နည်းပညာတွေ အဆန်းတကြယ်တိုးတက်လာနေတဲ့ ခေတ်ကြီးမှာ အိပ်မက်ဆန်လွန်းလို့ မဖြစ်နိုင်ဘူးလို့ အရာတွေဟာ လက်တွေ့ဖြစ်လာနေတာကို တွေ့နေရပါပြီ။ ပိုက်ဆံရှိ လူတန်းစားတွေအတွက် ထူးထူး ဆန်းဆန်း ဇိမ်ခံနိုင်တဲ့ ခေတ်မှီ အသုံးအဆောင်များလည်း အံ့မခန်း ပေါ်ထွက်လာနေတဲ့ ဒီခေတ်ကြီးထဲမှာ မကြာခင်ကမှ တည်ဆောက်ထားတဲ့ အပျော်စီး သင်္ဘောတစ်စီး အကြောင်း ပြောပြ ရရင် ရေပေါ်က ကျွန်းကလေး တစ်ခုပမာ ပြင်ဆင် တည်ဆောက်ထားတဲ့ အပျော်စီး သဘောင်္တစ်စီးပါ။



ဒီ သင်္ဘောရဲ့ ဖန်တီးသူ ဒီဇိုင်နာကတော့ British Yacht Island Design ရဲ့ လက်ရာဖြစ်ပြီး အမြင့်ဆုံးမောင်းနှင်အားမှာ တစ်နာရီကို ရေမိုင် ၁၅မိုင်ခန့် မောင်းနှင်နိုင်ပါတယ်။ သဘောင်္ဟာ အရှည် ၂၉၅ပေ ရှိပြီး အမြင်အားဖြင့် ရေပေါ်က ကျွန်းတစ်ကျွန်းနဲ့ တူအောင် ဖန်တီးထာပြီး သင်္ဘောရဲ့ အဓိက အကျယ်ဆုံးနေရာကိုတော့ ပင်လယ် ကမ်းစပ်တစ်ခုလိုလို တည်ဆောက်ထားပါတယ်။ သဘောင်္ဆိုပေမဲ့လို့ အဲဒီအပေါ်မှာ မီးတောင် ပုံသဏ္ဍာန် တောင်တစ်ခုရယ်၊ ရေတံခွန် တစ်ခုရယ်၊ ရေကူးကန်ရယ် ပါဝင်ပါတယ်။ မီးတောင်ပုံသဏ္ဍာန်နဲ့တူတဲ့ တောင်ပေါ်က စီးကျလာတဲ့ ရေတံခွန်က ရေတွေဟာ ရေကူးကန်ထဲ စီးဝင်သွားအောင် ပြုလုပ်ထားတာပါ။ ရေကူးကန် မရောက်ခင် ရေစီးလမ်းရဲ့ ဘေးတစ်လျှောက်မှာတော့ ဇိမ်ခံ အနားယူ၊ အပန်းဖြေနိုင်တဲ့ တဲငယ်ကလေးများ၊ ဘားကောင်တာများ၊ အုန်းထန်းပင်များ ပါရှိပါတယ်။ မီးတောင် သဏ္ဍာန်ရဲ့ အောက်ထဲမှာတော့ စာကြည့်တိုက်၊ ရုပ်ရှင်ရုံ၊ အားကစားရုံ၊ Spa စတဲ့ ဝန်ဆောင်မှုတွေ ပါဝင်ပါတယ်။

အပေါ်စီးက မြင်ရတဲ့ရွက်လှေ


တစ်ခေါက်ကို လူ ၁၀ဦးစာ ဇိမ်ခံစီးနိုင်ပြီး ဝရံတာများ ပါရှိတဲ့ သီးသန့်ခန်း လေးခန်းပါဝင်တယ်လို့ဆိုပါတယ်။

သဘောင်္ရဲ့ ဝမ်းဗိုက်နေရာကနေ ရေပေါ်ကို ဖြန့်ထုတ်ထားတဲ့ အပန်းဖြေ အနားယူစရာ နေရာကနေလည်း ပင်လယ်ပြင်ရဲ့ အလှအပနဲ့ ရေပြင်နဲ့ တစ်တန်းတည်း နေရခဲ့ ခံစားချက်ကို ပေးစွမ်းနိုင်အောင် ထည့်သွင်း ဖန်တီးထားခြင်းဖြစ်တာကြောင့် ဒီသင်္ဘောကို လူတွေပိုပြီး စိတ်ဝင်စားစေတဲ့ အချက်ဖြစ်ပါတယ်။ အဲဒီနေရာကိုတော့မလိုအပ်ရင် ပြနလည်းထိမ်းထားလို့ရအာင် အရှင် ပြုလုပ်ထားတာဖြစ်ပါတယ်။










22 comments:
ပိုကိပိုက်ရှိလို့ကတော့ မဒမ်လွင်ပြင်ကို ၀ယ်ပေးချင်ပါ့
တတ်နိုင်သူများကြတော့ အမျိုးမျိုးကို အကုန်အကျခံ ဆန်းသစ်နေကြတာ။ စိတ်ကူးတွေကလဲ ကောင်းသလား မမေးနဲ့။ လျှောက်သွားစရာမလိုတော့ပဲ တစ်နေရာထဲမှာ တစ်ထိုင်ထဲ ရသအမျိုးမျိုး ရအောင် စဉ်းစားတတ်ပါပေါ့။ အင်း... ပိုက်ဆံကတော့ နင့်နေအောင် ပေးရမယ့်အမျိုး။
ဓာတ်ပုံလေးကြည့်ပြီး
ဝယ်ချင်လိုက်တာ
ပိုက်ပိုက်မရှလို့ တာနော်...
အင်း..
ထီသိန်းတစ်သောင်းလောက် ပေါက်ရင်
ဝယ်နိုင်မယ်ထင်ပါရဲ့ 
ရှာရှာဖွေဖွေကွယ်း)
ထူးဆန်းတတ်ကြပါပေ့။
ပိုက်ပိုက်မရှိလို့သာ
ဝယ်ချင်၊စီးချင်စိတ်ဖြစ်မိနေတာ..
တကယ်တမ်းရှိလာရင်တော့
ဒီအစီအစဉ်က..
နောက်ဆုံးရောက်သွားလေမလားဘဲအစ်မး)
ချစ်ခင်လျှက်
မိစံ
သင်္ဘောပုံလေးကိုက ချစ်စရာလေး... တို့ အစ်မချော သိန်းဆုကြီးပေါက်ရင် လိုက်ပို့ နော်... တခါလောက် ဒီသင်္ဘောကြီး စီးပင်လယ်ထဲ လျှောက်သွားချင်မိတယ်.... ခုလို သိခွင့်ရလို့ ကျေးဇူးပါ မချော...
ချောရေ..
မေးလ်ထဲမှာတော့ အဲပုံလေးတွေ ရဖူးတယ်။
ခုမှပဲ အကြောင်းစုံသေချာ သိရတယ်။
း)
ဂျူ
ဝါးးးးးး လန်းထှာာာာာာ ကြိုက်တယ်ဗျာ
ခင်မင်လေးစားလျှက် (လွမ်း)
မချောဝယ်ချင်ရင် ဆောက်ပေးမယ်... ၀ယ်မလားဟင်... :)
လှချက်.... တော်တဲ့သူတွေလဲတော်လိုက်ကြတာ. ပိုက်ပိုက် .မနည်းဘူး ပေးရမယ်ထင်တယ်နော် မမ..:D
စိတ်ကူးနဲ့ ဝယ်ကြည့်တော့တော်တော်ထိန်းသိမ်းရမယ်လို့ တွေးမိတယ်။ ဖြစ်သေးပါဘူး။ ကိုယ်ကဖိစီးမှုတွေမလိုချင်တဲ့သူ။ ပိုက်ဆံမရှိတာနဲ့ မ၀ယ်နိုင်တာနဲ့ အကိုက်ဘဲ။ ဒီတော့ ဇိမ်ခံခရီးထွက်တာဘဲကောင်းပါတယ်။ ဒါလည်းပိုက်ဆံရှိအုန်းမှ။
ထီပေါက်ရင်စီးမယ်ကွာ။ ဘယ်လိုလဲ။အဲကျ.. ချောလည်းလိုက်ခဲ့။ နော်။
အိုင်အိုရာ
စိတ်ကူးနဲ့ ဝယ်ကြည့်တော့တော်တော်ထိန်းသိမ်းရမယ်လို့ တွေးမိတယ်။ ဖြစ်သေးပါဘူး။ ကိုယ်ကဖိစီးမှုတွေမလိုချင်တဲ့သူ။ ပိုက်ဆံမရှိတာနဲ့ မ၀ယ်နိုင်တာနဲ့ အကိုက်ဘဲ။ ဒီတော့ ဇိမ်ခံခရီးထွက်တာဘဲကောင်းပါတယ်။ ဒါလည်းပိုက်ဆံရှိအုန်းမှ။
ထီပေါက်ရင်စီးမယ်ကွာ။ ဘယ်လိုလဲ။အဲကျ.. ချောလည်းလိုက်ခဲ့။ နော်။
အိုင်အိုရာ
သင်္ဘောလေးနဲ့ ကိုယ်ချစ်တဲ့သူတွေတင်ပြီး လျှောက်လည်ရရင် တော်တော်ပျော်စရာကောင်းမှာပဲ။
လှလိုက်တာ။
မချောရေ အပြောင်းအလဲတွေနဲ့ အစိမ်းရောင်လွင်ပြင်လေးကလည်း လှတယ်။
အဲဒီသင်္ဘောလေး စီးဖူးကြည့်ချင်တယ်..
မိုက်တယ်... ဒီဇိုင်းလေးက ချစ်စရာလေး...း)))
ခင်မင်လျက်
နေ၀သန်
ငွေပေါတဲ့သူတွေများ နည်းမျိုးစုံ အရသာခံဖို့ စဉ်းစားနေတာပဲ။ ပင်လယ်ကမ်းစပ်မှာ အိမ်လှလှလေး တစ်လုံး ဆောက်ရရင်တောင် တော်တော် ဟုတ်လှပြီ။
လျှောက်သွားစရာမလိုတော့ပဲ တစ်နေရာထဲမှာ တစ်ထိုင်ထဲ ရသအမျိုးမျိုး ရအောင် စဉ်းစားတတ်ပါပေါ့။
မင်္ဂလာပါ...
သီချင်းတွေလာ နားထောင်ကြပါဦးခင်ဗျာ....
Myanmar Online Music: MyanmarOnlineMusic.Com
အားလုံးကိုဖိတ်ခေါ်ပါတယ်..
ကျေးဇူးပါ...
ရေကြောက်တော့အရုပ်ပဲသဘောကျတယ်း((((
အလကားတော့လိုချင်ပါဝူး(အကားပေးမဲ့လူမှမရှိတာ:P )
ကိုယ်တိုင်ဝယ်မယ်ဆိုတော့လဲ ပိုက်ဆံ ချေးမဲ့သူကမရှိ
အော့်ဘွဘွ
အင်း..................................................................................................ပျော်နိုင်တဲ့သူတွေ ပျော်နေကြတာကို မုဒိတာစိတ်နဲ့ ငေးကြည့်နေရုံမှတစ်ပါးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးး
မချောရေနေကောင်းပါစ..ထူထူဆန်းဆန်တွေ၇ှာဖွေတင်ပေးတာကျေးဇူးဘဲဝယ်နိုင်အောင်ကြိုးစားမယ်ဟီးးးးးး
မေတ္တာဖြင့်..
ရွှေဝန်းရတနာ...
ပိုကဆံများရှိလို့ကတော့လေ အဲဒီလို သင်္ဘောတစ်စီး လောက်ဝယ်ပြီး ဘလော့ကာတွေကို တင်ပြီး ကမ္ဘာပတ်လိုက် အုံးမှာ
Post a Comment