စားကောင်းသောက်ဖွယ်ဆိုလို့ အသားဟင်း ၊ ငါးဟင်းအကြောင်း မဟုတ်ပါဘူး။ ကျန်းမာရေးအတွက် အစားအသောက် လျှော့စားနေရသူများ၊ ဝိတ်လျှောဖို့ အသီးအရွက် များများစားကြသူများ၊ အသီးအရွက် ကြိုက်တတ်သူများနဲ့ နိုင်ငံရပ်ခြားမှာ ရောက်နေသူများအတွက် မိမိ မြန်မာပြည် အလွမ်းပြေ အသီး အရွက်များ ဝယ်ယူလိုကြတယ် သို့သော်လည်း နာမည် ဘယ်လိုခေါ်တယ် ဆိုတာ မသိလို့ အခက်တွေ့မယ် ဆိုရင် ကျွန်မ ရှာဖွေထားမိတဲ့ ဟင်းသီးဟင်းရွက် တစ်ချို့ကို ပုံလေးတွေနဲ့ တွဲပြီး ဖော်ပြချင်ပါတယ်။ တကယ်တမ်းတော့ ကျန်းမာရေးအတွက်ဆိုရင် အသားငါး စားတာထက် အသီးအရွက်စားတာက ပိုပြီး ကောင်းပါတယ်နော်။ ဒါကြောင့်လည်း စားကောင်းသောက်ဖွယ်လို့ နာမည်ပေးလိုက်တာပါ။ ဒီပိုစ့်လေးကတော့ မသိသေး သူများအတွက် ပြန်လည် မျှဝေတဲ့ သဘောပါနော်။
ကိုက်လန် လို့ ကျွန်မတို့ခေါ်တဲ့ အရွက်ကတော့ တစ်နှစ်ပတ်လုံး ရနိုင်တဲ့ ဟင်းသီးဟင်းရွက်ဖြစ်သော်လည်း သူ့ရာသီက စက်တင်ဘာလ ဖြစ်ပါတယ်။ ဗီတာမင် အီး၊ ဗီတာမင်စီနဲ့ သံဓာတ်၊ သွပ်ဓာတ်၊ ကြေးနီစတဲ့ သတ္တုဓာတ်များ ပါဝင်ပါတယ်။

Radish(ခေါ်) မုန်လာဥနီ
သူကတော့ တစ်နှစ်ပတ်လုံး ရနိုင်တဲ့ ဥအနီတစ်မျိုးဖြစ်ပေမဲ့ နွေဦးနဲ့ဆောင်းရာသီတို့မှာ ပိုမို ပေါများပါတယ်။ ၄င်းမှာအမျှင်ဓာတ်နဲ့ ဗီတာမင်စီ ကြွယ်ကြွယ်ဝဝ ပါရှိပြီး ကယ်လိုရီပါဝင်မှုနှုန်ုးတော့ ဥနီ ၁၀၀ ဂရမ်မှာမှ ၁၆ ကယ်လိုရီလောက်သာ ပါဝင်တာကြောင့် ပါဝင်နှုန်း အလွန်နည်းပါတယ်။ ဗီတာမင် B နဲ့ သတ္တုဓာတ်များလည်း ပါဝင်တာကြောင့် ကျန်းမာရေးအတွက် သင့်တော်တဲ့ဥ အမျိုးအစားလို့ ဆိုကြပါတယ်

Cauliflower ( ခေါ်) ပန်းမုန်လာ၊ မုန်လာပန်း၊ ပန်းဂေါ်ဖီ
မြန်မာပြည်မှာတော့ တစ်နှစ်ပတ်လုံး ရနိုင်တဲ့ ဟင်းသီးဟင်းရွက် အမျိုးအစားဖြစ်ပါတယ်။ ဗီတာမင်စီနဲ့ အမျှင်ဓာတ်များပြားစွာ ပါဝင်ပြီး ကယ်လိုရီပါဝင်မှုနှုန်း နည်းပါးတဲ့အတွက် ကျန်းမာရေးနဲ့ ညီညွှတ်တဲ့ ဟင်းသီးဟင်းရွက် ဖြစ်ပါတယ်။ လက်တင်ဘာသာဖြစ်တဲ့ Caulis (မုန်လာထုပ်) နဲ့ flower (ပန်း) တို့ကို ပေါင်းစပ်ပြီး ခေါ်တာကြောင့် Cauliflower(ပန်းမုန်လာ) လို့ အမည်တွင်ပါတယ်။ အရောင်အားဖြင့် အဖြူ၊ လိမ္မော်၊ အစိမ်း၊ ခရမ်းရောင် တို့ရှိပြီး ကျွန်မတို့ မြန်မာနိုင်ငံမှာတော့ အဖြူရောင်ကိုသာ တွေ့ရပါတယ်။
အစိမ်း၊ လိမ္မော်၊ ခရမ်း ပန်းဂေါ်ဖီများ
White Radish (ခေါ်) မုန်လာဥဖြူ
ကျွန်မတို့ မြန်မာပြည်မှာ မုန်လာဥဖြူကို အချဉ်ရည်ကျို၊ အချဉ်တည်၊ သုပ်စား၊ စသဖြင့် စားသောက်တတ် ကြပြီး ဝက်ရိုးနဲ့လည်း ဟင်းချိုချက်စားရင် အလွန်ကောင်းတဲ့ ဟင်းသီးဟင်းရွက် အမျိုးအစားဖြစ်ပါတယ်။ Japanese Radish, Chinese Radish စသဖြင့်လည်း ခေါ်ဝေါ်ကြပြီး ဗီတာမင်စီနဲ့ ကင်ဆာကို ကာကွယ်နိုင်တဲ့ အင်ဇိုင်းတွေ ပါဝင်ပြီး ၄င်း ဥဖြူဟာ ကိုယ်တွင်းခုခံမှု စွမ်းအားကို မြင့်မားစေတယ်လို့ ဆိုပါတယ်။
Garland Chrysanthemum (ခေါ်) ဖတ်ချီငိုး
ကျွန်မတို့ဒေသမှာတော့ ဖတ်ချီငိုး လို့ခေါ်တဲ့ အရွက်ပါ။ ရှမ်းပြည်နယ်နဲ့ ကချင်ပြည်နယ်မှာ စားကြပြီး ကျွန်မအနေနဲ့တော့ မြန်မာပြည် အလယ်ပိုင်း မန္တလေး၊ ရန်ကုန်နဲ့ အညာဘက်တွေမှာ ဒီအရွက်ကို မမြင်ဖူးပါဘူး။ ဒီအပင်ရဲ့ မူရင်းဒေသကတော့ မြေထဲပင်လယ်နဲ့ အာရှအရှေ့ပိုင်း ဒေသများ ဖြစ်ပါတယ်။ ဟင်းရည် ချက်စားသလို ဟော့ပေါ့ထဲလည်း ထည့်ချက်စားနိုင်ပါတယ်။ ပုံသဏ္ဍာန်က ဂန္ဓမာပန်း၊ စိန်ခြယ်ပန်းတို့ရဲ့ အရွက်နဲ့ ဆင်ဆင်တူပြီး အနံ့လည်း အနည်းငယ်ရှိတဲ့ အရွက်ဖြစ်ပါတယ်။ ဗီတာမင်အေနဲ့ သတ္တုဓာတ် များပြားပြီး ဓာတ်တိုးဆန့်ကျင်ပစ္စည်းများလည်း များပြားသောကြောင့် သက်ရှည် ကျန်းမာခြင်းအတွက် အကျိုးများတယ်လို့ ဆိုပါတယ်။ ကိုးရီးယား၊ ဂျပန်၊ ဟောင်ကောင်၊ ထိုင်ဝမ်နဲ့ တရုတ်တို့မှာ အစားများပါတယ်။

Chinese Cabbage လို့လည်း ခေါ်ကြတဲ့ ထိုင်ဝမ်မုန်ညှင်းမှာပါဝင်တဲ့ သတ္တုဓာတ်တွေက အရိုးကို သန်မာစေပြီး ဇဝရုပ်ဖြစ်ပျက်ခြင်းကို အားကောင်းစေပါတယ်. ဒီအပင်ရဲ့ မူရင်းဒေသဟာ တရုတ်နိုင်ငံဖြစ်ပါတယ်။ ၂၀ရာစုလောက်မှသာ ဂျပန် ၊ ကိုးရီးယားကို ရောက်ရှိသွားပြီး ခုခေတ်မှာတော့ ကမ္ဘာအနှံ့မှာ တွေ့ရှိရပြီဖြစ်ပါတယ်။ ၄င်းအရွက်ဟာ နေ့စဉ် နေ့တိုင်း အများအပြား စားရင် လူကို အဆိပ်ဖြစ်စေနိုင်တဲ့ ပစ္စည်းများ ပါဝင်တာကြောင့် နည်းနည်းသာ စားသင့်တယ်လို့ အကြံပြုထားပါတယ်။ ပမာဏ အနည်းငယ်သာ စားမယ်ဆိုရင် ကင်ဆာကို ကာကွယ်နိုင်စေတယ်လို့ ဆိုပါတယ်။ ( Ref: Wiki)


Bok Choy (ထိုင်ဝမ်မုန်ညှင်း)
Chinese Cabbage လို့လည်း ခေါ်ကြတဲ့ ထိုင်ဝမ်မုန်ညှင်းမှာပါဝင်တဲ့ သတ္တုဓာတ်တွေက အရိုးကို သန်မာစေပြီး ဇဝရုပ်ဖြစ်ပျက်ခြင်းကို အားကောင်းစေပါတယ်. ဒီအပင်ရဲ့ မူရင်းဒေသဟာ တရုတ်နိုင်ငံဖြစ်ပါတယ်။ ၂၀ရာစုလောက်မှသာ ဂျပန် ၊ ကိုးရီးယားကို ရောက်ရှိသွားပြီး ခုခေတ်မှာတော့ ကမ္ဘာအနှံ့မှာ တွေ့ရှိရပြီဖြစ်ပါတယ်။ ၄င်းအရွက်ဟာ နေ့စဉ် နေ့တိုင်း အများအပြား စားရင် လူကို အဆိပ်ဖြစ်စေနိုင်တဲ့ ပစ္စည်းများ ပါဝင်တာကြောင့် နည်းနည်းသာ စားသင့်တယ်လို့ အကြံပြုထားပါတယ်။ ပမာဏ အနည်းငယ်သာ စားမယ်ဆိုရင် ကင်ဆာကို ကာကွယ်နိုင်စေတယ်လို့ ဆိုပါတယ်။ ( Ref: Wiki)

Celtuce , Asparagus Lettuce, Chinese Lettuce ( အော်ဆွန်း၊ ဆလပ်ရိုး)
ဆောင်းရာသီမှာ အများဆုံးတွေ့ရတဲ့ ဟင်းသီးဟင်းရွက်ဖြစ်ပြီး မြေကြီးအတွင်းမှာ မြုပ်နေတဲ့ ပင်စည် အမျိုးအစား ဖြစ်ပါတယ်။ အေးမြတဲ့ ရာသီဥတုကို နှစ်သက်တဲ့ အတွက် ရှမ်းပြည်နယ်နဲ့ ကချင်ပြည်နယ် တို့မှာ စိုက်ပျိုးဖြစ်ထွန်းပြီး ဆောင်းရာသီမှာသာ အများဆုံး တွေ့ရပါတယ်။ မူရင်းဇာတိဟာလည်း တရုတ်ပြည်ဘဲ ဖြစ်ပါတယ်။ အရည်ရွှမ်းပြီး အချဉ်သုပ်နဲ့၊ အသားတို့ဖြင့် ကြော်စားခြင်းကို အများဆုံး ပြုလုပ် စားသောက်ကြပါတယ်။ ဆလပ်ရိုးရဲ့ အပင်နဲ့ အရွက်ဟာ အလွန်နူးညံ့တဲ့အတွက် အပင်ကို ဂရုတစိုက် စိုက်ပျိုးရပါတယ်။ ဗီတာမင် A B C တို့ပါဝင်ပြီး သတ္တုဓာတ်များလည်း ပေါများပါတယ်။ ဆလပ်ရိုးကို အစိမ်းစားနိုင်ပြီး ချက်ပြုတ်မည် ဆိုပါက မူလအရသာ မပျက်အောင် ခဏတာ ချက်ဖို့ လိုပါတယ်။
Chinese Chives ခေါ် ကျို့ဆိုင်
ကျို့ဆိုင်အရွက်ကို အချို့က ကြက်သွန်မြိတ်နဲ့ မှားတတ်ကြပါတယ်။ ကျို့ဆိုင်နဲ့ ကြက်သွန်မြိတ်တို့ရဲ့ ကွာခြားချက်မှာ ကြက်သွန်မြိတ်က ခပ်လုံးလုံးဖြစ်ပြီး အလယ်မှာ ခေါင်းပွဖြစ်ကာ ကျို့ဆိုင်ကတော့ အရွက် ပြားပြား ဖြစ် ပါတယ်။ ဗီတာမင်များပြားတဲ့ အရွက်ဖြစ်ပြီး မျက်စိရောဂါနဲ့ ခန္ဓာကိုယ်တွင်း ဖြစ် တတ်သော ရောဂါ အချို့ကို ခုခံကာကွယ်နိုင်စွမ်း ရှိကာ မျိုးပွားခြင်းကို အထောက်အကူ ဖြစ်စေတယ်လို့ သိရပါတယ်။
Watercress ( မြင်းခွာရွက်)
ဆေးဘက်ဝင်တယ်လို့ သိထားတဲ့ မြင်းခွာရွက်ကတော့ ကျွန်မတို့ မြန်မာပြည်တွင်းမှာတော့ နေရာအနှံ့ ရနိုင်တဲ့ အရွက်ဖြစ်ပါတယ်။ မြို့ကြီးတွေမှာတော့ တကူးတက စိုက်ပျိုးထားတဲ့ မြင်းခွာရွက်ကို စားသုံးကြပေ မဲ့ နယ်ဘက်မှာတော့ ရေစပ်စပ် ရှိသော စိုစွတ်တဲ့ မြေ၊ ရေဓာတ် မခမ်းခြောက်သေးတဲ့ လယ်ကွင်းတို့တွေမှာ သဘာဝ အတိုင်း ပေါက်ရောက် တဲ့ မြင်းခွာရွက်ကို စားသုံးကြပါတယ်။ စိုက်ပျိုးတဲ့ မြင်းခွာရွက်နဲ့ သဘာဝ အတိုင်း ပေါက်တဲ့ မြင်းခွာရွက် ဟာ ဆေးဘက်ဝင် အာနိသင်ချင်း ကွာခြားသလို အရသာလဲ ကွာခြားပါတယ်။ သဘာဝ အတိုင်း ပေါက်တဲ့ မြင်းခွာဟာ အနွယ် ပုံစံမျိုးဖြစ်ပြီး အရွက်ရော ပင်စည်ပါ စိုက်ပျိုးတဲ့ မြင်းခွာရွက်ထက် မာပြီး အရသာလဲ ပိုပြီး ခါးသက်သက် ရှိပါတယ်။ အများအားဖြင့် သုပ်စားကြပြီး အတို့အမြုပ် ပြလုပ်ကြသလို၊ မြင်းခွာရွက်ကို ဟင်းခါးအဖြစ်လည်း အရည်သောက် ချက်စားကြ ပါတယ်။ မြန်မာပြည် မှာတော့ မျက်စိ အားကောင်းစေတယ်ဆိုပြီး စားသုံးကြသူ ပေါများပြီး အဆုပ် ကင်ဆာ ၊ ရင်သားကင်ဆာ မဖြစ်စေရန်လည်း ကာကွယ်နိုင်စွမ်းရှိတယ်လို့ သိရပါတယ်။












22 comments:
I love most of the veggies you mentioned sis, thanks for sharing the benefits for eating them!!
Mon Petit Avatar
မင်္ဂလာပါ...
သီချင်းတွေလာ နားထောင်ကြပါဦးခင်ဗျာ....
Myanmar Online Music: MyanmarOnlineMusic.Com
အားလုံးကိုဖိတ်ခေါ်ပါတယ်..
ကျေးဇူးပါ...
ဒီအသီးအနှံတွေအကုန်ကြိုက်ပါတယ်...
ငယ်တုန်းကအသီးရွက်သိပ်မစားတတ်ဘူး ခုကြီးလာတော့ အကုန်ကြိုက်တယ်...။
ညီမ ရေ
ဗဟုသုတ ရစရာလေးတွေ ဖတ်သွားတယ်
ချစ်တဲ့
ရွှေစင်ဦး
ဖတ်ချီငိုး ဆိုတဲ့အရွက်က တန်အိုး ဆိုတာနဲ.အတူတူဘဲလား သိပရစေနော်။အနံတော်တော်ပြင်းပါတယ်။
အင်း..
မ ချောရေ၊
ထိုင်ဝမ်မုံညင်းတွေ့ လိုက်တယ်၊
ဒီမှာ မစားချင်မှ အဆုံး..။
“ ဒီ ” ရခါနီးလေ စားလို့ ကောင်းလာလေလေ...
အဲ့ ဒီမုန်ညင်းကိုပဲလေ..။
အမြန်ဆုံးငြိမ်းချမ်းပါစေ ကချင်မြေ၊
အမြဲတန်းအောင်မြင်ပါစေ အစိမ်းရောင်နယ်မြေ။
I like all veges you posted.Having vege is good for any point of view,i accept.Thanks for sharing and enjoy your travelling.
Gyidaw
ဗဟုသုတတွေ အများကြီး ရသွားတယ် အစ်မချော။ ဒီမှာတော့ အဲ့လို အရွက်စိမ်းစိမ်းတွေက ဈေးကြီးတယ်။ သူတို့မှ ကန်စွန်းရွက်၊ မုန်ညှင်းရွက် မစားကြတား(။ စိတ်ကုန်တယ်။
အခေါ်အဝေါ်လေးတွေပါ ယှဉ်တွဲဖော်ပြသွားတာ
ကောင်းတယ်ချောရေ။ တစ်ခါတစ်လေ အခက်အခဲ
တွေ့တဲ့အခါအသုံးပြုလို့ရတာပေါ့နော်။ ဟင်းသီးဟင်းရွက်
တို့မှာပါဝင်တဲ့ဂုဏ်သတ္တိတွေမှတ်သားသွားတယ်။ ကျေးဇူး။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။
မေတ္တာဖြင့်
အန်တီတင့်
ပန်း ဂေါ်ဖီ က လိမ္မော်ရောင် နဲ့
ခရမ်းရောင် ရှိတယ်ဆိုတာ
ခုမှ သိတယ် ...း))
ခင်မင်လျှက်
ဆောင်းနှင်းရွက်
ဒီအထဲက တချို့အရွက်တွေကို အာရှဆိုင်မှာ တွေ့တွေ့နေ ပေမယ့် မြန်မာနာမည် ဘယ်လိုခေါ်လဲ သိချင်နေခဲ့တာ....၊ ဗဟုသုတရတယ် မချောရေ...။
ဗဟုသုတတွေတော့အများကြီးပဲ မချော။ ပန်းဂေါ်ဖီတွေက တကယ့်ပုံတွေလား။ ဟိုတစ်ခါမချောက နှင်းဆီပန်းတွေကိုလားမသိဘူး။ အဲဒီလိုလုပ်ဖူးလို့ မေးကြည့်တာ။ စိတ်မဆိုးနဲ့။ ကျွန်တော်စလုံးရောက်တော့ ဘုမသိဘမသိနဲ့ ကျော်ကျော်စားနေတာ လက်စသတ်တော့ ထိုင်ဝမ်မုန်ညင်းတွေကိုး။ ဖတ်ချီငိုးက နံနံပင်နဲ့တူတယ်ဗျနော်။ ကျွန်တော်က အရွက်ကြီးတယ်ထင်နေတာ။ တော်သေးတယ်။ အခုတော့ ကျွန်တော့်ဇနီးပါရမီဖြည့်ဖက်လေး အနားမှာရှိနေလို့။ နို့မို့ဆို ကျွန်တော်ကတော့ စူပါမားကတ်က ရောင်းသမျှစားကောင်းမယ်ထင်ရင် ဘယ်လိုလုပ်ရမှန်းကို မသိတာပဲရှိတာ။ စိတ်ထဲရှိတဲ့အတိုင်း ထလုပ်ပစ်လိုက်တာပဲ။ ကြုံသလိုစားခဲ့တာ မနည်းတော့ဘူး။
ဗဟုသုတပဲအစ်မ
ပန်းဂေါ်ဖီအစိမ်း၊လိမ္မော်၊ခရမ်းကိုတော့
ခုမှမြင်ဖူးတာ.ထူးဆန်းတယ်နော်အစ်မ
မြင်ဖူးထားတဲ့.အသီးအရွက်တွေကို
အသုံးဝင်ပုံအာနိသင်တွေနဲ့ပါ
သိခွင့်ရတဲ့အတွက်
အစ်မချောကိုကျေးဇူးတင်ပါတယ်။
ပျော်ရွှင်ပါစေရှင်
ချစ်ခင်လျှက်
မိစံ
အစိမ်းကြော် ကြော်စားဖို့ သတိရသွားပြီ။
အရမ်းကျေးဇူးတင်ပါတယ်
မျက်စိဖွင့်နားပွင့်တ်ာပေါ့ဗျာ
ဟင်းရွက်တွေ လပ်လပ်ဆပ်ဆပ်မြင်ရတော့
ရှမ်းပြည်ကိုပဲသတိရမိပါတယ်ဗျာ
ကိုက်လန်ကတော့ အကြိုက်ဆုံးဘဲ။
ဟင်းသီးဟင်းရွက်တွေကို အသားတွေထက် ပိုနှစ်သက်တယ်။ အသက်ကြီးလာလို့လား မသိ။
အစိမ်းကြော် စားချင်သွားပြီ
အကုန်ကြိုက်တယ်..
ချောရေ...
မသိတဲ့အရွက်တွေပါတယ်တော့...
ပန်းဂေါ်ဖီတွေလှလိုက်တာ..
ပန်ကြည့်ရင် ခေါ့င်းအတော်လေးမယ့် ပုံရှိတယ်... :)
Post a Comment