စားကြည့်စေချင် ငါးထမင်းချဉ်

တနင်္ဂနွေနေ့တုန်းက အလုပ်နည်းနည်းအားတာနဲ့ အစားအကြောင်း စဉ်းစားမိပါတယ်.. ဘာလုပ်စားရင် ကောင်းပါ့လို့။ တစ်ခါမှ မလုပ်စားဖူးသေးတဲ့ ငါးထမင်းချဉ် လုပ်စားရင် ကောင်းမယ်လို့ အကြံရတာနဲ့ နီးနီးနားနား ဈေးထဲကိုပြေးပြီး ငါးနဲ့ နံနံပင်၊ ဂျူးမြစ်တို့ သွားဝယ်ပြီး ချက်စားဖို့ အစီအစဉ်လုပ်ကြပါတယ်... လုပ်မဲ့လူက ညီမလေးတစ်ယောက်နဲ့ ကိုယ်နဲ့ စုစုပေါင်းမှ ၂ယောက်ပါ.. စာဖတ်သူများကိုလည်း ဒီ ငါးထမင်းချဉ်  ပြုလုပ်ပုံလေး ပြန်လည်မျှဝေချင်တာကြောင့် ဘလော့မှာ တင်ပေးလိုက်ပါတယ်နော်.. ပြုလုပ်ပုံ အဆင့်ဆင့်ကတော့ ဒီလိုပါ။ ငါးထမင်းချဉ်မှာ ငါးကတော့ အဓိကပေါ့နော်။









ထမင်းကိုတော့ ခါတိုင်းထက် ရေများများပိုထည့်ပြီး ပျော့နေအောင်ချက်ပါတယ်... ပြီးတော့ ၀ယ်လာတဲ့ငါးကို စင်အောင်ဆေးကြောပြီး   ကြက်သွန်ဖြူ၊ ဂျင်း၊ ဆားအချိုမှုန့် ထည့်ပြီး ပြုတ်ပါတယ်....အားလူးနဲ့ ခရမ်းချဉ်သီးကိုလဲ ပြုတ်ပြီး ခရမ်းချဉ်သီးကိုတော့ မွှမွှ ကြေအောင် တောက်တောက်စင်းပါတယ်..  ကျွန်မကတော့ ခရမ်းချဉ်သီးကို အရောင်ပိုလှအောင် ဆီသတ် ပါတယ်... ပြုတ်ထားတဲ့ငါးကို အရိုး အသား နွှင်ပါတယ်.. ဂျူးမြစ်နဲ့နံနံပင်ကို ရေစင်စင်ဆေးပြီး ပုံထဲကအတိုင်း ပြင်ဆင်ထားပါတယ်... ငရုပ်သီးအတောင့် အခြောက်တွေကို ကြော်ထားပါတယ် . . ကြက်သွန်ဖြူဆီကျက် ချက်ပါတယ်.. ပြီးတော့ ပဲပုတ်ခြောက် အပြားကို မီးအေးအေးနဲ့ ကြော်ထားပြီး အေးသွားအခါ ညက်ညက်လေး ထောင်းထားလိုက် ပါတယ်... အချို့ အချဉ်ကြိုက်သူများ မန်ကျည်းသီးအချဉ်ရည်ကိုလည်း အသုံးပြုကြပါတယ်.. ကျွန်မကတော့ ခရမ်းချဉ်သီးအချဉ်နဲ့သာ လုံလောက်ပါတယ်..  အားလုံးပြီးသွားတဲ့အခါ အောက်က ပုံအတိုင်း အဆင်သင့်ဖြစ်နေပါပြီ။












အဆင်သင့်ဖြစ်သွားတဲ့အခါ ညီအစ်မနှစ်ယောက်တည်း စားရမှာပျင်းတာနဲ့ သူငယ်ချင်းတွေကို ဖုန်းဆက်ခေါ်လိုက်ပါတယ်။ သူတို့ရောက်လာတဲ့အခါ  ထမင်းပျော့ပျော့ကို ဇလုံခပ်ကြီးကြီးထဲထည့်ကာ အာလူးကို ချေမွပြီးထည့် ပါတယ်.. ပဲပုတ်၊ ခရမ်းချဉ်သီးနဲ့ ဆီချက်(ဆီသက်သက်)ကိုထည့်ပြီး ဆား၊အချိုမှုန့် သင့်သင့်အောင် ထည့်ပြီး ကြိုက်တတ်ရင်တော့ အသားမှုန့်လေးပါ ထည့်နယ်လို့ရပါတယ်... နယ်ရတာ လက်တော့ အတော်ညောင်းပါတယ်.. ထမင်းကစေးကပ်ကပ် ဖြစ်နေတာကြောင့်ပါ.. ပြီးသွားတဲ့အခါ ထမင်းကို ပုံစံလှအောင် ပန်းကန်လုံးတစ်ခုထဲ ထည့်ပြီး လက်နဲ့ အသာဖိပါတယ်... ပြီးတော့မှ ပန်းကန်ပြား ပက်ပက်လေးထဲကို အသာမှောက်ပြီးထည့်၊ အပေါ်က ပဲပုတ်အမှုန့်နဲ့ ဆီချက်လေးတွေဖြူးပြီး ဘေးနားမှာ ဂျူးမြစ်ရယ် နံနံပင်လေးရယ် နေရာချလို့ ငရုပ်သီးကြော်လေးကို တွဲဖက်လိုက်တဲ့အခါ ပုံလေးထဲကအတိုင်း စားဖို့အဆင်သင့်ဖြစ်ပါပြီ။









ငါးကိုရေခပ်များများနဲ့ ပြုတ်ထားတာဆိုတော့ ရှိနေတဲ့ငါးပြုတ်ရည်ကို ဆူအောင်ပြန်တည်ပြီး ရေညှိအခြောက်လေးထည့်၊ ကြက်ဥကိုခေါက် ပွက်ပွက်ဆူနေတဲ့ ရေထဲကို အပေါ်ကနေ ဖြေးဖြေးလေး လောင်းချလိုက်တဲ့အခါ ရေညှိကြက်ဥ ဟင်းရည်လေးကို ငါးထမင်းနဲ့ တွဲစားလို့ ရပါပြီ... ဟင်းရည် ပူပူလေးသောက်ရင်း ငရုပ်သီးကြော်လေးကို ကိုက်ရင်း စားလိုက်ရတဲ့  ရှူးရှူးရှဲရှဲ အရသာကို အားလုံးကို  ပြန်မျှဝေလိုက်ပါတယ်နော်။









အစားအသောက် ၀ါသနာပါသူများ လုပ်စားကြည့်ချင်တယ်ဆိုရင် ငွေကုန်ကြေးကျ မများလှတဲ့ ရှမ်းတိုင်းရင်းသားတို့ရဲ့ ငါးထမင်းချဉ် အရသာကို ခံစားနိုင်ပါပြီ။





ချော (အစိမ်းရောင်လွင်ပြင်)

40 Responses to “စားကြည့်စေချင် ငါးထမင်းချဉ်”

NINI said...

မမ

စားချင်တယ်။ ပါဆယ်တစ်ထုပ်လောက်လွှဲခဲ့ပေးပါ။
ရှလွှတ်......

zaytaryar said...

ရူး ရှလွတ် ပေါ့တယ် ၊ ဟင်းချိုကကောင်းတယ် အရသာရှိတယ် နဲနဲချည်နေသလိုဘဲ စပ်လိုက်တာရှုး ကောင်း
တယ်ဗျို့

စားချင်လိုက်တာ မချောရယ်၊
ပျော်စရာကြီးနော် သူငယ်ချင်းတွေနဲ့ စုပြီးစားရတာ၊

Myatnoe said...

sar chin lite tar...

စား..စား..စားကြမယ်ဟေ့ကောင်းကောင်း ဆိုတဲ့အစီအစဉ်လေးတောင် သတိရမိသေး :)
ငါ့အစ်မ တော်ချက် :)

ခင်တဲ့(ချိုကျ)

ပြောနေကြာပါတယ်..စားသွားပြီ...
ဟိ..

ahphyulay said...

ထမင်း ကို စက် ရှေ့ မှာပဲ စားဖြစ် နေတော့  စား နေရင်းနဲ့  မချောရဲ့  ငါးထမင်းချဉ်သုပ်
လေး လာကြည့်  မိတော့  ၊ ကိုယ်စား နေတဲ့  ထမင်းနဲ့  ဟင်းတောင် မေ့  နေတော့ တယ်ဗျာ...။

ငါးထမင်းချဉ်ကို ရန်ကုန်နေတုန်းက အမေက ခဏခဏ
လုပ်ကျွေးဖူးတယ်..အဒေါ်တွေလဲ ကြိုက်တယ်...
ကိုယ်လဲ ကြိုက်တာပါပဲ..ဟဲ..
ငါးထမင်းချဉ်ကို လွမ်းတာနဲ့ အမေ့ကိုပါ သတိရသွားတယ်

အားလူးတစ်လုံးက နဲနဲအနာပါလို့ ဖဲ့ပြီး အခွံခွာထားတာလားဗျ :)

ခင်မင်စွာဖြင့်
ကိုရီး{ကိုကြီး}

ဆောင်းရှိန်း said...

ဟဲဟဲ ဖတ်ရင်းတောင် သွားရည်ကျတယ် ဆောင်း က အဲ့လို ငါးထမင်းချဉ်တို့ ၀က်သားထမင်းချဉ် တို့ အရမ်းကြိုက်တာ မမ ရဲ့ ။ ဟွန့်နော် စိတ်ဆိုးတယ် ညီမ ကိုတော့ စားဖို့ ဖုန်းဆက်မခေါ်ဘူး ။ ဒါပေမယ့် မခေါ်တာလဲ တမျိုးကောင်းတယ် ဟိဟိ နို့မို့ဆို ညီမလေး စားတာနဲ့ မမ ဖို့တောင် ကျန်မှာ မဟုတ်တော့ဘူး။ :P :) မမ ရဲ့ ဟင်းတွေအတွက် ကျေးဇူး တင်ပါတယ်

သွားရည်တောက်တောက်ကျသွားတယ်ဗျို့...။ငါးထမင်းချဉ် မစားရတာ နှစ်ချီနေပြီ။စားချင်လိုက်တာဗျာ...။

seeseinshinss said...

ငါးထမင်းချဉ် အရမ်းကြိုက်ပါတယ် မစားရတာ အတော်ကြာသွားပြီ စားချင်တာဗျာ

ယွန်း said...

ကြည့်ပြီး ဗိုက်တောင်ဆာလာပြီ..ဟင်းနော်..

သစ်သစ် said...

မမချော သစ်ခုပဲအပြင်ကပြန်တာနော် ရက်စက်လိုက်တာ ဟင့်...

MDW said...

ငါးထမင်းချဉ်လုပ်ရတာ လွယ်မယ်မှတ်လို့၊ လက်တော့ အ၀င်သားနော်။ ချောရဲ့ နည်းအတိုင်း စမ်းလုပ်ကြည့်အုံးမယ်။
ဒါနဲ့ ချောရေ ... ခေါင်းစဉ်မှာ စာကြည့်စေချင် ဖြစ်နေတယ်။ စားကြည့်စေချင် ဖြစ်မယ် ထင်တယ်နော်။ ၀စ္စနှစ်လုံးပေါက် ကျန်ခဲ့တာဖြစ်မယ်။ အမကကျောင်းပိတ်ရက်မို့ စာကြည့်ရမှာ ကြောက်နေလို့ ... :)

ချော said...

မမေဓာဝီရေ.. ပြင်လိုက်ပါပြီ.. မမြင်လိုက်မိဘူး တကယ်ကို ကျေးဇူးနော်း)ထမင်းချဉ်စားပြီး နည်းနည်းရှမ်းသွားတယ် ;)

ဆိုင်မှာ ခဏခဏစားဖြစ်တယ်။ အိမ်မှာတော့ တစ်ခါမှ မစားဖူးဘူး။ မ လက်ရာလေးက သိပ်စားလို့ ကောင်းမယ့်ပုံပဲ =)

blackroze said...

စားချင်လိုက်တာမကြီးချောရာ...ရှလွတ်..ရှလွတ်

စားချင်စိတ်ပေါက်လာပြီနော်။ အဲဒါမျိုးတွေ ဒီမှာ စားရဘူး။ အမချောက ဟင်းချက်လဲ ပိုင်မှပိုင်ဘဲ။ ကြည့်တာနဲ့တင် တကယ်စားသောက်ချင်စိတ်ပေါက်လာတယ်။

ခင်မင်လျက်
ကိုကိုမောင်(ပန်းရနံ့)

noblemoe said...

အင်းးးးးးးးးးးးးးးးးးစားချင်လိုက်တာ အရမ်းကြိုက်တာလေ
သာယာချမ်းမြေ့ပါစေနော်
မိုး

shwezinu said...

ညီမ ချော ရေ

မနက်စာ ဘာမှ မစားရသေးခင် ငါးထမင်းချဉ် နဲ့ တွေ့သွားတယ် သရေ ကျလာပြီ ရှိတဲ့ ပဲပြုတ်လေး နဲ့ဘဲ သွားစားတော့မယ် ညီမ အပင်ပန်းခံပြီး ချက်နည်းပြောပြထားတာ ကျေးဇူးနော် တနေ့လုပ်စား မယ် ချစ်ချစ်ကြီးကတော့ အရမ်းကြိုက်

ခင်တဲ့
ရွှေစင်ဦး

မြသွေးနီတို့က ကိုးနတ်ရှင်တန်ခိုးနဲ့ အစားဆို အမြဲနောက်ကျတယ်။
ကျန်မှကျန်သေးရဲ့လားမသိ။ ကြွားလိုက်ဦးမယ်။ မ..လည်း ငါးထမင်းချဉ်လုပ်တတ်တယ်။ ရုံးက ညီမရှမ်းမလေးဆီက သင်ထားတာ။ အရမ်းကြိုက်။ ဂျူးမျှစ်လေးနဲ့ ကျွတ်ကျွတ်ဝါးစားလိုက်လို့ကတော့ ၂ပွဲလောက်အသာလေးပဲ။ ပြောရင်းစားချင်လာပြီ ..ချောရေ..။

flowerpoem said...

ငါးထမင်းချဉ်အရမ်းကြိုက်တယ်. . . လုပ်မစားဖြစ်တာတောင်ကြာပြီ.. . :P

သက်ဝေ said...

ဆာနေတဲ့ အချိန်ရောက်လာတာ စားချင်စရာနဲ့ တည့်တည့်တိုးနေပါလား...
ချော လုပ်ထားတာ စားချင်စရာလေး...
လက်ဝင်လို့ ခဏ ခဏ လုပ်မစားဖြစ်ဖူး...
ဒီတပတ်တော့.... အချိန်ရရင် လုပ်စားအုံးမယ်...း))

မမချောရေ..အမြင်နဲ့တင်..စားလို့ကောင်းမဲ့ပုံပဲ။
ငါးချဉ်တော့စားဖူးတယ်။
အဲသလိုထွေထွေထူးထူးလေးတွေစားကြည့်ချင်တယ်။
စာရေးကောင်းရုံတင်မဟုတ်ပဲ..ထမင်းချက်
ဟင်းချက်ပါကောင်းတဲ့မမချော။

ခင်မင်စွာဖြင့်
ခိုင်နုငယ်

စားချင်တယ်...ရှမ်းစာဆို အားလုံးကြိုက်မှ ကြိုက်....လုပ်ကျွေးပါ ချောရေ.....:))

မချောရေ့.......

စားတော့ စားချင်စရာလေး.....။
ဒါပေမယ့် ကြိုက်ဘူး.......ဟီးဟီး........။
ခင်မင်ခြင်းအားဖြင့်.....
ဏီလင်းညို

ချောရေ...ရှမ်းပြည်ကလာတော့ ထမင်းချဉ်ဆို ကြိုက်ပြီးသားပဲ...။

ခင်တဲ့
မိုးငွေ့

bear said...

ရှလွတ်
ပလပ်
ဂလု
အပျိုကြီးရေ လုပ်စားရမှာ ပျင်းတယ်ဗျာာာာာ လာလည်ရင် လုပ်ကျွေးဗျာ ဒါဗြဲ
သွားရည်သိမ်းပြီး ပြန်သွားဘီ
ရန်ကုန်မှာတော့ ဝယ်စားတယ် ဟီးးး မလုပ်တတ်လို့ ဒီမှာကတော့ စားချင်ရင် ကိုယ်တိုင်လုပ်စားမှပဲဖြစ်တော့မှာလေ ကိုယ်ကလဲ မလုပ်တတ်ဆိုတော့ ဟက်ဟက်

ကိုကြည်သာ said...

လောလောဆယ်တော့စိတ်ကူးနဲ့ပဲစားလိုက်ပီဗျို့...............

kotunygn said...

Ma, Very good .....

ကျွန်တော်ကြိုက်တဲ့ အစားအစာပါ ... ဈေးနေ့မှာ ကြုံတိုင်း စားဖြစ်ခဲ့ပါတယ် ... ဟိုးလွန်ခဲ့တဲ့ ...
( ၃၅ )နှစ်လောက်ကပေါ့ ...
ငြိမ်းစိုးဦး

ချော............( အကျယ်ကြီး အော်ခေါ်လိုက်တယ်)
ဟီးးးးးးးးး အဲ့ဒါ စားချင်တယ် အရမ်း......ကို ကြိုက်တယ် .......
သို့သော် ဒီမှာ အဲ့ငါးမရှိ ဂျူးမရှိး(

P.s 'ချော' ဆိုတဲ့ နာမည်ကို ကြိုက်လို့ ညီမလေးက 'ချော' လို့ပဲ ခေါ်ခေါ်နေတာ ။ ညီမလေးထက် အသက်ကြီးကောင်းကြီးနိုင်တယ်။ ညီမလေးက 'ချော' လို့ ခေါ်တိုင်း အရှေ့မှာ (မ) ပါတယ်လို့မှတ်ပေးနော်း)

မေဇွန် said...

ငါးထမင်းချဉ်အရမ်းကြိုက်..လုပ်စားမယ်..ပြီးခဲ့တဲ့ စနေ..တနင်္ဂနွေတုန်းက အမပြောပြတဲ့အတိုင်း ငါးသံပုရာပေါင်းနဲ့ ငါးကင်လုပ်စားဖြစ်တယ်..ဒီတပတ် သူငယ်ချင်းတွေအိမ်လာရင် ငါးထမင်းချဉ်လုပ်စားမယ်....ကျေးဇူးအများကြီးတင်ပါတယ်မမချောရေ.....

kosoe said...

မချောရေ
မချောပြောတဲ့ ငါးထမင်းချဉ်လုပ်စားရင်ကောင်းမလား ဖတ်ကြည့်ပါတယ်
မရနိုင်တဲ့ ပစ္စည်းတွေကများနေလို့ စိတ်လျှော့လိုက်ပါပြီ :P

အင်ကြင်းသန့် said...

ညီမလေးက ငါးမကြိုက်ဘူး။ ဒါပေမယ့် ငါ့အစ်မလုပ်ပြထားတာလေးက စားချင်စရာလေး။း)

စားချင်လိုက်တာနော် ပုံပဲမြင်ရတာခက်နေတယ်....ဟင်းနော်

no sea said...

Please help us to know more about Business issues!!!

saundoo said...

ချောရေ ၀က်သားချဉ်လုပ်နည်းလေး ပေးပါနော်