ခြောက် အိပ်မက်




တစ်ခါက သိပ်ချစ်ကြတဲ့ ကောင်လေးနဲ့ ကောင်မလေး ၂ယောက် ရှိကြပါတယ်.. သူတို့၂ယောက်ချစ်နေတဲ့ အကြောင်းကို ကောင်မလေးရဲ့ အဖေက သိသွားတော့ ကောင်လေးနဲ့ လုံးဝကို သဘောမတူပါဘူးတဲ့… ဒါနဲ့ဘဲ ကောင်လေးနဲ့ ကောင်မလေးတို့ ၂ယောက်ဟာ တစ်ယောက်နဲ့တစ်ယောက်လဲ မခွဲနိုင်မခွာရက် သိပ်ချစ်နေ ကြတော့ အိမ်ကနေ ထွက်ပြေးကြပြီး ၂ယောက်တည်းကမ္ဘာကို ပျော်ပျော်ရွှင်ရွှင် တည်ဆောက်ကြဖို့ ဆုံးဖြတ်လိုက်ကြပါတယ်..





သူတို့၂ယောက် ထွက်ပြေးသွားတော့ ကောင်မလေးအဖေက နေရာအနှံ့ လိုက်လို့ရှာပေမဲ့ ဘယ်မှာမှကို ရှာလို့မတွေ့ပါဘူး…  နောက်ဆုံးတော့ ကောင်မလေးအဖေဟာ သူတို့၂ယောက်လုံးကို ပြန်လာခဲ့ဖို့နဲ့ လက်ထပ်ပေးစားပါမယ် သူတို့ ၂ယောက်ကို ဘဘောတူ လက်ခံပါတယ် ဆိုတဲ့ အကြောင်း သတင်းစာမှာ ကြော်ငြာထည့်ရပါတော့တယ်…





ကြော်ငြာကို တွေ့တဲ့ ကောင်လေးနဲ့ ကောင်မလေးတို့ဟာ အိမ်ကို ပြန်လာကြပြီး  မင်္ဂလာဆောင်ဖို့ ပြင်ဆင်ကြပါတယ်…  နောက်တစ်နေ့မနက်မှာ သူတို့၂ယောက်ဟာ မင်္ဂလာဆောင် ၀တ်စုံရွေးဖို့အတွက် မြို့ထဲကို ထွက်လာကြပါတယ်.. အဲဒီမနက်ခင်းမှာ ကောင်လေးဟာ ရှပ်အင်္ကျီအဖြူလေးကို ၀တ်ဆင်လာပါတယ်.. မြို့ထဲမှာ တစ်ဆိုင်ပြီး တစ်ဆိုင် ၀င်ထွက်ကာ မင်္ဂလာဝတ်စုံကို ရွေးချယ်ကြရင်းနဲ့ နေက ပူသထက်ပူလာတော့ ကောင်မလေးဟာ ရေငတ်လာပါတယ်.. ဒါနဲ့  ကောင်လေးကို ရေဆာကြောင်း သူက ပြောတော့ ကောင်လေးကလဲ လမ်းတစ်ဘက်မှာရှိတဲ့ စတိုးဆိုင်လေးတစ်ခုမှာ ကောင်မလေး အတွက် ရေသန့်ဘူး သွားဝယ်ဖို့ လမ်းကို ဖြတ်ကူးလိုက်ပါတယ်..





 ဒီအချိန်မှာဘဲ တိုက်တိုက်ဆိုင်ဆိုင် ဘရိတ်ပေါက်နေတဲ့ ကားတစ်စီးဟာ ဘယ်လိုမှ အရှိန်မထိန်းနိုင်ဘဲ ကောင်လေးကို ပြင်းထန်စွာ တိုက်မိသွားပါတယ်.. ကောင်မလေးဟာ ချက်ခြင်းဘဲ ကားတိုက်ခံရပြီး ခပ်ဝေးဝေး ကို  လွှင့်စင်သွားတဲ့ ကောင်လေးရှိရာကို ပြေးသွားပါတယ်. ဒီမှာတင် မြင်လိုက်ရတဲ့ မြင်ကွင်းကြောင့် ကောင်မလေးဟာ ကောင်လေးဘေးနားမှာဘဲ သတိလစ်ပြီး လဲကျသွားပါတယ်.. သိပ်ပြင်းထန်လွန်းတဲ့ ကားတိုက်ခံရတဲ့ အရှိန်ကြောင့်  ကောင်လေးဟာ မမှတ်မိနိုင်လောက်အောင်ကို ရုပ်ပျက်ဆင်းပျက် ဖြစ်နေခဲ့ပြီး ပွဲချင်းပြီး သေဆုံးနေပါပြီ….







နာရီပေါင်း အတော်ကြာတော့မှ ကောင်မလေးဟာ ပြန်သတိရလာပါတယ်.. ကောင်လေးအိမ်က မိသားစုနဲ့ ကောင်မလေးမိသားစုတို့ဟာ ကောင်လေးကို မီးသဂြိုင်္လ်ဖို့ အမြန်ဆုံး စီစဉ်ကြပါတယ်.. ဘာလို့ဆိုတော့ ပြင်းပြင်းထန်ထန် ရုတ်ပျက်ဆင်းပျက် ကားတိုက်ခံထားရတဲ့ အတွက် သူ့ရုပ်ကလပ်ကို ကြာရှည် မထားသင့်ဘူးလို့ ယူဆတာကြောင့်ပါ..





ကားတိုက်ခံရပြီးလို့ ၂ရက်မြောက်တဲ့နေ့မှာ ကောင်မလေးအမေဟာ အိပ်မက်တစ်ခု မက်ပါတယ်.. အိပ်မက်ထဲမှာ အသက်ကြီးကြီး မိန်းမတစ်ယောက်ဟာ ကောင်မလေးရဲ့ အကျီ င်္မှာ စွန်းပေနေဆဲဖြစ်တဲ့ ကောင်လေးရဲ့ သွေးတွေကို အမြန်ဆုံး ပြောင်စင်အောင် လျှော်ဖွတ်ဖို့ ကောင်မလေးရဲ့ မိခင်ကို သတိလာပေးပါတယ်..  ဒါပေမဲ့ ကောင်မလေးရဲ့ အမေက အိပ်မက်ကို ဂရုမထားဘဲ အမှုမဲ့ အမှတ်မဲ့နဲ့ နေလိုက်ပါတယ်.. နောက်တစ်နေ့ညမှာတော့ ကောင်မလေးရဲ့ ဖခင်ဟာ အလားတူအိပ်မက်ကို ထပ်မက်ပါတယ်… ဖခင်ကလဲ အိပ်မက်ကို မေ့မေ့ပျောက်ပျောက်ဘဲ သဘောထားလိုက်ပါတယ်..





တတိယအကြိမ် ညမှတော့ အဲဒီအိပ်မက်ကိုဘဲ ကောင်မလေးက မက်ပါတော့တယ်.. ကောင်မလေးဟာ ထိတ်လန့်ကြောက်ရွံ့စွာနဲ့ အိပ်မက်ကနေ လန့်နိုးလာပါတယ်.. သူ့မိခင်နဲ့ ဖခင်ကို အိပ်မက်အကြောင်း ပြောပြတော့ ၃ယောက်လုံးဟာ ဒီအိပ်မက်ကိုဘဲ ထပ်တူမက်နေတယ် ဆိုတာ သိလိုက်ရပါတယ်.. ဒီတော့ ကောင်မလေးမိခင်က စွန်းပေနေတဲ့ သွေးတွေကို အမြန်ဆုံးလျှော်ဖွတ်ဖို့ ကောင်မလေးကို တိုက်တွန်းပါတယ်.. ကောင်မလေးဟာ သွေးစွန်းနေတဲ့ အ၀တ်ကို အမြန်ဆုံးဘဲ လျှော်ဖွတ်ပါတော့တယ်.. ဒါပေမဲ့ အားလုံး ပြောင်စင်အောင် လျှော်လို့မရဘဲ တစ်ချို့ သွေးစက်လေးတွေဟာ ကျန်ရစ်နေဆဲ ဖြစ်ပါတယ်…





နောက်ညမှလဲ ကောင်မလေးဟာ ဒီအိပ်မက်ကိုဘဲ ထပ်ပြီး မက်ပြန်ပါတယ်.. အဲဒီညအိပ်မက်မှာတော့ အဖွားကြီးဟာ ကောင်မလေးကို နောက်ဆုံးအကြိမ် အနေနဲ့ သွေးစွန်းအ၀တ်ကို ပြောင်စင်အောင် လျှော်ဖွတ်ဖို့နဲ့ ပြောင်အောင် မလျှော်ဘူးဆိုရင် တစ်စုံတစ်ခု အဖြစ်အပျက်ဟာ မကြာခင်မှာ ဖြစ်ပျက်လာဖို့ ရှိတယ်လို့ သတိပေးပါတယ်.. ကောင်မလေးဟာ အိပ်မက်က လန့်နိုးနိုးချင်း သူ့ရဲ့ အ၀တ်ကို ပြောင်စင်အောင် ကြိုးစားပြီး လျှော်ဖွတ်ပြန် ပါတယ်..  လျှော်ရလွန်းလို့ သူမရဲ့ အ၀တ်လေးဟာ စုတ်ပြဲလုနီးပါး ဖြစ်နေသလို သူမလက်ဖ၀ါးလေးတွေဟာလည်း နီရဲပွန်းပဲ့လို့ နေပါပြီ… ဒါပေမဲ့ စွန်းနေတဲ့ တစ်ချို့ သွေးစလေးတွေ ကတော့ မပြောင်နိုင်သေးပါဘူးတဲ့.. ကောင်မလေးဟာလည်း မောပန်း နွမ်းနယ်လွန်းနေပြီး နောက်ဆုံးတော့ ဘယ်လိုမှ မစင်နိုင်တဲ့အတွက် ဒီအတိုင်း ထားလိုက်ရ ပါတော့တယ်..





အဲဒီညနေမှာ ကောင်မလေးရဲ့ အဖေနဲ့အမေဟာ ကိစ္စ တစ်ခုနဲ့ အပြင်ထွက်သွားတော့ အိမ်မှာ ကောင်မလေး တစ်ယောက်တည်း ကျန်ရစ်ခဲ့ပါတယ်.. တစ်အိမ်လုံးလဲ ခြောက်ခြားစရာ ကောင်းလောက်အောင် တိတ်ဆိတ်ငြိမ်သက်လို့ နေပါတယ်... အဲဒီ အချိန်လေးမှာ တံခါးခေါက်သံတစ်ခုက တိတ်ဆိတ် ငြိမ်သက်ခြင်းကို ဖြိုခွင်းပြီး    ပေါ်ထွက် လာပါတယ်..  တံခါးခေါက်သံကြောင့် ကောင်မလေးဟာ တံခါးကို သွားဖွင့်လိုက်တဲ့ အချိန်မှာတော့ အိပ်မက်ထဲက အဖွားကြီးကို တွေ့လိုက်ရတဲ့ အတွက် ကြက်သီးမွေးညှင်းများ ထောင်ထလာအောင် ထိတ်လန့် ကြောက်ရွံ့မိပြီး ကြက်သေ သေနေမိ ပါတော့တယ်.. အဖွားအိုက ကောင်မလေးကို စိမ်းစိမ်းကြီး ကြည့်လိုက်ပြီး သူ့လက်ထဲမှာ ကိုင်လာတဲ့ အရာလေးတစ်ခုကို ကောင်မလေးထက်ထဲကို ထည့်ပေးလိုက်ပါတယ်.. ပြီးတော့ ကောင်မလေးကို သူ့ရဲ့ အသံ အက်ကွဲကွဲနဲ့ စကားတစ်ခွန်း ပြောလိုက်ကာ အိမ်ရှေ့ကနေ လှည့်ထွက်သွားပါတယ်.. ကောင်မလေးဟာ တုန်လှုပ်ခြင်းများစွာနဲ့ သူမလက်ထဲ ရောက်လာတဲ့ အရာလေးကို အထိတ်တလန့် ကြည့်လိုက်မိပါတယ်…  သူမ တွေ့လိုက်တဲ့ ဟာလေးက  လုံးဝ မမျှော်လင့်ထားတဲ့အရာ .... အဲဒါလေးက …… ?  ?  ?





************* ****

************ *..

***********. .

*********..

********

*****..

****.

***

**.
 *

**.
*
..
.
.
.*

*.



 *ဆပ်ပြာမှုန့်လေးတစ်ထုပ်ပါ..* 



 



အဖွားကြီး ပြောသွားတဲ့ စကားတစ်ခွန်းကတော့ “ဒီဆပ်ပြာ နဲ့ လျှော်မှ စင်မှာ”  တဲ့…    :)  :)   :)





ဆပ်ပြာမှုန့်ကြော်ငြာတာ ဟုတ်ဘူးနော်...  :P





စိတ်အပန်းပြေကြပါစေရှင်...



လေးစားစွာဖြင့်





ချော (အစိမ်းရောင်လွင်ပြင်)


24 Responses to “ခြောက် အိပ်မက်”

minmahaw said...

ဒါ ဒါ ဆပ်ပြာမှုန့် ကြော်ငြာတာဘဲ ဖြစ်ရမယ်...
လျော်ကြည့်လို့ မပြောင်ရင်တော့ မမကို အကျီပြန်လျော်ခိုင်းမယ်
ဟင်းဟင်း

အာာာာာာာာာာ
မချော.......လူဆိုး....
ရင်တွေတုန်ပြီး ဖတ်လာတာ...
အောက်ရောက်တော့မှ....ဟွန်း....
ဆပ်ပြာ ကြော်ငြာကြီး....းးးးးး((((((((
တော်ပြီ..ဖတ်တော့ဘူး....

ဇီဝက (ဆေး-၂) said...

မျက်ရည်တွေ တောက်တောက် တောက်တောက်ကျအောင် ဖတ်နေတာနော်။ အဆုံးသတ်တော့ ဆပ်ပြာမှုန့်ညားနေပါလား။

ဘာများပါလိမ့်ဆိုပြီး စိတ်ဝင်စားပြီး ရင်ခုန်စွာနဲ့ ဖတ်လိုက်ရတာ။မချောက တော်တော်နောက်တာပဲ။

sosegado said...

ဖတ်လို့ကောင်းလိုက်တာ။ ရေသန့်ဘူးလာပေးတာထင်နေတာ၊
ဆပ်ပြာမှုန့်က တရုတ်လုပ်လား။။ ရယ်လိုက်မိတယ်၊

ahphyulay said...

စာ လာဖတ်သူ တွေ ကို ပျော်အောင် ကြိုးစား ထား တာကိုး..။
ပြောချင်တာ စေတနာ ပါ။
ရေးနေတုံးကလဲ ကောင်းအောင်ရေးနေတဲ့  စေတနာ..
ရေးပြီးတော့ လဲ ဖတ်မဲ့ သူတွေရဲ့  အံ့ သြ မှု လေး တွေ ရတော့ မယ် ဆိုတဲ့ 
စေတနာ ပီ တိ လေးတွေ အကြောင်းပါ။

သနားစရာလေးနဲ့ ဖွဲ့ထားပြီး ထိတ်လန့်စရာလေးပေးတယ်.. ပြီးတော့မှ မထင်မှတ်တဲ့ အရာနဲ့ ဇာတ်ကို သိမ်းထားတယ်.. ရင်တုန်အောင် သိပ်လုပ်တတ်တာပဲ..း))
ပျိုးလာပုံလေးက ဆပ်ပြာမှုန့် မလာပဲ ဇာတ်လမ်းကို သရဲကားဆန်ဆန် ချဲ့ရေးလာရင် ဝထ္တုရှည်တောင် ဖြစ်လောက်တယ်... ဂွတ်တယ်...

ခင်မင်လေးစားချစ်ခြင်းအားဖြင့်

ဒဏ္ဍာရီ said...

ချော.... လူဇိုးးးးးးး...း)
ဖတ်နေရင်း ကြည့်နူးစရာ၊ စိတ်မကောင်းစရာ ရသတွေနဲ့ ခံစားနေရတဲ့ အချိန် ရုတ်တရက် ဟာသလေး ဖြစ်သွားတော့ စိတ်ထဲမှာ တမျိုးတောင် ဖြစ်သွားတယ်။
ကြော်ငြာလေးအတွက် ရေးချက်ကတော့ တော်လိုက်တာနော် .. ချောရေ.. အားပေးနေတယ်။

ခင်မင်လေးစားလျှက်

Kotunygn said...

Ma Soe .......

:D

ကော်ဖီဆိုင်လည်း ပြန်ဖွင့်ရော ဆပ်ပြာမှုန်ပါ အရောင်းကိုယ်စားလှယ် ဖြစ်ပါပေါ့လား။
စီးပွားရေး သောင်းကျန်းချက်အေ

ခံလိုက်ရတာနာသကွာ....။
သိသိကြီးနဲ့..။
ဟွန်း...။
:P

ကတောက် !
သိသိကြီးနဲ့ ခံလိုက်ရတာ နာတယ်ကွာ..။
ဟွန်း..။
:P

အမလေးမချောရေ........
ရင်တုန်တုန်နဲ့ဖတ်လာတာ အဖွားကြီးကဘာများပေးမလဲလို့။ နောက်ဆုံးကျမှ ဟင်းချနိုင်တယ်။ စိတ်မောသွားတဲ့အတွက် ပြန်ကောင်းအောင်လုပ်ပေးအုံး...။

ခင်တဲ့
သဒ္ဓါ

မချော...အားကြီးနောက်တယ်နော်...ဟိးဟိး
ခံလိုက်ရတယ်ဗျာ...ဟားဟာ

မကေ said...

မချော ပြောတော့ Marketing မလုပ်ဘူးဆို

mg han said...

ခံရပြန်ပြီ။
အော်..........ငါ့လိုလူတွေနဲဘူးပဲ။
ခံပ။................

ငဏီ said...

စာကို သေချာဖတ်ရဲ့လားလို့ အမေးခံရမှာစိုးလို့ သေချာထိုင်ဖတ်မိပါတယ်ဂျာ..
အစ်မနော်..နောက်တီးနောက်တဲ့..နဲ့..ဂျာ..ရှက်တောင်တွားတယ်
ဟီး...ဘာပဲကြောကြော...ဂီး..ရယ်ရတယ်
ယုန်မလေးကို ပြောပြလိုက်မယ်ဒီဟာသလေးကိုနော်..

သားက..မလျှော်တတ်ဘူး..
မမ ပဲ လျှော်ပေး...လျှော်ပေး...
ဂလိုလည်း ရတယ် မဟုတ်လား..ဟီး

Pearl said...

အ....
ခံလိုက်ရပြီဟ.....။
လူကို ချောက်ကမ်းပါးထိခေါ်သွားပြီးမှ သိသိကြီးနဲ့ တွန်းချခံလိုက်ရသလိုပဲ........
ဟားဟား

ချောရေ....
ဟေ့အေး....
သွန်များတို့ကတော့ ထက်ထက်ကြော်ငြာတဲ့...အီလန်မှ အီလန်ဆပ်ပြာမှုန့်ဘာဘဲ အေ....း)
ခင်မင်တဲ့
ဏီလင်းညို

အော...အဟုတ်အောက်မေ့လို့ အညာခံလိုက်ရပါလား...ဟွန်း...လူဇိုး...

သန္တာ said...

ရင်တွေတုန်ပြီး ဖတ်လာတာ…
အောက်ရောက်တော့မှ….ဟွန်း….
ဆပ်ပြာ ကြော်ငြာကြီးကိုတွေ့ရတော့တယ်....:)
နောက်ဆုံးတော့ အပြုံးလေးတစ်ခုတော့ ကျန်ခဲ့တယ် မ...
မကိုတော့ ချစ်သွားပြီ...:kiss
အောင်မြင်မှုသရဖူကိုအမြဲထာဝရဆောင်းနိုင်ပါစေ....

kavan said...

Good! So funny. To day I so buys and depress. after i read this one .
refresh again :D

Anonymous said...

ဘာတံဆိပ်ကြော်ငြာတာလဲ....ဟင်....