ကျွန်မ မချောတစ်ယောက် ခြေဆန့်လက်ဆန့် ခရီးသွားရာက ပြန်ရောက်ပါပြီရှင်.. အိမ်ရှင် မရှိသော်လည်း စာဖတ်မပျက်၊ အလည်လာမပျက် ရောက်လာကြတဲ့ ချစ်ခင်ရပါသော မိတ်ဆွေ သူငယ်ချင်းများ အားလုံးကို အထူးကျေးဇူးတင်ပါတယ်ရှင်။ ဒီတစ်ခါ ခရီးအသွားမှာ ရောက်ခဲ့တဲ့မြို့တွေကတော့ ရှမ်းပြည်နယ် ဆိုရင် ပြင်ဦးလွင်၊ တောင်ကြီး၊ အင်းလေး၊ ပင်းတယ၊ မွေတော်ကက္ကူ၊ ထမ်ဆမ်းဂူစသဖြင့် ဖြစ်ပြီးတော့ ရခိုင်ပြည်နယ်ကတော့ ကျွန်မရဲ့ အဓိက ဦးတည်ချက် ခရီးဖြစ်ပါတယ်။ ရှေးဟောင်းစေတီပုထိုးတွေ နန်းတော်ဟောင်းတွေနဲ့ ကြီးကျယ်ထင်ရှားခဲ့တဲ့ ရခိုင်ရှေးဘုရင်တို့ရဲ့ မြောက်ဦးမြို့ကို စာတွေ၊ ဓာတ်ပုံတွေ ကြည့်ပြီး စိတ်ဝင်စားခဲ့တာ ကြာပါပြီ။ ကျွန်မ ကိုယ်တိုင် တစ်ခါမှ မရောက်ဖူးသေး တဲ့ မြောက်ဦးမြို့ကို ဒီတစ်ခါ အားလပ်ရက်မှာ သွားဖြစ်အောင် သွားမယ်လို့ ရည်ရွယ်ထားခဲ့တာကြောင့် ကျွန်မရဲ့ ဇာတိဒေသကိုတောင် မပြန်ဖြစ်တော့ဘဲ ရခိုင်ကို ရောက်အောင် သွားဖြစ်ခဲ့တာပါ။ ရခိုင်ဘုရင်တွေ တည်ထားခဲ့တဲ့ ကြီးကျယ် ခမ်းနားလှတဲ့ စေတီပုထိုးတွေ၊ ဆင်းတုတော်တွေ၊ စိတ်ဝင်စားဖွယ် ယဉ်ကျေးမှုတွေ၊ သမိုင်းကြောင်းတွေကို မျက်ဝါး ထင်ထင် တွေ့မြင် ခဲ့ရပါတယ်။ အဲဒီ အကြောင်းတွေ ကိုတော့ နောက်များမှာ ဖြေးဖြေးချင်း ရေးပါဦး မယ်နော်။ ရေးစရာ အကြောင်းအရာတွေ အများကြီးအပြင်၊ ဓာတ်ပုံတွေလည်း အများကြီး ရိုက်လာခဲ့ပါတယ်။ ကြည့်ရှု အားပေးကြပါဦးလို့ ကြိုတင် စကားပလ္လင် ခံထားချင်ပါတယ်နော်။
ဒီပုံကတော့ မြောက်ဦးမြို့ရဲ့ နှင်းမြူတွေဆိုင်းနေတဲ့ မနက်ခင်းမှာ တောင်ပေါ် တစ်ခုကနေ နေထွက်ချိန် ကို စောင့်ကြည့်ရင်း ရိုက်ခဲ့တဲ့ ဓာတ်ပုံလေးတစ်ပုံပါ။ Facebook မှာတော့ လွန်ခဲ့တဲ့ရက်က တင်ခဲ့ပါတယ်။ ပိုစ့်မတင်ခင်မှာ ဓာတ်ပုံတစ်ချို့ကို အမြည်းသဘောနဲ့ ဖော်ပြချင်တာကြောင့် တင်လိုက်တာ ဖြစ်ပါတယ်ရှင်။
ပထမဦးဆုံး ကျွန်မရောက်ခဲ့တဲ့ မြို့တွေထဲက ပြင်ဦးလွင်မြို့ရဲ့ ခရီးနဲ့ စပါမယ်နော်။ ပြင်ဦးလွင်မြို့ကိုတော့ လူတိုင်းနီးနီး ရောက်ဖူးပြီးသား ဖြစ်ကြမှာမို့လို့ မြို့အကြောင်းတော့ သိပ်ပြောစရာ မရှိပေမဲ့ ကျွန်မ သွားလာဖြစ်ခဲ့တဲ့ နေရာနဲ့ ဓာတ်ပုံလေးတွေကို ဖော်ပြချင်ပါသေးတယ်။ အဲဒီလို ပြင်ဦးလွင်မြို့လို့ ဆိုရာ မှာ ပြင်ဦးလွင်ကို မဖြစ်မနေ ဝင်ချင်ရတဲ့ အဓိက အကြောင်းရင်းတစ်ခုက ဒီဇင်ဘာခြံကို ရောက်ချင် လို့ပါ။ ပြင်ဦးလွင်ရဲ့ ဒီဇင်ဘာလို့ ပိုစ့်ကို ခေါင်းစဉ်တတ်တာက ဒီဇင်ဘာခြံအကြောင်း ရေးချင်လို့ပါ။ ဒီဇင်ဘာခြံဆိုတာ ပြင်ဦးလွင်မှာတော့ လူတိုင်းသိတဲ့ ခြံကျယ်ကြီး တစ်ခု ဖြစ်ပါတယ်။ ဒီဇင်ဘာခြံကို သဘောကျမိတာက ကိုယ်တိုင် မွေးမြူထားတဲ့ ခြံထွက် နွားနို့တွေကို လတ်လတ် ဆတ်ဆတ် ရောင်းချတဲ့ အပြင် စတော်ဘယ်ရီပင်တွေနဲ့ အခြားပန်းအလှပင်တွေ ကျယ်ဝန်းစွာ စိုက်ပျိုးထားတဲ့ ခြံကြီးထဲမှာ စတော်ဘယ်ရီသီးတွေကို ကိုယ်တိုင် ခူးဆွတ်နိုင်ပါ တယ်။ ပြီးတော့လည်း ခြံကြီးက ကျယ်ဝန်းလှပြီး သာလဲ အလွန် သာယာကာ လေကောင်း လေသန့် တွေကို ရှုရှိုက်ကာ သစ်ပင်ပန်းမာန်များရဲ့ အလှကို ခံစားရင်း သပ်ရပ်တဲ့ နေရာထိုင်ခင်းတွေနဲ့ ခြံထဲမှာဘဲ အစားအသောက်များ စားသောက်နိုင်အောင် စီစဉ်ထား တာ ဖြစ်ပါတယ်။
ခြံအတွင်းက ပန်းများဝေဝေဆာဆာ လှလှပပ ဒီဇင်ဘာရဲ့ ကြော်ငြာဆိုင်းဘုဒ်

ဒီနေရာလေးမှာထိုင်ပြီး ခြံထွက်နွားနို့စစ်စစ်နဲ့ ရှမ်းခေါက်ဆွဲ ပူပူလေးတစ်ပွဲ စားပါတယ်။ ဘေးနားမှတော့ တိုက်ကပ်နွယ်ပင်တွေ ထင်ပါရဲ့.. လှလှပပ ခက်ဖြာဝေဆာလို့ပါဘဲ။ မြင်နေရတဲ့ အဆောက်အဦးကတော့ အစားအသောက်တွေ ပြင်ဆင်တဲ့နေရာပါ။ သပ်သပ်ရပ်ရပ်ရှိလှပါတယ်။ ပြင်ဦးလွင်ထွက် အစားအသောက်များ၊ အသီးအနှံများ၊ လက်ဆောင်ပစ္စည်းများကိုလည်း အဲဒီနေရာမှာ ဝယ်ယူနိုင်တယ်လို့ စာရေးထားပါတယ်။
စိမ်းမြမြနွယ်
ခြံအတွင်းမှာ စားသောက်သူတွေအတွက် ခင်းကျင်းထားတဲ့ နေရာများ
ခြံတစ်ခုလုံးကို စီးမိုးပြီး ကြည့်တဲ့အခါ ခြံကြီးထဲ လျှောက်ကြည့်ချင်စိတ်တွေ တဖွားဖွားပေါ်လာတာမို့ စားလက်စ ခေါက်ဆွဲနဲ့ နွားနို့ကို အမြန်လက်စသပ်လိုက်ပါတယ်။ ခြံတစ်ခုလုံးကို လွတ်လွပ်လပ်လပ် လျှောက်ကြည့်ပြီး စိတ်တိုင်းကျ ဓာတ်ပုံတွေ ရိုက်နိုင်၊ လေ့လာနိုင်ပါတယ်တဲ့။
မိတ်ဆွေများ အားလုံးလည်း သာယာ လှပတဲ့ ဒီဇင်ဘာခြံထဲကို ကျွန်မနဲ့အတူ လျှောက်သွားကြည့် ရအောင်လားနော်...
မိတ်ဆွေများ အားလုံးလည်း သာယာ လှပတဲ့ ဒီဇင်ဘာခြံထဲကို ကျွန်မနဲ့အတူ လျှောက်သွားကြည့် ရအောင်လားနော်...
ဖူးပွင့်ဝေဆာနေတဲ့ ပန်းပင်ပျိုများ
သာယာလှပတဲ့ ခြံကြီးအတွင်းမှာ
နဂါးမောက်သီးစိုက်ခင်းနား ရောက်တဲ့အခါ
အဖြူရောင်လှည်းကလေးလည်း လှလို့ပါဘဲ
ပင်စိမ်းပန်းတို့က ရဲရဲနီ
ဟော.. ရှေ့မှာ စတော်ဘယ်ရီခင်းကြီးတွေ့ပါပြီ။။
နဂါးမောက်သီးစိုက်ခင်းနား ရောက်တဲ့အခါ
အဖြူရောင်လှည်းကလေးလည်း လှလို့ပါဘဲ
ပင်စိမ်းပန်းတို့က ရဲရဲနီ
ဟော.. ရှေ့မှာ စတော်ဘယ်ရီခင်းကြီးတွေ့ပါပြီ။။
ကျွန်မရောက်သွားတဲ့ ဇန်နဝါရီလဟာ စတော်ဘယ်ရီသီးတွေပေါ်ဖို့ အချိန် အနည်းငယ်လိုပါသေးတယ်။ ဒါကြောင့် စတော်ဘယ်ရီသီးတွေ အများကြီး မတွေ့ရသေးပါဘူး။ သို့ပေမဲ့ ကွက်ကြားနေရာလေးတွေ မှာတော့ နီနီရဲရဲ စတော်ဘယ်ရီလေးတွေ ပေါ်နေပါပြီ။
ဟော ဒီမှာတွေ့လား အသီးလေးတွေ ပုန်းလျှိုးကွယ်လျှိုးလုပ်နေတာ
စားချင်စရာကြီး မဟုတ်လား နော်း)
သစ်ပင်ပေါ်က ငှက်ကလေး နှစ်ကောင်လည်း ကင်မရာမှန်ဘီလူးအောက်မှာ ပုန်းလို့ မရပါဘူးနော်
ဟယ် ဒီငှက်နှစ်ကောင်. ဓာတ်ပုံ ရိုက်နေတုန်းမှာဘဲ ဘာတွေလုပ်ပါလိမ့်.. ( ကြင်နာနေလိုက်ကြတာ) :)
ဒီငှက်ကတော့ နောက်တစ်မျိုး.. ဘာငှက်လဲမသိ.. မျက်လုံးပြူးပြူးနဲ့..
ခပ်လှမ်းလှမ်းမှာတော့ စတော်ဘယ်ရီ ပျိုးပင်လေးတွေ တွေ့ရလို့ အနားသွားပြီး ဓာတ်ပုံ သွားရိုက်ပါတယ်။
ပျိုးပင်လေးတွေ ဆိုပေမဲ့လို့ တစ်ချို့အပင်တွေများဆို ပျိုးအိတ်တွေကနေတောင် မြေပေါ် မပြောင်းရွေ့ရသေးပေမဲ့ အသီးလေးတွေ သီးနေပါပြီ။ ဒီလို ပျိုးပင်လေးတွေကို အစောတုန်းက မြင်ခဲ့ရတဲ့ အတိုင်း မြောင်းဘောင်လေးတွေ ဖော်ပြီး ကာမှ မြေပေါ်မှာ ချပြီး စိုက်ပျိုးတာ ဖြစ်ပါတယ်။
ဒီလို ပျိုးပင်လေးတွေကို ရဖို့ အစေ့ကို စိုက်ရတာလား၊ ဘယ်လို စိုက်ရတာလဲလို့ အပင်တွေကို ပြုပြင်နေတဲ့ အစ်မကြီးတစ်ယောက်ကို စပ်စုကြည့်တော့ အစောတုန်းက ခြံတွေ မြောင်းဘောင်တွေနဲ့ စိုက်ထားတဲ့ အပင်တွေကို အသီးတွေ သီးပြီးတဲ့အခါ မနှုတ်ပစ်ဘဲ တစ်နွေလုံး ဒီအတိုင်းထားလိုက်ပါတယ်တဲ့။ မိုးရာသီရောက်ချိန်မှာတော့ အဲဒီအပင်တွေရဲ့ ဘေးနားမှာ အပင်ပေါက်လေးတွေ အတက်လေးတွေ ထွက်လာပါတယ်။ အဲဒီအခါကျတော့မှ ခုလို ပျိုးအိတ်လေးတွေထဲကို ခွဲယူစိုက်ပျိုးလိုက်ပါတယ်တဲ့။ ပျိုးအိတ်လေးထဲမှာတော့ သဘာဝ မြေသြဇာများဖြစ်တဲ့ နောက်ချေး၊ မြေဆွေးတွေ အချိုးကျ ထည့်ထားပါတယ်တဲ့။
ဆောင်းရာသီရောက်တဲ့အခါမှာ မြေကြီးတွေကို ဆွပြီး မြောင်းတွေ ဘောင်တွေ ဖော်ပြီးတော့မှ ပျိုးအိတ်တွေကနေ မြေပေါ်ချပြီး စိုက်ပျိုးပြန်တာ ဖြစ်ပါတယ်လို့ အစ်မကြီးက ရှင်းပြပါတယ်။ စိုက်ထားတဲ့ စတော်ဘယ်ရီခင်းတွေကိုတော့ နေ့စဉ် ရေလောင်းပေးရပြီး တစ်ပတ်ကို တစ်ခါ မြေသြ ဇာတွေ ထည့်ပြီး ပေါင်းရှင်းပါတယ်လို့ ဆိုပါတယ်။ ကျွန်မရဲ့ စပ်စပ်စုစု မေးခွန်းတွေကို စိတ်ရှည်လက်ရှည် ဖြေပေးတဲ့ နာမည် မသိခဲ့ရတဲ့ အစ်မကြီးကို ကျေးဇူးအထူးတင်ပါတယ်။
မနက်ခင်းမှာ စတော်ဘယ်ရီခင်းတွေကို ရေလောင်းနေသူ
ခြံရဲ့ အခြားတစ်ဖက်မှာ အပွင့်ဖြူဖြူ ချစ်စရာ အပင်လေးတွေ တွေ့တာကြောင့် အနီးကပ်ကြည့်မိတဲ့အခါ
အဲဒီအပွင့်လေးနဲ့ အပင်ဟာ မက်မန်းပင်နဲ့ ပန်းပွင့်လေးတွေ ဖြစ်နေတာကို တွေ့ခဲ့ရလို့ ဓာတ်ပုံ ရိုက်ခဲ့ပါသေးတယ်
ချယ်ရီပန်းနဲ့ အရောင်မတူပေမဲ့ ပုံသဏ္ဍာန်ချင်းတော့ ဆင်ဆင်တူပါတယ်။
ခြံကြီးဟာ ဧကပေါင်းများစွာ ကျယ်ဝန်းပြီး ခြံရဲ့ ဟိုးအနောက်ဖက်မှာတော့ နွားတွေကို စနစ်တကျ မွေးမြူတဲ့နေရာ ရှိပါတယ်။ အဲဒီနေရာကိုတော့ မရောက်ဖြစ်ခဲ့ပါဘူး။ ဒီဇင်ဘာခြံဟာ နွားတွေကို ကိုယ်တိုင် မွေးပြီး နွားနို့ကို ကိုယ်တိုင်ညှစ်ကာ ဒီဇင်ဘာဆိုင်ခွဲတွေဖြင့် မြို့ထဲမှာရော၊ ကန်တော်ကြီး ဥယျာဉ်ထဲမှာပါ ရောင်းချပါတယ်တဲ့။ ဒီခြံကြီးကတော့ မြို့နဲ့ဖြင့် အနည်းငယ် (၇မိုင်နီးပါးခန့်) ဝေးတာကြောင့် တကူးတက သွားရောက်မှသာ ရောက်ဖြစ်မဲ့ နေရာပါ။ သို့ပေမဲ့လည်း ကျယ်ဝန်းသပ်ရပ်ပြီး လှပ သာယာတဲ့ ရှုခင်းတွေကို ကြည့်ရှုရင်း အေးအေးဆေးဆေး စားသောက်လိုသူများအတွက်တော့ စိတ်ကြည်နူးဖွယ် အလွန်ကောင်းတဲ့ နေရာတစ်ခု ဖြစ်မှာ အမှန်ပါ။ ပြင်ဦးလွင်ကို ရောက်ရင်ဖြင့် ဒီဇင်ဘာ ခြံကြီးထဲကိုလည်း အလည်အပတ် သွားရောက်ခဲ့ကြပါဦးလို့နော်။
ပြန်ပါဦးမယ် ဒီဇင်ဘာ။။ လှပတဲ့ ရှုခင်းနဲ့ စတော်ဘယ်ရီခင်းတွေအတွက် ကျေးဇူးပါ။
ချစိမိတ်ဆွေ ဘလော်ဂါများရဲ့ အိမ်( ဘလော့ဂ်)တွေဆီကိုလည်း မကြာခင်မှာ အလည်လာနိုင်အောင် ကြိုးစားပါ့မယ်နော်။ အားလုံးဘဲ ပျော်ရွှင် ကျန်းမာ စိတ်ချမ်းသာကြပါစေရှင်...










































40 comments:
မချောရေ... အားကျလိုက်တာ
အဲ့လိုခရီးထွက်ချင်နေတာ
ပြင်ဦးလွင်ကိုတခါမှမရောက်ဖူးဘူး။ စတော်ဘယ်ရီသီးလေးကိုသွားရည်ယိုသွားပါတယ်။
နောက်ထပ် ခရီးစဉ်တွေရဲ့ စိတ်ဝင်စားစရာပုံလေးတွေနဲ့ အကြောင်းအရာလေးတွေစောင့်မျှော်နေမယ်နော်.
camomilla
ကိုယ်တိုင် ခူးတဲ့ စတော်ဘယ်ရီကို နို့နဲ့ ရောဖျော်၊ တို့ဟူးနွေးလေးရယ်စား။ ပြီးရင် ဆိတ်သားခြောက်နဲ့ ရေနွေးကြမ်းပူပူလေးကို သောက်ပြီး ဒီဇင်ဘာခြံထဲမှာ တစ်နေ့လုံး ထိုင်နေချင်တယ်..... :)
ဒီတစ်ခေါက်ပြင်ဦးလွင်ရောက်ရင် ချောပြောတဲ့
ဒီဇင်ဘာခြံကြီးကိုသွားလည်ဖြစ်အောင်လည်မယ်။
အနားကသာဖြတ်ဘူးခဲ့တာ ပုံတွေမြင်ပြီးသွားကြည့်
ချင်စိတ်ပေါ်လာပြီ နွားနို့ပူပူလေးသောက်ချင်တယ်း)
နောက်ပို့စ်တွေကိုဆက်ပြီးမျှော်နေပါတယ် ချောရေ။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။
မေတ္တာဖြင့်
အန်တီတင့်
ပြင်ဦးလွင်ကိုလည်း လွမ်းပါတယ်
မြောက်ဦးမြို့ကိုလည်း လွမ်းပါတယ်
(ရှစ်သောင်းဘုရားပေါ်က ပုံတွေ တင်မယ်မဟုတ်လား ဟိ)
မချောကိုလည်း လွမ်းပါတယ် :)
ပြင်ဦးလွင်ရဲ့ နေရာတော်တော် များများ ကိုရောက် ဖူးပင်မဲ့
အဲ့နေရာလေးတော့ မရောက် ဖူးသေး ဘူးအစ်မရေ ...
မြို့ အထွက် ကန်ကြီးကုန်း မှာ လည်း အဲ့လို ဆိုင် တစ်ခု ရှိတယ် .... အခု ဆိုင်က ပို လှတယ်ရော
ဒီတစ်ခါ ရောက်ဖြစ်ရင်တော့ ရောက်အောင် သွားမယ် ဗျာ .
ခင်မင်စွာ ဖြင့်
မောင်ဘုန်း
အချစ်နဲ့ အနီဗာစရီ တခုခုကျမှာ ပျားရည်လထွက်တော့မယ် မေမြို့ကိုပြန်မရောက်တာ ၁၅ နှစ်ပြည့်တော့မယ်း)
ခုတော့သွားရေကျပြီးရင်းကျဘဲ ချစ်မကြီးရယ်
လူလွတ်တွေကတော့သွားချင်တဲ့နေရာသွား
အိုကေနေတာဘဲ ဟဟဟဟ အားကျတယ် အားကျတယ်
ချစ်တဲ့
မဒိုးကန်
ဒီဇင်ဘာခြံရဲ့  အိုင်ဒီယာလေးက သိပ်ကောင်းတယ်..စတော်ဘယ်ရီသီး ကိုယ်တိုင်ဆွတ်ရတာ ပျော်စရာကြီး..နောင်များကြုံရင် ရောက်အောင် သွားဦးမှ..နောက်ထပ် ခရီးသွားပို့ စ်တွေ စောင့်မျှော်နေတယ်ဗျို့ ..
You have travel a lot of places. Keep posing.
သွားချင်လိုက်တာ ဒီဇင်ဘာခြံကြီးကို နောက်တင်မဲ့ပို့စ်တွေကို ခုကတည်းက စိတ်ဝင်စားနေပြီနော်...
မချော ခရီးသွားနေသည် ဆိုသည့်အတိုင်း တော်တော်လေး ခရီးရောက်ခဲ့တာဘဲ... ခြံလေးက သန့် ရှင်းသပ်ရပ်ပြီး ရှုခင်းတွေက တော်တော်လေးကို လှတယ်... မချောရဲ့ ဓာတ်ပုံရိုက်ချက်တွေကလဲ တော်တော်လေးလှလို့ ဓာတ်ပုံတွေကို စိတ်ဝင်တစား ကြည့်လာရင်း စတော်ဘယ်ရီသီးပုံကိုလဲ ဗြုန်းဆို တွေ့ လိုက်ရော သရေယိုကျမတတ် ဖြစ်သွားလို့ မနဲထိန်းထားလိုက်ရတယ်...
ညီမရေ
ပုံလှလှလေး တွေ ကိုကြည့်ရင်း စထော်ဗယ်ရီ နီနီလေး စားသွားတယ်
ချစ်အမကြီး
ရွှေစင်ဦး
ဟင်
ဟိုအပေါ်က ငှက်နှစ်ကောင် လူရှေ့သူရှေ့ .. ရှက်ရှက် :P
ပုံတွေ အားလုံးတက်တာစောင့်နေရင်း ကွန်မန့်အရင်ပေးလိုက်ပါတယ်။ ကိုရင်နှစ်ပါးပု့လေး အတော်သဘောကျမိတယ်။ စတော်ဘယ်ရီစိုက်ခင်းတွေက စိတ်ဝင်စားစရာ ချောရေ..။ ဟိုတုန်းက နာမည်ကြီးစာရေးဆရာတစ်ယောက်က “ ချစ်သူနှစ်ဦး စတော်ဘယ်ရီပင်အောက်မှာ အတူထိုင်ကြတယ် ” လို့ ရေးခဲ့လို့ ဝေဖန်ခံခဲ့ရတာ သတိရလိုက်မိတယ်။ အခုလိုဆိုရင် အပင်အောက် ၀မ်းလျားထိုးထိုင်မှ ရမယ့်ပုံနော်..ဟိ..။ မေမြို့ရောက်ရင် ဒီဇင်ဘာခြံကို သွားလည်ဖို့ တေးထားလိုက်ပြီ..။
ဒီဇင်ဘာစားဥယျာဉ်ဟာ ပြင်ဦးလွင်ရဲ့ ပြယုဂ်တစ်ခုလို ဖြစ်နေပါပြီ.. အခုလို အနီးကပ်ဓါတ်ပုံလေးတွေတင်ပေးတဲ့ မချောကို ကျေးဇူးတင်ပါတယ်..
ခင်မင်လျက်
နေ၀သန်
ဟင်း..ဟင်း..ဟင်း(ကျေနပ်အားရနေတဲ့အသံ)
ဒီတစ်ခေါက်လည်း အလည်းသါားပြန်ပြီဆိုတော့
အိမ်ရှင် မရှိတဲ့ ဟောဒီအိမ်ကို စိတ်ရှိမွှေနှောက်ပစ်လိုက်တာ ဘာ...
တွေ့ ပြီ စိမ်းစားဥချိုချဉ်ကြော် စိတ်ပြေလက်ပြေစားရင်းနဲ့  အစ်မချောရဲ့ အိမ်မှာ
တရေးတမော အိပ်သွားပါတယ်လို့ ...
ထော်ဦး
ရိုက်ချက်လေးတွေကောင်းလိုက်တာ နောက်ပို့စ်နဲ့ ပုံလေးတွေ မျှော်နေမယ် ချောရေ...။
ပုံတိုင်းကိုကြည့်ပြီး လှလိုက်တာ၊လှလိုက်တာ လို့ ပြောနေမိတယ်။ မရောက်တာကြာပြီဖြစ်တဲ့ ဒီဇင်ဘာခြံကြီးကိုလည်း လွမ်းသွားတယ်။ ပန်းကြိုက်သူမို့ မက်မန်းပွင့် အနီးကပ်ရိုက်ချက်လေးတွေကိုတော့ အကြိုက်ဆုံးပါ...။
I usually go there whenever i visit Pyin Oo Lwin.. Good taste too :) Myat Kyi
လှလိုက်တာ ရွှေချောရယ်....
(ပုံတွေ ကြည့်ရင်း ပြောသွားသည်...း)))
ပုံတွေကြည့်ပြီး အေးချမ်းသာယာသွားတယ် ချော။
ဒီဇင်ဘာက နွားနို့ပူပူလေးကို လွမ်းမိတယ်... :)
မေမြို့သားဖြစ်ပြီး ဒီဇင်ဘာခြံတစ်ခါမှ မရောက်ဖူးဘူး . ပြန်မှ သွားဦးမယ် အစ်မ...
အားပါးပါး
ရက်ရက်စက်စက်ကို..လှလို့ပါလားဗျို့း)
ဒီလောက်သာယာတဲ့နေရာ
မသွားဖြစ်ခဲ့ရင်တော့
လူဖြစ်ရကျိုးနပ်မှာဟုတ်ဘူးအစ်မး)
ဓာတ်ပုံလေးတွေအတွက်
ကျေးဇူးအများကြီးတင်ပါတယ်ရှင်။
ချစ်ခင်လျှက်
မိစံ
ညီမ ပြင်ဦးလွင်ကို ရှားရှားပါးပါး တစ်ခေါက်ေ တာ့ရောက်ဖူးတယ် ဒီဇင်ဘာခြံကို မသိဘူး ..ဒါကြောင့် မရောက်ဖြစ်ဘူး..မချောကတော့ သိတာတွေ အများကြီးပဲ ဒါမျိုးလေး လမ်းညွန်ပေးတာ ကျေးဇူးပါ မချောရေ.. သွားလည်ချင်တယ် တကယ်..
ချစ်တဲ့
အိမ်မက်
ပစ်ပစ်လည်းသွားချင်လိုက်တာ
မကြီးချောရေ
ဓါတ်ပုံလေးတွေလှလိုက်တာ..။
......။
ရိုက်တဲ့သူကတော်လို့ နေမှာ။
:)))
Welcome back မချော...၊
ပထမဦးဆုံး မြောက်ဦးက ဓါတ်ပုံလေးက လှလိုက်တာ၊ မချောရဲ့ ဓါတ်ပုံတွေ ပိုပိုပြီး သေသပ်၊ လှပ လာတယ်၊ မချောက ကြော်ငြာ သဘောလည်း ကောင်းကောင်း နားလည်တာကိုး..၊ ရုပ်ရှင်တွေ trailor ပြသလို ဒီပုံလေး ကြိုပြထားတော့ မြောက်ဦးပို့စ်တွေကို စောင့်ရဦးမှာ ပေါ့လေ..၊း)
ဒီဇင်ဘာ ခြံဆိုတာ အခုမှပဲ မြင်ဖူးတော့တယ်၊ စိတ်ကူး ကောင်းသလို ပီပြင်အောင်လည်း အကောင်အထည် ဖော်ထားလို့ သပ်ရပ်ပြီး နေချင့်စဖွယ်လေး...၊ ဓါတ်ပုံတွေနဲ့ ဝေမျှလို့ ကျေးဇူးပါဗျာ..။
တော်တော် သာယာတဲ့ နေရာလေး... ဓါတ်ပုံတွေ ကောင်းတယ်...ဌက် လေးနစ်ကောင် ပုံ တော်တော် လှတယ်..
ချောရေ ပို့စ်ကို ဖတ်ရတာနဲ့ အဲဒီခြံထဲကို ကိုယ်တိုင်သွားချင်စိတ် ဖြစ်မိတယ်
ချောရေ..ထိပ်ဆုံးကပုံလေးအရမ်းကျက်သရေရှိတာဘဲ..
ဒီဇင်ဘာခြံတော့ရောက်ခဲ့တယ်.. စတော်ဘယ်ရီသီးတွေ ကိုယ်တိုင်ခူးခဲ့တယ်.. အခုပိုလှလာတယ်.. ကူးရောက်တုန်းက သူတို့ စဖွင့်ခါစဘဲရှိသေးတယ်..
ဌက်ကလေးနှစ်ကောင်လဲသိပ်ကဗျာဆန်တာဘဲ.. ရိုက်တဲ့သူနဲ့တူလို့ဖြစ်မယ်း)
နောက်ပို့ စ်တွေမျှော်နေတယ်နော်။
အားလုံးသဘောကျတယ်။
အိုင်အိုရာ
ဖေ့စ်ဘုတ်မှာ ပုံတွေ ကြည့်ပြီး စုံစုံလင်လင် လာဖတ်လိုက်ရတယ်။ အားကျတယ်အစ်မ။ ရိုက်ထားတာတွေ သိပ်သပ်ရပ်တယ်။
အားကျစရာပါလားမမရေ.... ပုံလေးတွေက စိတ်ကို ကြည်နူးချမ်းမြေ့စေလိုက်တာ....
ချောရေ ...
အိမ်ရှင်မရှိတုန်းက ရောက်သေးတယ်။
အိမ်ရှင် ပြန်လာခါနီးမှ မရောက်ဖြစ်ဘူး။
ခရီးသည်ကြီး မရွှေချောအတွက် ပို့စ်ပေါင်းများစွာ ပါလာအုံးမှာမို့ မျှော်လင့်နေပါတယ်။
ချောတယောက်လဲ ခရီးသွားဟန်လွဲနဲ့ ငှက်နှစ်ကောင် အကြင်နာတွေပေးနေတာ ရအောင် ဓာတ်ပုံရိုက်ခဲ့သေးတယ် ... ကောင်းလိုက်တဲ့ ရိုက်ချက် တော်လိုက်တာ။ :P
အပေါ်ဆုံးကပုံလေး ဘယ်လိုလှမှန်းမသိဘူး.. အလယ်က ကိုရင်လေးတွေရော.. နောက်ခံရှုခင်းရော.. ကြည့်မဝဘူး.. :)
မြန်မာပြည်မှာ စတော်ဘယ်ရီကို အဲလို စိုက်တုန်းနော်.. စတော်ဘယ်ရီဝယ်စားရင် သန့်အောင် တော်တော် ဆေးယူရတာကို မှတ်မိသေးတယ်။ ဒီဘက်ပိုင်းမှာ စတော်ဘယ်ရီသီးလာရင် မြေကြီးနဲ့မထိအောင် ပလတ်စတစ် တစ်ထပ်ခံစိုက်ကြတယ်။
ဓာတ်ပုံတွေ က အရမ်းလှတာပဲနော် မချော. . .
ချောရဲ့ပုံလေးတွေကိုကြည်ြ့ပီး
အဲဒီ----ဒီဇင်ဘာခြံကိုသွားချင်လိုက်တာ တောင်ကြီးကိုလဲလွမ်းမိပါရဲ့
နောက်ထပ်ခရီးစဉ်လေးတွေပါတင်ပါအုန်းနော် စောင့်နေတယ်
ချစ်တဲ့ jasmine
မရောက်ဖူးသေးတဲ့ ဒီဇင်ဘာခြံထဲကို ကိုယ်တိုင် ရောက်သွားသလိုပါပဲ။ ဓာတ်ပုံတွေ က ကောင်းလိုက်တာ။ ရောက်ဖူးချင်တဲ့ မြောက်ဦး ခရီးစဉ် ကို စိတ်ဝင်တစား စောင့်မျှော်နေပါ တယ်။
ချောရေ..
ဂျူလဲ အလုပ်တွေများနေတာနဲ့ မလာဖြစ်တာ။
မေမြို့ကတော့ ဘယ်အချိန်ကြည့်ကြည့် လှနေတာပဲနော်။
သူငယ်ချင်းတွေနဲ့ ခရီးသွားခဲ့တာတွေကို လွမ်းလိုက်တာ။
ဆရာမခင်ဗျား။။။။။။။။။။။ ဓါတ်ပုံလက်စွမ်းပြချက်တွေက လန်ထွက်နေတာပါပဲလား။ ကြည့်ရင်းကြည့်ရင်း ကြည်နူးလာရတယ်ဗျို့။
Post a Comment