ဒီတစ်ပတ် တနင်္ဂနွေအတွက် စားသောက်စရာ အကြောင်းအရာအဖြစ် မက်မွန်သီး ထမင်းပေါင်း ချက်နည်းကို ဖော်ပြချင်ပါတယ်ရှင်။ ကျွန်မနေတဲ့မြို့မှာ မက်မွန်သီး အလွန်ပေါတဲ့ ရာသီတုန်းက လုပ်စားဖြစ်တဲ့ မက်မွန်သီး ထမင်းပေါင်းပါ။ မက်မွန်သီးထမင်းပေါင်းဆိုလို့ ထူးထူးခြားခြားတော့ မဟုတ်ပါဘူး.. အခြားသော ထမင်းပေါင်း လုပ်နည်း အတိုင်းသာ ဖြစ်ပါတယ်. အသီးအနှံတွေမှာ မက်မွန်သီး ထည့်တာသာ ကွဲပြားတာဖြစ် ပါတယ်။
မက်မွန်သီးအစား အခြားသော အသီးကိုထည့်သွင်းပြီး ထမင်းပေါင်းကို လုပ်စားနိုင်ပါတယ်နော်။ ပထမဦးဆုံး ထမင်းပေါင်းအတွက် လိုအပ်သော အရာများမှာ-
ကြက်သား (သို့) ဝက်သားကို အသားချည်း ပါးပါးလှီးပြီး ဆား၊ အရသာမှုန့်၊ ငံပြာရည်အကြည်တို့ဖြင့် နယ်ထားပါတယ်။
မက်မွန်သီး တစ်လုံးကို အခွံနွာပါတယ်
ဒါကတော့ ထမင်းပေါင်းထဲထည့်မဲ့ အသီးအနှံတွေ ဖြစ်ပါတယ်။ ဥနီ၊ ဆလပ်ရိုး၊ ငရုပ်ပွ အနီ၊ အစိမ်း၊ ပြောင်းဖူး၊ မုန်လာထုပ်၊ မက်မွန်သီးတို့ ဖြစ်ပါတယ်။
ပါးပါးလှီး နှပ်ထားတဲ့ အသားကို ကြော်ပါတယ်။
![]() |
| ဂျင်း၊ ကြက်သွန်ဖြူထည့်ပါတယ်. |
![]() |
| ဥနီ၊ ဆလပ်ရိုးတို့ကိုထည့်ပါတယ် |
![]() |
| ငရုပ်ပွ၊ မုန်လာထုပ်၊ ပြောင်းဖူး၊ မက်မွန်သီးတို့ကို ထည့်ပါတယ်။ |
ထို့နောက် ဆား၊ အရသာမှုန့်၊ ငံပြာရည်အကြည်တို့ကိုထည့်ပြီး ရောမွှေလိုက်ပါတယ်။
![]() | ||
| ကော်မှုန့်ကို အရည်ဖျော် |
![]() | |
| ကော်ရည်များကို အိုးထဲ လောင်းချပြီး မွှေပေးပါတယ် |
ကော်ရည်များဖြင့် ခပ်ပျစ်ပျစ် ဖြစ်လာတဲ့အခါ အပေါ့အငံ လိုအပ်တာ ထည့်ပြီးလို့ အရသာ စိတ်ကြိုက်ဖြစ်ရင် အရည်ကို ခပ်ရွှဲရွှဲလေး ချန်ထားပြီးရင် ထမင်းပေါင်းထဲထည့်ဖို့ အဆင်သင့်ဖြစ်ပါပြီ။
![]() | |||
| ထမင်းကို ပန်းကန်ပြားထဲထည့်ပါတယ် |
ချက်ထားပြီး ဟင်းထဲမှ သင့်တော်သလောက်ကို ထမင်းပေါ် လောင်းချလိုက်ရင် စားချင်စဖွယ် ထမင်းပေါင်းတစ်ပွဲရပါပြီ။
မက်မွန်သီးထည့်ပြီး ချက်ထားတာမို့ ကျွန်မရဲ့ ထမင်းပေါင်းကို မက်မွန်သီး ထမင်းပေါင်းလို့ ပေးလိုက်တာ ဖြစ်ပါတယ်။ အသီးအနှံများကိုတော့ မိမိမှာရှိတဲ့ အသီးအနှံတွေနဲ့ အဆင်ပြေသလို ချက်ထားနိုင်ပါတယ်။
မက်မွန်သီးထမင်းပေါင်းက ဒီတစ်ပတ် Sunday Special အဖြစ် တင်လိုက်ပါတယ်နော်။ ချစ်သော မိတ်ဆွေများ အားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာပါစေလို့ ဆုမွန်တောင်းလိုက်ပါတယ်ရှင်...






















