Cappadocia ဒေသဟာ တူရကီနိုင်ငံရဲ့ အလည်မှာတည်ရှိပြီး လေရေ တိုက်စားမှုကြောင့် ပုံသဏ္ဍာန် အမျိုးမျိုးနဲ့ မျက်စိတစ်ဆုံး ကြည့်၍ မဆုံးနိုင်အောင် များပြား လှတဲ့ ကျောက်ဆောင် ကျောက်သားများ၊ ကျောက် တိုင်ကြီးများကို တွေ့ရှိနိုင်တဲ့ ထူးဆန်းသော ဒေသဖြစ်ပါတယ်။ အချို့သော ကျောက်ဆောင်များဟာ သဘာဝရေကန်များ၊ စမ်းချောင်းများထဲမှာပါ ဖြစ်ပေါ် တည်ရှိနေကြပါတယ်။ Cappadocia ဒေသမှာ လွန်ခဲ့တဲ့ နှစ်ပေါင်း တစ်သောင်းကျော်လောက် ကတည်းက လူတွေ အခြေချ နေထိုင်ခဲ့ကြပြီလို့ ဆိုပါတယ်။ အဲဒီဒေသမှာ နေထိုင်ကြတဲ့ ဒေသခံများဟာ ခပ်ပျော့ပျော့ ဖြစ်နေတဲ့ ကျောက်သား ကျောက်ဆောင်များကို ထွင်းထုပြီးမှ နေအိမ်များ၊ ဘုရားရှိခိုးကျောင်းများ၊ ဘာသာရေး အဆောက်အဦးများ၊ ဟိုတယ်များ အဖြစ် ဆောက်လုပ်နေထိုင် အသုံးပြုကြပါတယ်။ ၄င်းဒေသမှာ အင်မတန်မှ သာယာတဲ့ ရှုခင်းများက ဝိုင်းရံလို့ နေပါတယ်။








Cappadocia ဒေသရဲ့ မြေပြင်သဏ္ဍာန်အမျိုးမျိုးများ


သဘာဝတရားရဲ့ ဖန်ဆင်းမှုနဲ့ ဖြစ်ပေါ်နေတဲ့ ကျောက်ဆောင်ထိပ်များပေါ်မှ ကျောက်ပြားများ


Goreme မြို့မြင်ကွင်း



Goreme မြို့ကို အပေါ်စီးမှ မြင်ရပုံ

ဆောင်းရာသီမြင်ကွင်း
သဘာဝရဲ့ ဖန်တီးမှုနဲ့ဖြစ်ပေါ်နေတဲ့ မီးခိုးခေါင်းတိုင်သဏ္ဍာန်များဟာ ရေ၊ လေတို့က ကျောက်သားများကို တိုက်စားရာမှ ကလာကြာရှည်တဲ့ အခါမှာ ခေါင်းတိုင်ပမာ မြင်တွေ့ရတဲ့ ပုံသဏ္ဍာန်များ ဖြစ်ပါ တယ်။ နောက်ပိုင်း မှာတော့ ပျော့ပြောင်းတဲ့ သဘာဝကျောက်သားများကို လူတွေက ပြတင်းပေါက်များ ၊ ဝင်ပေါက်များ ထွင်းထုခဲ့ကြ ပါတယ်။ Cappadocia ဒေသကို ရောက်တဲ့အခါ သွားရောက်ကြည့်ရှုသင့်တဲ့ နေရာတစ်ခုက နတ်သမီးရဲ့ မီးခိုးခေါင်းတိုင်လို့ တင်စားခေါ်ဝေါ်ကြတဲ့ နေရာတစ်ခု ဖြစ်ပါတယ်။ အဲဒီမှာတွေ့မြင်ရမဲ့ ကျောက်သားတိုင် များဟာ မီးခိုးခေါင်းတိုင်များ သဖွယ် ဖြစ်ပေါ်နေတာမို့လည်း ဒီနာမည်ကို ခေါ်ဆိုကြတာဖြစ်ပါတယ်။







ရေလေ တိုက်စားမှုကြောင့် ခေါင်းတိုင်များ ပမာ ထူးဆန်းစွာ ဖြစ်ပေါ်နေသော နတ်သမီး မီးခိုးခေါင်းတိုင် ဟု အမည်တွင်သည့် ကျောက်ဆောင်များ

လူသားတို့ ထွင်းထုထားသော လက်ရာများ




Elkep Evi ဟိုတယ်
Elkep Evid ဟိုတယ် အဝင်ဝ
Elkep Evi ဟိုတယ်ရဲ့ ညမြင်ကွင်း
Cappadocia ဒေသမှာ ရှိတဲ့ ဟိုတယ်တွေထဲမှာ ကျောက်တောင်ကိုထွင်းဖောက်လို့ တည်ဆောက်ထားတဲ့ Elkep Evi ဟိုတယ်ဟာ အကောင်းဆုံး ဟိုတယ်တစ်ခုအဖြစ် ပါဝင်ပါတယ်။ ၄င်းဟိုတယ်မှာ ခန်းနားလှပတဲ့ အခန်းအပြင် အဆင်များရှိပါတယ်။ Elkep Evi လှိုဏ်ဂူဟိုတယ်ရဲ့ ကျောက်တောင်နံရံကို ထွင်းထားတဲ့ အခန်းများဟာ ပျားရည်ဆမ်းခရီး ထွက်ကြတဲ့ မင်္ဂလာမောင်မယ်များ၊ အပန်းဖြေအနားယူကြတဲ့ မိသားစုများ၊ သဘာဝရှုခင်း လေ့လာလိုသူများ၊ ကျန်းမာရေးအတွက် လေကောင်းလေသန့် ရှုရှိုက်လိုသူများ အတွက် အလွန်အဆင်ပြေတဲ့ နေရာဖြစ်ပါတယ်။
ဟိုတယ် ဧည့်ခန်းဆောင်
အိပ်ခန်း
ဟိုတယ်၏ သန့်ရှင်းသပ်ရပ်သော အိပ်ခန်းများ
စားသောက်ခန်း
ဆောင်းရာသီတွင်ဟိုတယ်အားတွေ့မြင်ရသည့် မြင်ကွင်း
Elkep Evi ကျောက်ဂူဟိုတယ်မှာ ကျောက်ထွင်းဂူ အိမ်များသဖွယ် ပြင်ဆင်ထားတဲ့ အခန်းနဲ့အတူ အဆင့်အတန်းမီ အိပ်ရာအသုံးအဆောင် ပစ္စည်းများကို ထားရှိပါတယ်။ အိပ်ခန်းများသာမက၊ ဧည့်ခန်း၊ စားသောက်ခန်း စသည်တို့ဟာလည်း ကျောက်တောင်ကြီးအတွင်းမှာ တည်ရှိပါတယ်။ တူရကီလူမျိုးတွေရဲ့ ရိုးရာ အစားအစာများဖြစ်တဲ့ အိမ်တွင်းဖြစ် တူရကီပဲန်ကိတ်၊ သံလွင်သီး၊ ချိစ်၊ လတ်ဆတ်သောပေါင်မုန့် ယိုမျိုစုံနဲ့ လတ်လတ် ဆတ်ဆတ် ညှစ်ထားတဲ့ လိမ္မော်ရည်၊ လက်ဖက်ရည် (သို့မဟုတ်) ကော်ဖီတို့ကို နံနက်ခင်းစာအဖြစ် ဟိုတယ်ရဲ့ အမြင့်ဆုံးကုန်းထိပ်မှာ တည်ရှိတဲ့ ဥယျာဉ်ထဲမှာ စားသောက်နိုင်မှာ ဖြစ်ပါတယ်။ Cappadocia ကို ရောက်သူတိုင်း သဘာဝရဲ့ အလှအပများကို လှည့်လှည်ကြည့်ရှုရင်း တူရကီအစားအစာများကို စားသောက်ရတာဟာ အင်မတန်မှ နှစ်သစ်ဖို့ ကောင်းပြီး မမေ့နိုင်အောင် ဖြစ်ရပါတယ်လို့ ဆိုကြပါတယ်။
ပျော်ရွှင်ငြိမ်းချမ်း စိတ်ရွှင်လန်းကြပါစေရှင်။

Photos Credit : http://www.tripadvisor.com/LocationPhotos-g297980-w8-Cappadocia.html#21047497
18 Responses to “ကျောက်တောင်ကြီးအတွင်းက ဟိုတယ်..”
မကြီးရေ တကယ်ကိုကြံကြံဖန်ဖန်ရှာဖွေတင်တတ်ပါရဲ့နော် .
အရမ်းထူးဆန်းတာဘဲ
သဘောလဲကျတယ်
တချို့ပုံတွေကမမြင်ရဘူးမကြီးရေ လုပ်ဦး
ဟိုတယ်ပုံတွေလေ
ချစ်တဲ့
မဒိုးကန်
အလည်အပတ်လောက်ဘဲ သွားဖို့ကောင်းတယ်နော်။ အမြဲတမ်းနေထိုင်ဖို့ကတော့ မစဉ်းစားရဲပါဘူး။ ခြောက်ကပ်ကပ်နဲ့။ ဘာမှ စိမ်းစိမ်းစိုစိုလဲ မရှိ။
မချော..
တစ်ချို့ပုံတွေ မမြင်ရဘူး။ ဘာဖြစ်တယ်မသိ။
တခါတခေါက်လောက်တော့ရောက်ဖူးချင်စမ်းပါဘိချောရယ်။
မချော က တော့ ရှာဖွေလေ တွေ့ ရှိလေ ပဲ. ထူးထူးဆန်းဆန်း ကျောက် ဂူ ဟိုတယ် တွေ ဆောက် ကြ တယ် နော်... အဲယားကွန်း မလို ဖူးထင်တယ်.. သဘာဝ ကျောက် သား က အေး နေ မှာ. အထဲက အိပ် ယာ တွေ ကြည့်  ရ တာ အိပ်ချင် စရာကောင်းတယ်။
ဗဟုသုတတွေရတယ်.. မချောရေ..း)))
ခင်မင်လျက်
နေ၀သန်
နတ်သမီး မီးခိုးခေါင်းတိုင်တွေက လှလိုက်တာ...၊ သဘာဝ တရားရဲ့ ပန်းပုလက်ရာကတော့ တကယ်ပဲ ရင်သပ်ရှုမောစရာ ကောင်းတယ်နော်၊ ကျောက်ဆောင်ထဲက ဟိုတယ်ကိုကြည့်ရင်း မုံရွာဖက်က ဖိုးဝင်းတောင်တို့၊ ရွှေဘတောင်တို့ကို သတိရသွား သေးတယ်၊ မျှဝေတာ ကျေးဇူး မချော...။
သွားရောက်လည်ပတ်ချင်မိတယ်...ထူးထူးဆန်းဆန်းတွေနော်...
ကြံကြံဖန်ဖန် ရှာလည်းရှာတတ်ပါ့ မမချောကတော့.. :) ဘာပဲပြောပြော မမြင်ဖူး၊ မတွေ့ဖူးတာတွေကို ဗဟုသုတအနေနဲ့ မြင်တွေ့ခွင့်ရလို့ ကျေးဇူးတင်ပါတယ်ဗျို့... ဟိုတယ်ကြီးရဲ့ အပြင်အဆင် အနေအထားတွေအရ ဇိမ်ခံနိုင်တဲ့ လူတန်းစားတွေအတွက်ပဲ ဖြစ်နိုင်မှာပါ.. ကိုယ်တွေကတော့ စိတ်ကူးထဲကပဲ ရောက်ကြည့်ရမှာပဲ..:D
လေ့လာရေးအနေနဲ့ သွားလည်ရရင်ကောင်းမယ်။
အိပ်မက်ထဲက ဟိုတယ်လေးတွေလိုပဲနော်။
ကျောက်တောင်ကြီးအတွင်းက ဟိုတယ်လေးတွေက
စိတ်ကူးယဉ်ဆန်တယ်း)
ကျောက်တောင်ထိပ်ပေါ်မှာ သဘာဝရှိနေတဲ့
ကျောက်ပြားလေးတွေကလည်း ထူးဆန်းပါ့နော်။
ဆန်းကျယ်တဲ့နေရာလေးတွေမှာ
အမြဲတန်းတော့နေနိုင်မယ်မထင်ဘူး ချောရေ။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။
မေတ္တာဖြင့်
အန်တီတင့်
အန်တီတင့်ပြောသလိုပဲ စိတ်ကူးယဉ်ဆန်ဆန် လေးတွေ..မို့ အလည်ပတ်ထွက်ချင်စရာလေး....မမရေ ရှာဖွေ တင်ပြပေးလို့ ကျေးဇူးပါလို့...
ချောရေ... ကျောက်ဆောင်ကျောင်းတုံးတွေကြားမှာ တရားများသွားထိုင်လိုက်ရရင်တော့ဖြင့်...
ချမ်းမြေ့ပါစေကြောင်း
ချယ်ရိမြေ
ပုံတွေက ထူးခြားဆန်းပြားလိုက်တာ။ ဟိုတယ်အခန်းမှာ အဲကွန်းမလိုပဲ အေးစိမ့်နေမလားလို့ ခံစားမိတယ်။ သဘာဝရဲ့ ထူးခြားလှပမှုတွေက လူတွေ ဖန်တီးလုပ်ယူတာထက် အများကြီး လှပတယ်။ လိုက်မမှီနိုင်ဘူးနော်။
Cappadocia သိပ်လှသလို။ သံတောင်ကြီးလည်း သိပ်လှတယ် အစ်မချော။ သဘာဝ အတိုင်း တောင်တန်းတွေပေါ် တင်နေတဲ့ ကျောက်လုံးကြီးတွေဟာ တစ်ကြီး တွေ ထက်ကြီးပြီး မြက်ခင်းတွေပေါ်မှာ ထည်းထည်း တင်နေကြတယ်။ မိုးတွင်းမှာ တိမ်တွေ ဆိုင်းလို့  သိပ်ကို နေဖို့  ကောင်းတဲ့နေရာပေါ့ဗျာ။
ကမ္ဘာက သိအောင် ပြချင်လိုက်တာ အမြန်ဆုံး အေးချမ်းကြပါစေသား။ ဒို့ ရွှေပြည်။
ပျားရည်ဆမ်းခရီး အဲ့နေရာထွက်ရင်ကောင်းမလားးP
တခေါက်တခါတော့
အလည်သွားချင်သား
မကြီးချောရေ
ကောင်းတယ်ကွား
တကယ်အံသြဖို့ ကောင်းတဲ့ နေရာတစ်ခုဘဲ... မချောကတော့ ရှာတတ်ဖွေတတ်တယ်ဗျို့ ... အနီးကပ်ပုံတွေက ပိုကြည့်လို့ ကောင်းတယ်...
ချောဆီအလည်လာတိုင်း မသိတာတွေသိရတယ်။
သဘာဝတရားက တကယ်ကို အံ့သြစရာ..
အဲဒီထက် အဲဒီအပေါ် လူတွေရဲ့ survive လုပ်သွားတဲ့ အရာတွေက ပိုအံ့သြစရာနော်။
Post a Comment