မြေစာမြက်ကလေးများ...

“အဲဒီ စစ်ကလည်း ဘာဖြစ်လို့ ဖြစ်နေကြတာလဲ၊ ကျွန်တော်တို့ ကျောင်းလည်း မတက်ရတော့ဘူး၊ ဒီမှာနေရတာ အရမ်းချမ်းတယ်.. အိမ်ဘဲပြန်ချင်တယ်။ အဝါး( အဖေ) ကလည်း ခုထိ ပြန်မလာသေးဘူး” ဟု ရေရွတ်နေရင်းက....

အိပ်မက်ထဲက ကချင်မြေ

ကျွန်မတို့ ကချင်ပြည်နယ်မှာ သဘာဝတရားရဲ့ ဖန်တီးမှုတွေနဲ့ အင်မတန် လှပသာယာတဲ့ အိက်မက်ဆန်ဆန် နေရာလေးတွေ ရှိနေပါသေးတယ်....

ကွာရှင်းပြတ်စဲခြင်း

ဒီလိုနဲ့ ကျွန်တော်တို့၂ယောက်ရဲ့ အချစ်တွေ အေးခဲသွားချိန်မှာ ကျွန်တော့်ဘ၀ထဲကို ဂျူလီ ဝင်ရောက်လာခဲ့တယ်....

ကျောက်စိမ်းတွင်းပေါ်က ကျွန်မတို့ရွာ...

ကျောက်စိမ်းမှော်နယ်မြေကို ရောက်တာနဲ့ ဖားကန့်ကို မရောက်ခင်မှာ ကျွန်မရဲ့ ရွာကလေးကို အရင်ဆုံး ရောက်ပါတယ်။ ပြီးတော့မှ...

ဘ၀လမ်းပေါ်က အမှိုက်ကားများ

လူတွေတော်တော်များများဟာ အမှိုက်ကားတွေနဲ့ တူတယ်ဗျ.. သူတို့ဟာ အမှိုက်တွေအပြည့် တင်ဆောင်ပြီး လမ်းပေါ်မှာ မောင်းနှင်နေကြတယ်...

Saturday, December 17, 2011

ဂဏန်းချဉ်စပ်၊ ပုဇွန်နှမ်းကပ်ကြော်နဲ့ နှုတ်ဆက်တဲ့ညနေ..

ဖေ့ဘွတ်မှာ ညီမလေးတစ်ယောက်က ဂဏန်းချက်နည်းလေး ရေးပေးပါဦးဆိုလို့ မနေ့ညက အိမ်အလည်လာတဲ့ ညီမလေး ၂ယောက်ကို ပြန်ခါနီးချက်ကျွေးတဲ့ ဟင်းတွေကို တင်လိုက်ပါတယ်နော်။ 



စားဖြစ်တာတွေက ဂဏန်းချဉ်စပ်ချက်၊ ပုဇွန်နှမ်းကပ်ကြော်၊ ကြက်ခြေထောက်ချဉ်စပ်တို့ပါ။ ချက်နည်းတွေကတော့ လွယ်လွယ်ကူကူပါ။

Image Hosted by PicturePush - Photo Sharing

ဂဏန်းကို ရေစင်အောင်ဆေး၊ သန့်ရှင်းရေးလုပ်ပြီးတော့မှ ရေနွေးနဲ့ အရင်ပြုတ်ပါတယ်။ အချိန် ခဏတာပြုတ်ပါတယ်.


Image Hosted by PicturePush - Photo Sharing

ကျွန်မက ဂဏန်းကို ဆီသတ်ပြီး မချက်ဘဲ အဆာပလာ အားလုံးထည့်နယ်ပြီး ချက်တဲ့နည်းနဲ့ ချက်ပါတယ်။ ပြုတ်ပြီး ဂဏန်းများကို ကြက်သွန်ဖြူ၊ ကြက်သွန်နီထောင်း၊ ငရုပ်သီးစိမ်းများများထောင်း၊ ခရမ်းချဉ်သီးတစ်လုံး တောက်တောက်စင်းထည့်၊ ဆီ အနည်းငယ်၊ နံနံ၊ ပင်စိမ်း၊ဖက်ဖယ်စတဲ့ ဟင်းခတ်ရွက်တွေထည့်၊ တိုကျန်ခေါ် တရုတ်ပဲငပိ အနည်းငယ်၊ ဆား၊ အရသာမှုန့်များထည့်ပြီး နယ်ပါတယ်။ 



Image Hosted by PicturePush - Photo Sharing

အဆာပလာ အားလုံးစုံရင် ရေထည့်ပြီး တည်လိုက်ပါတယ်။မကြာခင်မှာတော့ အနံ့လေး မွှေးလာပါပြီ။


Image Hosted by PicturePush - Photo Sharing

ဂဏန်းတွေကျက်လို့ ချကာနီပြီဆိုတော့မှ သံပုရာသီး မိမိနှစ်သက်တဲ့ ပမာဏကို အရည်ညှစ်ပြီး ရောမွှေလိုက်ပါတယ်။ 


Image Hosted by PicturePush - Photo Sharing

ဂဏန်းကိုမကြာခင်



Image Hosted by PicturePush - Photo Sharing

သံပုရာနံ့လေး မွှေးနေတဲ့ ဂဏန်းချဉ်စပ်ပါ။

Image Hosted by PicturePush - Photo Sharing
ဂဏန်းချဉ်စပ်


Image Hosted by PicturePush - Photo Sharing

အရင်က ချက်စားဖြစ်တဲ့ ဂဏန်းကို မဆလာလေးနဲ့ ချက်နည်းကတော့ ပထမဦးဆုံး ကြက်သွန်နီ၊ ကြက်သွန်ဖြူကို ဆီသတ်ပါတယ်။ ပြီးတာနဲ့ဂဏန်းတွေကို ထည့်၊ မကျည်သီးအနှစ်အရည်ကိုထည့်ပြီး မဆလာလေးအုပ်ကာ ချက်ထားတာပါ။
Image Hosted by PicturePush - Photo Sharing

ဒါကတော့ ဂဏန်း မဆလာချက်ပါ။

******************

ပုဇွန်နှမ်းကပ်ကြော်


Image Hosted by PicturePush - Photo Sharing


ဒါကတော့ ပုဇွန်တွေကို ကြော်ဖို့ ပြင်ဆင်ထားတာပါ။ ပုဇွန်ကို သန့်ရှင်း၊  ခေါင်းဖြတ်၊ အကြောဖယ်ပြီး ဆား၊ အရသာမှုန့် တို့နဲ့ နယ်ထားပါတယ်။ အကြော်မှုန့် (တန်ပူရာအမှုန့်)ကို ကြက်ဥနဲ့ နယ်ပြီး အရသာမှုန့်အနည်းငယ်၊ ဆားအနည်းငယ်ထည့်ထားပါတယ်။ နှမ်းအနက်ကို ဘေးမှာထားထားတာပါ။ ပုဇွန်တွေကို ကြက်ဥနဲ့ ဖောက်ထားတဲ့ အနှစ်ထဲမှာ လူးလိုက်ပြီး နှမ်းကပ်လိုက်ကာ ကြော်လိုက်တာပါ။

Image Hosted by PicturePush - Photo Sharing

ဆီအိုးထဲထည့်ကြော်လိုက်ပါတယ်။ ပုဇွန်များ ရွှေရောင်သန်းလာရင် ချလို့ရပါပြီ။

Image Hosted by PicturePush - Photo Sharing

စားလို့ရပြီနော် ပုဇွန်နှမ်းကပ်ကြော်


Image Hosted by PicturePush - Photo Sharing
စားပါဦးလားနော်


Image Hosted by PicturePush - Photo Sharing
ထမင်းရယ် ဂဏန်းချက်ရယ်၊ ပုဇွန်နှမ်းကပ်ကြော်ရယ် စားဖို့ အဆင်သင့်


Image Hosted by PicturePush - Photo Sharing


ဒါကတော့ ကြက်ခြေထောက်ချဉ်စပ်ပါ။ လုပ်နည်းကိုတော့ ( ဒီနေရာမှာ) ရေးခဲ့ဖူးပြီးသားမို့ ထပ်မရေးတော့ပါဘူးနော်.  


Image Hosted by PicturePush - Photo Sharing

အဆင်သင့်ဖြစ်ပြီမို့ စားလို့ရပါပြီ။
Image Hosted by PicturePush - Photo Sharing
မစားသေးခင် ဓာတ်ပုံအရိုက်ခံနေတဲ့ မော်ဒယ်လ်များ :P ဘေးနားက ဖန်ခွက်တွေကို အသာဖယ်ပြီး ဓာတ်ပုံရိုက်လိုက်ပါတယ်.. (ရေနွေးကြမ်းခွက်တွေကို ပြောတာ )


စားပြီးတာနဲ့ ပြန်ကြတော့မဲ့ ညီမတွေကို ဒီဟင်းတွေ နှုတ်ဆက်လိုက်တာပါ။ 



ချစ်သော မိတ်ဆွေများအတွက် ပျော်ရွှင်ဖွယ်အားလပ်ရက်လေး ဖြစ်ပါစေနော်.



Image Hosted by PicturePush - Photo Sharing