မြေစာမြက်ကလေးများ...

“အဲဒီ စစ်ကလည်း ဘာဖြစ်လို့ ဖြစ်နေကြတာလဲ၊ ကျွန်တော်တို့ ကျောင်းလည်း မတက်ရတော့ဘူး၊ ဒီမှာနေရတာ အရမ်းချမ်းတယ်.. အိမ်ဘဲပြန်ချင်တယ်။ အဝါး( အဖေ) ကလည်း ခုထိ ပြန်မလာသေးဘူး” ဟု ရေရွတ်နေရင်းက....

အိပ်မက်ထဲက ကချင်မြေ

ကျွန်မတို့ ကချင်ပြည်နယ်မှာ သဘာဝတရားရဲ့ ဖန်တီးမှုတွေနဲ့ အင်မတန် လှပသာယာတဲ့ အိက်မက်ဆန်ဆန် နေရာလေးတွေ ရှိနေပါသေးတယ်....

ကွာရှင်းပြတ်စဲခြင်း

ဒီလိုနဲ့ ကျွန်တော်တို့၂ယောက်ရဲ့ အချစ်တွေ အေးခဲသွားချိန်မှာ ကျွန်တော့်ဘ၀ထဲကို ဂျူလီ ဝင်ရောက်လာခဲ့တယ်....

ကျောက်စိမ်းတွင်းပေါ်က ကျွန်မတို့ရွာ...

ကျောက်စိမ်းမှော်နယ်မြေကို ရောက်တာနဲ့ ဖားကန့်ကို မရောက်ခင်မှာ ကျွန်မရဲ့ ရွာကလေးကို အရင်ဆုံး ရောက်ပါတယ်။ ပြီးတော့မှ...

ဘ၀လမ်းပေါ်က အမှိုက်ကားများ

လူတွေတော်တော်များများဟာ အမှိုက်ကားတွေနဲ့ တူတယ်ဗျ.. သူတို့ဟာ အမှိုက်တွေအပြည့် တင်ဆောင်ပြီး လမ်းပေါ်မှာ မောင်းနှင်နေကြတယ်...

Friday, May 11, 2012

ဝက်သားသရက်သီးကြော်

ဒီတစ်ပတ်အတွက် ဖော်ပြချင်တဲ့ ဟင်းလျာက ခုလို သရက်သီးပေါတဲ့ ရာသီမှာ သရက်သီးကို ဟင်းတစ်မည်အဖြစ် လုပ်စားလို့ရနိုင်မဲ့ ဝက်သားသရက်သီးကြော် ဖြစ်ပါတယ်။ ခက်ခက်ခဲခဲ မဟုတ်တဲ့ ဝက်သားသရက်သီးကြော်ဖို့အတွက် လိုအပ်တာတွေကို အောက်မှာ ဖော်ပြပါမယ်နော်။ 

Image Hosted by PicturePush - Photo Sharing 


ဝက်သားများကို အနေတော်အရွယ် ခပ်ပါးပါးလှီးပြီး ဆား၊ အရသာမှုန့်၊ ဟင်းချက်ဝိုင် အနည်းငယ်တို့နဲ့ နယ်ထား လိုက်ပါတယ်။ 

Image Hosted by PicturePush - Photo Sharing
သရက်သီးအစိမ်းကို အခွံနွာပြီး ပါးပါးလှီးထားပါတယ်


Image Hosted by PicturePush - Photo Sharing 
ကြက်သွန်ဖြူ၊နီ၊ ဂျင်း၊ ငရုပ်သီးတို့ကို ပြင်ထားပါတယ်။ 

Image Hosted by PicturePush - Photo Sharing

 ကြော်ဖို့လိုအပ်တဲ့ အဆာပလာများ 

Image Hosted by PicturePush - Photo Sharing

ဝက်သားကို အရင်ကြော်ပြီး အသားကျက်ပါက ကြက်သွန်၊ ဂျင်းများထည့်ပြီး သရက်သီးကိုထည့်ကြော်လိုက်ပါတယ်။ ဆား၊ အရသာမှုန့်၊ ငံပြာရည်တို့ကို သင့်တင့်သလို ထည့်ပါတယ်။ 



Image Hosted by PicturePush - Photo Sharing
အချိန် ခဏကြာရင် သရက်သီးများ ပျော့အိမသွားခင်မှာ ချလိုက်ပါတယ်။ 



Image Hosted by PicturePush - Photo Sharing
ဝက်သားသရက်သီးကြော်


Image Hosted by PicturePush - Photo Sharing 
 ငရုပ်သီးစိမ်းနဲ့ ကြော်တဲ့ ဝက်သားသရက်သီးကြော်

 အချဉ်အရသာလေးနဲ့ ဝက်သားကို မအီအောင်ကြော်ဖို့အတွက် ဝက်သားသရက်သီးကြော် ရပါပြီနော်။


အားလုံးဘဲ ပျော်ရွှင်အဆင်ပြေသော နေ့ရက်များကို ကျော်ဖြတ်နိုင်ကြပါစေရှင်။