ပြီးခဲ့တဲ့ စနေ၊ တနင်္ဂနွေနေ့က ကျွန်မနေတဲ့ မြို့ကလေးနဲ့ သိပ်မဝေးတဲ့ နေရာလေးတစ်ခုကို ခရီးထွက်ဖြစ် ပါတယ်။ မရည်ရွယ်ဘဲ သွားဖြစ်တဲ့ ခရီးပါ။ မြို့ကြီးပြကြီး မဟုတ်တဲ့ ကျေးလက်လေး တစ်ခုလို့ ဆိုရမှာပါ။ အဲဒီ မြို့သေးသေးလေးကို ရောက်နေတဲ့ သူငယ်ချင်းက အလည်လာဖို့ ဖုန်းဆက်တာနဲ့ ကောက်ခါငင်ခါ သွားလိုက်တာပါ။ မြို့သေးသေးလေးဆိုပေမဲ့ တောင်တန်းတွေ ပတ်လည်ဝိုင်းပြီး ထင်းရှူးတောတွေ၊ လိမ္မော်ခြံတွေ အများကြီး ရှိတယ်ဆိုတာနဲ့ တောတောင် ရှုခင်းတွေ တောင်တန်းတွေကို သဘောကျတတ်တဲ့ ကျွန်မဟာ ချက်ခြင်းဘဲ အလည်သွားဖို့ စီစဉ်ပါတော့တယ်။ သူငယ်ချင်းက ပြောပါသေးတယ်. သူတို့ မြို့ကလေးဟာ မနက်ဆို ရေတွေ ခဲလောက်အောင်ကို အေးပါတယ်တဲ့။ ဒါကြောင့် ထူထူထဲထဲ ဝတ်လာပါ တဲ့လေ။ ကျွန်မနေတဲ့မြို့ကလည်း အလွန်အေးမြတဲ့ ရာသီဥတု ရှိပေမဲ့လို့ ရေခဲတဲ့ထိတော့ မအေးပါဘူး။ ဒါကြောင့် ရေခဲအောင်အေးတဲ့ နေရာက အအေးဒဏ်ကိုလည်း ခံစားကြည့်ချင်တာလည်း ပါတာကြောင့် ဒီခရီးကို ထွက်ဖြစ်တာပါ။
လမ်းတစ်လျှောက်မှာ မြင်ရတဲ့ တောင်တွေ ထင်ရှူးတောတွေက ခရီးမထွက်ဖြစ်တာ ကြာလို့ လေးလံ ထိုင်းမှိုင်းနေတဲ့ စိတ်တွေကို လန်းဆန်းစေနိုင် တာတော့ အမှန်ဖြစ်ပါတယ်။ လမ်းကောင်းတာကြောင့် ၂နာရီနီးပါးလောက် ကားစီးရပေမဲ့ အိပ်ငိုက်တာ၊ ပျင်းရိတာမျိုး မဖြစ်ရလေအောင် ခရီးတစ်လျှောက် ရှုခင်းတွေက ကျွန်မကို ဆွဲဆောင် ထားပါတော့တယ်။ လမ်းတစ်လျှောက် ရိုက်ဖြစ်ခဲ့တဲ့ ဓာတ်ပုံတွေကို ဖော်ပြချင်ပါတယ်နော်။ အမြန်မောင်းနေတဲ့ ကားပေါ်က ရိုက်ချက်တွေကတော့ လှလှပပ မရှိသလို ကိုယ်လိုချင်တဲ့ ရှုခင်းတွေကို ရိုက်ဖို့ လွတ်သွားတာတွေလည်း ရှိပါတယ်။ သို့သော်လည်း အောက်က ပုံလေးတွေဟာ ကြည့်တဲ့သူကို အနည်းငယ်တော့ဖြင့် စိတ်ကို လန်းဆန်းစေနိုင် လိမ့်မယ်လို့တော့ မျှော်လင့်ပါတယ်ရှင်။
တစ်ဖက်မှာ တောင်.. တစ်ဖက်မှာတော့ နက်စောက်လှတဲ့ ချောက်ကမ်းပါးကြီး
တောင်ကမ်းပါးယံတွေကို ကွေ့ကာ ပတ်ကာ ဖောက်ထားတဲ့ လမ်းတစ်လျှောက်
စိမ်းလန်းတဲ့ တောအုပ်တွေက တစ်ဖက်မှာ
ကွေ့ကောက်နေတဲ့ တောင်ပေါ် ကားလမ်းကို မြင်ရပုံ
အကွေ့အကောက်တွေ များလှတဲ့ တောင်တန်းကြီးတွေပေါ်က လမ်းကို ကျော်ဖြတ်ပြီးတဲ့ နောက် မြေပြန့် လွင်ပြင်လမ်းကို ဖြတ်ရပြန်ပါတယ်. ဘေးတစ်ဖက် တစ်ချက်မှာတော့ ကျယ်ဝန်းလှတဲ့ ကြံစိုက်ခင်းတွေက ကြည့်၍ မဆုံးနိုင်အောင်





















