ဖားကန့်ဒေသ ရွှေရှာကြရာဝယ်







ဒီတစ်ခေါက် အိမ်အပြန်မှာတော့ ရွှေကျင်းဘက်ကိုလှည့်ပြီး ဖားကန့်ဒေသဘက်မှာ တစ်ပိုင်တစ်နိုင် ရွှေတူးလုပ်ကြတဲ့ လုပ်ငန်းခွင်ကို သွားရောက်လို့ ဓာတ်ပုံများ ရိုက်ယူခဲ့ပါတယ်.. ပြန်သွားတဲ့ အချိန်က မိုးတွင်းဖြစ်တာကြောင့် ရွှေကျင်းလုပ်ကြတဲ့ လုပ်ကွက်တွေကို သွားတဲ့အခါ လမ်းတော်တော်လေးကို ဆိုးဝါးပါတယ်..  ဆိုင်ကယ်တောင် မနည်းသွားရတဲ့ အချိန်ကာလဖြစ်ပါတယ်. ချောင်းရေကြီးချိန်ဖြစ်တာကြောင့် နွေအခါအသုံးပြုတဲ့ တံတားတွေလဲ ရေထဲပါသွားတာကြောင့် တံတားမရှိတော့ဘဲ ကူးတို့လှေနဲ့ ကူးရပါတယ်.. အခုဖော်ပြမဲ့ အကြောင်းအရာ၊ ဓာတ်ပုံတွေဟာ လုပ်ကွက်ကြီးတွေ၊ ကုမ္ပဏီကြီးတွေရဲ့ တူးဖော်ပုံမျိုးမဟုတ်ဘဲ.. ဒေသခံလူများ၊ အရင်းအနှီး အနည်းငယ်ရှိသူများ တစ်ပိုင်တစ်နိုင် လုပ်ကိုင်ကြတဲ့ ရွှေလုပ်ငန်းမျိုးဖြစ်ပါတယ်..







ရွှေကျင်းကိုသွားတဲ့ လမ်းတစ်လျှောက်







ဒီလိုလမ်းတွေကို ဆိုင်ကယ်နဲ့ သွားရတာပါ.. ကိုယ်တိုင်မမောင်းဘူး..သူများနောက်က လိုက်စီးတာ .. ကြောက်လို့   :)








ဒီလိုချောင်းရေတွေဆို အမြဲဝင်းဝါနေတာဘဲ.. ကြည်ကြည်လင်လင် ဘယ်တော့မှ မရှိ








လမ်းဘေးရှုခင်း








ဒီလှေနဲ့ ချောင်းကိုဖြတ်ကူးကြမယ်








ကူးတို့သမား လှော်တဲ့လှေ







ဒီလိုလုပ်ငန်းအတွက် အရင်းအနှီး အနည်းဆုံး သိန်း၂၀မှ ၃၀ထိ လိုတယ်လို့ သိရပါတယ်.. မိမိလုပ်ကွက်က ရွှေအထွက်များရင် စရိတ်ကျေပြီး အမြတ်ထွက်ပေမဲ့ ရွှေအကျနည်းတဲ့ ကျင်းမျိုးဆိုရင် အကြွေးတင်ကြတဲ့ သူတွေတောင်ရှိတတ်ပါတယ်.. ဒီလုပ်ငန်းကလည်း မမြင်ရတဲ့ မြေကြီးအောက်က သယံဇာတကို တူးဖော်ရတာဖြစ်လို့ ခန့်မှန်းဖို့ခက်တဲ့ လုပ်ငန်းတစ်ခု ဖြစ်ပါတယ်.. ဖားကန့်ဒေသမှာ မြေကြီးအောက်တိုင်းမှာ ရွှေထွက်တယ် ဆိုပေမဲ့လို့ တစ်နေရာနဲ့ တစ်နေရာ ရွှေအထွက်နှုန်းက မတူတဲ့အတွက် အရှုံးအမြတ်ကို ပုံသေတွက်ဆလို့ မရတဲ့ လုပ်ငန်းဖြစ်ပါတယ်.. ရွှေတူးသူတိုင်းဟာ အရှုံးအမြတ်ကို အလောင်းအစားသဘောမျိုး လုပ်ကြရတာဖြစ်ပါတယ်. ရွှေကျင်းတစ်ကျင်းပြီးတိုင်း အမြတ်ကျန်မယ်လို့ သေချာပေါက်မပြောနိုင်ပါဘူး… လုပ်ကွက်ချင်း ကပ်လျက် ကျင်းနှစ်ကျင်း ဘေးချင်းယှဉ်ပြီး လုပ်ကြရင်တောင် တစ်ဖက်ကျင်းက ရွှေအကျများပြီး တစ်ဖက်ကျင်းက ရွှေအကျနည်းတာမျိုး ဖြစ်တတ်ပါတယ်.. ဒါကြောင့် ကံသေကံမ ပြောလို့ မရနိုင်တာပါ.. အချို့ကျတော့  အရင်းအနှီး မများတဲ့အတွက် ရွှေထွက်တာနဲ့ ဒီနေ့ထွက်တာ ဒီနေ့ ရောင်းပြီး ကျင်းစရိတ်ထဲ ပြန်ထည့်ကြပါတယ်.. ရွှေကျင်းတစ်ကျင်းမှာ ကုန်ကျစရိတ်အများဆုံးက ဆီဖိုးနဲ့ စားစရိတ်ဖြစ်ပါလိမ့်မယ်..








ချောင်းတစ်ဖက်ကမ်း ရွှေကျင်းသို့သွားရာလမ်း







နွေရာသီ၊ဆောင်းရာသီတုန်းကတော့ ဒီလမ်းတွေဟာ ဆိုင်ကယ်နဲ့ သွားလာလို့ရပါတယ်.. အခုတော့ တံတားမရှိတော့ ကူးတို့လှေနဲ့ ကူးခဲ့ရတာမို့ ဆိုင်ကယ်ကို ချောင်းတစ်ဘက်ကမ်းမှာ ထားခဲ့ပြီး ဒီဘက်ကမ်းရောက်တော့ ခြေလျှင်နဲ့ သွားလာရပါတယ်.. အသိရဲ့ ရွှေကျင်းရောက်အောင် တော်တော်လေး လမ်းလျှောက်လိုက်ရပါတယ်..  မောသလားဆိုရင်တော့  အင်း... မောတော့ မောတာပေါ့.. ဒါပေမဲ့ မမောဘူးဘဲ ဆိုကြပါစို့...ဒီလို ရွှေတူးကြဖို့ အရင်ဆုံးလုပ်ရမဲ့အလုပ်က မြေကွက်ဝယ်ကြရပါတယ်.. ပြီးတော့မှ ရွှေတူးရာမှာ လိုအပ်တဲ့ စက်တွေ၊ ပိုက်တွေ၊ အလုပ်သမားတွေ၊ သူတို့နေဖို့ တဲတွေဆောက်ရမယ်. ရိက္ခာတွေ ၀ယ်ယူစုဆောင်းကြရပါတယ်.. စက်ကိုမောင်းနှင်ဖို့ ဆီတွေဝယ်ရပါမယ်. ဒီလိုကျင်းတစ်ကျင်းအတွက် အလုပ်သမား အနည်းဆုံး ၇ယောက်မှ ၁၀ယောက်အထိ လိုအပ်ပါတယ်..






ရွှေကျင်းတစ်ခုရဲ့ မြင်ကွင်း









မြေကျင်းဟာ ပေအနက် ၁၀ပေကျော်ပါတယ်.. ကျင်းထဲက စက်ကိုတော့  မုန်စုပ်စက်လို့ ခေါ်ပါတယ်.. ကျင်းထဲက မြေကြီးတွေက အပေါ်ရောက်အောင် အားနဲ့မှုတ်တင်ပေးတဲ့ စက်ပါ..  ရွှေကျင်းတူးတဲ့အခါ အပေါ်ယံမြေသားဖြစ်တဲ့ ရွှံမြေတွေမှာ ရွှေပါလေ့မရှိပါဘူး... အနည်းဆုံး ၅ပေ၆ပေခန့် အပေါ်ယံမြေကြီးတွေကို ဖယ်ထုတ်ရပါတယ်. အဲလိုဖယ်ထုတ်ရတာကို ခေါင်းပေါင်းကျင်းတယ်လို့ ခေါ်ပါတယ်.. ပြီးတော့မှ အောက်က မြေမာ ကျောက်ခဲတွေပါတဲ့ မြေမျိုးမှာမှ ရွှေပါတတ်ပါတယ်.. အဲဒီအလွှာကိုရောက်မှသာ သဲမြေတွေကို အပေါ်ကို မုန်စုပ်စက်နဲ့ မှုတ်တင်ပါတယ်..






အင်အားပြင်းတဲ့ ရေအားနဲ့ မြေကြီးကို ခုလိုတိုက်စားပစ်ပါတယ်..










မုန်စုပ်စက်ထဲကို စီးမျှောလာတဲ့ မြေကြီးတွေမှာ ကျောက်စရစ်ခဲ ကြီးကြီးမားမားတွေကို ကျန်တဲ့သူတွေက ခုလို ဖယ်ရှားပေးရပါတယ်.  ဘေးမှာ ပုံထားတဲ့ကျောက်ခဲတွေက ဖယ်ထားတဲ့ကျောက်ခဲတွေပါ.. ဒီလိုနည်းအားဖြင့် ရွှေပါဝင်တဲ့ မြေကြီးတွေဟာ ရေအားနဲ့အတူ မျှောပါသွားပြီး အောက်က မုန်စုတ်စက်ထဲကမှတစ်ဆင့် ရေနဲ့ မြေကြီးတွေကို ပိုက်နဲ့ ကျင်းအပေါ်ကို  အရှိန်ပြင်းပြင်း ပို့လွှတ်လိုက်ပါတယ်..






မုန်စုပ်စက်နဲ့ဆက်သွယ်ထားတဲ့ပိုက်.. ဒီပိုက်ကနေ အပေါ်ကို မြေကြီးတွေကို မှုတ်တင်ပေးပါတယ်..







ပိုက် နောက်တစ်ဆင့်ပါ..





အပေါ်ရောက်တော့ ရွှေသဲနဲ့ ကျောက်ခဲတွေကို ဒီလို ခွဲခြားပစ်ပါတယ်..









ရွှေပါတဲ့ မြေကြီးကို ခုလို ဒီနေရာကို ဖြတ်သန်းစေတဲ့အခါမှာ  ကျောက်ခဲတို့ သဲတို့ထက် လေးလံတဲ့ သတ္တုဖြစ်တဲ့ ရွှေရဲ့ သဘာဝအရ ရွှေမှုန်တွေဟာ ဒီနေရာက ရွှေဖမ်းကော်ဇောပေါ်တို့မှာ ကျ ကျန်နေခဲ့ပြီး သဲ၊ ကျောက်ခဲ မြေကြီးတွေကတော့ ရေနဲ့အတူ အောက်ကို ဆက်လက်စီးဆင်းသွားပါတယ်..






ရေစီးအားနှင့်အတူ သဲနှင့်ကျောက်ခဲများ စီးဆင်းရာ








ရွှေတွေဟာ အခုမြင်ရတဲ့ သေတ္တာလို လေးထောင့်ပုံးထဲမှာ အဓိက ကျန်ရစ်ခဲ့ပါတယ်..








ပိုက်အ၀ါရောင်လေးက ကျင်းထဲကို ရေပို့လွှတ်တဲ့ ရေပိုက်ပါ







ခပ်လှမ်းလှမ်းက ရေအိုင်ကနေ ရေတွေကို စက်နဲ့ စုတ်ပြီး ပိုက်ကနေတစ်ဆင့် ကျင်းထဲကို ပို့ပေးတာပါ.












ရွှေကျင်ဖို့ ပြုလုပ်ထားတဲ့ နေရာပါ.. ဘေးနားက အိတ်အဖြူတွေဟာ ရွှေပါတဲ့ သဲမြေတွေဖြစ်ပါတယ်..




တစ်နေ့တာ မြေကြီးတွေကို ခုလို စက်နဲ့ မှုတ်တင်ပေးလို့ ရလာတဲ့ မြေကြီး( ရွှေသဲ) တွေကို  စုဆောင်းပြီး ရွှေသပ်သပ် ခွဲခြားဖို့ သစ်သားနဲ့ ပြုလုပ်ထားတဲ့ အင်နဲ့ ရွှေကို ကျင်ယူရပါတယ်...









ရွှေကျင်နေပုံ







ရွှေနဲ့ရောနေတဲ့ မြေကြီးတွေကို ခုလို အင်ထဲကိုထည့်ပြီး ရေပေါ်မှာ ကျင်ရပါတယ်.. အဲဒီသစ်သားအ၀ိုင်းကြီးကို အင်လို့ ခေါ်ပါတယ်..  အဲဒီလို ကျင်တဲ့အခါ မြေကြီးတွေဟာ ရေနဲ့အတူ ပါသွားပြီး အင်ထဲမှာ တစ်ဖြေးဖြေးနဲ့ မြေကြီးတွေနည်းလာပြီး သဲတစ်ချို့နဲ့ ရွှေစတွေသာ ကျန်ရစ်ခဲ့ပါတယ်.. ရွှေကျင်းမှာရှိတဲ့ အဒေါ်ကြီးတစ်ယောက်က ကျွန်မကို လက်တွေ့ ကျင်ပြတာကို ဓာတ်ပုံ ရိုက်လာတာ ဖြစ်ပါတယ်..  ကျွန်မတို့ ငယ်ငယ်ကတော့ ဥရုချောင်းထဲမှာ ရွှေကျင်သူများဆီက အင်ကို ခနငှားပြီး အပျော်ကျင်ခဲ့ဖူးပါတယ်.. ရွှေကျင်ရတာ အနည်းငယ်တော့ လက်ဝင်ပါတယ်.. ရေပေါ်မှာ အင်ကို ဝေ့ကာဝိုက်ကာလှည့်ပြီးမှ အင်ထဲက မြေကြီးတွေ အပြင်ထွက်သွားအောင် လုပ်ယူရတာမျိုး ဖြစ်ပါတယ်.. အလေ့အကျင့် ရှိသွားရင်တော့ လွယ်လွယ်ကူကူ ဖြစ်သွားပါတယ်. ကျောက်ခဲအတုံးကြီးတွေကိုတော့ လက်နဲ့ ဖယ်ထုတ်ရပါတယ်..








အမဲရောင်သဲမှုန်တွေကို ကျွန်မတို့အရပ်မှာ ရွှေချီး လို့ ခေါ်ပါတယ်.. ရွှေရှိတဲ့နေရာမှာ သူအမြဲတမ်းရှိတတ်လို့ပါ.. ရွှေနဲ့ ရွှေချီးဟာ အမြဲအတူတူရှိပါတယ်..







အင်ထဲမှာ မြေကြီးမရှိသလောက်ဖြစ်သွားပြီး ရွှေချီးနဲ့ ရွှေမှုန်တွေသာ ကျန်ရစ်ခဲ့ပါတယ်..








ရွှေရောင် လက်နေတာလေးတွေက ရွှေအမှုန်လေးများ ဖြစ်ပါတယ်.. အမဲရောင်တွေကတော့ ရွှေသဲ(ရွှေချီး) ဖြစ်ပါတယ်.. တကယ်တမ်းတော့ ရွှေကျင်ပြီး စွန့်ပစ်ထားတဲ့ မြေကြီးကို နမူနာကျင်ပြတာဖြစ်တဲ့အတွက် ရွှေပါဝင်မှုနှုန်းက အလွန်နည်းပါးခြင်း ဖြစ်ပါတယ်..သို့သော်လည်း စွန့်ပစ်ထားပြီးသား မြေကြီးထဲမှာတောင် ခုလိုရွှေမှုန်လေးများ ပါဝင်နေတတ်ပါတယ်..









ရွှေနဲ့ ရွှေချီး








နောက်ဆုံးမှာ ရွှေချီးသဲအမှုန်တွေကို နည်းနိုင်သမျှ နည်းအောင် ဖယ်ထုတ်လိုက်တဲ့အခါ ရွှေမှုန်များနဲ့ ရွှေချီး အနည်းငယ်သာ ပါဝင်တဲ့ ရွှေမှုန်အစုကို ရပါတယ်.. ရွှေချီးနဲ့ ရောနေတဲ့  ရွှေအမှုန်များကို ပြဒါးနဲ့ဖမ်းလိုက်တဲ့အခါ ရွှေအမှုန်သီးသန့်ကို ရရှိပါတယ် .. ပြဒါးနဲ့ဖမ်းတဲ့အခါ ရွှေတွေအားလုံး အဖြူရောင်ကို ပြောင်းလဲသွားပါတယ်... မီးပြန်ဖုတ်မှသာ နဂိုမူလ ရွှေအရောင်ကို ပြရပါတယ်... ရွှေမှုန်တွေအားလုံးကို အလုံးပြုလုပ်ကာ မီးဖုတ်လိုက်တော့ ရွှေတုံး ရွှေခဲကို အကြမ်းအဖြစ်ရရှိပါတယ်..







မီးဖုတ်ထားသော ရွှေအလုံး







ရုတ်တရက်ကြည့်ရင် သာမန်မြေကြီးလုံးတစ်လုံးနဲ့ တူပါတယ်..






ရွှေတူးရင်း ခုလို ကျောက်စိမ်းများလည်း ထွက်တတ်ပါတယ်..







ရွှေကျင်းနှင့်အနီးတစ်ဝိုက် ရှုခင်းများ






ရွှေကျင်းတူးသူများအဖို့ မျှော်လင့်စရာက ရွှေများများ ပါဖို့ထက် ကျောက်ကောင်းကောင်း တစ်လုံးသာ ကျင်းထဲက ထွက်မယ်ဆိုရင် နေ့ချင်းညချင်း ဘ၀ပြောင်းသွားနိုင်ပါတယ်.. ဒါကြောင့်လည်း ရွှေရှာသူတွေဟာ ဒီမျှော်လင့်ချက်တွေနဲ့ ရွှေတူးကြတာလည်း ဖြစ်ပါတယ်.. ရွှေပါဝင်မှုနည်းထားဟာ တစ်နေရာနဲ့တစ်နေရာ မတူညီ ကွဲပြားပါတယ်.. အချို့မြေတွေမှာ တစ်ရက်ကို ရွှေ၂ကျပ်သားအထိ ရတတ်ပြီး အချို့မြေတွေမှာတော့ ရွေး ၄၀ ရွေး၅၀ စသဖြင့် ကွဲပြားနိုင်ကြောင်း သိရပါတယ်..   မြန်မာ့ရွှေချိန်အရ ရွှေတစ်ကျပ်သားကို  ၁၂၈ရွေး ရှိပါတယ်.. ဥရုချောင်းရိုးတစ်လျှောက်တော့ ရွှေပါဝင်နှုန်း များတတ်ပါတယ်..





ဖားကန့်ဒေသမှာ ရွှေတူးတာနဲ့ပါတ်သက်ပြီး အကြမ်းဖျင်းသာ ရေးပြထားခြင်း ဖြစ်တဲ့အတွက် အချက်အလက် မပြည့်စုံခြင်း၊ အခြားဒေသများနှင့် ရွှေရှာပုံခြင်း မတူ ကွဲလွဲခြင်းများ ရှိကောင်းရှိနိုင်ပါတယ်.. သိသလောက် ရေးပြခြင်းဖြစ်တာမို့ ချို့ယွင်းချက်များ ရှိခဲ့ရင် ခွင့်လွှတ်ကြဖို့ ပန်ကြားလိုက်ပါတယ်ရှင်...








ချော(အစိမ်းရောင်လွင်ပြင်)









32 Responses to “ဖားကန့်ဒေသ ရွှေရှာကြရာဝယ်”

ရွှေလုပ်ငန်းက မလွယ်ပါဘူးဗျာ.. ကံအပေါ်သိပ်မူတည်တာပဲ....


ခင်မင်တဲ့
နေ၀သန်

Myatnoe said...

wow! thanks...

may16 said...

မချောရေ ဗဟုသုတအဖြစ်တင်ပေးတာကျေးဇူးပါ ဒီကနေဆို အရမ်းဝေးပြီး အလှမ်းကွာတော့ အဲဒါတွေမသိဘူး

ချောရေ....
ဒေသန္တရ ဗဟုသုတတွေရလို့ ဘလော့ဂ်ဂါများ ခရီးများများသွားစေချင်တယ်။ နောက်.. ခရီးသွားဆောင်းပါး များများရေးစေချင်တယ်။ အီဖေကိုကတော့ ဒိုင်ခံဖတ်မည်။ :)
နောက်တစ်ခေါက် ကချင်ပြည်နယ်ပြန်ရင် ဒေသထွက် ရိုးရာအထည်တွေနဲ့ ဒေသထွက် အစားအစာတွေ အကြောင်းသိချင်ပါ၏။
ချစ်သော...
မြသွေးနီ

ချောက အကြမ်းဖျင်းသာရေးတယ်ပြောတာ.. မလေးအတွက် ဗဟုသုတ အရမ်းရပါတယ်ချော..
ကျေးဇူးနော်..

ရွှေတော ဒေသမှာ နေဖူးပေမယ့် ရွှေကျင်တာကိုတော့ တစ်ခါမှ သွားမကြည့်ဖူးဘူးဗျာ.. အခုမှပဲ ရွှေကျင်တဲ့ ပုံစံ ကိုမြင်ဖူးတော့တယ်... ကျေးဇူးပဲနော် ..

ခင်မင်စွာဖြင့်
ဇော်သိင်္ခ

ပူးတေ said...

မမချောရေ
ဗဟုသုတရပါပေတယ်.... စိတ်ဝင်စားဖို့ကောင်းတယ်... မမြသွေးနီပြောသလိုပါပဲ... ဒါပေမယ့် နောက်တခါသွားရင်လဲ ကျန်းမာရေးကို ဂရုစိုက်ဦးနော်မမချော.. ရွှေကျင်တဲ့ နေရာတွေမှာ ငှက်ဖျားရှိတယ်လို့ ကြားဖူးလို့ စိတ်ပူမိပါတယ်အစ်မရေ...

အသေးစိတ်ကို ဓါတ်ပုံတွေ ရိုက်လာတာ ချီးကျူးပါတယ်မမချောရေ...

shwezinu said...

ရပါတယ်ဗျာ ရေးထားတာလေး ဖတ်ရတာ ပေါ်လွင်ပါတယ် ချောရယ် အပင်ပန်းခံပြီး ရိုက်ပြထားတာ ကျေးဇူးနော်

ခင်မင်စွာဖြင့်
ရွှေစင်ဦး

ရွှေကျင်တာ..ကြားဖူးပေမယ့်..မမြင်ဖူးဝူး။
ခက်ခက်ခဲခဲရိုက်ယူရှာဖွေတင်ပြတာကိုပဲ
ကျေးဇူးကြီးလှပါပီ..မမရေ..

ခင်တဲ့
ခိုင်နုငယ်

မချောကတော့ကျောက်စိမ်းပြလိုက်..ရွှေပြလိုက်နဲ့..နော်..။
နောက်တခါသွားရင်ကိုယ်တိုင်ကျင်ပြီးယူခဲ့နော်...။း)
ပင်ပင်ပန်းပန်းနဲ့ဓါတ်ပုံတွေရအောင်ရိုက်ယူလာတာကျေးဇူးနော်..တခါမှမတွေ့ဖူးလို့မချောရေ..

ချစ်တဲ့
သဒ္ဓါ

မကေ said...

မချောရေ ဗဟုသုတမျှဝေပေးတာ ကျေးဇူး အခုမှပဲ သိတော့တယ်

ရွှေကျင်ရတာလဲ မလွယ်ဘူးနော် အမ။ ရွှံ့ ထဲ ဗွက်ထဲ တစ်နေကုန်ကြီး။ လယ်လုပ်ရသလိုဘဲ။ ဒါပေမဲ့ မြေကြီးက ရွှေသီးလာရင်တော့ ပျော်စရာကြီးပေါ့လေ။ ရှုခင်းလဲကြည့်ရတယ်။ ဒေသန္တရဗဟုသုတတွေကိုလဲ ရရှိပါတယ်။ အမလဲ ရွှေကျင်တတ်တယ်ဆိုတော့ ခေတ်မီသားဘဲ။းဝ)

ခင်တဲ့
ကိုကိုမောင်(ပန်းရနံ့)

ရွှေကျင်ရတာလဲ တယ်မလွယ်တာဘဲနော်။

သူတို့ တွေ ရေထဲမှာ အဲလောက်ကြာအောင် ထိတွေ့ နေရတော့ ရေ၀ဲ မစားဘူးလားဟင်
း(

ခုမှဘဲ အဲ့ဂလို အဆင့်ဆင့် ရွှေကျင်ရတာ မြင်ဘူးတော့တယ်
ူး)

ဖတ်ရတာရော..ဓါတ်ပုံကြည့်ရရော..ဗဟုသုတရပါတယ်
ခုလိုရေးပေးတော့...ကိုယ်တိုင်သွားကြည့်သလိုပါဘဲ

အင်ကြင်းသန့် said...

ဟုတ်ပ....မသဒ္ဒါပြောသလို ကျောက်စိမ်းပြလိုက် ရွှေပြလိုက်နဲ့ အစစ်တွေပေးမယ်ဆိုတာ ဘယ်မတုန်း ခုထိ ဘာမှမရသေးဘူး။း))

sosegado said...

ရွှေကျင်ရွှေထုတ်ပုံကိုရေးထားတာ အသေးစိပ်ပါပဲ၊ ဗဟုသုတယူသွားပါ၏၊ ဘော်ဒါကြီး လွင်မိုးတစ်ယောက်ရွှေတူးနေတယ်ကြားတယ်၊တွေ့မိသေးလား၊

ရွှေရှာတာကတော့ ဟုတ်ပါပြီအစ်မရယ်
ပတ်ဝန်းကျင်တောတောင်တွေ ပြုန်းတီးတာ ချောင်းတွေတိမ်ကောတာတွေကတော့ တကယ်ဆိုးတာနော် လူတွေခမြာ အဆင်မပြေတော့ မရှာလို့ကလည်းမရ ဖြစ်နေတာ
ဟူးးးး

seesein said...

ချောရေ
ရွှေကျင်တာစက်ကြီးတွေနဲ့ ဆီဖိုးစရိတ်အင်မတန်ကုန်မှာဘဲနော်
တောတောင်ပြုန်းတယ် ပြီးတော့ ရွှေချက်ကန်မှာသုံးတဲ့ ဆိုင်ရာနိုဒ်ရေတွေကို သုံးပြီး လျှောက်စွန့်ပစ်တာက ပိုဆိုးတယ်ဗျနော် .....

ခင်မင်စွာဖြင့်

ဓါတ်ပုံတွေနဲ့ ဗဟုသုတရဖွယ် ဝေေ၀ဆာဆာပါလား၊ ကောင်းတယ်ဗျာ။

ကိုလူထွေး said...

ရေးပြထားတာရော ပုံတွေပြထားတာရော စိတ်ဝင်စားစရာပဲ

ရွှေကျင်လုပ်သားတွေကတော့ သုံးရတဲ့ ပြဒါဒဏ်ကြောင့် အရွယ်မတိုင်ခင် ရောဂါတွေ ရနိုင်ကြတယ်ဆိုပဲ...

ကြည့်လုပ်ကြအုံး...

းဝ)

လသာည said...

ချော..
ဗဟုသုတ အရမ်းရတာပဲ..။ ဓါတ်ပုံကြည့်လိုက် စာဖတ်လိုက်နဲ့ ကိုယ်တိုင် သွားလေ့လာလိုက်ရသလိုပဲ..။
တကယ့်ကို ကျေးဇူးအများကြီးတင်ပါတယ်။ နောက်လည်း ဒါမျိုးတွေ ရေးပါဦး..။ ဖတ်ရတာ စိတ်ဝင်စားလို့..

ပုံလေးတွေ ကြည့်လိုက်ရတာ ကိုယ်တိုင် ရောက်သွားသလိုပါပဲ။
တခြားသူတွေကိုတောင် ပြန်ရှင်းပြလို့ ရသွားနိင်ပြီ။
သုတ ရစေတဲ့ ပို့စ်ကောင်းလေးပါပဲ။

ဒီတခေါက်ပြန်တော့ လုပ်ကွက် ၂ ကွက် ဝယ်ခဲ့သေးတယ်ဆို..။

၁.ရွှေကျင်တာလဲ ကျင်ကြပေါ့ .. ဒါပေမဲ့ ရွှေအကျင်ကောင်းကြလို့ ရွှေထက်အဖိုးတန်တဲ့ သဘာဝပတ်ဝန်းကျင်တွေပျက်စီးကုန်ကြတာ နှမျောစရာ ...

၂.ချောကခရီးသွားဆောင်းပါးများများရေးဖို့ကောင်းတယ် ။ နားလည်လွယ်အောင် မြင်သာအောင်လဲရှင်းပြတတ်တယ် ။ နောက်လဲ အဲ့လိုလေးတွေများများရေးနော် ..

ကျေးဇူးပဲ...သိချင်တာလေးတွေ သိလိုက်ရလို့ ရွှေကျင်တာကို ငယ်ငယ်ကတွေ့ဖူးပေမယ့် အခုလိုတိတိကျကျမသိခဲ့ဘူး...ကျေးဇူးပဲ...

မချောရေ......

ပုံတွေအတွက်ကျေးဇူး.....။
သွားကျင်ချင်ပေမယ့်........လောလောဆယ်ကျန်းမာရေးနည်းနည်းညံ့နေသေးလို့......း))

ခင်မင်ခြင်းအားဖြင့်.....
ဏီလင်းညို

ကဲငါ့အစ်မရေ....ကျနော်ရွှေသွားကျင်မလို့ လမ်းပြပေးဦး ဒါပဲ :)

ခင်တဲ့(ချိုကျ)

blackroze said...

ဒါလေးဖတ်ပြီးတော့ဟိုးအရင်ကဒေါ်လာဆိုခဲ့တဲ့
သီချင်လေးလောပန်လောင်းဆိုတာကိုပြန်သတိရမိတယ်...
ဒီကျင်းမရရင်...ဟိုကျင်း...ဆိုတာလေးပေါ့

ချောရေ လောပန်းလောင်များဖြစ်နေပြီးလား ရတနာထွက်တာကိုပဲ သူများသိ အောင်ရေးမနေနဲ့အုံး ဖာကန်မြို့လေး မြေအောက်ကရေ မြေပေါ်ကရော မြေလှန်ရှာ ကြလို့ ဒုက္ခရောက်တော့မယ်။ အရိပ်ခိုစရာ သစ်ပင်လည်းမရှိတော့ဖူး ။ ဘယ်နေရာ ကြည့်ကြည့် စက်ယန္တရားတွေနဲ့ပြည့်ပြီး သဘာဝတောတောင်ရေမြေတွေဆိုတာ မရှိတော့ဖူးဗျ ။ဘာဖြစ်သွားမလဲ တောင်ယာဖြစ်သွားမှာပေါ့ ဗိုလ်ကြီး ဆိုတာလေ .ခုတော့

kotunygn said...

Thanks so much .......

Rod Dovey said...

Im grateful for the blog.Really thank you! Awesome.

မရေ မလွယ်ဘူးနော် အဆင့်ဆင့်ပဲ
တခါမှမမြင်ဖူးဘူး ... ကိုယ်တိုင်သွားကြည့်လိုက်ရသလိုပဲ..
:)