မြေစာမြက်ကလေးများ...

“အဲဒီ စစ်ကလည်း ဘာဖြစ်လို့ ဖြစ်နေကြတာလဲ၊ ကျွန်တော်တို့ ကျောင်းလည်း မတက်ရတော့ဘူး၊ ဒီမှာနေရတာ အရမ်းချမ်းတယ်.. အိမ်ဘဲပြန်ချင်တယ်။ အဝါး( အဖေ) ကလည်း ခုထိ ပြန်မလာသေးဘူး” ဟု ရေရွတ်နေရင်းက....

အိပ်မက်ထဲက ကချင်မြေ

ကျွန်မတို့ ကချင်ပြည်နယ်မှာ သဘာဝတရားရဲ့ ဖန်တီးမှုတွေနဲ့ အင်မတန် လှပသာယာတဲ့ အိက်မက်ဆန်ဆန် နေရာလေးတွေ ရှိနေပါသေးတယ်....

ကွာရှင်းပြတ်စဲခြင်း

ဒီလိုနဲ့ ကျွန်တော်တို့၂ယောက်ရဲ့ အချစ်တွေ အေးခဲသွားချိန်မှာ ကျွန်တော့်ဘ၀ထဲကို ဂျူလီ ဝင်ရောက်လာခဲ့တယ်....

ကျောက်စိမ်းတွင်းပေါ်က ကျွန်မတို့ရွာ...

ကျောက်စိမ်းမှော်နယ်မြေကို ရောက်တာနဲ့ ဖားကန့်ကို မရောက်ခင်မှာ ကျွန်မရဲ့ ရွာကလေးကို အရင်ဆုံး ရောက်ပါတယ်။ ပြီးတော့မှ...

ဘ၀လမ်းပေါ်က အမှိုက်ကားများ

လူတွေတော်တော်များများဟာ အမှိုက်ကားတွေနဲ့ တူတယ်ဗျ.. သူတို့ဟာ အမှိုက်တွေအပြည့် တင်ဆောင်ပြီး လမ်းပေါ်မှာ မောင်းနှင်နေကြတယ်...

Wednesday, February 15, 2012

သင်္ဘောပေါ်က ရေပေါ်ကျွန်းကလေး..

နည်းပညာတွေ အဆန်းတကြယ်တိုးတက်လာနေတဲ့ ခေတ်ကြီးမှာ အိပ်မက်ဆန်လွန်းလို့ မဖြစ်နိုင်ဘူးလို့ အရာတွေဟာ လက်တွေ့ဖြစ်လာနေတာကို တွေ့နေရပါပြီ။ ပိုက်ဆံရှိ လူတန်းစားတွေအတွက် ထူးထူး ဆန်းဆန်း ဇိမ်ခံနိုင်တဲ့ ခေတ်မှီ အသုံးအဆောင်များလည်း အံ့မခန်း ပေါ်ထွက်လာနေတဲ့ ဒီခေတ်ကြီးထဲမှာ မကြာခင်ကမှ တည်ဆောက်ထားတဲ့ အပျော်စီး သင်္ဘောတစ်စီး အကြောင်း ပြောပြ ရရင် ရေပေါ်က ကျွန်းကလေး တစ်ခုပမာ ပြင်ဆင် တည်ဆောက်ထားတဲ့ အပျော်စီး သဘောင်္တစ်စီးပါ။




Luxury-Experiment-Paradise-Island-Yacht-Front-View


Tropical Island Paradise by Yacht Island Design



Tropical Island Paradise by Yacht Island Design


Tropical Island Paradise by Yacht Island Design

 ဒီ သင်္ဘောရဲ့ ဖန်တီးသူ ဒီဇိုင်နာကတော့ British Yacht Island Design ရဲ့ လက်ရာဖြစ်ပြီး အမြင့်ဆုံးမောင်းနှင်အားမှာ တစ်နာရီကို ရေမိုင် ၁၅မိုင်ခန့် မောင်းနှင်နိုင်ပါတယ်။ သဘောင်္ဟာ အရှည် ၂၉၅ပေ ရှိပြီး အမြင်အားဖြင့် ရေပေါ်က ကျွန်းတစ်ကျွန်းနဲ့ တူအောင် ဖန်တီးထာပြီး သင်္ဘောရဲ့ အဓိက အကျယ်ဆုံးနေရာကိုတော့ ပင်လယ် ကမ်းစပ်တစ်ခုလိုလို တည်ဆောက်ထားပါတယ်။ သဘောင်္ဆိုပေမဲ့လို့ အဲဒီအပေါ်မှာ မီးတောင် ပုံသဏ္ဍာန် တောင်တစ်ခုရယ်၊ ရေတံခွန် တစ်ခုရယ်၊ ရေကူးကန်ရယ် ပါဝင်ပါတယ်။ မီးတောင်ပုံသဏ္ဍာန်နဲ့တူတဲ့ တောင်ပေါ်က စီးကျလာတဲ့ ရေတံခွန်က ရေတွေဟာ ရေကူးကန်ထဲ စီးဝင်သွားအောင် ပြုလုပ်ထားတာပါ။ ရေကူးကန် မရောက်ခင် ရေစီးလမ်းရဲ့ ဘေးတစ်လျှောက်မှာတော့ ဇိမ်ခံ အနားယူ၊ အပန်းဖြေနိုင်တဲ့ တဲငယ်ကလေးများ၊ ဘားကောင်တာများ၊ အုန်းထန်းပင်များ ပါရှိပါတယ်။ မီးတောင် သဏ္ဍာန်ရဲ့ အောက်ထဲမှာတော့ စာကြည့်တိုက်၊ ရုပ်ရှင်ရုံ၊ အားကစားရုံ၊ Spa စတဲ့ ဝန်ဆောင်မှုတွေ ပါဝင်ပါတယ်။ 



luxury yacht
  အပေါ်စီးက မြင်ရတဲ့ရွက်လှေ

luxury yacht


luxury yacht

တစ်ခေါက်ကို လူ ၁၀ဦးစာ ဇိမ်ခံစီးနိုင်ပြီး ဝရံတာများ ပါရှိတဲ့ သီးသန့်ခန်း လေးခန်းပါဝင်တယ်လို့ဆိုပါတယ်။



luxury yacht

သဘောင်္ရဲ့ ဝမ်းဗိုက်နေရာကနေ ရေပေါ်ကို ဖြန့်ထုတ်ထားတဲ့ အပန်းဖြေ အနားယူစရာ နေရာကနေလည်း ပင်လယ်ပြင်ရဲ့ အလှအပနဲ့ ရေပြင်နဲ့ တစ်တန်းတည်း နေရခဲ့ ခံစားချက်ကို ပေးစွမ်းနိုင်အောင် ထည့်သွင်း ဖန်တီးထားခြင်းဖြစ်တာကြောင့် ဒီသင်္ဘောကို လူတွေပိုပြီး စိတ်ဝင်စားစေတဲ့ အချက်ဖြစ်ပါတယ်။ အဲဒီနေရာကိုတော့မလိုအပ်ရင် ပြနလည်းထိမ်းထားလို့ရအာင် အရှင် ပြုလုပ်ထားတာဖြစ်ပါတယ်။


luxury yacht


တကယ်လို့များ သင့်မှာ ပိုက်ဆံတွေ သိပ်ပေါများနေပြီး ထားစရာနေရာ မရှိရင် ဒီလိုသင်္ဘောမျိုးကို ဝယ်ပြီး ဇိမ်ခံသင့်ပါတယ် တဲ့နော်။း)



Image Hosted by PicturePush - Photo Sharing


Photos Credit: Yacht Island Design