ပျံသန်းခြင်း






ပျံသန်းခြင်း





ဂျွန်ကလေးဟာ မိဘတွေမရှိရှာတော့လို့ မိဘမဲ့ ဂေဟာမှာ နေရရှာတဲ့ ကလေးတစ်ယောက်ဖြစ်ပါတယ်.. ဂျွန့်မှာရှိတဲ့ အကြီးမားဆုံးဆန္ဒက ကောင်းကင်မှာ ငှက်တွေလို ပျံဝဲချင်တဲ့ စိတ်ကူးဆန္ဒဖြစ်ပါတယ်.. အဲဒီလို ကောင်းကင်မှာ ပျံနိုင်ဖို့ဆိုတာ သိပ်ကိုခက်ခဲမှန်း သူနားမလည်ရှာပါဘူး.. တိရိစ္ဆာန်ရုံက အလွန်ကြီးမားလှတဲ့ ငှက်တွေတောင် ပျံနိုင်သေးတာ သူက ဘာလို့ မပျံနိုင်တာလဲဆိုတာကို စဉ်းစားလို့မရ ဖြစ်နေပါတယ်.. ငါ့မှာ သူတို့နဲ့ ဘာမတူလို့ ဘာတွေကွဲနေလို့ မပျံနိုင်ရတာလဲလို့ သူအမြဲစဉ်းစားပါတယ်..




မိုက်ကယ်ဆိုတဲ့ ကလေးကလည်း ဂျွန်တို့အရွယ် ကောင်လေးတစ်ယောက်ဖြစ်ပါတယ်.. ဒါပေမဲ့ မိုက်ကယ်ဟာ မွေးရာပါ မသန်စွမ်းတဲ့ ကလေးတစ်ယောက်ဖြစ်တာမို့ သူများတွေနဲ့ တန်းတူ လမ်းလျှောက်နိုင်ရှာသူ မဟုတ်ပါဘူး.. မိုက်ကယ်ရဲ့ ဆန္ဒကတော့ အခြားကလေးတွေလို လမ်းတွေလျှောက်၊ ပြေးနိုင်လွှားနိုင်တဲ့ သူတစ်ယောက် ဖြစ်ချင်တာပါ.. သူဟာ အမြဲတမ်း “ငါ ဘာလို့များ သူတို့တွေလို လမ်းမလျှောက်နိုင်တာလဲ..” လို့ တွေးပြီး ၀မ်းနည်းနေတတ်ပါတယ်.. ဘယ်သူနဲ့မှလည်း အပေါင်းအသင်းမလုပ်ဘဲ သူ့တစ်ယောက်တည်း တွေဝေ ငေးမှိုင်နေတတ်ခဲ့ပါတယ်.. မိုက်ကယ်ရဲ့ မိဘတွေကတော့ မိုက်ကယ်လေး ပျော်ရွှင်အောင် အတတ်နိုင်ဆုံး ကြိုးစားကြပေမဲ့ မိုက်ကယ်ကတော့ အမြဲတမ်း ၀မ်းနည်းလို့သာ နေပါတယ်..




တစ်နေ့တော့ ကောင်းကင်မှာ ငှက်ကလေးတစ်ကောင်လို ပျံဝဲချင်တဲ့ ဂျွန်တစ်ယောက်ဟာ မိဘမဲ့ဂေဟာကနေ တိတ်တိတ်ကလေး လစ်ထွက်လာပြီး ပန်းခြံတစ်ခုထဲကို လျှောက်သွားနေပါတယ်.. အဲဒီပန်းခြံထဲရောက်တော့ တစ်ခြားကလေးတွေလို ပြေးလွှားမနေဘဲ ငြိမ်ငြိမ်သက်သက်နဲ့ တစ်ယောက်တည်း သဲပြင်မှာ အိမ်ဆောက်တမ်း ဆော့ကစားနေတဲ့ မိုက်ကယ်ကိုတွေ့သွားတော့ သူ့ဆီလျှောက်သွားပြီး “မင်း.. ငှက်တွေလို ကောင်းကင်မှာ ပျံချင်တဲ့စိတ်တွေ မဖြစ်ဘူးလား၊ သူတို့လို မပျံချင်ဘူးလား ” လို့ မေးလိုက်ပါတယ်..



ဒီတော့ မိုက်ကယ်က “မပျံချင်ပါဘူး.. ဒါပေမဲ့ ငါဟာ တစ်ခြား ကောင်လေး ၊ ကောင်မလေးတွေလို လမ်းလျှောက်နိုင်ရင်၊ ပြေးလွှားနိုင်ရင် သိပ်ကောင်းမှာလို့တော့ အမြဲတမ်း စဉ်းစားမိပါတယ် ”လို့ ပြန်ပြောလိုက်ပါတယ်.. ဒီတော့မှ ဂျွန်ဟာ မိုက်ကယ်ရဲ့ ကြုံလှီသေးသိမ်နေတဲ့ ခြေထောက်၂ဘက်ကို သတိထားမိသွားပါတယ်.. “အိုး စိတ်မကောင်းစရာဘဲ.. ငါ့နံမည်ဂျွန်ပါ.. မင်းနံမည်ကရော ” လို့ပြန်မေးတော့ လမ်းမလျှောက်နိုင်တဲ့ကလေးက “မိုက်ကယ် ” လို့ ပြန်ဖြေပါတယ်.. “ငါတို့၂ယောက် သူငယ်ချင်းတွေ ဖြစ်ကြရအောင်” လို့ ဂျွန်က ပြောတော့ မိုက်ကယ်ကလည်း  သဘောတူ လက်ခံပါတယ်..



ဒီလိုနဲ့ သူတို့၂ယောက်ဟာ သဲပြင်မှာ အတူတူ ဆော့ကစားကြပါတယ်.. သဲတွေနဲ့ ရဲတိုက်ကြီးတွေ ဆောက်တမ်းကစားကြပြီး သူတို့ ပါးစပ်ကနေလဲ အသံပေါင်းစုံ အော်ဟစ်ကြကာ ပျော်ရွှင်စွာ ကစားကြပါတယ်..  မိုက်ကယ်လေးရဲ့ အဖေဟာ ခပ်လှမ်းလှမ်းကနေ ကလေး၂ယောက်ကို ကြည့်ပြီး ကျေနပ် ၀မ်းသာနေပါတယ်.. သူ့သားကလေးဟာ ဘယ်တုန်းကမှ ခုလို ပျော်ပျော်ရွှင်ရွှင် မရှိခဲ့ဖူးပါဘူး.. အခု ဂျွန်နဲ့အတူ ကစားတော့မှ ရယ်မောပျော်ရွှင်နေတာကို တွေ့ရတာပါ… အချိန် အတော်လေးကြာတော့မှ မိုက်ကယ့်အဖေဟာ မိုက်ကယ်ကို အိမ်ပြန်ခေါ်သွားဖို့ ၀ှီးချဲလေးကို တွန်းပြီး သူတို့၂ယောက်အနားကို ရောက်လာတဲ့အခါမှာ ဂျွန်က မိုက်ကယ်ရဲ့အဖေ နားနားကိုကပ်ကာ တစ်စုံတစ်ရာကို တီးတိုးလေး ပြောလိုက်ပါတယ်..  မိုက်ကယ့်အဖေကလဲ ဂျွန်ရဲ့ စကားကို “ကောင်းပြီလေ” လို့ပြောပြီး သဘောတူ လက်ခံလိုက်ပါတယ်..



ဒါနဲ့ ဂျွန်ဟာ မိုက်ကယ်ကို သူ့လည်ဂုတ်ပေါ်ကို ခွစီးးစေပြီး မြက်ခင်းပြင်ကျယ်ကြီးပေါ်ကို လမ်းစလျှောက်ပါတယ်.. တစ်ဖြေးဖြေး ခြေလှမ်းတွေ မြန်လာကာ စတင် ပြေးပါတော့တယ်… မြန်သထက်မြန်အောင် အရှိန်ကိုမြှင့်ရင်း မြက်ခင်းပြင်ကြီးတစ်လျှောက် မရပ်မနား ပြေးလွှားနေပါတယ်.... သူ့ခြေလှမ်းတွေကို ဆထက်တိုးအောင်မြန်ဖို့ ကြိုးစားကာ ပြေးပြီးရင်း ပြေးတဲ့အခါ လေတွေက သူတို့၂ယောက်ရဲ့ မျက်နှာပြင်ကို အရှိန်ပြင်းပြင်းနဲ့ တိုးဝှေ့သွားကြပါတယ်.. ဒီအချိန်မှာ သူတို့၂ယောက်ကို စောင့်ကြည့်နေတဲ့  မိုက်ကယ်ရဲ့အဖေဟာ မျက်ရည်တွေစီးကျလာပါတော့တယ်.. သူတွေ့ရတဲ့မြင်ကွင်းက ဂျွန်ရဲ့ ပုခုံးပေါ်က မိုက်ကယ်ဟာ လက်ကလေး၂ဘက်ကို လေထဲမှာ ဆန့်တန်းလိုက်ပြီး မျက်လုံးတွေကို မှိတ်လိုက်ကာ ပါးစပ်မှလည်း  အဖေရေ… သားလေထဲမှာ ပျံနေပြီ.. လေထဲမှာ ပျံနေပြီ လို့ ၀မ်းသာ အားရ ဟစ်ကြွေးနေပါတော့တယ်....





ဂျွန်ကလေးဟာ သူကိုယ်တိုင်က မပျံသန်းနိုင်ဦးတော့တောင် သူ့ထက်အားနည်းတဲ့ မိုက်ကယ်ကလေး ပျော်ရွှင်အောင်၊ ပျံသန်းနိုင်အောင်တော့ လုပ်ပေးနိုင်သေး တာပါဘဲလေ.... လူတိုင်းဟာ ကိုယ့်ပတ်ဝန်းကျင်မှာရှိတဲ့ ကိုယ့်ထက်အားနည်းသူများကို ကူညီတတ်သူ၊ ပျော်ရွှင်အောင် လုပ်ပေးနိုင်သူများ ဖြစ်နိုင်ပါသေးတယ်နော်..








Roger Dean Kiser, Sr. ရဲ့  I'm flying ကို ဘာသာပြန်ပါသည်။




ချော(အစိမ်းရောင်လွင်ပြင်)



photo from Here

25 Responses to “ပျံသန်းခြင်း”

သူတစ်ပါးရဲ့ပျော်ရွှင်မှုကို စာနာစဉ်းစားပေးတတ်တဲ့..ဂျွန်ရဲ့စိတ်လေးက ချစ်စရာ..လေးစားစရာပါဘဲ..။
တစ်ခါတစ်ခါ ကျွန်မတို့ဟာ စိတ်ကရှိပေမယ့်..ငါမလုပ်ပေးနိုင်ဘူး... ငါမတတ်ပါဘူး..ဆိုတာနဲ့
လမ်းတစ်ဝက်မှာ ရပ်တန့်ပစ်တတ်ကြတယ်..။ ဂျွန်လိုစိတ်မျိုးမွေးနိုင်အောင် ကျိုးစားရမယ်ချောရေ..။
ချစ်သော..
မြသွေးနီ

အမရေ..
ဂျွန်လေးရဲ့ ဆုံးဖြတ်ချက်က ချီးကျူးစရာလေးနော်။ သူလိုစိတ်ဓါတ်မျိုးဖြစ်အောင် အားလုံးကြိုးစားကြရင် သိပ်ကောင်းမှာဘဲ။

ခင်မင်လျက်
ကိုကိုမောင်(ပန်းရနံ့)

ဂျွန်လေးရဲ့စိတ်ဓါတ်လေးက...ကလေးပေမယ့်
ချီးကျူးစရာပါပဲ..။
သူကိုယ်တိုင်မပျံသန်းနိုင်တော့ပေမယ့်
မိုက်ကယ်လေးကိုပျံသန်းနိုင်အောင်လုပ်ပေးနိုင်ခဲ့တယ်။

:))... ဒီလိုစိတ်ဓါတ်လေးတွေကို ငယ်ငယ်ကတည်းက ကလေးတွေကို ရိုက်သွင်းပေးနိုင်ရင် အနာဂတ်ကတော့ သိပ်ကိုသာယာနေမှာပဲ.. ခုတော့... အင်း..


ခင်မင်တဲ့
နေ၀သန်

ဂျွန်လို စိတ်ဓာတ်လေး တွေ လူတိုင်းမှာ အမြဲတမ်းပေါက်ဖွား လာခဲ့ကြမယ်ဆိုရင်တော့ လောကကြီးက ပျော်ရွှင်စရာ ကောင်းတဲ့ လောကကြီးဖြစ်လာမှာ အမှန်ပါပဲဗျာ... သူလို စိတ်ဓာတ်မျိုးလေး ထားနိုင်အောင်တော့ ကျွန်တော်တို့ လည်း ကြိုးစား လိုက်ပါအုံးမယ်..

ဂျွန်လေး ရဲ့ စိတ်သဘောထားလေး က သဘောကျစရာပဲနော်..။
ကျွန်တော်လည်း ဒီလို စိတ်မျိုး မွေးနိုင်အောင် ကြိုးတော့ ကြိုးစားနေတာပါပဲ...
အဲ..ကြိုးစားတဲ့ အဆင့်မှာပဲ တန့်နေလေတော့.....

ဂျွန်ရဲ့ စိတ်ထားက သဘောကျစရာပါပဲ။

ဖတ်ရတာ ကောင်းတယ်။ ဒါနဲ့ အဲဒါ ဂျာနယ်မဟုတ်ဘူး။ သရပါ မဂ္ဂဇင်း။ ထုတ်တာ ကြာပီ။ အတွဲ 2 တောင် ရောက်နေပီ။ ခု ခန့်ပီးပီလေ။ အယ်ဒီတာချုပ် မင်းအုပ်စိုး။ အယ်ဒီတာက နာမည်လှလှလေးနဲ့ ကောင်မလေး သုံးယောက်။

မယ်ချောဆီလာရင် ဘာသာပြန်ကောင်းလေးတွေ အမြဲဖတ်ရတာပဲ..
ကျန်းမာပါစေ..မယ်ချောရေ..

အစ်မချော....ဖတ်လို့ကောင်းပြီး အတုယူသင့်တဲ့ စာလေးတစ်ပုဒ်ပါပဲဗျာ။ ကျေးဇူးတင်ပါ၏ ဖတ်ခွင့်ရတဲ့အတွက် :)

ခင်တဲ့(ချိုကျ)

sosegado said...

ဖတ်ရင်းနဲ့သီချင်းလေးကို ပိုကြိုက်သွားတယ်

Jack said...

Yap.. that's a meaningful post.
All the way, we only think about Getting instead of Giving..
And by the time, we are giving, we can feel that getting something.
Anyway, u've highlight the peak point. As a moral of speech,"That's Nice Post".
And try to create a bit long story.. so that u can raise the emotion of readers.

အရမ်းမှတ်သားစရာကောင်းတဲ့
ဘာသာပြန်စာလေးပါ
ကျေးဇူးတင်ပါတယ်

ယွန်း said...

သိပ်ချစ်ရာကောင်းတဲ့ စိတ်ဓာတ်လေးပါပဲ..
ဖတ်သွားပါတယ် ... အစ်မချော

ခင်တဲ့
ယွန်း

ချော - - - ရေ
ဘာသာပြန်ကလေးကလည်းတော်-ရည်ညွန်းထားတဲ့ စိတ်ဓါတ်စာသားကလေးတွေကကိုကလည်းသိပ့်တန်
ဘိုးရှိစရာကောင်းလိုက်တာ-ဂျွန်နဲ့ မိုက်ကယ်တို့ ပျံသန်းနေပုံကလေးကိုစိတ်ကင်မရာနဲ့ ဓါတ်ပုံရိုက်မှတ်တမ်း
တင်သွားတယ်ဗျို့  ( ပျော်ရွှင်စွာနဲ့ လက်နှစ်ဖက်ကိုဘေးသို့ ဆန့် တန်းရင်းခြေလှမ်းတွေတဖြေးဖြေးမြန်
မြန်လာရင်းပြေးလိုက်ပြီဗျို့  )

လသာည said...

ဖတ်လို့ကောင်းလိုက်တာ..။ကိုယ်တောင် သူတို့နဲ့ ပြေးလိုက်သွားမိသလို စိတ်ပါသွားတယ်။ စေတနာရှင်ချောရဲ့ ဘာသာပြန်လေးအတွက် အထူးကျေးဇူးတင်ပါတယ်..

တန်ဖိုးရှိတဲ့ပို့စ်လေးပဲ မချော ဖတ်လိုက်ရတာ အ၇မ်းတန်ဖိုးရှိတယ်

ခင်မင်တဲ့
ဗညား

ဇွန် said...

ဂျွန်ရဲ့ စိတ်ဓာတ်လေး အရမ်းလေးစားဖို့ကောင်းတယ်။ အတုယူသင့်တဲ့ စိတ်ဓာတ်လေးပါပဲ။ ညီမတို့လဲ ကြိုးစားရအုံးမယ်။ အရမ်းကောင်းတယ် မမချောရေ.
မမလည်း ပျော်ရွှင်ပါစေနော်...

shwezinu said...

ဟုတ်ပ ချောရေ

ဖတ်ရတာ စိတ်ချမ်းသာစရာ ကောင်းလိုက်တာ လူတွေ ဟာ အဲလိုသာ မေတ္တာတရား တွေနဲ့ နေသွားကြရင် ဘယ်လောက်ကောင်းမလဲ

ခင်မင်စွာဖြင့်
ရွှေစင်ဦး

အင်ကြင်းသန့် said...

အတုယူစရာ စိတ်ဓါတ်လေးကိုလာဖတ်သွားပါတယ် မမ....

ဖြူစင်တဲ့ စိတ်ဓာတ်ကလေး..တခုပေါ့ မချောရယ်...
မချောစာတွေဖတ်ရတာ ပညာအရမ်းရတာပဲ..
အမြဲအားပေးလျှက်...

ဖြူစင်တဲ့ကလေးရဲ့စိတ်ဓါတ်လေးပါလား.။တဘက်သားအပေါ်မှာစာနာစိတ်နဲ့ဖေးကူလို့..
အဲလိုစိတ်ကောင်းမျိုးကိုအမြဲထားနိုင်ဖို့ကြိုးစားကြပါစို့နော်..။

ချစ်တဲ့
သဒ္ဓါ

kotunygn said...

Right ........ We should be .....

minmyat said...

ကျွန်တော် သတိထားမိတာ တစ်ခုရှိတယ် ဒီပို့(စ်)မှာထူခြားတာတစ်ခုပါ ကျန်တဲ့သူတွေတော့ဖတ်ပြီးဘာဖြစ်သွားလဲတော့မသိဘူး ကျွန်တော်ကတော့ မိုက်ကယ်လေးကိုအရမ်သနားသွားမိတယ် ဘာ့ကြောင့်လဲဆိုတော့ သူက လမ်းလျှောက်ချင်နေတဲ့သူတစ်ယောက် သူပြောလိုက်တာက“အဖေရေ… သားလေထဲမှာ ပျံနေပြီ.. လေထဲမှာ ပျံနေပြီ” တဲ့လေ သူ့မျှော်လင့်ချက်နဲ့ သူခံစားရတာက တစ်ခြားဆီပဲ လေ

ချော said...

ကိုမင်းမြတ်ရေ..
မိုက်ကယ်လေးဟာ သူဖြစ်ချင်တဲ့ လမ်းလျှောက်လိုတဲ့ ဆန္ဒ မပြည့်ဝသော်လည်း ပျံသန်းခွင့်ကို သူ ရလိုက်တယ်လေ... ဒီလို ပျံသန်းလိုက်ရလို့ သူလဲ ကျေနပ်ပျော်ရွှင်သွားရပါတယ်.. ဂျွန်ဟာ လမ်းလျှောက်လိုတဲ့ မိုက်ကယ်ရဲ့ ဆန္ဒကို မဖြည့်ဆည်းပေးနိုင်ပေမဲ့ မိုက်ကယ်လေး ပျော်ရွှင်သွားအောင်တော့ ပျံသန်းနိုင်အောင် လုပ်ပေးနိုင်ခဲ့သူ ဖြစ်ပါတယ်.. အဓိကတော့ ဒီဇာတ်လမ်းလေးမှာ ပြောချင်တာက ဂျွန်ဟာ သူကိုယ်တိုင်က သူ့ဆန္ဒတွေ မပြည့်နိုင်ပေမဲ့ သူတစ်ပါးကို ပျော်ရွှင်အောင် လုပ်ပေးတတ်တယ်ဆိုတာလေးပါဘဲ...