ဒီနေ့အတွက် ဖော်ပြချင်တဲ့ဟင်းလျှာက ပြည်ကြီးငါး ရောင်စုံကြော်ဖြစ်ပါတယ်။ ထူးထူးဆန်းဆန်းတော့ မဟုတ်ပါဘူး ရှင်။ ပြည်ကြီးငါးတွေ ကို ရောင်စုံ အသီးအနှံတွေနဲ့ ကြော်တာဖြစ်ပါတယ်။
ချစ်ခင်ရပါသော မိတ်ဆွေများအားလုံးအတွက် ပျော်ရွှင်သော အားလပ်ရက်များဖြစ်ကြပါစေရှင်..
ပြည်ကြီးငါးတွေကို ရေစင်အောင်ဆေးပြီး အရွယ်တော်အတုံးများတုံးက အပေါ်မှာ ဓါးနဲ့ မွှန်းပါတယ်။
ကြက်သွန်ဖြူ၊နီ၊ ဂျင်း၊ ငရုပ်သီးတို့ကို ပြင်ထားပါတယ်။
ပြည်ကြီးငါးနဲ့ ကြော်ဖို့ အဝါရောင်ပြောင်းဖူးကို အစေ့လေးတွေခြွေပြီး အနီရောင် အစိမ်းရောင် ငရုပ်ပွတို့ကို အရွယ်တော် လှီးဖြတ်ထားပါတယ်။
ပြည်ကြီးငါးကို ကြက်သွန်ဖြူ၊ ဂျင်းတို့ဖြင့် ကြော်လိုက်ပါတယ်။
ပြည်ကြီးငါးကျက်ခါနီးမှာ ပြောင်းဖူး၊ ငရုပ်ပွတို့ကိုထည့်ပြီး ဆား၊ အရသာမှုန့်၊ ပဲငံပြာရည်တို့ကို ထည့်ပါတယ်။
အသီးပျော့မသွားစေဘဲ ကျက်ရုံသာ ကြော်ဖို့လိုပါတယ်။ ခုဆိုရင် ဖြူနီစိမ်းဝါ အရောင်စုံတဲ့ ပြည်ကြီးငါး ရောင်စုံကြော် ကို ရပါပြီ။
ပြည်ကြီးငါး ရောင်စုံကြော်
ချစ်ခင်ရပါသော မိတ်ဆွေများအားလုံးအတွက် ပျော်ရွှင်သော အားလပ်ရက်များဖြစ်ကြပါစေရှင်..
















