ရေနွေးကြမ်း သောက်ရအောင်








ရေနွေးကြမ်း သောက်ရအောင်





ဒီနေ့တော့ လက်ဖက်ရွက်ရဲ့ မူလအစအကြောင်း အနည်းငယ်နဲ့ လက်ဖက်ရည်ကြမ်း (ရေနွေးကြမ်း) သောက်သုံးခြင်းရဲ့ အကျိုးကျေးဇူးများ အကြောင်းကို ရေးပြချင်ပါတယ်..












လက်ဖက်ရဲ့ မူလ



လက်ဖက်စိမ်းရွက်ရဲ့ မူလအစဟာ တရုတ်ပြည်ကလို့ ဆိုပါတယ်.. တရုတ်ပြည်မှာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၄၀၀၀ကျော် ၅၀၀၀ လောက်ကတည်းက ဘုရင်ဧကရာဇ်မင်းတို့ လက်ထက်မှာ လက်ဖက်ရွက်ကို စတင်သုံးစွဲတဲ့ အလေ့အထ ထွန်းကားခဲ့ကြောင်း သိရပါတယ်.. လက်ဖက်ရွက်ကို စတင်တွေ့ရှိပုံနဲ့ ပတ်သက်ပြီး ဒဏ္ဍာရီဆန်ဆန် ပုံပြင်များစွာ ရှိသော်လည်း လူသိများတဲ့ လက်ဖက်နဲ့ပါတ်သက်တဲ့ ပုံပြင်လေးက BC 2737 မှာ တရုတ်ဧကရာဇ်ကြီးဟာ တိုင်းခန်းလှည့်လှည်တဲ့အခါ လမ်းခရီးမှာ ခရီးတစ်ထောက်နားကြတော့ ခြုံပုတ်တစ်ခုရဲ့ဘေးနားမှာ အစေအပါးတွေက မီးမွှေးပြီး ရေနွေးအိုး တည်ကြပါတယ်..  အဲလိုရေနွေးတည်ချိန်မှာ  ခြုံပုတ်က သစ်ရွက်တစ်ချို့ဟာ ရေနွေးအိုးထဲကို ကြွေကျလာပါတယ်.. အဲဒီရေကို သောက်မိတဲ့ ဧကရာဇ်ကြီးဟာ အရသာထူးလှတဲ့ ရေနွေးဖြစ်တာကို သိသွားတော့ အကျိုးအကြောင်းကို စုံစမ်းတဲ့အခါ သစ်ပင်ပေါ်က ကြွေကျတဲ့ သစ်ရွက်တွေကြောင့် ဆိုတာ သိသွားခဲ့ပါတယ်.. ဒါနဲ့ အဲဒီအပင်ကို နန်းတော်ကို ယူဆောင်လာကာ စိုက်ပျိုးစေခဲ့တာကြောင့် ထိုဘုရင်ဧကရာဇ် လက်ထက်က စပြီး နန်းတော်ထဲမှာသာ လက်ဖက်ရွက်ကို ဆေးဘက်ဝင်အပင်အဖြစ် သုံးစွဲခြင်း၊ စိုက်ပျိုးခြင်း စတဲ့ အလေ့အထ စတင်ခဲ့ကြောင်း သိရပါတယ်..














စိမ်းစိမ်းစိုစို လက်ဖက်ခင်း



ထိုစဉ်ကတော့ လက်ဖက်ကို နန်းတော်တွင်းမှာနဲ့ ငွေကြေးတတ်နိုင်သူများ၊ မှူးမတ်ကြီးများသာ ဆေးဘက်ဝင်သော အရွက်အဖြစ် သောက်သုံးခဲ့ကြပြီး ဟန်မင်းဆက် လက်ထက်အရောက်မှာ တရုတ်ဘုန်းတော်ကြီးများဟာ လက်ဖက်ရွက်ကို ဘုန်းကြီးကျောင်း ပတ်ဝန်းကျင်တစ်ဝိုက်မှာ စတင်စိုက်ပျိုးခဲ့ကြပြီး တရုတ်ဧကရာဇ် မင် မင်းဆက်လက်ထက်မှသာ ပြည်သူပြည်သားတို့အကြား လက်ဖက်ရွက်ဟာ ကူးသန်းရောင်းဝယ်ခွင့်၊ တွင်တွင်ကျယ်ကျယ် စိုက်ပျိုးခွင့် ရလာကြပါတယ်.. ၆ရာစုနှစ်မှာ ဇင်ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးတွေဟာ ဂျပန်နိုင်ငံကို လဘက်ပင်များစပြီး ယူဆောင်လာခဲ့ကြပါတယ်.. ၁၆ရာစု အရောက်မှာတော့ ပေါ်တူဂီလူမျိုးတို့ဟာ လက်ဖက်ပင်များကို ဥရောပသို့ ယူဆောင်သွားခဲ့ကြတဲ့အတွက် ထိုအချိန်မှစကာ လက်ဖက်ကို နိုင်ငံတကာမှာ စတင်သုံးစွဲလာပြီး လက်ဖက်ရည်ကြမ်း သောက်သုံးတဲ့ အလေ့အထ စတင်ပျံ့နှံ့လာကြောင်း သိရပါတယ်. ၁၆၁၅ခုနှစ်မှာ အင်္ဂလန်နိုင်ငံရှိ ကုန်သည်ကြီးများက အိန္ဒိယနိုင်ငံအရှေ့ပိုင်းမှ လက်ဖက်များကို အမြောက်အမြား ၀ယ်ယူခဲ့ကြောင်း အထောက်အထားများ တွေ့ရှိရပါတယ်..








သာယာလှတဲ့ လက်ဖက်စိုက်ခင်း




ယနေ့ခေတ်မှာ လက်ဖက်ရည်ကြမ်း သောက်သုံးခြင်းအလေ့အထဟာ အလွန်ကျယ်ပြန့်လာပြီး လက်ဖက်ရည်ကြမ်း သောက်သုံးခြင်းအားဖြင့်လည်း ကျန်းမာရေးအတွက် များစွာ အထောက်အကူ ဖြစ်စေနိုင်ကြောင်း လေ့လာတွေ့ရှိချက်များအရ သိလာရပါတယ်.. တစ်နေ့ကို လက်ဖက်ရည်ကြမ်း ၃ခွက်၎ခွက် သောက်သုံးခြင်းဟာ ကျန်းမာရေးကို ဂရုတစ်စိုက် စောင့်ရှောက်ရာ ရောက်တယ်လို့ ဆိုကြပါတယ်.. တရုတ်နဲ့ဂျပန်မှာတော့ အိမ်တိုင်းနီးပါး လက်ဖက်ရည်ကြမ်းသောက်သုံးတဲ့ အလေ့အထ ရှိကြပြီး တရုတ်ပြည်တွင် ဧည့်သည်များကို လက်ဖက်ရည်ကြမ်းနှင့် ဧည့်ခံရာတွင် ဧည်သည်ရဲ့ အဆင့်အတန်းပေါ်မူတည်ပြီး လက်ဖက်ကိုလည်း အကောင်းအညံ့ ရွေးချယ်ဧည့်ခံတတ်သော အလေ့အထရှိကြောင်း သိမှတ်ခဲ့ရဖူးပါတယ်.. လက်ဖက်ရွက်မှာ အတန်းအစား အမျိုးမျိုးပေါ်မူတည်ပြီး အရသာလည်း ကွဲပြားသွားပါတယ်..









အောက်ဖော်ပြပါ အချက်များကြောင့် လူတိုင်းဟာ လက်ဖက်ရည်ကြမ်းကို သောက်သုံးသင့်တယ်လို့ ဆိုပါတယ်..





၁. လက်ဖက်ရွက်ဟာ ကင်ဆာဆဲလ်များကို လျှော့ချပေးနိုင်စွမ်းရှိပါတယ်. ဘလက်ရွက်မှာ ပါတဲ့ ဓာတ်တိုးပစ္စည်းတွေဟာ ဗီတာမင်စီထက် အဆတစ်ရာ အစွမ်းထက်ပြီး ဗီတာမင်းအီးထက်လည်း  ၂၅ဆ ပိုမိုထိရောက်တယ်လို့ ဆိုပါတယ်.. ထို့ကြောင့်လဲ ခန္ဓာကိုယ် အတွင်းရှိ ဆဲလ်များ ပျက်စီးခြင်းကို ကာကွယ်ပေးပြီး ကင်ဆာဆဲလ်များ ပွားများခြင်းကို ကာကွယ်တယ်လို့ သိရပါတယ်..





၂. လက်ဖက်ရွက်ဟာ နှလုံးရောဂါဖြစ်ပွားခြင်းကိုလည်း ကာကွယ်ပေးနိုင်ပါတယ်.. ကိုလက်စရောကို လျှော့ချပေးပြီး နှလုံးရောဂါရှိသူများ ရေနွေးကြမ်းကို သောက်သုံးခြင်းအားဖြင့် ဆဲလ်များ သေဆုံးပျက်စီးခြင်းကို ကာကွယ်ပေးပြီး နှလုံးအတွင်းရှိဆဲလ်များကို ပြန်လည် သန်စွမ်းလာစေနိုင်ပါတယ်.





၃. လက်ဖက်မှာပါတဲ့  Antioxidant ဟာ Free Radicals များကို တိုက်ထုတ်နိုင်စွမ်းရှိတာကြောင့် ကိုယ်ခန္ဓာကို အကာအကွယ်ပေးသော သက်စောင့်ပစ္စည်း ဖြစ်ပါတယ်..





၎. လက်ဖက်ဟာ ကိုယ်တွင်းအဆီများကို လောင်ကျွမ်းခြေဖျက်ပေးပြီး ကိုယ်အလေးချိန်ကို လျှော့ကျစေနိုင်ပါတယ်.. တစ်ရက်ကို ကယ်လိုရီ ၇၀ကို လောင်ကျွမ်းစေနိုင်သောကြောင့် တစ်နှစ်ကို ၇ပေါင်နှင့်ညီမျှသော ကယ်လိုရီများကို ချေဖျက်ပေးနိုင်ပါတယ်..





၅. လက်ဖက်ရည်ကြမ်းသောက်သုံးခြင်းအားဖြင့် မျက်နှာပြင် အရေးအကြောင်းများကို ဖြစ်ပေါ်စေခြင်းကို လျှော့ချပေးနိုင်တယ်လို့ သိရပါတယ်. အရေပြားကိုလည်း ခန္ဓာကိုယ်ပြင်ပမှာ ဘက်တီးရီးယားများ ၀င်ရောက်ခြင်းမှာ အကာအကွယ်ပေးနိုင်ပါတယ်..





၆.   အဆစ်အမြစ်ယောင်ရောဂါဖြစ်ခြင်းမှလည်း အကာအကွယ်ပေးနိုင်ပါတယ်..





၇. လက်ဖက်မှာ ဖလူအိုရိုက်ပါဝင်မှုနှုန်း မြင့်မားတဲ့အတွက် အရိုးများကို သန်မာစေတယ်လို့ ဆိုပါတယ်..





၈. လက်ဖက်မှာ ကိုလက်စရောကို လျှော့ကျစေနိုင်စွမ်းရှိပြီး ကိုလက်စရော လယ်ဗယ်ကို ထိန်းညှိပေးနိုင်ပါတယ်..





၉. လက်ဖက်ရွက်သည် ဆဲလ်များတွင်းရှိ ဂလူကိုစ့်များ ရွေ့လျားခြင်းကို ထိန်းချုပ်ပေးနိုင်တာကြောင့် ကျန်းမာစွာ ၀ိတ်လျှော့လိုသူများ လေ့ကျင့်ခန်းနေ့စဉ်လုပ်ကာ လက်ဖက်ရည်ကြမ်းကိုလည်း နေ့စဉ် ပုံမှန်သောက်သုံးပေးလျှင် ကိုယ်အလေးချိန် မြင့်တက်ခြင်းမှ ကင်းဝေးစေနိုင်ပါသည်.






၁၀. ခန္ဓာကိုယ်တွင်းရှိ သကြားဓာတ်များတိုးပွားခြင်းကို ထိန်းချုပ်ပေးသောကြောင့် ဆီးချိုဖြစ်ပွားခြင်းမှ ကာကွယ်နိုင်ခြင်း





၁၁. လက်ဖက်မှာ ပါဝင်သော Antioxidants သည် ဦးနှောက်အတွင်းရှိ ဆဲလ်များ ပျက်စီးခြင်းကို ကာကွယ်ပေးသောကြောင့် အကြောအားနည်း၍ ခြေလက်တုန်သော (Parkinson's) ရောဂါကို ကာကွယ်ပေးခြင်း





၁၂.  လက်ဖက်ရည်ကြမ်း သောက်သုံးခြင်းအားဖြင့် ရေငတ်ပြေခြင်း၊ အသားအရေ လှပစိုပြေခြင်း၊





၁၃.  သွားအတွင်းရှိ အညစ်အကြေးများ၊ ဘက်တီးရီးယားများကို သန့်စင်စေနိုင်ခြင်းတို့ကြောင့် သွားပိုးစားခြင်းမှ ကာကွယ်ပေးခြင်း









စသည်တို့ဖြင့် ရေနွေးကြမ်း ( လက်ဖက်ရည်ကြမ်း) သောက်သုံးခြင်းကြောင့် ရရှိနိုင်တဲ့ ကျန်းမာရေးအတွက် အကျိုးကျေးဇူးတွေက များပြားလှပါတယ်.. ဒါကြောင့် လွယ်လွယ်ကူကူ ရနိုင်ပြီး အချိန်ကုန်၊ ငွေကုန်သက်သာတဲ့ ရေနွေးကြမ်း (လက်ဖက်ရည်ကြမ်း) ကိုတော့ဖြင့် လူတိုင်း နေ့စဉ် သောက်သုံးသင့်ပါကြောင်းဖြင့် ကျွန်မကိုယ်တိုင် ရေနွေးကြမ်းတစ်ခွက် သောက်ရင်း ဒီပိုစ့်ကို နိဂုံးချုပ်လိုက်ပါတယ်ရှင်... :)







လေးစားချစ်ခင်စွာဖြင့်








ချော(အစိမ်းရောင်လွင်ပြင်)







လက်ဖက်ရည်ကြမ်းရဲ့ အကျိုးကျေးဇူးကို ရေးပေးပါလို့ တောင်းဆိုထားတဲ့သူများ ကျေနပ်မယ်လို့ မျှော်လင့်ပါတယ်ရှင်..


Ref:


http://www.asianartmall.com/chineseteaarticle.htm

http://www.funzug.com

http://www.green-teas-guide.com/history-of-green-tea.html

29 Responses to “ရေနွေးကြမ်း သောက်ရအောင်”

အမရေ...
လဘက်ရာဇ၀င်လေးက စိတ်ဝင်စားစရာလေးဘဲနော်။ ပြီးတော့ ရောဂါပေါင်းစုံကိုလဲ ကာကွယ်ပေးနိုင်တယ်ဆိုတော့ ရေနွေးကြမ်း(လဘက်ရေ)ကြိုက်တာနဲ့ အံကိုက်ဖြစ်နေတယ်။ ဒါနဲ့ အမ။ လဘက်ရွက်အစိမ်းသက်သက်ကို ဒီအတိုင်း ကျိုသောက်ရင်ကော အရသာကောင်းလားမသိဘူး။ မသောက်ဖူးဘူး။

ပျော်ရွှင်ပါစေ အမ။

ရေနွေးကြမ်းကို ရေအေးအေးလောက် မကြိုက်တော့ သိပ်မသောက်ဖြစ်ဘူးအမရယ်
း)

ဒါမယ့် ခုကျန်းမာရေးအတွက် ကောင်းတယ်ဆိုတော့ သောက်တော့မယ်နော်

ကြည်နူးစရာ လက်ဖက်စိုက်ခင်းလေးက ကြည့်နေရင်းနဲ့  အဲနေရာလေးကို အလည်သွားချင်စိတ် ပေါ်လာတယ်
း)

လက်ဖက်ကိုကြိုက်တယ်ခင်ဗျ... ရေနွေးကြမ်းရော... လက်ဖက်နှပ်ကောပေါ့... :D


ခင်မင်တဲ့
နေ၀သန်

sosegado said...

လက်ဖက်စိုက်ခင်းထဲ သွားလည်ခဲ့စဉ်က စိတ်ကြည်နူးခဲ့လို ဘလောက်ဂ်မှာ တိုင်တည်ပုံအဖြစ်တင် ဖြစ်ခဲ့ပါတယ်၊ အနောက်စာစောင်တစ်ခုမှာ လက်ဖတ်အစ ဥရောပအဆုံး အာရှအလယ်ပိုင်းကဆိုတယ် ပြီးမှာ တရုတ် သီရီလင်္ကာ အရှေ့နှင့် အရှေ့တောင် အာရှကို ရောက်ရှိခဲ့တယ်လို့ဆိုတယ်။

ရေနွေးကြမ်းကို အလွန်ကြိုက်...။
လက်ဖက်စိုလေး ခပ်သောက်ရင် ပိုကြိုက်...။
အခုဖတ်လိုက်ရတော့ ကျန်းမာရေးအတွက် ဆေးတစ်ခွက်မှန်း ပိုတောင်သိသွားရပြီ..။
နေ့တိုင်းကို သောက်ဦးမှာ.....။

ချစ်သော...
မြသွေးနီ

လ္ဘက်ရည်ကြမ်း တအိုးကုန်အောင် သောက်သွားတယ် မချောရေ...

ရေနွေးကြမ်းကိုတော့ အမြဲတမ်း သောက်ဖြစ်တယ်ဗျ.. ငယ်ငယ်လေးကတည်း အဖေနဲ့ အတူတူ သောက်ရင်းနဲ့ အခုလည်း.. အမြဲသောက်ဖြစ်ပါတယ်.. ကျန်းမာရေးအတွက်ဆေးတစ်ခွက် အဖြစ် သိလိုက်ရတော့ ပိုပြီးတော့ သောက်လိုက်အုံးမယ်ဗျာ.. ကျေးဇူးပဲနော်. ရေနွေးကြမ်းရဲ့ အကျိုးကျေးဇူးလေးတွေ သိလိုက်ရလို့...

ငါ့ အစ်မကတော့ဟေ သူကြသောက်ပြီး အနော့ကြ မတိုက်ဘူး ။ နေပေါ့ post ထဲကပဲ သောက်သွားတယ် ဟီး

ခင်တဲ့(ချိုကျ)

seeseinshinss said...

ရေနွေးကြမ်း အရမ်းကြိုက်လို့သောက်ပေမယ့် ဒီလို အကျိုးရှိမှန်း မသိဘူး အခုတော့ ပိုသောက်ဖြစ်တော့မှာပေါ့ ကျေးဇူးအများကြီးတင်တယ်ဗျာ ကျန်းမာရေးသုတတွေရလို့ နောက်လည်း ရေးပေးပါ မျှော်နေမယ်

မချောရေ နဂိုထဲက လက်ဖက်ရည်ကြမ်းကို အရမ်းကြိုက်တာ
ခုလဲ ရုံးမှာရော အိမ်မှာရော သောက်တယ်..
ခုလို အကျိုးလေးတွေသိရတော့ ပိုပြီး နှစ်သက်စိတ်ဖြစ်မိတယ်..

blackroze said...

ရေနွေးမကြိုက်လို့မသောက်ဖြစ်ဘူးမကြီးချောရေ..
ခုတော့သောက်ကျင့်ရှိအောင်ကြိုးစားလိုက်ဦးမယ်

ဟင်....
ရေနွေးတစ်အိုးက အဲလောက်တောင်မှလား
သိဘူး...လူကြီးတွေမှ ရေနွေးသောက်ကြတာ ထင်လို့
ကြုံရင်တောင် မသောက်ခဲ့မိတာလေ...

လသာည said...

ချော..
ရေနွေးကြမ်းဆို ကြိုက်မှကြိုက်..။
ချောရဲ့ ပိုစ်က ဓါတ်ပုံလေးတွေက တကယ့်ကို စိမ်းစိုလန်းဆန်းနေတာပဲ..။ မျက်လုံးကို အေးသွားတာပဲ..။
ကျေးဇူး အများကြီးတင်တယ်..

အသားမှာ..၀က်..
အသီးမှာ...သရက်
အရွက်မှာ...လဖ္ဘက်လို့ဆိုထားတယ်။
မို့လားလဖ္ဘက်တော့ကြိုက်တယ်..
လဖ္ဘက်သုတအဖြာဖြာကို..လဖ္ဘက်ရေကြမ်းလည်းသောက်ရင်း
ရောက်လာခဲ့ပါတယ်..ကျေးဇူး..မမချောရေ
ခင်တဲ့..........ခိုင်နုငယ်

နွေးနေခြည် said...

Thanks for sharing :)

မချောရေ..
ရေနွေးကြမ်းကတော့အမြဲသောက်ဖြစ်ပါတယ်..။ကြိုက်လည်းကြိုက်တယ်..။
ထမင်းစားနေရင်းရေနွေးကြမ်းပူပူလေးသောက်ရတဲ့အရသာကအရမ်းကောင်းပေါ့နော်..။
ခုလည်းမချောဆီကရေနွေးကြမ်းတခွက်သောက်သွားတယ်.။

ချစ်တဲ့
သဒ္ဓါ

noblemoe said...

မချောရေးးးးးးးးး
ကျေးဇူးပါ ရေနွေးကြမ်းသောက်တာကောင်းကျိုးတွေများတာသိပေမဲ့ ခုလောက်တော့စုံစုံလင်လင်မသိခဲ့ပါဖူး။
သာယာချမ်းမြေ့ပါစေနော်
မိုး

မြတ်နိုး said...

ရှယိ..ဗဟုသုတရပါတယ်။
ဟုတ်တယ် တရုပ်ပြည်ကနေ လက်ဖက်ခြောက်ရွက်က ဂျပန်ကိုရောက်လာတာတဲ့..။

အင်ကြင်းသန့် said...

အရင်တုန်းကတည်းကသောက်ခဲ့တာ။ အခုလည်းသောက်တယ်။ နောက်လည်းသောက်ဦးမှာ။ :)

shwezinu said...

ညီမ ချောရေ

အခုချက်ခြင်း ကို ရေနွေးဖောက်ပြီး သောက်လိုက်မဟယ် တခရား ကုန်ရော

ခင်မင်စွာဖြင့်
ရွှေစင်ဦး

ရေနွေးကြမ်းတော့  အခုတလောမသောက်ဖြစ်ဘူး....
နောက်ကျရင်တော့ သောက်မှပါ...
ကျေးဇူးနော် ....မမချော ကျမ်းမာပါစေ

ဇွန် said...

ရေနွေးကြမ်းတော့ လွှတ်ကြိုက် ခုလို အကျိုးရှိတယ်ဆိုတော့ ပိုကြိုက်သွားပြီ
ကျေးဇူးပါ မမရေ...

kotunygn said...

Hi, all friends,

Tea Leafs is very good for health. But, be CAREFUL that don't eat and drink "Dye Tea Leafs ". Bec Dye Tea Leafs can cause Liver cancer. Take care it.

People ate and drank Tea Leafs to be healthy. But, People die bec of 'Dye Tea Leafs'. I got that experienc in my family.

So, eat and drink "Good Tea Leafs". Do NOT eat and drink "Dye Tea Leafs".

Have a Nice Day. Take Care.

အခုကို ရေနွေးကြမ်းသောက်ရင်းဖတ်နေတာ...။

ခေါ်န် said...

အမ
ညီမလေး လ္ဘက်သာနဲ့ သာအသက်ရှင်လာတာ
ဒါပေမဲ့ လ္ဘက်ရဲ့  ကောင်းကျိုးကိုအဲဒီလောက်ထိမသိပါဘူး
အခုလို ဖတ်ခွင့်ရတဲ့ အတွက်ကျေးဇူးပဲ အမ ..
.........အားပေးနေမယ်နော် အမ ..........
...............ခေါ်န်......................

flowerpoem said...

လက်ဖက်ရဲ့ကောင်းကျိုးတွေလာဖတ်ပါတယ် မချော ကျေးဇူးပါ..

ဒီနိင်ငံလည်း ရေနွေကြမ်းဘူး လေးတွေ အသောက်များတယ်။ ကျွန်တော်တို့တောင် နေ့လည်ဘက်တွေ အဲဒီဘူးတွေပဲ ဝယ်သောက်ဖြစ်တယ်။ ရာသီဥတု ပူနေချိန် ရေနွေးကြမ်း အေးအေးလေး သောက်လိုက်ရတာ တကယ်ရေငတ်ပြေတယ်။
ဒီလောက်အထိ ဆေးဘက်ဝင်တာတော့ ခုမှ သိတာပါ။ ကျေးဇူးပါ အစ်မ...။

လက်ဘက် ဆေးဘက်ဝင်တာတော့ သိတယ် မရေ..။
ဝိတ်ကျချင်ရင် ရေနွေးကြမ်း သောက်ကြတယ် ဒီမှာတော့..
ဝမ်းမှန်တယ်။ ဝိတ်ချတဲ့ ရေနွေးကြမ်းဗူးတွေတောင် ရောင်းတယ် မရေ..

ဌေးဝင်း said...

thank you.ဗဟုသုတအများကြီးရတယ်ဗျာ။ကျတော်လဲရေနွေးကြမ်းကြိုက်တယ်