Sunday, January 29, 2012

ရေပြောင်းဖူးနဲ့ ရေထဲကကြာစွယ်

ဖေ့ဘွတ်က ညီမတစ်ယောက်ရေပြောင်းဖူးသုပ်နည်း ပြောပြပါဦးလို့ တောင်းဆိုထားခဲ့ ဖူးပါတယ်။ သူ့ ကို ပြန် ပြောပြရင်းနဲ့ ကျန်တဲ့ သူတွေလည်း သိရအောင် ဒီပိုစ့်လေး တင်ဖြစ်ပါတယ်။ ရေပြောင်းဖူးဆိုတာ ရှမ်းပြည်က လူတွေတော့ သိပြီးဖြစ်မှာပါနော်။ ကျွန်မတို့ ကချင်ပြည်နယ်မှာလဲ ဒီရေပြောင်းဖူးက မရှိပါဘူး။ ကျွန်မသည်ပင်လျှင် မန္တလေးတက္ကသိုလ် တက်တော့ ရှမ်းစားသောက်ဆိုင်တွေမှာ ထမင်းစားဖြစ်တော့မှ စားဖူး၊ ကြားဖူးတာ ဖြစ်ပါတယ်။ အခု ကျွန်မနေတဲ့မြို့မှာတော့ ရေပြောင်းဖူးတွေ အလွန်ပေါတဲ့အတွက် မကြာခဏ သုပ်စား၊ ကြော်စားဖြစ်ပါတယ်။ ရေပြောင်းဖူး ဘာလဲမသိသူများ Water Bamboo ဆိုပြီး Google မှာ ရှာကြည့်ရင် သိနိုင်ပါတယ်နော်။ Water Bamboo ဆိုပေမဲ့ ရှမ်းပြည်မှာတော့ ရေပြောင်းဖူး လို့ ခေါ်ကြပါတဲ့ရှင်။


 ရေပြေင်းဖူး (or) Water Bamboo

Image Hosted by PicturePush - Photo Sharing

 ရေပြောင်းဖူးတွေကို ပါးပါးသေးသေး အချောင်းရှည်လေးတွေလှီးပြီး ဆား၊ အရသာမှုန့်၊ ငရုပ်သီးစိမ်း၊ ကြက်သွန်နီ၊ နံနံ၊သံပုရာသီး စတာတွေနဲ့ ရောပြီး သုပ်လိုက်ရင် ချဉ်ချဉ်စပ်စပ် ရေပြောင်းဖူးသုပ် ရပါတယ်။


Image Hosted by PicturePush - Photo Sharing

ရေပြေင်းဖူးသုပ်

Image Hosted by PicturePush - Photo Sharing
ဒါလေးကတော့ ရေပြောင်းဖူးနဲ့   ဥနီကို ဂျစ်နဲ့ ခြစ်ပြီးသုပ်ထားတာပါ။ ငရုပ်သီး ဆီကြော်၊ ခရမ်းချဉ် သီး တောက်တောက်စင်း၊ နှမ်း၊ ဆား၊ ငံပြာရည်၊ အရသာမှုန့်၊ သံပုရာသီးတို့နဲ့ သုပ်ထားတာပါ။ 



 ချဉ်စပ် ရေပြောင်းဖူးသုပ်

ရေပြောင်းဖူးကြော်
*************


ဒီတစ်ခါတော့ ရေပြောင်းဖူးကို ကြော်ပါမယ်။

Image Hosted by PicturePush - Photo Sharing


 ရေပြောင်းဖူးတွေကို ခုလို ပါးပါးလှီးပါတယ်.

Image Hosted by PicturePush - Photo Sharing

ခရမ်းချဉ်၊ ကြက်သွန်ဖြူ၊နီ
Image Hosted by PicturePush - Photo Sharing

 ဆီအနည်းငယ်နဲ့ ကြော်ထားတဲ့ ရေပြောင်းဖူးပါ။ ပဲငံပြာရည်အကြည်၊ ဆား၊ အရသာမှုန့်တို့ ထည့်ကြော်ထားပါတယ်။ အသားကြိုက်ရင် အသားနဲ့ ရောကြော်လည်း စားလို့ ကောင်းပါတယ်နော်။


*********************


ကြာစွယ်

ကြာစွယ်ဟာလည်း ရေထဲက ရတဲ့ စားစရာတစ်မျိုးပါ။ အချို့က ပိတ်စွယ်လို့လည်း ခေါ်ကြတယ် ထင်ပါ တယ်။ 


Image Hosted by PicturePush - Photo Sharing
ဒါကတော့ ကြာစွယ်လို့ ခေါ်တဲ့ Lotus Root ပါ။ 


Image Hosted by PicturePush - Photo Sharing

ကြာစွယ်ကို အခေါင်းပေါက်တွင်းမှ ရွံ့နွံများ စင်အောင် သေချာဆေးကြောပြီး ခုလို ပါးပါးလှီးပါတယ်။ ထို့နောက် ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ငရုပ်သီးစိမ်း၊ နံနံ၊ ဆား၊ ပဲငံပြာရည်၊ အရသာ မှုန့်တို့နဲ့ ကြော်လိုက်ပါတယ်။ ကြာစွယ်က မာတဲ့ အတွက် ရေထည့်ပြီး ခေတ္တထားရပါတယ်။ ရေခမ်းပြီး ကြာစွယ်နှပ်ပြီဆိုတော့မှ ချုလိုက်တာဖြစ်ပါတယ်။

Image Hosted by PicturePush - Photo Sharing

မကြာခဏ ကြော်စားဖြစ်တဲ့ ကြာစွယ်


*************


 ကြာစွယ်သုပ်

 ကြာစွယ်ကိုသုပ်ဖို့အတွက် ရေစင်အောင် ဆေးပြီး ပါးပါးလှီးပါတယ်။ ထို့နောက် ရေနွေးဆူဆူမှာ အချိန် ၅မိနစ်ခန့် ပြုတ်ပါတယ်။ ပြုတ်ပြီး ကြာစွယ်များကို ရေအေးမှာစိမ်ထားပါတယ်။ ထို့နောက် ရေစင်အောင် စစ်ပြီး ဥနီကို လှီးထည့်ပါတယ်။

Image Hosted by PicturePush - Photo Sharing
ပြုတ်ပြီး ကြာစွယ်

Image Hosted by PicturePush - Photo Sharing

ကြက်သွန်ဖြူဆီချက်၊ ငရုပ်သီးမှုန့်ကြော်၊


Image Hosted by PicturePush - Photo Sharing
 မြေပဲဆန် ပုဇွန်ခြောက်မှုန့်၊ ငရုပ်သီး၊ ဆား၊ ငံပြာရည်၊ ငရုပ်သီး ဆီကျက်၊ ရှာလကာရည်တို့ ပေါင်းစပ်ပြီး



 ကြာစွယ်သုပ် ရပါပြီ။

ရေထဲက စားစရာများဖြင့် ပျော်ရွှင် ကျေနပ်နိုင်ကြပါစေရှင်



Image Hosted by PicturePush - Photo Sharing

24 comments:

အကုန်ကြိုက်လို့  အကုန်စားသွားတာ် မချော..

ရေပြောင်းဖူး .. !!
တစ်ခါမှ မကြားဖူးဘူး ..
ဟို စားနေကျ ပြောင်းဖူး မဟုတ်ဘူးးကိုးး..
စားကြည့်ဖူးချင်တယ် ..း))

ခင်မင်လျှက်
ဆောင်းနှင်းရွက်

မစားရတာကြာပေါ့..။
ဒီရေပြောင်းဖူး။လွှမ်းမိပါ့..။
ကြာစွယ်ကိုတခါခါကျမသကြားရည်နဲ့ ၊
ပြုတ်ပြီးအချိုစာလုပ်စားတတ်တယ်။
:))

ပိတ်စွယ်က ဟင်းခါးချက်တဲ့နေရာမှာ သုံးကြတာပါ၊ သေးသေးဖြူဖြူလေးပါ၊ ကြာစွယ်နဲ့မတူပါဘူး။

နေကောင်းပြီးခါစဆိုတော့အဲဒီလိုလေးတွေစားချင်နေတာ
ကြာစွယ်လဲ အရမ်းကြိုက်တယ်

အားလုံးမိုက်တယ်ချောေ၇။
ဒီပြုတ်ထားတဲ့ကြာစွယ်ကတော့ဖြူပါတယ်ချောရဲ့ ။
ရေပြောင်းဖူးကို သုပ်မစားဘူးဘူး။ သူ့ အရသာကြိုက်တော့သုပ်စားလည်းကြိုက်မှာသေချာတယ်။
ခရီးမှာအစစအဆင်ပြေပါစေလို့ ။
အိုင်အိုရာ

ရေပြောင်းဖူးကတော့ မြင်လဲမမြင်ဖူး စားလဲမစားဖူးဘူးချောရေ.. စိတ်ဝင်စားတယ်။ အရသာက ဘယ်လိုနေလဲဟင်။ မျှစ်နဲ့တူလား။ ပုံစံလေးကြည့်ရတာတော့ မျှစ်ဆတ်(မျှစ်အစိမ်း)ကလေးတွေနဲ့ တူသလိုပဲနော်။ ကြာရိုးတွေ ကြာစွယ်တွေ ကြာမြစ်တွေကတော့ ဒီမှာပေါတယ်။ အစုံလဲရတယ်။

တီတင့်လည်းဂျက်နဲ့တူတူပဲ ဒီလိုအချိန်မှာ ချဉ် ငံ စပ်
အသုပ်လေးတွေစားချင်နေတာလေ။ ကျေးဇူးပါကွယ်။
မလေးပို့စ်ကို ဖတ်ပြီး မနက်ဖြန်တော့ အိမ်ကို
ကြာဇံချက် ချက်ခိုင်းထားတယ်း)
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေနော်။

မေတ္တာဖြင့်
အန်တီတင့်

ချားချင်တယ်နော် :P

ရေပြောင်းဖူးကို တစ်အားကြိုက်တာ.. တောင်ကြီးပြန်ရင်ဆို နေ့တိုင်းနီးပါးလောက်ကို စားတာ.. ရေပြောင်းဖူးသုပ်လေး စားချင်လိုက်တာနော်~~~

မချောကြီး..
မရောက်တာကြာလို့ လာလည်ရင်း အကုန်တီးသွားတယ်နော်..ဟိ

ရေပြောင်းဖူးကိုတော့
ပုံစံတူတာ.မြင်ဖူးတယ်အစ်မ
မစားဖူးဘူးး)
ကြာစွယ်လည်း.ဒီအတိုင်းပါပဲး)
ဘာပဲဖြစ်ဖြစ်..အသစ်အဆန်းဆို
စားကြည့်ချင်ပါတယ်း)
ခရီးစဉ်ပြီးရင်လည်း.အစအဆုံး
လွှင့်ပေးအုံးနော်အစ်မးD

ချစ်ခင်လျှက်
မိစံ

''ဗိုက်ဆာတယ် ဘာစားရမလဲ'' စဉ်းစားနေတုံး ဖွင့်ကြည့်လိုက်မိတော့ ''စားချင်တယ် စားချင်တယ်''ဖြစ်သွားရော..တော်ဘီ တော်ဘီ ပြန်တော့မယ်...နောက်နေ့မှ တိုဟူးပျော့ ခေါပုတ် နဲ့ လုပ်စားမယ် ..D;

မစားဖူးလို့ စားကြည့်ချင်တယ် မမ :):)

စားချင်လိုက်တာနော်... ရှလွတ် ရှလွတ် :)

ရေပြောင်းဖူး တစ်ခါမှမစားဖူးဘူး စားချင်လိုက်တာ...

ပြန်စဉ်းစားကြည့် သလောက်တော့ ရေပြောင်းဖူးရော၊ ကြာစွယ်ရော မစားဖူးသေးဘူး ထင်တာပဲဗျ..၊ အထူးသဖြင့် ရေပြောင်းဖူးကို စိတ်ဝင်စားတယ် မချော..။

ရေပြောင်းဖူး ဆိုတာ တစ်ခါမှ မကြားဖူးလို့ လာကြည့်တာပါ.. စားချင်စရာပဲ.. :)

မချောတို့ကတော့ ခရီးထွက်တာတောင် ပို့စ်တွေကို အော်တိုတင်ခဲ့ပြီး အစားနဲ့ နေ၀သန့်ကို နှိပ်စက်တော့တာကိုး.. ဟီးဟီး.. သွားရည်တမြှားမြှားနဲ့ ကိုယ့်ကိုယ်ကို တနားထှာ..

ခင်မင်လျက်
နေ၀သန်

စားချင်စရာကြီးပဲဗျာ

ရေပြောင်းဖူးကို မြင်ဖူးတယ် ဘာလုပ်စားရမှန်းမသိတာ။ ရေပြောင်းဖူးကို စားကြည်.ချင်တယ်။ နည်းပေးတာ ကျေးဇူး မမမချော။ နောင်ကြုံရင်လုပ်စားကြည်.ဦးမယ်။ :)

သရေတပြင်ပြင်နဲ့ စားချင်သွားတယ်ဗျာ။။ ငတ်နေတာ ကြာပြီဆိုတော့ ဘာပဲတွေ့တွေ့ စားချင်နေတယ်..ဟီးး။။

အဲ့ဒီကြာစွယ်ကို မြေးအိုးမြီးရှည်စားတိုင်း ပိုထည့်ခိုင်းတယ်။ စိမ့်နေတာပဲနော်။ လုပ်စားကြည့်ဦးမှ ချောရေ...။
ရေပြောင်းဖူးသုတ်လဲ စားဘူးတယ်။ ဆိုင်မှာ။ ရေပြောင်းက ဒီမှာ ဈေးကြီးတယ်။ သံဈေးမှာမှ လတ်လတ်ဆတ်ဆတ်ရတယ်။ အလုပ်ရှုပ်မခံပါဘူး..ဆိုင်မှာ ၀ယ်စားလိုက်တယ်..မကောင်းဘူးလား..:)