Monday, January 23, 2012

ဝက်သား ဝက်မြေဥကြော်...




ဒီအသီးကို လူတိုင်းသိမယ် ထင်ပါတယ်နော်။ ကျွန်မတို့ ကချင်ပြည်နယ်မှာတော့ ဝက်မြေဥခေါ် မြေစာဥ လို့လည်း ခေါ်ကြပါတယ်။ Water Chestnut လို့ခေါ်တဲ့ ဝက်မြေဥဟာ ချိုချို ဆိမ့်ဆိမ့်လေးနဲ့ စားကောင်းပြီး မြေကြီးထဲမှာ ဥအနေနဲ့ တွေ့ရတဲ့ စားသောက်ဖွယ်ရာ တစ်မျိုး ဖြစ် ပါတယ်။ စည်သွပ်ဗူးတွေ နဲ့လည်း အဆင်သင့်စားနိုင်အောင် ပြုပြင်ပြီး လာတာကို တွေ့ရ ပါတယ်။  အစိမ်းစားကြသလို သွားရည်စာ အဖြစ် ပြုတ်ပြီးလည်း ရောင်းကြပါတယ်။ ကျွန်မကတော့ စိမ်းစားဥနဲ့ အရသာတူတဲ့ အဲဒီဝက်မြေဥကို ဟင်းအဖြစ် လုပ်စားရတာကို ပိုပြီး နှစ်သက်ပါတယ်။ စိမ်းစားဥကိုလည်း ကျွန်မတို့ဒေသမှာ ဟင်းအဖြစ်ကြော်စား ကြပါသေးတယ်။ အခုတော့ ဝက်မြေဥကို အသားနဲ့ ကြော်စားတဲ့နည်းကို ပြောပြချင် ပါတယ်နော်။


Image Hosted by PicturePush - Photo Sharing

ဝက်မြေဥကို အခွံခွာပါတယ်



Image Hosted by PicturePush - Photo Sharing
အသားများကို ခပ်သေးသေးတုံးပြီး ဆား၊ ဟင်းချက်ဝိုင်၊ ငရုပ်ကောင်းမှုန့်၊ စသည်တို့နဲ့ နယ်ထားလိုက်ပါတယ်။ ကြက်သား ဝက်သား နှစ်သက်ရာ သုံးနိုင်ပါတယ်။ ကျွန်မတော့ ဝက်သားကို သုံးထားပါတယ်။


Image Hosted by PicturePush - Photo Sharing
အခွံခွာထားတဲ့ ဝက်မြေဥကို သင့်တော်တဲ့အရွယ်လေးတွေ ခြမ်းလိုက်ပါတယ်။

Image Hosted by PicturePush - Photo Sharing
ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ငရုပ်သီး၊ ဂျင်း


Image Hosted by PicturePush - Photo Sharing
ဝက်သားများကို အရင်ကြော်ပါတယ်။

Image Hosted by PicturePush - Photo Sharing
ကြက်သွန်နီ၊ ဂျင်း၊ ကြက်သွန်ဖြူ တို့ထည့်ပါတယ်။

ထို့နောက် ဝက်မြေဥကို ထည့်ပါတယ်။
Image Hosted by PicturePush - Photo Sharing
ဝက်မြေဥ နူးစေဖို့ ရေ အနည်းငယ်၊ ဆား၊ အရသာမှုန့်၊ ပဲငံပြာရည် အကြည်တို့ထည့်တာ အချိန် ခဏထားပါတယ်။
Image Hosted by PicturePush - Photo Sharing

 ရေခမ်းလာပြီဆို ငရုပ်သီးစိမ်းထည့်လိုက်ပါတယ်.ဆားအပေါ့အငံမြည်းပါတယ်။

Image Hosted by PicturePush - Photo Sharing
ချကာနီးမှာ နံနံရွက်ကို ထည့်လိုက်ပါတယ်. 


ဝက်သား ဝက်မြေဥကြော် ရပါပြီနော်။


Image Hosted by PicturePush - Photo Sharing

အရသာ ချိုဆိမ့်လေးနဲ့ ဝါးလိုက်ရင် ဝက်မြေဥက ကျွတ်ကျွတ်လေးနဲ့မို့ အသားထက် ပိုစားကောင်း တာကြောင့် ဝက်မြေဥဟင်းချည်း ရွေးစားဖြစ်တဲ့ တစ်ခွက်ဖြစ်ပါတယ်.း)



အားလုံးဘဲ ပျော်ရွှင်ကျန်းမာစိတ်ချမ်းသာကြပါစေရှင်။



Image Hosted by PicturePush - Photo Sharing

18 comments:

ဝက်မြေဥကိုအရမ်းကြိုက်ပါတယ် နောက်မှချက်စားကြည့်အုံးမယ်

ငယ်တုန်းက ရွာမှာ အဲဒီမြေစာဥကို ကြံသကာနဲ့ပြုတ်ပြီး တုတ်နဲ့သီပြီးရောင်းတာ စားဖူးတယ်... စားလိုက်ရင် ချိုပြီး စေးနေတာ..။ မချောရန်ကုန်လာမယ်ကြားတယ် တွေ့ချင်တယ်နော်..။ အန်တီတင့်အိမ်မှာဆုံကြမယ်..။

water chetnut ဆိုတာ မြေစာဥမှန်း သိတော့တယ်..နောင်မှ ချက်စားဦးမယ်..

တစ်ခါမှဒီလိုမစားဖူးဘူး။ စားချင်စရာလေး။ ချက်စားကြည့်ဦးမယ်။

စလုံးမှာတော့ အဲဒီဥတွေကို ဘူတာအဆင်းမှာ ရောင်းနေတာ ကျွန်တော်ကတော့ ဘာမှန်းမသိဘူးဗျ။ အခုကျွန်တော့်ဇနီးပါရမီဖြည့်ဖက်လေးပြောမှပဲ သိတော့တယ်။ ဒီဆောင်းပါးကို ဖတ်တော့ထပ်ပြီးဗဟုသုတရပါတယ်။ မချောကို ကျေးဇူးတင်ပါတယ်။

စိမ်းစားဥကိုတော့ အရမ်းကြိုက်တယ်။ ၀က်မြေစာဥကိုတော့ တစ်ခါမှ မစားဖူးသေးဘူး။ အရည်လေးများ ရွှမ်းနေမလား မသိဘူးနော်။ ဟင်းပွဲလေးက ဆွဲဆောင်မှု အရမ်းရှိတယ် ချောရေ..။

အင်း..
မ ချော..၊ ကျွန်တော်ထင်တာ ငယ်ယ်က
သိခဲ့ တဲ့  “ ဝ ဥ ” လို့ ထင်တာပဲ။
ဒီမှာတော့  ဘယ်လိုခေါ် မသိ၊
မကီကိုမေးရမှာပဲ..။

အဲဒီဥကိုတီတင့်တို့က 'ဝက်မြေစာဥ' လို့ခေါ်ခဲ့တယ်။
ငယ်စဉ်တုန်းကတော့ မကြာခနစားဘူးတယ် ဒါပေမဲ့
ချောလိုတော့ ဟင်းချက်တာအခုမှ မြင်ဘူးတယ်။
ကြက်သားနဲ့ချက်စားကြည့်မယ် ကျေးဇူးပါနော်။
(စကားမစပ် ရန်ကုန်ကိုရောက်ရင် ကပ်ကျော်တော့
လုပ်မသွားနဲ့အုံးနော်း)))
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

စာဘူးသေးဘူး မမရ စားကြည့်ချင်တယ် ဟင်းပွဲလေးကတော့ သရေကျစရာ..:):)

ညီမ ချော ရေ

မစားဖူးသေးတဲ့ ဟင်းတခွက် ကို မြည်းစမ်းသွားတယ်နော် ကျေးကျေး

အခုထိလဲ မလာသေးဘူး ဘယ်များရောက်နေလဲ

ချစ်အမကြီး

It looks yummy and can't wait to try this sis.

တစ်ခါမှ..မစားဖူးဘူးအစ်မး)
ချက်ပြီးပုံလေးကတော့
အာလူးနဲ့ခပ်ဆင်ဆင်ပဲနော်
မစားဘူးတဲ့ဟင်းအမယ်တစ်ခွက်
တိုးပြီပေါ့း)

ချစ်ခင်လျှက်
မိစံ

ချက်နည်းက လွယ်လွယ်ကူကူပဲ။ ခက်တာက ဝက်မြေဥ ကို ဘယ်လိုရှာရမလဲမသိ။ စည်သွပ်ဗူးတွေ ရှာကြည့်လို့ရရင်တော့ ဒီဟင်းဆန်းလေး လုပ်စားကြည့်အုံးမယ်။

ဗိုက်ဆာလိုက်တာ ...
ဝက်မြေဥက ဒီမှာမရလို့ ၀က်သားချည်းပဲ ကြော်စားတော့မယ်။
ဒါနဲ့ ခရီးသည်ကြီး ဒေါ်ဒေါ်ချော ဘယ်တော့ ပြန်လာမလဲ ... မျှော်နေသည်။

မချောရေ
ဒီတခါလည်းအများကြီးစားသွားဒယ်နော်
:)))

အဲဒီဟင်းလေး စားလို့ကောင်းလိုက်မယ့် ဖြစ်ချင်း.. ဟင်းးးးးးးးး တစ်နေ့တော့ စားရမှာပေါ့လေ။။။

အဆင်သင့်ရှိနေတာ လုပ်ကြည့်လိုက်ဦးမယ် မမရေ

ချောရေဝက်သားဝက်မြေဥကြော်လာစားသွားပါတယ်..အခုမှဘဲစားဘူးတော့တယ်...ကောင်းတယ်နော်...

မေတ္တာဖြင့်..
ရွှေဝန်းရတနာ...