ပုဇွန်တိုဖူးပေါင်း



ဒီတစ်ပတ်အတွက် ဖော်ပြချင်တဲ့ ဟင်းချက်နည်း တစ်မျိုးကတော့ ပဲပြားလို့ခေါ်ကြတဲ့ တိုဖူးကို ပုဇွန်အသားလေးတွေနဲ့ ပေါင်းမှာ ဖြစ်ပါတယ်။ ဒီဟင်းအတွက် အဓိက လိုအပ်တဲ့ ပဲပြားနဲ့ ပုဇွန်ကို ပြင်ဆင်ပါမယ်နော်..

Image Hosted by PicturePush - Photo Sharing

ပုဇွန်ကို ရေစင်အောင်ဆေး ကျောကအကြောင်းကို ခွာပြီး တောက်တောက်စင်းပါတယ်.. ကြက်သွန်ဖြူ ၂ မွှာလောက်ကိုလည်း တောက်တောက်စင်းပြီး ပုဇွန်အသား၊ ဆား၊ အရသာမှုန့် တို့နဲ့  ရောနယ်ထားပါတယ်။ 




Image Hosted by PicturePush - Photo Sharing

တိုဖူးများကို ခုလို အနေတော်အရွယ် တုံးပြီး အလယ်က အသားတစ်ချို့ကို ဖယ်ထုတ်ပြီး အခွက်လေးတွေ လုပ်ထားလိုက်ပါတယ်။ 


Image Hosted by PicturePush - Photo Sharing

ဖယ်ထုတ်လိုက်တဲ့ တိုဖူးအချို့ကို ပုဇွန်အသားနဲ့ ရောလိုက်ပါတယ်။ ထို့နောက် ကြက်ဥ၊ ဂျုံမှုန့် အနည်းငယ်၊ ငရုပ်ကောင်းမှုန့် အနည်းငယ်ထည့်ပြီး နယ်ထားလိုက်ပါတယ်။ ပုဇွန်အစား ငါး၊ ကြက်သား၊ ဝက်သား စသည့်အသားများနဲ့လည်း လုပ်စားနိုင်ပါတယ်။ 


Image Hosted by PicturePush - Photo Sharing 


ပုဇွန်အသားတွေကို တိုဖူးအခွက်လေးတွေထဲ လိုက်ဖြည့်ပါတယ်။ 

Image Hosted by PicturePush - Photo Sharing

ဒါကတော့ နှမ်းဆီ၊ ပဲငံပြာရည်၊ အသားမှုန့်၊ ဆား တို့ကို ရောမွှေထားတာပါ။ ပဲပြားရဲ့ အနေအထားပေါ်မူတည်ပြီး အပေါ့အငံအတွက် ချင့်ပြီး ထည့်နိုင်ပါတယ်။ 


Image Hosted by PicturePush - Photo Sharing

၎င်း နှမ်းဆီအရောအနှောကို ပဲပြားများအပေါ် လောင်းချလိုက်ပါတယ်။ သို့မှသာ ပဲပြားထဲ အရသာဝင်ပြီး စားကောင်းမှာဖြစ်ပါတယ်။ 


Image Hosted by PicturePush - Photo Sharing

ရေနွေးနဲ့ ပေါင်းဖို့အတွက် အိုးတစ်လုံးထဲ ရေထည့်ပြီး တိုဖူးပန်ကန်ကို ရေမထိအောင် တင်လိုက်ပြီး အဖုံးအုပ်က စပြီးပေါင်းပါပြီ။ မိနစ် ၂၀ခန့်ပေါင်းလိုက်ရင် အသားလည်း ကျက်ပြီး အရသာလည်း ကောင်းတဲ့ ပုဇွန်တိုဖူးပေါင်း ရပါပြီ။ 


Image Hosted by PicturePush - Photo Sharing

ကျက်သွားတဲ့ ပုဇွန်ပဲပြားပေါင်းကို အမြင်လည်း လှအောင် ခုလို ငရုပ်သီးနံနံပင်များ ထည့်လိုက်ပါတယ် 


Image Hosted by PicturePush - Photo Sharing

ဆား၊ အသားမှုန့်အရသာတွေ ပဲပြားထဲ ဝင်သွားပြီး နှမ်းဆီနံ့လေး မွှေးနေတဲ့ ပုဇွန်ပဲပြားပေါင်း ရပါပြီ။ လုပ်ရတာ လွယ်ကူမယ်လို့ ထင်ပါတယ်နော်။ 



အားလုံးအတွက် စိတ်ကြည်လင်အဆင်ပြေသော နေ့ရက်များကို ပိုင်ဆိုင်ကြပါစေရှင်..