ရှည်ကြ၊ ကြီးကြ၊ ကျယ်ကြသူများဆိုလို့ တစ်ခြား မဟုတ်ပါဘူး။ ကမ္ဘာ့အကြီးဆုံး အရှည်ဆုံး ၊ အကျယ်ဆုံး စာရင်း ဝင်တာတွေကို ဖော်ပြချင်လို့ပါ။း)
တုရကီနိုင်ငံမှ ကမ္ဘာ့အကြီးဆုံးနှာခေါင်းပိုင်ရှင် Mehmet Ozyurek (ကမ္ဘာစစ်ဖြစ်ရင် ပုန်းစရာနေရာ ရှာဖို့မလိုတော့ဘူး ) :)
ကမ္ဘာ့အကျယ်ဆုံးပါးစပ်ပိုင်ရှင် Francisco Domingo Joaquim (သူ့ပါးစပ်ကျယ်ကြီးထဲမှာ အနည်းဆုံး ဘီယာ သုံးဗူးတော့ ကောင်းကောင်းကြီး ဆန့်မယ်ထင်ပါရဲ့ )
ကမ္ဘာ့အပြူးဆုံးမျက်လုံးပိုင်ရှင် Kim Goodman (စိုးလွင်လွင်ရဲ့ သီချင်းထဲက ဒီလို မျက်လုံးဝိုင်း ကလေးတွေကြောင့် ဆိုတာ ဒီလိုမျက်လုံးမျိုးကို ပြောတာထင်ပါရဲ့ ) :P
ဒီပုံကတော့ ကမ္ဘာ့အရှည်ဆုံး နားရွက်ပိုင်ရှင်ပါတဲ့။ငယ်ကတည်းက ခုလို နားဆွဲအလေးကြီးတွေ ဆွဲသူတွေဟာ ဒီလို နားပေါက်ကြီးတွေကျယ်ပြီး နားရွက်တွေ တွဲကျနိုင်ပါတယ်။ ဒါကတော့ သူ့ဓလေ့နဲ့သူပေါ့နော်။ ဒီလိုကျယ်မှ လှတယ်လို့ တစ်ချို့သောလူမျိုးတွေကလည်း ထင်တတ်ကြသေး တယ်လေ။ မချောတစ်ယောက်လည်း သူ့ကိုအားကျပြီး နားကွင်းကြီးကြီးတွေ ဝတ်နေပြီဖြစ်ပါကြောင်း :P

သူကတော့ကမ္ဘာ့အရှည်ဆုံးမျက်ခုံးမွှေးပိုင်ရှင် Leonard Traenkenschuh ( မချောလည်း ရှိသမျှ မျက်ခုံးမွှေးတွေကို စုပြီး စူပါဂလူးနဲ့ ကပ်ကြည့်ဦးမှ )


ကမ္ဘာ့အရှည်ဆုံးမုတ်ဆိတ်မွှေးပါတဲ့ အိန္ဒိယက Badamsingh Juwansingh Gurjar ပါ။
ကြံကြံဖန်ဖန် ( ဆံပင်ရှည်တွေ ဝယ်တဲ့ အိမ်နီးချင်းနိုင်ငံက မုတ်ဆိတ်မွှေးအရှည်ရော ဝယ်လား မသိဘူးနော်. တကယ်လို့သာ ဝယ်တယ် ဆိုရင် ယောက်ျားလေးတွေ အားလုံး မုတ်ဆိတ်အရှည်ထားပြီး ရောင်းစားရင် အတော်အလုပ်ဖြစ်မယ် ) :P

အိန္ဒိယက ကမ္ဘာ့နားရွက်မွှေးအရှည်ဆုံး Radhakant Bajpai ပါ။ (ကြည့်ရင်းနဲ့ နားယားလာသလိုဘဲ)

ကမ္ဘာ့ဆံပင်အရှည်ဆုံး အမျိုးသမီး Chenq 'Rapunzel' Shiquin ပါ။ ဆံပင်တွေဖြတ်ရောင်း ရင် ဈေးကောင်းကောင်း ရနိုင်လောက်တယ်း )

ကမ္ဘာ့အကြီးဆုံး ခေါင်းပိုင်ရှင် Andre The Giant ခေါင်းကြီးသလို ဦးနှောက်လည်း ကြီးလားမသိ။

ကမ္ဘာ့လည်ပင်းအရှည်ဆုံးကတော့ ပဒေါင် အမျိုးသမီးတွေပါတဲ့။ မြန်မာပြည်မှာလည်း ကမ္ဘာ့အရှည်ဆုံး စာရင်းဝင်ရှိတာ ဝမ်းသာစရာ။း)

ကမ္ဘာ့အရှည်ဆုံး လက်သည်းများပိုင်ရှင်Lee Redmond ဒီနေ့ကစပြီး လက်သည်းအရှည်ထားတော့မယ် ကမ္ဘာ့အရှည်ဆုံး စာရင်း ဝင်ချင်လို့ပါ။း)
ခုရက်ပိုင်း အတော်ရှုပ်တဲ့အလုပ်တွေနဲ့ မအားတာမို့ စာအသစ်မရေးနိုင်သေးခင် အပျင်းပြေ ကြည့်ဖို့ပါနော်။ မကြာခင် စာတွေ ပြန်ရေးပါ့မယ်လို့...








14 comments:
အကြီးတွေ အရှည်တွေထဲမှာ မြန်မာမလေးတွေက အလှဆုံးပဲနော် ချောရေ..
ကျန်တာတွေကိုတော့ ကြောက်မိတယ်။ :D
ဂျူ
ပဒေါင်မလေးတွေကလွဲရင် ကျန်တာတွေကို ကြောက်လယ် :P
မျက်လုံးပိုင်ရှင်ကို မျက်စိထဲကမထွက်တော့ဘူး။ ကြည့်ရင်း အသည်းယားလာတယ်။
ချစ်တဲ့
သဒ္ဓါ
တကယ်ဂျီး ရှည်၊ ကြီး၊ ကျယ်ကြတာပဲ
မချောရေ ပိုစ့်အသစ်တွေ့တာနဲ့ရောက်လာတာ။
စာမကြေသေးတာတွေရှိသေးတယ်။
အိမ်မလည်ဖြစ်လို့
အဲလို လက်သည်းရှည်ရှည်ကြီးတွေ ထားပါလား မချော ..ဟင့်.. အိမ်သာတက်ပြီးရင် ဘယ်လိုများ စီမံ မယ် မသိ.. ထိုးမိမှာ သေချာ တယ်.။ သူ့  ပါး ယားတဲ့ အခါ ဘယ်လိုများ ကုပ်မှာ ပါ လိမ့်.....း)
စိတ်ဝင်တစား ကြည့်သွားပါတယ်အမရေ..။။
မြန်မာပြည်ကရှည်တာ ကြည့်ကောင်းတယ်နော်
ကျန်တဲ့တိုင်းပြည်ကဟာတွေ နဲနဲကြောက်မိတယ်
ချစ်ခင်တဲ့ jasmine
ပုံတွေ ကြည့်ရတာ ဒုတိယ ပုံနဲ့ တတိယ ပုံနဲ့တင်
လန့်သွားပြီး ဆက်မကြည့်ချင်တော့ဘူး
ဖြစ်သွားတယ် ..း))
ခင်မင်လျှက်
ဆောင်းနှင်းရွက်
မမရေ.... ခေါင်းစဉ်လေးကြည့်ပြီး စိတ်ဝင်တစားကြည့်သွားပါတယ်..
ချစ်ခင်တဲ့ camomilla
အိမ်... ကမ္ဘာပေါ်မှာ `ဆုံး` ဆိုတဲ့ဆုလေးရတာတော့ ကောင်းသပေါ့ကွယ်.. :P.. ဒါပေမယ့်.... ကြည့်ရတာတော့ တစ်မျိုးကြီးတွေပဲ... နော့.. မချော.. :P..
ခင်မင်လျက်
နေ၀သန်
သြော်...ကမ္ဘာ့ကြီး၊ ကျယ်၊ ရှည်၊ ပြူးတွေ ကြည့်ရတာ စိတ်မသက်မသာ ရှိလှပါဘိ။ နာတို့ ပဒေါင်နဲ့ နားရွက်အရှည်ဆုံး အဖွားကိုတော့ သဘောကျတယ်။ ရှာရှာဖွေဖွေ ဘယ်ကများ တွေ့လာပါလိမ့် မယ်ချော...
အင်း...နံမည်မကြီးချင်နေပါ ဒေါ်ချောရေ...အနှီပုဂ္ဂိုလ်တွေကို ကြည့်ရတာ မသက်မသာ ခံစားရလွန်းလို့...
စာမေးပွဲဖြေခါနီး အိပ်ငိုက်နေတဲ့ တပည့်မတွေကို ဒေါ်ချောရဲ့ပို့စ်ထဲက ဒေါ်ပြူးကျယ်ပုံပြလိုက်တာ တစ်ခါတည်း အသံကုန်ဟစ်ပြီး အော်လိုက်ကြတာ...ကိုယ်ပါ အိပ်ငိုက်ပြေသွားရော...ကလေးတွေအကုန်လုံးလည်း မျက်လုံးတွေ ပြူးကုန်ရော...
ကျေးဇူးဒေါ်ချော...
မင်္ဂလာပါ...
သီချင်းတွေလာ နားထောင်ကြပါဦးခင်ဗျာ....
Myanmar Online Music: MyanmarOnlineMusic.Com
အားလုံးကိုဖိတ်ခေါ်ပါတယ်..
ကျေးဇူးပါ...
ဗဟုသုတ တိုးတယ် မချောရေ
Post a Comment