တစ်ခွက် ရပါပြီ။


Image Hosted by PicturePush - Photo Sharing
 

~~~~~~~~~~~~~~@@@~~~~~~~~~~~~~~


ဝက်သားပူစီနံသုပ်

ဒီအသုပ်ကတော့ သူငယ်ချင်းတစ်ယောက် အလည်လာတုန်းက ချက်ကျွေးဖြစ်တဲ့ ဟင်းဖြစ်ပါတယ်.. ချဉ်ချဉ်စပ်စပ်လေးမို့ အတော်လေး ခံတွင်းမြိန်ပြီးတော့ သူငယ်ချင်းဖြစ်သူက ကောင်းလိုက်တာလို့ တဖွဖွ ပြောပြီး နောက်တစ်ကြိမ် သူအလည်လာချိန်မှာလည်း ပူစီနံရွက် သုပ်ကျွေးပါဦးလို့ တောင်းဆိုတဲ့ ဟင်းတစ်ခွက် ဖြစ်ပါတယ်.. သူပြောသလို ကောင်းမကောင်းဆိုတာတော့ စာဖတ်သူများ ကိုယ်တိုင် ချက်စား ကြည့်ရင် သိမှာပါနော်..မယုံရင် စားကြည့်ပါ။  :P



Image Hosted by PicturePush - Photo Sharing

ဝက်သားနဲ့ သုပ်စားဖို့အတွက် ပူစီနံရွက်ကို  ရေစင်အောင် ဆေးပြီး ရေစစ်ထားလိုက်ပါတယ်.. 

Image Hosted by PicturePush - Photo Sharing
ဒါကတော့ တောက်တောက်စင်းထားတဲ့ ဝက်သားတွေပါ။။


Image Hosted by PicturePush - Photo Sharing

ဝက်သားတွေကို ဆား၊ အရသာမှုန့်ထည့်ပြီး အိုးထဲကို ရေနည်းနည်းထည့်ပြီး မီးပေါ်တည်ပါတယ်။။ ရေခမ်းသွားချိန်မှာ ဆီနည်းနည်းသာထည့်ပြီး ကြော်ပါတယ်.. ဝက်သားကျက်ရင် အေးအောင် ခနထားလိုက်ပါတယ်. 

Image Hosted by PicturePush - Photo Sharing

ပူစီနံရွက်တွေကို မိမိနှစ်သက်ရာ အရွယ်လှီးဖြတ်ပြီး ကြက်သွန်နီ၊ ငရုပ်သီးစိမ်း၊ ခရမ်းချဉ်သီး တို့ထည့်ပါတယ်.. ထို့နောက် သရုပ်သီးအစိမ်းမှုန့်ကို ဆီနဲ့ကြော်ပြီး ၄င်းဆီနဲ့ ငရုပ်သီးကြော်တို့ကို ထည့်ပါတယ်။

Image Hosted by PicturePush - Photo Sharing

ကြော်ပြီး အေးအောင် ထားထားတဲ့ ဝက်သားများကို ထည့်လိုက်ပါတယ်၊။ ဝက်သားကို ကြော်ပြီးချင်းချင်း မထည့်ပါဘူး.. ပူနေတုန်း ထည့်ပါက ဝက်သားကြော်ရဲ့ အပူချိန်ကြေင့် ပူစီနံရွက်များ နွမ်းသွားတတ်ပါတယ်။

Image Hosted by PicturePush - Photo Sharing

သံပုရာသီးပါ အဆင်သင့်ပြင်ထားပြီး စားခါနီးမှ ကောက်နယ်လိုက်ရုံပါဘဲ

Image Hosted by PicturePush - Photo Sharing

သံပုရာသီးညှစ်ပြီး နယ်ပါပြီ.. ဆား၊ အရသာမှုန့် ၊ ငါးငံပြာရည် စသည်တို့ကိုထည့်ပါတယ်

Image Hosted by PicturePush - Photo Sharing

 သံပုရာနံ့မွှေးမွှေး ချဉ်ချဉ်စပ်စပ် ပူရှိန်းရှိန်းနဲ့ ဝက်သားပူစံနံသုပ်ရပါပြီ.


Image Hosted by PicturePush - Photo Sharing
အဲဒီ သူငယ်ချင်း နောက်တစ်ကြိမ် အိမ်လာလည်တဲ့အခါ သူတောင်းဆိုတာနဲ့ ထပ်ပြီး သုပ်ကျွေးဖြစ်တဲ့ ဝက်သားပူစီနံသုပ်ပါ.



အဆီမများဘဲ ချဉ်ချဉ်စပ်စပ်၊ ပူပူရှိန်းရှိန်း ကြိုက်တတ်သူများအတွက် ခံတွင်းတွေ့မဲ့ ဝက်သားပူစီနံသုပ်ဟင်း ဖြစ်ပါတယ်ရှင်.

ဝက်သားမစားသူများ အပေါ်က အသားနေရာတွေမှာ ကြက်သားနဲ့ အစားထိုးပြီးလည်း ချက်ပြုတ်နိုင် ပါတယ်နော်.. 


ချစ်သော မိတ်ဆွေများအားလုံးအတွက် Happy  Weekend ဖြစ်ပါစေနော်..


Image Hosted by PicturePush - Photo Sharing