မွန်ဘိုင်းမြို့မှာ နေတဲ့ အသက်အရွယ်ခပ်ကြီးကြီး အဖိုးအိုတစ်ယောက်က နယူးယောခ့်မှာ ရှိနေတဲ့ သူ့သားဆီဖုန်းဆက်တယ်..
"သားရေ မင်းကို အဖေ အနှောက်အယှက်ပေးရတာ စိတ်တော့မကောင်းပါဘူးကွာ... ဒါပေမဲ့ မပြောမဖြစ်လို့ပြောရတော့မယ်.. အဖေ မင်းအမေနဲ့ ကွာရှင်းတော့မလို့ မင်းအမေရဲ့ ဒုက္ခတွေကို ၃၅ နှစ်လုံးလုံး အဖေ ခံလာရပြီးပြီ... အဖေ ထပ်ပြီး သီးမခံနိုင်တော့ဘူး..တော်လောက်ပြီ.. "
"အဖေ... ဘာတွေပြောနေတာလဲ " သားဖြစ်သူက ဖုန်းထဲကနေ အဖေဖြစ်တဲ့သူကို အော်ပြောလိုက်ပါတယ်..
အဖေက ပြန်ပြောပါတယ် "ငါတို့ တစ်ယောက်ကို တစ်ယောက် ကြည့်ကို မကြည့်ချင်ကြတော့ဘူး...ရေရှည် အတူတူဆက်နေဖို့လဲ မဖြစ်နိုင်တော့ဘူး.. .. တော်ပြီ..ဒီအကြောင်းအဖေ ထပ်မပြောချင်တော့ဘူး... ဟောင်ကောင်က မင်းအစ်မကို မင်းဘဲ ဖုန်းခေါ်ပြီး အကျိုးအကြောင်းပြောပြလိုက်တော့... အဖေတော့ ဘာမှ မပြောချင်တော့ဘူး"
ကသုတ်ကရက်နဲ့ ချက်ခြင်းဘဲ သားဖြစ်သူက ဟောင်ကောင်က အစ်မဆီကို ဖုန်းခေါ်ပါတယ်.. ပြီးတော့ ဖုန်းထဲကနေ ဒေါသတကြီးနဲ့ အစ်မလုပ်သူကို အဖေ ပြောသွားတဲ့ စကားတွေကို ပြန်ပြောပြနေတယ်.. အစ်မဖြစ်သူက ပြန်ပြောတယ်..
"မပူနဲ့ ငါကြည့်လုပ်လိုက်မယ် " တဲ့..
ချက်ခြင်းဘဲ အဖေအမေရှိတဲ့ မွန်ဘိုင်းကို ဖုန်းခေါ်ပါတယ်.. ဖုန်းထဲကနေ အဖေလုပ်သူကို အော်ပြောပါတယ်..
"အဖေ ကွာရှင်းဖို့ကိစ္စ လုံးဝ မလုပ်နဲ့ဦး .. သမီးမလာမချင်း အဲဒီကိစ္စနဲ့ပါတ်သက်ပြီး ဘာကိုမှ မဆုံးဖြတ်ကြနဲ့ဦး.. ဘာမှလဲ မလုပ်နဲ့ဦး .. မောင်လေးကို သမီးဖုန်းပြန်ခေါ်ဦးမယ်.. မနက်ဖြန် သမီးတို့ ၂ယောက်စလုံး အဲဒီကို ရောက်အောင်လာခဲ့မယ်.. သမီးတို့မရောက်ခင် ဘာမှမလုပ်နဲ့ .. အဖေ.. ကြားရဲ့လား.. "
ပြောပြီးဖုန်းချသွားပါတယ်.. ပြီးတော့ သူ့မောင်ရှိရာ နယူးယောခ့်ကို ဖုန်းထပ်ခေါ်ပြီး မနက်ဖန် ရရာလေယာဉ်နဲ့ အိမ်ကို ထွက်လာခဲ့ဖို့ လှမ်းပြောပါတယ်...
အဖိုးကြီးက ဖုန်းကို ချလိုက်ပြီး မိန်းမဖြစ်သူ အဖွားကြီးကို ပြုံးပြီးပြောလိုက်တယ်..
" အိုကေ .. အဆင်ပြေသွားပြီ... မနက်ဖန် New Year Party ကို သူတို့ ၂ယောက်လုံး လေယာဉ်နဲ့ ရောက်အောင် လာကြလိမ့်မယ်.. ဒါဆိုရင် နှစ်သစ်ကူးမှာ မိသားစု အားလုံး စုံစုံညီညီ ဖြစ်သွားပြီပေါ့ကွာ....ရိုးရိုး တန်းတန်းခေါ်ရင် အလုပ်အကြောင်းပြပြီး လာကြမှာ မဟုတ်ဘူး.. ခုလို နည်းနဲ့ခေါ်လိုက်တော့ သူတို့ မလာဘဲ မနေတော့ဘူးလေ.."
----------------------------------------------------------------------------------------------------------------------------
လူတိုင်းဟာ ၃၆၅ရက်လုံးတော့ အလုပ်မများကြပါဘူး.. ခွင့် နည်းနည်းယူပြီး သင်တို့ရဲ့ အချစ်ဆုံးသူတွေကို သွားတွေ့လိုက်ရင် ကောင်းကင်ကြီး ပြိုကျ မသွား ပါဘူးတဲ့ .. သင်လုပ်နေတဲ့ အလုပ်ဆိုတာ ဘ၀တစ်ခုလုံး မဟုတ်သလို ငွေကြေးဆိုတာလဲ ဘ၀ရဲ့ အရာအားလုံးကို ဖန်တီး မပေး နိုင်ပါဘူး.. ကိုယ်ချစ်ရတဲ့ သူတွေ ၊ ကိုယ့်မိသားစုတွေလောက် ဘယ်အရာကမှ အရေးမကြီးနိုင်ပါဘူး.....ဒီလို နေ့ထူးနေ့ရက်တွေမှာ မိမိတို့ကို သတိတရ ရှိနေမဲ့သူ တွေ့ချင်နေတဲ့သူတွေ ရှိနေ သေးတယ်ဆိုတာ သတိရကြပါစို့.. ဒါကြောင့် ကိုယ်ချစ်တဲ့သူတွေကို သွားတွေဖို့ ဘာအကြောင်းနဲ့မှ နှောင့်နှေး မနေပါနဲ့ အချိန်လေးပေးပြီး သွားတွေ့ လိုက်ကြပါစို့နော်...
http://www.funzug.com/index.php/stories/making-money-is-not-everthing-in-life-story.html လေးကို နှစ်သစ်နဲ့ လိုက်လျှောညီထွေ ဖြစ်အောင် ဘာသာ ပြန်ဆိုလိုက်ပါတယ်..
အားလုံးဘဲ HAPPY NEW YEAR ပါနော်
စာဖတ်သူ အားလုံး အတွက် ပျော်ရွှင် ချမ်းမြေ့ဖွယ် နှစ်သစ်ဖြစ်ပါစေ...၂၀၁၀ မှာ အကောင်းဆုံး ရလာဒ်တွေကို ပိုင်ဆိုင်နိုင်ပါစေ.. လောက ကောင်းကျိုးကို ဆထက် တိုးပြီး ဆောင်ရွက်နိုင်ကြကာ ...ကံကောင်းခြင်းတွေနဲ့ ပြည့်စုံကြပါစေနာ်...
No response to “ဖေဖေရဲ့ New Year စိတ်ကူး”
Post a Comment