Sunday, March 18, 2012

စောင်းလျားသီးငပိချက်နဲ့ မုန့်တီချဉ်စပ်သုပ်

ဒီတစ်ပတ်အတွက် စားသောက်စရာဟင်းလျာက စောင်းလျားသီး ငပိချက်ဖြစ်ပါတယ်။ စောင်းလျားသီး ငပိချက်ကို အရင်တုန်းကလည်း တင်ခဲ့ဖူးပါတယ်။သို့ပေမဲ့ ဘလောဂ့်အပြောင်းအရွေ့မှာ ပုံတွေ ပျောက်ကုန် တာကြောင့် ဒီတစ်ခေါက် ပြန်ချက်စားဖြစ်တဲ့အခါ နောက်တစ်ကြိမ် ပြန်တင်တာ ဖြစ်ပါတယ်။ 

စောင်းလျားသီးခေါ် Star Fruit ဟာ ချဉ်ချိုချိုနဲ့ မွှေးတဲ့ အနံ့အရသာ ရှိတာကြောင့် သူ့ကို ငပိချက် ချက်တဲ့အခါမှာလည်း စားလို့အလွန်ကောင်းပါတယ်။ စောင်းလျားသီးကို ငပိချက် ချက်ဖို့အတွက် ပြင်ဆင် ပါမယ်နော်။

Image Hosted by PicturePush - Photo Sharing

စောင်းလျားသီး၂လုံး၊ ခရမ်းချဉ်သီး၊ ကြက်သွန်နီ၊ ငရုပ်သီးတို့ကို ရေစင်စင် ဆေးထားလိုက်ပါတယ်။ 


Image Hosted by PicturePush - Photo Sharing
ကြက်သွန်နီ၊ ကြက်သွန်ဖြူ ၊ ခရမ်းချဉ်သီးတို့ကို ပါးပါးလှီးပြီး ခရမ်းချဉ်သီးကို တောက်တောက်စင်းပါတယ်။

Image Hosted by PicturePush - Photo Sharing
စောင်းလျားသီးများကို ပါးပါးလှီးထားပါတယ်


Image Hosted by PicturePush - Photo Sharing
ထို့နောက် ကြက်သွန်ဖြူ၊ ကြက်သွန်နီကို ဆီသတ်ပြီး ခရမ်းချဉ်သီးများကို ထည့်လိုက်ပါတယ်။

Image Hosted by PicturePush - Photo Sharing
ခရမ်းချဉ်သီးနွမ်းပါက ငပိထည့်ပါတယ်။ ငရုပ်သီး၊ ဆား၊ ငံပြာရည် စသည်တို့ထည့်ပါတယ်။

Image Hosted by PicturePush - Photo Sharing
စောင်းလျားသီးကို ထည့်မွှေပါတယ်။ 

Image Hosted by PicturePush - Photo Sharing
စောင်းလျားသီး နူးပြီး အနံ့လေးမွှေးလာပြီဆိုရင် ရပါပြီ။

အနံ့မွှေးမွှေး စောင်းလျားသီးငပိချက်လေးပါ။


Image Hosted by PicturePush - Photo Sharing


အတို့အမြုပ်နဲ့ဘဲ စားစား၊ ဒီအတိုင်းဘဲ ထမင်းနဲ့စားစား ခံတွင်းမြိန်ပြီး ချဉ်ချိုချုနဲ့ အရသာထူး တဲ့ စောင်းလျားသီး ငပိချက်နဲ့ ထမင်းမြိန်မြိန် စားနိုင်ပါပြီရှင်..

မုန့်တီသုပ် ချဉ်စပ်


နောက်ထပ် အပိုဆောင်းပေမဲ့ အစားအသောက်တစ်မျိုးက မုန့်တီသုပ်ဖြစ်ပါတယ်။ မုန့်တီကို အချဉ်သုပ် အနေနဲ့ သုပ်မှာဖြစ်ပါတယ်။

Image Hosted by PicturePush - Photo Sharing

သုပ်မဲ့ မုန့်ဖတ်ကို ပန်းကန်တစ်ခုထဲထည့်ပြီး ကြက်သွန်နီပါးပါးလှီး၊ ဥနီလေးများ ထည့်ပါတယ်

Image Hosted by PicturePush - Photo Sharing

ပုလင်းနဲ့လာတဲ့ ငရုပ်သီး ပဲငပိကြော်၊ နံနံတို့ထည့်ပြီး ဆား၊ အရသာမှုန့်၊ သံပုရာသီး ထည့်ပြီး နယ်လိုက်ရုံပါဘဲ။ ငရုပ်သီးပဲငပိက စပ်ပြီးသားမို့ ငရုပ်သီးစိမ်း မထည့်တော့ပါဘူး။ စပ်စပ်လေး စားချင်တယ်ဆိုရင်ဖြင့် ငရုပ်သီးစိမ်း ထပ်ထည့်နိုင်ပါတယ်။



အချဉ်သုပ်အနေနဲ့ ထမင်းနဲ့စားစား၊ အဆာပြေစားစား စားလို့ရပါပြီ။ 

Image Hosted by PicturePush - Photo Sharing

 အရသာတစ်မျိုးရှိတဲ့ မုန့်တီသုပ်ချဉ်စပ်လေးပါ။ 



ချစ်သော မိတ်ဆွေများအားလုံးအတွက် ပျော်ရွှင်သော တနင်္ဂနွေနေ့ဖြစ်ပါစေရှင်။

 


17 comments:

သွားရည်တောင်ကျတယ်. အစ်မချော. ဟိဟိ.စောင်းလျားသီးကိုငယ်ငယ်တုန်းက အပင်ကနေခူးပြီး ဒီအတိုင်းတို့တို့စားလို့ ၀မ်းတွေလျှောတာမှတ်မိသေးတယ်. ။ ဟိဟိ.။

မုန့်တီ သုတ် သိပ်ကြိုက် တယ် .. . ဘယ်တော့ များ မှ အဲဒီ လို မြန်မာ အစား အစား ကောင်းကောင်း ပြန်စား ရ မလဲ စဉ်းစားနေတာ. ရန်ကုန် ပြန် တဲ့ စရိတ် ကို စဉ်းစားလိုက် ရင် ကိုယ် စား ချင် တာ ကို မျိုသိပ့် ထား လို့ ရ သွားတယ်။ ရန်ကုန် ပြန် တဲ့ စရိတ် က သွေးတိုး ချင် စရာ ကောင်းတယ်.. ..
အမြင် နဲ့ စား သွားတယ်..

နှစ်ခုစလုံးစားချင်စရာ...း)

မကြီးချောရေ နာမည်ကြားယုံနဲ့ သားရေတောင်ကျကုန်ပြီ ....စောင်းလျားသီးငပိချက်လေး လာငမ်းသွားပါတယ်...စာလို့မရတော့ ငမ်းတာပေါ့နော်....စားချင်လိုက်တာ.....ဟန်မဆောင်တော့ဘူး....ဟီး

အရင်တုန်းအိမ်မှာ ဇောင်းလျားသီးတွေ အများကြီးပဲ။ ဒါပေမယ့် စားလို့မရသကဲ့သို့ အရေးမလုပ်ပဲ နေခဲ့မိတာ။ ခုမှ လုပ်စားကြည့်ချင်လာတယ်

ရိပ်သာမှာ နေ့ယောဂီဝင်ထားတာမို့ သွားခါနီး ချောရဲ့စားချင်စဖွယ်တွေကို အားပေးသွားတယ်။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

အာာာ တခါလောက်တော့လူစုံရင် ချက်ကျွေးစမ်းဘာာ...မချောရယ် သွားရည်ကျလာပြီ
လက်စွမ်းပြ ဟွင်းး ဗိုက်ဆာတယ်

မောင်ဘကြိုင်

ကြိုက်တယ် ဇောင်းလျားသီးငပိချက်လေး...

စားစရာတွေ မြင်ပြီး မစားရတာ စိတ်ညစ်လိုက်တာနော်..မုန့်တီသုပ်ရယ် ငပိချက်ရယ် နှစ်ခုပေါင်းပြီး ထမင်းပူပူလေး နဲ့ စားလိုက်လို့ ကတော့..အတွေးနဲ့တင် သွားရေကျလောက်တယ်

မချောရေ
ညီမလည်းကြိုက်တယ်
ရန်ကုန်အိမ်မှာခဏခဏလုပ်စားနေကျရယ်
ပြန်သတိရသွားတယ်
မချောကဟင်းချက်ကောင်းလိုက်တာ

မုန့်တီကို အဲလိုသုပ်စားလို့လည်းရတယ်လား....လုပ်ကြည့်ဦးမယ်။း)

မုန့် တီသုပ်စားချင်နေတာ..
ကြည့်ရတာ သရေကျလိုက်တာနော်.. ဟင့်

မုန့်တီသုပ်လေးကြည့်ပြီး တော်တော်သရေကျသွားတာ...။ ငပိချက်လေးလဲကြိုက်တယ်....။ ဟင့် မစားရ မြင်သာမြင်ရ..။

တကယ်ပါပဲ
ပုံတွေကြည့်ပြီးသွားရေကျနေတယ် အဟုတ်ပြောတာနော်
ချောကဟင်းချက်ကောင်းတယ်
အဲဒီငပိချက်မစားဖူးသေးဘူးစမ်းကြည့်မယ်

စောင်းခါးသီးကိုတော့ စားနေမကျလို့ သိပ်မကြိုက်ဖူး
မုန့်တီကိုတော့တော်တော်သဘောကျတယ်ချစ်မကြီးရေ
လုပ်စားဦးမယ်း))

ချစ်တဲ့

ဒိုးကန်

သွားကျိန်းလိုက်တာ ဒေါ်ချောရယ်...ပုံကြည့်နေရင်းနဲ့ကို ကျိန်းလိုက်လာတာ...အချဉ်နဲ့ ဦးဟန်ကြည်နဲ့ သဟဇာတမဖြစ်လို့ ဒီတနင်္ဂနွေစားဖွယ်ကိုတော့ ဝေရာမဏိလုပ်လိုက်ပြီ...

ချောရဲ.မုန်.တီသုပ်လေးကမန်းလေးကမြီးရှည်နဲ.တူသလိုဘဲနော်ဥနီလေးပါတာမပါကွာသွားသလားလို.အားပေးသွားပါတယ်ခင်တဲ.အန်တီလေး