ကမ္ဘာပေါ်မှာရှိတဲ့ လှပကြီးကျယ်လှသော ရေတံခွန် များစွာတို့အနက် ကမ္ဘာကျော်ပြီး ထင်ရှားတဲ့ ရေတံခွန် အချို့ကို ဖော်ပြချင်ပါတယ်။
Sutherland Falls
Niagara Falls
ချစ်သောမိတ်ဆွေများအားလုံး ကိုယ်စိတ်နှစ်ဖြာရွှင်လန်းကြပါစေရှင်..

Angel Falls
ဒီရေတံခွန်က ဗင်နီဇွဲလားနိုင်ငံမှာရှိတဲ့ Angel Falls ပါ။ Canaima အမျိုးသားဥယျာဉ်အတွင်းရှိ Auyantepui တောင်ရဲ့ အစွန်းကနေ စီးဆင်းဖြာကျနေတာ ဖြစ်ပြီး စုစုပေါင်း အမြင့် ( ၉၇၉ မီတာ) ၃၂၁၂ ပေမြင့်တဲ့ ကမ္ဘာ့အမြင့်ဆုံး ရေတံခွန် တစ်ခုဖြစ်ပါတယ်။ တိမ်တွေထက်ပင် မြင့်မားနေတာမို့ တောင်ရဲ့ ဘေးဝန်းကျင်မှာ တိမ်ပတ်လည် ဝိုင်းနေတာကိုပင် မြင်တွေ့ရတတ်ပါတယ်။
Tugela Falls
Tugela ရေတံခွန်ဟာ တောင်အာဖရိကနိုင်ငံ KwaZulu-Natal ပြည်နယ် ရှိ Royal အမျိုးသားဥယျာဉ် အတွင်းရှိ Drakensberg တောင်ပေါ်မှ စီးဆင်းဖြာကျနေတဲ့ အမြင့်ပေ ၃၁၁၀ ရှိ ကမ္ဘာ့ဒုတိယ အမြင့်ဆုံး ရေတံခွန် ဖြစ်ပါတယ်။
Rhine Falls
Rhine Falls ဟာ ဆွစ်ဇာလန်နိုင်ငံမှာတည်ရှိပြီး ဥရောပမှာ အကြီးဆုံးရေတံခွန်ဖြစ်ပါတယ်။ အကျယ် ပေ ၄၅ဝ ရှိပြီး အမြင့် ၇၅ပေရှိပါတယ်။ Schaffhausenမြို့ အနီးမှာတည်ရှိပြီး ဂျာမဏီနယ်စပ်နဲ့ မိုင်အနည်းငယ် သာ ကွာဝေးပါတယ်။ ဇူးရစ်မြို့ကနေ တစ်နာရီခန့်သာ ကွာဝေးပြီး ဇွစ်ဇာလန်မြောက်ပိုင်းမှာ နိုင်ငံခြားသား ခရီးသွားများကို အဆွဲဆောင်နိုင်ဆုံး နေရာ တစ်ခုလည်း ဖြစ်ပါတယ်။ ရေအလုံးအရင်းနဲ့ စီးဆင်းတဲ့ Rhine ရေတံခွန်ဟာ မြစ်ထဲကို ရေပမာဏ အများဆုံး စီးဆင်းတဲ့ ရေတံခွန်ဖြစ်ပါတယ်။
Gocta Falls
Gocta ရေတံခွန်ဟာ ပီရူးနိုင်ငံရှိ Amazonas ပြည်နယ်မှာရှိပြီး ၂၅၃ဝ ပေမြင့်ကာ ကမ္ဘာ့ ပဉ္စမမြောက် အမြင့်ဆုံး ရေတံခွန် လည်း ဖြစ်ပါတယ်။ ပီရူးအစိုးရရဲ့ ကြိုးပမ်းချက်နဲ့ သိပ်မကြာသေးခင်ကမှ ထင်ရှား ကျော်ကြား လာတဲ့ ရေတံခွန်လဲ ဖြစ်ပါတယ်။ Gocta ရေတံခွန်ဟာ Cocahuayco River မြစ်ထဲကို စီးဝင်ပါတယ်။ ရေတံခွန်နဲ့ အနီးဆုံးဖြစ်တဲ့ Chachapoyas မြို့ဟာ ပင်လယ်ရေမျက်နှာပြင် အထက် ပေပေါင်း ၇၆၀၀ကျော် မြင့်ပါတယ်။ ရေတံခွန်ကို လှမ်းမျှော်ကြည့်ရင် တိမ်ပတ်လည်ဝိုင်းနေတဲ့ ရှုခင်းမျိုး ကိုလည်း မြင်တွေ့နိုင်ပါတယ်။
Yosemite Falls
Yosemite ရေတံခွန်ဟာ အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ် Yosemite အမျိုးသားဥယျာဉ် အတွင်းမှာ တည်ရှိပါတယ်။ ရေတံခွန် သုံးဆင့်စလုံးရဲ့ အမြင့်ပေဟာ ၂၄၂၅ပေ မြင့်ပြီးတော့ မတူတဲ့ ပုံစံ ၃မျိုးနဲ့ စီးဆင်းနေကာ မြောက် အမေရိကတိုက်မှာတော့ အမြင့်ဆုံး ရေတံခွန် ဖြစ်ပါတယ်။ Yosemite အမျိုးသားဥယျာဉ်ဟာ နွေဦးရာသီ နှောင်းပိုင်း မှာ Yosemite ရေတံခွန် ကနေ ရေတွေ စီးဆင်းတဲ့အချိန်ဟာ ခရီးသည်တွေ အများဆုံး သွားရောက်ကြတဲ့ အချိန် ဖြစ်ပါတယ်။
Victoria Falls
Victoria ရေတံခွန်ဟာ အာဖရိကတိုက်ရှိ ဇန်ဘီယားနိုင်ငံနဲ့ ဇင်ဘာဘွေနှစ်နိုင်ငံကြားရှိ Zambezi မြစ်ပေါ်မှာ တည်ရှိပါတယ်။ Victoria အမျိုးသားဥယျာဉ်မှာရှိပြီး အမြင့်ပေအားဖြင့် ၃၅၀ သာ ရှိသော်လည်း အလွန်ကျယ်ပြန့် ကြီးမားတဲ့ ရေတံခွန် ဖြစ်ပါတယ်။ ရေတံခွန်ရဲ့ အကျယ်ဟာ ၅၇ဝဝ ပေတောင် ကျယ်ဝန်းပါတယ်။ နေရောက်အောင်မှာ သက်တန့်ရောင်စဉ်ဖြာပြီး လှပစွာ စီးဆင်းနေတဲ့ ရေတံခွန် လည်း ဖြစ်ပါတယ်။
Vinnufossen Falls
Vinnufossen ရေတံခွန်ဟာ နော်ဝေးနိုင်ငံမှာရှိပြီး အမြင့်ပေ ၂၈၂၂ပေ ရှိကာ ဥရောပမှာ အမြင့်ဆုံးရေတံခွန်လည်း ဖြစ်ပါတယ်။ နော်ဝေးနိုင်ငံ Sunndalsøra ရွာကလေးရဲ့ အရှေ့ဖက်မှာ တည်ရှိပြီး Vinnufjellet တောင်မြင့်ကနေ စီးဆင်းနေခဲ့ပါတယ်။ ပင်မရေတံခွန် ကနေ ရေတံခွန် အသေးပေါင်း ၄ခု လှပစွာ ခွဲဖြာ စီးဆင်း နေပါတယ်။
Iguacu Falls
Iguacu Falls အားလေယာဉ်ပေါ်မှ မြင်ရပုံ
အာဂျင်တီးနားနှင့် ဘရာဇီးနှစ်နိုင်ငံ နယ်စပ်ရှိ ကြီးမားထင်ရှားလှသော Iguacu Falls ဘရာဇီးနိုင်ငံ၏ လျှပ်စစ်ဓာတ်အား ၂၅%ကို ထုတ်လုပ် ပေးထားပြီး ကမ္ဘာလှည့်ခရီးသွားများအား အဆွဲဆောင်နိုင် ဆုံးသော ရေတံခွန်တစ်ခုလဲ ဖြစ်ပါတယ်။
Sutherland Falls
Sutherland ရေတံခွန်ဟာ နယူးဇီလန်နိုင်ငံရှိ လူသိများ ထင်ရှားသော ရေတံခွန်ဖြစ်ပါတယ်။ ရေခဲတောင်များမှ စီးကျလာတဲ့ ရေတွေ စုစည်းထားသော ရေကန်ကြီးမှ ဖြာစီး ကျဆင်း လာသော ရေတံခွန်ကြီး တစ်ခုလည်း ဖြစ်ပါတယ်။
Niagara ရေတံခွန်ဟာ အမေရိကန်နှင့် ကနေဒါ နယ်စပ်ကြားရှိ ကမ္ဘာ့အလှဆုံး၊ ကမ္ဘာလှည့် ခရီးသွားများ အသွားများဆုံးသော ရေတံခွန်ဖြစ်ပါတယ်။ Niagara ရေတံခွန်ရယ်လို့ ခေါ်ဆိုကြပေမဲ့ တကယ်တမ်းတော့ ရေတံခွန် သုံးခု ပေါင်းပြီးမှသာ Niagara ဖြစ်လာတာပါ။ ကနေဒါဘက်အခြမ်းမှာ တည်ရှိတဲ့ Horseshoe(မြင်းခွာပုံ) ရေတံခွန်၊ အမေရိကန်ဘက် အခြမ်းမှာရှိတဲ့ American ရေတံခွန် နဲ့ ရေတံခွန်အငယ် Bridal Veil ရေတံခွန် ၃ခုပေါင်းကို ခေါ်တာ ဖြစ်ပါတယ်။ အမေရိကန် ဘက်က ရေတံခွန်နဲ့ ကနေဒါ ဘက်က ရေတံခွန် နှစ်ခုကြားမှာ Goat (ဆိတ်ကျွန်း) က ခြားထားပါတယ်။
American ရေတံခွန် ၊ Goat (ဆိတ်ကျွန်း)၊ Horseshoe(မြင်းခွာပုံ) ရေတံခွန်
ပုံတွေအားလုံး အင်တာနက်ကရှာဖွေထားတာပါ။ မနက်က ပိုစ့်တင်ပြီးပေမဲ့ ပုံတွေပျောက်သွားလို့ အခု အသစ်ထပ်တင်ဖြစ်တာပါ။







































12 comments:
ရေတံခွန်တွေလှလိုက်တာ.. သွားချင်တယ်... နိုင်ဂရာရေတံခွန်ကို တအားသွားချင်တယ်..း)
ခင်မင်လျက်
နေ၀သန်
လှလိုက်တဲ့ ရေတံခွန်တွေ
ရေတံခွန်ကြီးတွေလှလိုက်တာဗျာ. ပြင်ဦးလွင်ကို တောင်သတိရလာပြီအစ်မရေ...။ ကျွန်တော်တို့ အိမ်ကို ဆွမ်းခံကြွတဲ့ကိုယ်တော်တစ်ပါးရှိတယ် .သူ့နာမည်က
ဦးမဏ္ဍလ (ဦးရေတံခွန်)တဲ့.။
ရေတံခွန်ဆို သဘောကျတယ်.။ အားလုံးသွားချင်တယ်.။ မချောလိုက်ပို့.
ချစ်တဲ့
သဒ္ဓါ
ရေတံခွန်တွေ လှလိုက်တာ မချောရေ...၊ အခု ပြောခဲ့တဲ့ အထဲက တခုမှကို မရောက်ဖူးသေးဘူး၊း) ယုတ်စွအဆုံး ပွဲကောက်နဲ့ ပိတ်ချင်းမြှောင်တောင် မရောက်သေးတာသာ ကြည့်တော့...၊း)) ရှာရှာဖွေဖွေ မျှဝေတာလည်း ကျေးဇူးပါနော့...။
သဘာဝအလှလေးတွေ မြင်လိုက်ရတော့လည်း စိတ်တွေကြည်လင်သွားတာပါပဲ ကျေးဇူး မချောရေး)
အရမ်းကိုလှတယ်အဲဒီနေရာတွေကိုသွားပြီး
ကဗျာတွေရေးရရင်တော့
ကမ္ဘာပေါ်မှာ jasmine အပျော်ဆုံးဖြစ်မှာပဲ
အားတဲ့အခါနောက်တစ်ခေါက်လာကြည့်ဦးမယ်
ကဲ...အစ်မရေ
သွားရအောင်ဗျို့း)
ဒီရေတံခွန်တွေ မရောက်နိုင်သေးပေမယ့်
ပွဲကောက်တံခွန်တော့ ရောက်အောင်သွားမှဖြစ်မယ်း)
အရမ်းလှတဲ့ ရေတံပုံးလေးတွေအတွက်
ကျေးဇူးပါရှင်
ချစ်ခင်လျှက်
မိစံ
စိတ်ဝင်စားဖို့ကောင်းပါတယ်မချော။ ဟိုစုံတွဲတစ်တွဲရေတံခွန်ထိပ်မှာရေကူးနေတာ အသည်းယားလိုက်တာဗျာ။ တကယ်ကိုရှာရှာဖွေဖွေတွေတင်ထားတာပဲ။ ကျေးဇူးတင်ပါတယ်။
ရောက်ဖူးချင်တယ်ဆရာမရေ........
ဘယ်လိုလုပ်ရမလဲ ။ ဆရာမ ငွေပို့ပေးပါလား။ နောက်တာနော်ဆရာမ။
ရေတံခွန်တွေမိုက်တယ်ဗျမကြီးချော...ရောက်ဘူးချင်လိုက်တာ.....
လှလိုက်တာ မချောရေ..Niagara တော့ ရောက်အောင် သွားဦးမယ်...
Post a Comment