တိုဖူးနွေး ပူပူလေး......

တိုဖူးနွေး ပူပူလေး ဆိုလို့ မချောတစ်ယောက် တိုဖူးနွေးရောင်းနေပြီလို့ ထင်ကြမယ်ထင်ပါရဲ့နော်။း) ဒီနေ့ မတ်လ ၂ရက်နေ့ဖြစ်တဲ့ တောင်သူလယ်သမားနေ့ကို ဂုဏ်ပြုသောအားဖြင့်  တိုဖူးနွေး လုပ်နည်းကို ဖော်ပြ ချင်ပါတယ်ရှင်။ အားလုံးလိုလိုတော့ တိုဖူးနွေးကို လုပ်တတ်ကြတယ်လို့ ထင်ပါတယ်။ ဒါပေမဲ့ ကျွန်မလုပ်မဲ့ တိုဖူးနွေးက ပဲမှုန့်ကနေလုပ်တာ မဟုတ်ဘဲ Yellow Peas လို့ခေါ်တဲ့ စားတော်ပဲကနေ လုပ်မှာဖြစ်ပါတယ်။ ပဲမှုန့် အလွယ်တကူ ရှာမရရင် အခုလို စားတော်ပဲ ၊ ကုလားပဲတို့နဲ့ ပြုလုပ်နိုင်ပါတယ်။ ဒီနည်းကတော့ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့က ရှမ်းဆိုင်တွေမှာ ရောင်းတဲ့ တိုဖူးနွေးလုပ်နည်း ဖြစ်ပါတယ်။ ဒီနည်း ကို ပြောပြတဲ့ မူဆယ်မြို့က အစ်မကိုလည်း ကျေးဇူး တင်ပါတယ်။ 
ပထမဦးစွာ တိုဖူးနွေးပြုလုပ်ဖို့အတွက် စားတော်ပဲများကို ညကတည်းက ရေစိမ်ထားလိုက်ပါတယ်။

စားတော်ပဲ ရေစိမ်

Image Hosted by PicturePush - Photo Sharing

 ရေစိမ်ပြီး ပွလာတဲ့ ပဲများကို ရေအနည်းငယ်ထည့်ပြီး ခုလို မွှေစက် ( Blender ) နဲ့ နည်းနည်းစီ  ကြိတ်ခြေ လိုက်ပါတယ်။

Image Hosted by PicturePush - Photo Sharing

ခုလို ညက်သွားရင် ရပါပြီ။

Image Hosted by PicturePush - Photo Sharing


 ပိတ်ပါးစ (သို့မဟုတ်) ရေစစ်ဖြင့် အရည်များကို စစ်ယူပါတယ်။ ထို့နောက် အဖတ်မှာ ကျန်နေတဲ့ အရည် များကိုလည်း ညှစ်ယူပါတယ်။ 


Image Hosted by PicturePush - Photo Sharing

 ခုလို အရည်တွေရပြီဆို ဆနွင်းအမှုန့်အနည်းငယ်ကို ရေနဲ့ ဖျော်ပြီးထည့်၊ ဆားသင့်တော်သလောက် ထည့်ပြီး မီးပေါ်မှာ ကျိုနိုင်ပါပြီ။ 

Image Hosted by PicturePush - Photo Sharing

ကျိုနေစဉ်မှာ အဆက်မပြတ်မွှေပေးရန် လိုပါတယ်။ မဟုတ်ရင် ပဲအနှစ်တွေက အောက်မှာ အနည်ထိုင်ပြီး မီးတူးသွားနိုင်ပါတယ်။ 

Image Hosted by PicturePush - Photo Sharing

တိုဖူးနွေးထဲ ထည့်စားဖို့ အဆာပလာတွေ အသင့်ပြင်ဆင်ထားပါတယ်။ လိုအပ်တဲ့ အဆာ ပလာတွေကတော့
၁. ငရုပ်သီးဆီကြော်
၂.ကြက်သွန်ဖြူဆီချက်
၃. နှမ်းဆီ
၎.ကြာညို့ (ကြာညို့အလွယ်တကူမရနိုင်ပါက ထန်းညက်ကို အရည်ပျစ်ပျစ် ကျိုနိုင်ပါတယ်) 
၅.ချောက်ကော ပါးကောဆီချက်
၆. မြေပဲဆန်ထောင်း
၇. နှမ်းလှော်ထောင်း
၈. နံနံပင်
၉. မုန်ညင်းချဉ် တို့ဖြစ်ပါတယ်။ 


Image Hosted by PicturePush - Photo Sharing

ကျိုထားတဲ့ တိုဖူးများ တဖြေးဖြေးနဲ့ ပျစ်လာပါပြီ။

Image Hosted by PicturePush - Photo Sharing

တိုဖူးများ ရေခမ်းပြီး ပျစ်လာပြီဆိုရင် ရှမ်းခေါက်ဆွဲ ၊ ဆန်ခေါက်ဆွဲတို့ဖြင့် ထည့်စားလို့ ရပါပြီ။ ခေါက်ဆွဲများ မထည့်လိုပါကလည်း တိုဖူးနွေးချည်း စားနိုင်ပါတယ်နော်။


Image Hosted by PicturePush - Photo Sharing

ခေါက်ဆွဲကို သီးသန့်မပြုတ်ဘဲ တိုဖူးနွေးပူပူထဲကို ထည့်ပြီး ခဏ ထားလိုက်ပါတယ်။ ရွှေပဲရွက်ကိုလည်း တိုဖူးထဲ ထည့်ပါတယ် 

Image Hosted by PicturePush - Photo Sharing

ရွှေပဲရွက်နဲ့ တိုဖူးနွေးအဆင်သင့်ဖြစ်ရင် အဆာပလာများ ထည့်လို့ရပါပြီ။

Image Hosted by PicturePush - Photo Sharing

အပေါ်က အဆာပလာများနဲ့ ဆား၊အရသာမှုန့်တို့ကို သင့်တင့်အောင် ထည့်လိုက်ရင် စားဖို့ အဆင်သင့် ဖြစ်ပါပြီ။


မဝရင် နောက်တစ်ပွဲထပ်စားနိုင်ပါတယ်။ 

Image Hosted by PicturePush - Photo Sharing

မုန်ညင်းချဉ်သုပ်ကလေးနဲ့ တွဲစားနိုင်ပါတယ်။ 

တိုဖူးနွေးဆိုတာကတော့ ပူပူနွေးနွေးအချိန်မှသာ စားလို့ကောင်းတာပါ။ အေးသွားရင် ခဲသွားတာမို့ စားရတာ အဆင်မပြေပါဘူး။ ရှမ်းရိုးရာအစားအစာဖြစ်တဲ့ တိုဖူးနွေးနဲ့ ဒီတစ်ပတ်တော့ ကျေနပ်ကြမယ်လို့ မျှော်လင့်ပါ တယ်ရှင်။



34 Responses to “တိုဖူးနွေး ပူပူလေး......”

ညီရဲ said...

တို့ ဖူးနွေး ပူပူလေး တစ်ပွဲပေးပါ မချော... အေးရင်စားမကောင်းဘူးဆိုလို့ ...

အစ်မရေ တိုဖူးနွေး စောစောလာစားသွားတယ်ဗျို့......ရှမ်းပြည့်ကိုသတိရလိုက်တာဗျာ.........ကျေးကျေး.....

Tun Tun said...

Looking so delicious. Thank for sharing the recipe.

တစ်ပွဲဝင်ဆွဲသွားပါတယ် အရမ်းကောင်း:P...

ရှယ်ပါလားနော် .. ချားချင်ဒယ် .....................

Anonymous said...

အစ်မရေ..
တစ်ပွဲစားမယ်...
တစ်ပွဲပါဆယ်...
တစ်ပွဲအိမ်အတွက်း))
ကောင်းမှကောင်းဘဲဗျို့ :D

ချစ်ခင်လျှက်
မိစံ

တိုးဖူးလုပ်ပုံက စိတ်ဝင်စားစရာပဲ ... ပွဲပြင်ထားတာလှလိုက်တာ။ ရှမ်းစာ သိပ်မကြိုက်တဲ့သူတောင် သွားရည်ကျသွားပြီ... ရှလွတ် ...

Anonymous said...

Lol pictures make me hungry in the middle of night :-) reminds me of my hometown.

ဘရဏီ said...

တပွဲစားပြီးတပွဲကိုပါဆယ်ထုတ်သွားတယ်မချောရေ။

အဲလိုပဲကိုလုပ်လို့ရသကိုးး
သိပ်မစားဖြစ်တဲ့အရာထဲမှာတို့ဖူးနွေးပါတယ်
ဗိုက်ပွတတ်လို့
ဒါပေမယ့်ချစ်မကြီးလုပ်သွားတာ စားချင်စရာကြီး
လုပ်စားကြည့်ဦးမယ်
ဟိုနေ့က၀က်သားနဲ့ မြေဇာဥနဲ့ကြော်စားသေးတယ်
ကောင်းလိုက်တာ

(စကားမစပ် ရေးတဲ့အထဲမှာ တဂ်တဲ့အထဲမှာ မမကျန်ခဲ့လို့ ၅၀၀၀ တန်တဂ်စာလေးရေးပါလို့ ဒီနေရာကနေ ပြောပါရစေနော် )

ချစ်တဲ့

ဒိုးကန်

ဗိုက်ဆာနေတာနဲ့ အတော်ပဲမမ..:):)

SHWE ZIN U said...

ရှယ်ဘဲ ကောင်းတယ် မချောရေ လုပ်စားကြည့်မယ်

ချစ်တဲ့
အမရွှေစင်

Anonymous said...

ချော..
အရမ်းဗိုက်ဆာနေတာတိုဟူးနွေးပန်းကန်လေးတွေ့ တော့အဲဒါဘဲစားချင်တော့တယ်။
အိုင်အိုရာ

ကုလားပဲနဲ့ပဲလုပ်စားဖူးတာ
စားတော်ပဲနဲ့လုပ်လို့ရတယ်ဆိုတာမသိပါဘူးချောရေ
အားတဲ့ရက်လေးစမ်းကြည့်လိုက်မယ်နော် ချောလက်ရာတော့မှီမှာမဟုတ်ကြောင်းရဲရဲကြီးအာမခံပါ၏
ချစ်ခင်ရပါသော jasmine

အောင်မလေးဗျာ ညဆယ်နာရီမှ ဒီပို့စ်ကိုဖတ်မိရသလား....။ ဗိုက်ဆာနေတာ ချောရဲ့ တိုဖူးနွေးကလဲ ဆွဲဆောင်မှုရှိလိုက်ပါဘိ... ခုချက်ချင်းကြီးကိုစားချင်လာပီ..။

Iris said...

My favorite Tohu Nway!
For me, I like it more with San Pyar.
Thank you for the method. I m going to try it.

shwewunyatana said...

ချောရေ..တိုဟူးနွေပူပူလေဗိုက်ဆာဆာနဲလာစားသွားပါတယ်နော်..

မေတ္တာဖြင့်..
ရွှေဝန်းရတနာ...

YL said...

မင်္ဂလာပါ...

သီချင်းတွေလာ နားထောင်ကြပါဦးခင်ဗျာ....

Myanmar Online Music: MyanmarOnlineMusic.Com

အားလုံးကိုဖိတ်ခေါ်ပါတယ်..

ကျေးဇူးပါ...

Mg Han said...

စတင်လက်တည့်စမ်းပါပြီခင်ညား

Anonymous said...

Mouthwatering !!! Look so yummy.
Thanks so much for sharing the recipe.
Daffodil

သိပ်ကြိုက်တဲ့. အစားအစာလေး..း).. ဒီမှာက စတော်ပဲပါ မရှိတာမို့.. ပဲမှုန့်ပဲ သုံးရတာ ပိုအဆင်ပြေတယ်..း)))

ခင်မင်လျက်
နေ၀သန်

သိပ်ကြိုက်တဲ့. အစားအစာလေး..း).. ဒီမှာက စတော်ပဲပါ မရှိတာမို့.. ပဲမှုန့်ပဲ သုံးရတာ ပိုအဆင်ပြေတယ်..း)))

ခင်မင်လျက်
နေ၀သန်

johnmoeeain said...

ဘာရယ်မဟုတ်ဖူး မချောရာ။
စာလုပ်ရင်း တစ်ခုခုစားချင်တဲ့အချိန်
တို့ဟူးနွေးလေးကိုမြင်တော့ အိမ်ကိုလွမ်းလိုက်တာလေ..။

san htun said...

စားချင်တာ ကိုယ်တိုင်လုပ်မှ စားရတဲ့ဘဝမို့  အစားအသောက်လုပ်နည်းတင်ပေးတဲ့ ဘလော့ဂါတွေဆို သိပ်ကျေးဇူးတင်တာ..အားရင်လုပ်စားမယ် ချောရေ..

PhyoPhyo said...

စားချင်လိုက်တာ။
ရှိတာလေးတွေနဲ့ လုပ်စားဦးမယ်။
ရှလွတ် ရှလွတ်

သက်ဝေ said...

တိုဖူးနွေး မစားဖူးဘူး ချောရဲ့ ...
ကြိုက်ပါ့မလား လို့  မသေချာတာနဲ့ မှာမစားဖြစ်တာ
အခု ချောလုပ်ပြထားတာလေးက စားချင်စရာလေး
ဒီတခါ မြန်မာဆိုင်ရောက်ရင် ဝယ်စားကြည့်အုံးမယ်... :-)

စားချင်စရာလေး။ လုပ်စားကြည့်အုံးမယ်။ ပို့အတွက် ကျေးဇူးတင်တယ်နော်

MK said...

ရှမ်းစာလေးတွေ ပိုတင်ပါဦး မရေ။ ထို.ဟူနွေး ဟင်းချက်နည်းလာယူတသွားတယ်နော။ တခါမှ စတော်ပဲနဲ့ မချက်ဘူးတော့ စမ်းလိုက်ဦးမယ်နော

nwe oo said...

really miss taunggyi

Hsu said...

မုန်ညင်းချဉ်လုပ်နည်းကိုသိရင်ပြောပြပါနော်ကျေးဇူးတင်ပါတယ်

Hlaing May Tin said...

ရှမ်းတိုဖူးသုပ်လုပ်တဲ့ တိုဖူးကျိုနည်းလေးသိချင်ပါတယ်ရှင်။ အဆင်ပြေမယ်ဆိုရင် တင်ပေးပါလား မချောရယ်။

Anonymous said...

ရှမ်းထမင်း လုပ်နည်းရေးပေးပါလား

Sun Thit said...

မင်္ဂလာပါ...

သီချင်းတွေလာ နားထောင်ကြပါဦးခင်ဗျာ....

Sun Thit: http://www.sunthit.com/

အားလုံးကိုဖိတ်ခေါ်ပါတယ်..

ကျေးဇူးပါ...

Sun Thit said...

မင်္ဂလာပါ...

သီချင်းတွေလာ နားထောင်ကြပါဦးခင်ဗျာ....

Sun Thit: http://www.sunthit.com/

အားလုံးကိုဖိတ်ခေါ်ပါတယ်..

ကျေးဇူးပါ..