တကယ်လို့များ သင်ဟာ ကမ္ဘာပေါ်မှာ ထူးထူးဆန်းဆန်း တည်ရှိနေတဲ့ ပန်းရောင်သန်းနေတဲ့ ရေကန်ကြီးကို မြင်ဖူးချင်တယ်ဆိုလို့ရှိရင် ဆီနီဂေါလ်ငံလေးကို အလည်သွားကြည့်ပါလို့ တိုက်တွန်းချင်ပါတယ်။ အများအားဖြင့် ရေကန်လို့ဆိုလိုက်ရင် ကြည်လင်တဲ့ စိမ်းပြာရောင်၊ အပြာရောင်၊ ရေနောက်တယ်ဆိုရင် အဝါရောင် စသည်တို့သာရှိတတ်ပေမဲ့လည်း ရေကန်ကြီးတစ်ခုလုံး ပန်းရောင်ဖြစ်နေတာမျိုးကတော့ အင်မတန်မှ ရှားရှားပါးပါး ဖြစ်ပါတယ်။ သဘာဝရဲ့ ထူးဆန်းအံ့သြဖွယ် ဖန်တီးချက်တွေဟာ ဆန်းကြယ်လှတယ်ဆိုတာ တွေ့ရမှာဖြစ်ပါတယ်။ ဆီနီဂေါလ်နိုင်ငံရဲ့ မြောက်ဖက် မြို့တော် ဒါကာကနေ မိနစ်သုံးဆယ် ခရီး အကွာအဝေးမှာ ရှိတဲ့ Lake Retba ဟာ နွေးထွေး ကျယ်ဝန်းတဲ့ ကန်ရေပြင်ကြီးတစ်ခုလုံး ပန်းရောင် သန်းနေတာကို တွေ့ရမှာဖြစ်ပါတယ်။
ပုံမှာမြင်ရတဲ့အတိုင်းပါဘဲ... ကန်ကြီးထဲက ရေတွေအားလုံးဟာ အခြားသော ဘယ်ရေကန်နဲ့မှ မတူအောင် ပန်းရောင်ဖြစ်နေတာကို တွေ့ရမှာပါ။ ဒီရေကန်ကြီးဟာ ဘာကြောင့်များ ပန်းရောင်ဖြစ်နေရတာလဲဆိုတော့ ရေကန်ထဲမှာ ထူးဆန်းတဲ့ ရေညှိပင်တစ်မျိုး( Dunaliella salina )ဟာ ရှင်သန်ပေါက်ဖွားနေတဲ့ အတွက်ကြောင့်လို့ ဆိုပါတယ်။ အဲဒီ Dunaliella salina တွေဟာ ဆားငံရေတွေမှာ ရှင်သန်တဲ့ သေးငယ်လှသော ရေညှိအမျိုးဖြစ်ပါတယ်။ အဲဒီရေညှိတွေကြောင့် ရေကန်ရဲ့အရောင်ဟာ ပန်းရောင်ဖြစ်ပေါ်စေတယ်လို့ သိရပါတယ်။ Lake Retba လို့ခေါ်တဲ့ ပန်းရောင် ရေကန်ဟာလည်း ( ပင်လယ်သေလို) အင်မတန်မှ များပြားတဲ့ ဆားတွေပျော်ဝင်မှု သိပ်သည်းဆ များလွန်းတဲ့အတွက် လူကို ရေပေါ် ပေါ်စေနိုင်စွမ်းရှိပါတယ်။
ပန်းရောင်ရေပြင်ပေါ်မှာ အေးအေးလူလူ
ပုလင်းထဲထည့်ရင်တော့ ခုလို ပန်းဖျော့ရောင် မြင်ရပါတယ်
နိုင်ငံတကာ ခရီးသွားဧည့်သည်များနဲ့ ပြည်တွင်းခရီးသွားများကို အလွန်ဆွဲဆောင်နိုင်တဲ့ ပန်းရောင် ရေကန်ကြီးဟာ ကန်ထဲမှာ ရေစိမ်ရင်း ရေပေါ်မှာ ပေါ်နေတဲ့ အရသာကို ခံစားချင်သူတွေအတွက် အလွန်နှစ်သက်ဖွယ် ဖြစ်ပါတယ်။ ရေထဲကို နှစ်မြုပ်သွားတာမျိုး မဖြစ်နိုင်တဲ့အတွက် ရေကူးသင်ချင်သူများ အတွက်လည်း အလွန်အဆင်ပြေပါတယ်။ ရေကန်ရဲ့အရောင်ဟာ စတော်ဘယ်ရီသီးကို နို့နဲ့ဖျော်ထားသလို ပန်းရောင် သန်းနေတဲ့ အရောင် ဖြစ်နေပါတယ်။ နေရောင်ခြည် အတက်အကျပေါ် မူတည်ပြီးလည်း ပန်းနုရောင်ကနေ ပန်းရင့်ရောင်အထိ မြင်တွေ့နိုင်ပါတယ်။
ကမ်းစပ်က ဆားပုံနဲ့ နေအိမ်များ

ဆားစုဆောင်းသူများ


ရေကန်စပ်မှာပင်လျှင် များပြားလှသော ဆားပွင့်ကလေးများကို တွေ့ရှိပါတယ်
ရေကန်ပတ်လည်မှာ ခုလို အမြုပ်ဖြူဖြူတွေ ဖွေးနေအောင် တွေ့ရပါတယ်

ဆားပါဝင်မှုနှုန်း များပြားလှတဲ့ ပန်းရောင်ရေကန်ကြီးမှာ ယောက်ျား၊ မိန်းမ စတဲ့ ဆားစုဆောင်းသူတွေ မနည်းမနော ရောက်လာပြီး တစ်ရက်ကို ၆နာရီထိ ကန်ရေထဲမှာ စိမ်ကာ ရေကန်အောက်ခြေက ဆားပွင့်များကို သယ်ယူစုဆောင်းကြပါတယ်။ ဒေသခံများအတွက်တော့ ပန်းရောင်ရေကန်ကြီးဟာ အသက်မွေးဝမ်းကြောင်း ပြုကြတဲ့နေရာကြီးတစ်ခု ဖြစ်နေပါတယ်။ ၅-ကီလိုမီတာ ရှည်လျားတဲ့ ကမ်းစပ်တစ်လျှောက်မှာ ဆားစုဆောင်းသူများရဲ့ ဆားပုံများ၊ နေအိမ်များကို အစီအရီ တွေ့ရနိုင်ပါတယ်။ အထူးသဖြင့်တော့ အမျိုးသမီးများဟာ ရေအောက်က ဆားပွင့်များကို စုဆောင်းကြပြီး အမျိုးသား များကတော့ ဆားတွေကို ရောင်းချတာ၊ လိုအပ်တဲ့နေရာတွေကို ပို့ဆောင်ပေးတာ စသဖြင့် ပြုလုပ်ကြပါ တယ်။

၎င်းအပြင် ပန်းရောင်ရေကန်ကြီးဟာ ပင်လယ်ငါးနဲ့ ပင်လယ်သတ္တဝါမျိုးစုံတို့ ရောင်းဝယ်ဖောက်ကားရာ နေရာလည်း ဖြစ်ပါတယ်။ ပင်လယ်နက်ထဲသို့ ညကတည်းက ငါးဖမ်းသွားကြတဲ့ ငါးဖမ်းလှေ များစွာတို့ဟာ နေ့လည်ခင်းတွေမှာ ပြန်ရောက်လာကြပြီး မိမိတို့ ဖမ်းမိလာတဲ့ ငါး၊ ပုဇွန်စတဲ့ ပင်လယ်သတ္တဝါ တိန်ချိန် များစွာတို့ကို ပန်းရောင်ရေကန်ရဲ့ ကမ်းခြေမှာ ရောင်းချကြပါတယ်။ ပန်းရောင် ရေပြင်ရဲ့ ဆားပါဝင်မှု နှုန်းဟာ တစ်လီတာကို ၃၈၀ ဂရမ်ထိ ပါဝင်တာကြောင့် အလွန်မြင့်မားတဲ့ နှုန်းထားဖြစ်ပါတယ်။ ရေကန်ရဲ့ အနီးတစ်ဝိုက်မှာတော့ ဒေသခံတွေရဲ့ ရွာတွေနဲ့ သစ်တောတွေ ရှိပါတယ်။ ထူးခြားတဲ့ ပန်းရောင် ရေကန်ဟာ ဆီနီဂေါလ်နိုင်ငံရဲ့ အမျိုးသားအမွေအနှစ်လည်း ဖြစ်ပါတယ်။
Sources; - http://www.broadsheet.ie/2012/07/02/the-big-pink-lake-of-senegal/
















14 comments:
Nice. I wanna visit there.
Iora
ရေမကူးတတ်တော. ရေပေါ်မှာ ကိုယ်ဖော.ထားသလိုခံစားချက်မျိုးကိုခံစားကြည်.ချင်ထှာ...
ရောက်ဖူးချင်လိုက်တာ..
ဗဟုသုတတွေ ပေးတဲ့အတွက် ကျေးဇူးပါ.. မမရေ
အလည်တော့ သွားချင်သား ... ။ သွေးရောင်တွေလို ဖြစ်နေမလားပဲနော် ... ။ အဲလို တွေးမိတော့ကျလည်း ... ရေပေါ် အိပ်ကြည့်ရမှာ ... လန့်စရာ ... :)
မရောက်ဖူး မကြားဖူးတဲ့
ပန်းရောင်ရေကန်ကြီးဆီသို့ ရောက်ခဲ့ပါပြီရှင်
ဗဟုသုတတွေအများကြီးနဲ့ပြန်ခဲ့ပါတယ်
ရောက်ဖူးချင်လိုက်ဗျာ .... ရေပေါ်မှာ တစ်ရေးလောက် အိပ့်ချင်လို့ လေ .... အဟီး ... ။
ကျေးဇူးပါဗျာ .... အခု လို ဗဟုသုတလေးတွေ ရှာဖွေ ပေးလို့ ပါ ....
ခင်မင်စွာဖြင့်
မောင်ဘုန်း
တခါလောက်တော့ သွားဖူးချင်တယ်
မကြီးချောရေ
ဗဟုသုတဖြစ်စရာလေးကို မျှဝေပေးတာ ကျေးဇူးပါ။
မိုးမြင့်တိမ်
380 g/L ဆိုတော့ အတော့်ကို များလှပါလား၊ ရေကူးရင် မျက်စိအတွက်တောင် အန္တရာယ် ရှိနိုင်မယ် ထင်တယ်နော်၊ ရှာရှာဖွေဖွေ မျှဝေပေးတာ ကျေးဇူးပါ မချောရေ..။
မမထံအလည်လာရင်း ဆီနီဂေါလ်နိုင်ငံရဲ့ ပန်းရောင်ရေကန်ကြီးဆီကိုလည်း တစ်ခေါက်တစ်ခါ ရောက်သွားပါတယ် မမရေ ... :)
ထူးဆန်းအံ့သြဖွယ် ပန်းရောင်ရေကန်ကြီးဆီကို မချောကျးဇူးနဲ့ ရောက်ခဲ့ပါတယ်။ :)
မျှဝေပေးတာကျေးဇူးနော်
ထူးဆန်းပေ့ဗျာ
ရေနစ်သေတဲ့သူမရှိလောက်ဖူးနော်မချော
ပန်းရောင်ဆိုတာ အချစ်ရဲ့သင်္ကေတတဲ့း)
အနော့ချစ်တူလေးနဲ့တွားချင်လယ်း)း)
မောင်ဘကြိုင်
ထူးစမ်းတယ်နော်..ရေမကူးတတ်ရင်းတောင်ရေမနစ်ဘူးဆိုတော...
Post a Comment