တောင်နံရံပေါ်က အံ့သြဖွယ်ဘုရားကျောင်း

ကျောက်နံရံမြင့်မြင့်မားပေါ်က အံ့သြဖွယ်ဘုရားကျောင်း







လွန်ခဲ့တဲ့ တစ်ပတ်က ကျွန်မဆီကို သူငယ်ချင်းတစ်ယောက်က ပို့လိုက်တဲ့ အီးမေလ်းထဲမှာ စိတ်ဝင်စားဖို့ကောင်းတဲ့ ဘုရားကျောင်းတစ်ခုရဲ့ ပုံတွေ ပါလာပါတယ်.. ပုံတွေချည်းဘဲကြည့်ရတာကို အတော်စိတ်ဝင်စားမိတာကြောင့် အခြားသူများကို ပြန်လည်ဝေမျှချင်မိတဲ့စိတ်နဲ့ ဘုရားကျောင်းနဲ့ ပတ်သက်တဲ့ နောက်ထပ် ဓာတ်ပုံများ အချက်အလက်များကို အင်တာနက်ကနေ ရှာဖွေပြီး ဒီဘလောဂ့်ပေါ်ကတစ်ဆင့် ပြန်လည် ဝေမျှလိုက်ခြင်း ဖြစ်ပါတယ်။







တောင်ခြေရှိ ဘုရားကျောင်းအ၀င် မုဒ်ဦး







ကျောက်သားပေါ်က ကျောင်းဆောင်များ






မတ်စောက် မြင့်မားလှတဲ့ တောင်စောင်းမှာ ထူးထူးဆန်းဆန်း တည်ရှိနေတဲ့  ဘုရားကျောင်း ဆိုတာ တရုတ်ပြည် စန်းရှီးပြည်နယ် ဟောင်ယွန်ခရိုင်ကနေ  ၅ကီလိုမီတာ အကွာအဝေးမှာရှိတဲ့ ဟန်စန်းတောင်ခြေရဲ့ ကျောက်သားနံရံပေါ်မှာ တွယ်ကပ်ပြီး တည်ဆောက်ထားတဲ့ ဘုရားကျောင်းတစ်ခုပါ။ ဟန်စန်းတောင်ဆိုတာ တရုတ်ပြည်မှာတော့ အထွတ်အမြတ်ထားတဲ့ နံမည်ကျော် တောင်ကြီး ၅ခုမှာ မြောက်ဘက်အကျဆုံး တောင်တစ်ခုဖြစ်ပါတယ်.. တောင်နံရံနဲ့ ကပ်ပြီးတည်ဆောက်ထားတဲ့ ဘုရားကျောင်းဆောင်များဟာ အဝေးကနေကြည့်မယ်ဆိုရင် တောင်နံရံမှာ ၀ဲပျံနေတဲ့ ဖီးနစ်ငှက်ရဲ့ အသွင်သဏ္ဍာန်ရှိတယ်လို့ သိရပါတယ်.. ဘုရားကျောင်းရဲ့ အဆောက်အဦများ အားလုံးဟာ ဟန်စန်းတောင်ရဲ့ အချွန်အတက်ပေါများတဲ့ တောင်စောင်းတွေမှာ ချိတ်ဆွဲထားသကဲ့သို့ တည်ဆောက်ထားတာ ဖြစ်ပါတယ်.. ဒေါင်လိုက် ရှိနေတဲ့ မတ်စောက်တဲ့ တောင်စောင်းမှာ အလွန်ခဲရာခဲဆစ် တည်ဆောက်ထားတာမို့ သဲထိတ်ရင်ဖို ရှိလှပါတယ်.. မြေပြင်မှ အမြင့်၂၄၆ ပေမှာ ထူးဆန်းအံ့သြဖွယ် မတ်စောက်လှတဲ့ တောင်နံရံစောင်းမှာ ခမ်းနားကြီးကျယ်စွာ ဆောက်လုပ်ထားတာ ဖြစ်ပါတယ်..




ဘုရားကျောင်းဟာ ကျင်းလုံတောင်ကြားက ဟန်စန်းတောင်ခြေမှာ တည်ရှိပြီး ဟန်စန်းတောင်ရဲ့ သမိုင်းနောက်ခံ အချက်အလက်များအရ ၆ရာစုနှစ်ခန့်က Liao Ran အမည်ရှိ ဘုန်းကြီး တစ်ပါးက တရုတ်ပြည် ဝေ့ မင်းဆက် လက်ထက်မှာ ပထမဦးဆုံး တည်ဆောက်ခဲ့တယ်လို့ အဆိုရှိပါတယ်.. ဒါကြောင့် ဒီဘုရားကျောင်းဟာ နှစ်ပေါင်း ၁၄၀၀ ကျော်ခန့် သက်တမ်းကြာမြင့်ပြီဖြစ်ကြောင်း သိရပါတယ်.. အကြိမ်ပေါင်း မြောက်မြားစွာ ပြုပြင်မှုများ ပြုလုပ်ပြီးချိန်မှာ ၄င်းဘုရားကျောင်းဟာ မတ်စောက်တဲ့ ကျောက်သားနံရံ တောင်စောင်းမှာ ကျောက်နံရံကြီးကို နောက်ခံအားပြုကာ သေသပ်လှတဲ့ ဗိသုကာပညာများနဲ့ ကျွမ်းကျင်စွာ တည်ဆောက်ထားသော အလွန်ထူးခြားသည့် အံ့သြဖွယ် ဘုရားကျောင်းအဖြစ် တရုတ်ပြည်မှာ နံမည်ကြီးလာပါတော့တယ်. ကျောက်နံရံကြီးကို အမှီပြုပြီး ခက်ခက်ခဲခဲနေရာမှာ တည်ဆောက်ရခြင်းရဲ့ အဓိက ရည်ရွယ်ချက် ၂ချက်မှာ ဘုရားကျောင်းကို မိုးဒဏ်၊ နှင်းမုန်တိုင်းဒဏ်၊ လေဒဏ်နဲ့ အခြား သဘာဝ ဘေးအန္တရာယ်တို့မှ ကျောက်ဆောင်ကြီးက အကွာအကွယ်ပေးနိုင်ခြင်း နဲ့ တာအိုဘာသာ အယူဝါဒ စည်းမျဉ်းစည်းကမ်းအရ ဆူညံသောအသံဗလံတို့မှ ကင်းဝေးစေရန်အတွက် ယခုလို ကျောက်နံရံကြီးပေါ်က မြို့ရွာ၊ လူနေအိမ်ခြေတို့နဲ့ ကင်းဝေးဆိတ်ငြိမ်ရာမှာ သီးခြား တည်ဆောက်ထားကြောင်း သိရပါတယ်။




ကျောက်ဆောင်ကြီးရဲ့ အောက်မှာ တည်ရှိနေတဲ့ ဘုရားကျောင်းဟာ အနီရောင်နံရံများနဲ့ ခဲရောင် အုတ်ကြွတ်ပြားများဖြင့် ခန့်ထည်စွာ တည်ဆောက်ထားပါတယ်.. ကျောက်သားများကို အလျားလိုက် အပေါက်များဖြစ်အောင် ထွင်းထုပြီး သံချောင်းများထိုးစိုက်သွင်းကာ သံဘောင်များဖြင့် ချိတ်ဆက်ပြီး နံရံများ အမိုးများကို တည်ဆောက်ထားခြင်း ဖြစ်ပါတယ်။  အဆောက်အဦးများကိုတော့ မြောက်မှတောင်သို့ သွယ်တန်းဆောက်လုပ်ထားတာ ဖြစ်ပါတယ်.. အဆောင်အခန်းပေါင်း ၄၀ကျော်ပါရှိပြီး ၄င်းအဆောင်များကို တစ်ခုနဲ့တစ်ခု ကျဉ်းမြောင်းခက်ခဲတဲ့ ဖြတ်လမ်းများနဲ့ ဆက်သွယ်ထားပါတယ်... တော်ရုံတန်ရုံ အသည်းငယ်သူများအတွက် မူးမေ့စေနိုင်လောက်တဲ့ လျှောက်လမ်းကလေးများ ဖြစ်ကြပါတယ်…  အဆောက်အဦးများဟာ တရုတ်ပြည်ရဲ့ ဘာသာရေးနဲ့ ယဉ်ကျေးမှုကို စုစည်းပေါင်းစပ်ထားတဲ့ သင်္ကေတသဖွယ် ခမ်းနားတင့်တယ်စွာ တည်ရှိနေပါတယ်။  ထူးဆန်းအံ့သြဖွယ်ကောင်းအောင် မတ်စောက်နေတဲ့ တောင်စောင်းမှာ တည်ရှိနေရုံမျှမက ကဗျည်းမှတ်တမ်းစာများ၊ ကဗျာများ မြောက်မြားစွာ ရှိနေခဲ့ပါတယ်.. ကိုးကွယ်ယုံကြည်မှု အယူဝါဒ တစ်ခုတည်းအတွက် တည်ဆောက်ခဲ့တာ မဟုတ်ဘဲ တရုတ်ပြည်တွင် ထွန်းကားခဲ့တဲ့ အယူဝါဒ ၃ခုဖြစ်သော ဗုဒ္ဓဘာသာ၊ တာအိုဝါဒ၊ ကွန်ဖြူးရှပ် ၀ါဒတို့နဲ့ သက်ဆိုင်တဲ့ ကြေးနီ၊ သံ၊ ရွံ့စေး၊ ကျောက်သားနံရံ စသည်တို့ဖြင့် ထွင်းထုထားသော ရုပ်တုပေါင်း ၇၈ခုကို ထင်ရှားစွာ တွေ့ရှိရပါတယ်.. ကိုးကွယ်ယုံကြည်မှု ဘာသာ၃ခုနဲ့ သက်ဆိုင်တဲ့ ရုပ်ထုများစွာတို့ကို တစ်ပေါင်းတစ်စည်းတည်း ထူးခြားစွာ တွေ့ရှိရတဲ့အတွက် တန်ဖိုး မဖြတ်နိုင်လောက်တဲ့ ဘာသာရေး၊ ယဉ်ကျေးမှု အမွေအနှစ် ရှေးခေတ်လက်ရာများ ဖြစ်သောကြောင့် နံမည်ကျော် ထင်ရှားလှပါတယ်…





အဆောင်တစ်ခုနဲ့တစ်ခု ကူးဖို့ လျှောက်လှမ်းများ


























သွယ်တန်းဖောက်လုပ်ထားတဲ့ အဆောင်ကူးလမ်းများ


















ခပ်လှမ်းလှမ်းက မြင်ရတဲ့ ကျောက်နံရံနဲ့ ကပ်နေသောအဆောင်များ













နဂါးခံတွင်းဝသို့အ၀င်





သဲထိတ်ရင်ဖို











ကားသွားနိုင်တဲ့ ကျောက်တောင်လမ်းများ









ဇစ်ဇက်ပုံ တောင်တက်လူသွားလမ်း








တောင်ခိုးများနဲ့ လွမ်းစဖွယ်





















ဒီလို လှပသာယာတဲ့ စိတ်ချမ်းမြေ့ဖွယ် ရေတံခွန်အလှအပများလည်း ရှိနေပါတယ်။





စွန့်စားချင်သူများအတွက် အသည်းယားဖွယ် လူသွားလမ်း






သွားကြမလား ဒီတောင်ကြား








ကားသွားလမ်း










------------------------------------------------------------------











--------------------------------------------------------------------------









----------------------------------------------------------------------















ဘာသာရေးဆိုင်ရာ ရုပ်ထုများ












ယခုအချိန်မှာတော့ စိတ်ဝင်စားဖို့ကောင်းလှတဲ့ ဗိသုကာပညာကြောင့်ရော၊ တရုတ်ပြည်ရဲ့ ကိုးကွယ်ယုံကြည်မှု ဘာသာရေးကို လေ့လာလိုသူများအတွက် ၊ အထူးအဆန်း နေရာဒေသများကို နှစ်ခြိုက်စိတ်ဝင်စားသူ နိုင်ငံခြားသားများအတွက် ဆွဲဆောင်မှုရှိလှတဲ့ လူအများ သွားရောက်လေ့လာတဲ့ နေရာတစ်ခုအဖြစ် နံမည်ကျော်ထင်ရှားလှပြီ ဖြစ်ပါတယ်။ အခွင့်အခါများ ကြုံခဲ့ရင် ကိုယ်တိုင်လည်း သွားရောက်ခွင့် ရချင်ပါသေးကြောင်းဖြင့် ဒီပိုစ့်ကို နိဂုံးချုပ်ပါတယ်။





ချမ်းမြေ့ကြပါစေရှင်။








Sources from- http://saiprema.wordpress.com/2010/07/03/incredible-hanging-temple-in-datong-china/


photos from - Funzug.com , google  and mail

39 Responses to “တောင်နံရံပေါ်က အံ့သြဖွယ်ဘုရားကျောင်း”

ရောက်ဖူးချင်လိုက်တာမချောရေ..တကယ့်ကိုအံ့မခန်းပါပဲ.။ ဗိသုကာပညာရှင်တွေရဲ့ကျွမ်းကျင်မှု
ကလည်းတန်ဖိုးကြီးလိုက်တာ..။ အတူတူသွားကြရအောင်လေ..။

ချစ်တဲ့
သဒ္ဓါ

ယွန်း said...

ချောရေ..ဘုရားကျောင်းက အံ့ဖွယ်သုတ ပါလားးး သွားပြီးလေ့လာ ချင်လိုက်တာ..

အရင်တုန်းက mail ထဲမှာ ကြည့်ဖူးတယ်.. သွားချင်လိုက်တာ..

တကယ့်ကို ထူးဆန်းအံ့သြဖွယ် အဆောက်အဦးတွေကို မြင်တွေ့ခွင့်ရတဲ့ အတွက် ကျေးဇူးတင်ပါတယ်ခင်ဗျ. အဲဒီလို နေရာလေးတွေကို သွားကြည့်ချင်လိုက်တာနော်.. တရုတ်ပြည်ရောက်ရင် တော့ မဖြစ်ဖြစ်တဲ့ နည်းနဲ့ သွားကြည့်အုံးမှ ပဲ.........အဟဲ.. တရုတ်ပြည်က ဘယ်အချိန်မှ ရောက်ဖူးမယ်မှန်းတောင် မသိသေးတာ. ကြိုတင် စိတ်ကူးယဉ်ထားကြည့်တာ.. :)

်ခင်မင်စွာဖြင့်
ဇော်သိင်္ခ

အမြင့်ကြောက်ရောဂါရှိလို့(ဒူးတုန်လို့မဟုတ်ပါ :) ) ...မော့ကြည့် ၊ မော့ဖူးပြီး

ပြန်သွားပြီ။ ပျော်ရွှင်နိုင်ပါစေ :D

ထူးခြားပြီး အံ့သြဖွယ်ရာနေရာတွေကို တွေ့မြင်ခွင့်ရလို့ ကျေးဇူးတင်မိတယ် ချောရေ..။
ပုံတွေ သေချာကြည့်ပြီး သွားဘူးချင်မိတယ်။ အမြင့်ကြောက်သူဆိုတော့ အားကိုးရမယ့်သူ တစ်ယောက်တော့ မဖြစ်မနေခေါ်သွားမှ။ :)

မိုးခါး said...

သွားချင်လိုက်တာ .. ကျိုက်ထီးရိုးလည်းသွားချင်တယ် ..........း(

အင်ကြင်းသန့် said...

သွားရေးလာရေးအတွက် တရုတ်ပြည်မှာနေတဲ့ ချစ်လှစွာသော အစ်မတစ်ယောက်က တာဝန်ယူမယ်တဲ့ဆိုလို့ ကဲကဲ....သွားလိုက်တော့မယ်နော်....။ :P

noblemoe said...

တော်တော် ခက်ခက်ခဲခဲနဲ့တည်ဆောက်ရမှာပဲနော် သွားဖူးချင်လိုက်တာ အရင်မြန်မာပြည်အနှံ့လိုက်ဖူးလိုက်အုံးမယ် မမရေးး ကိုယ့်နိုင်ငံက ဘုရားစုံတောင်မဖူးရသေးဖူးလေ။

သာယာချမ်းမြေ့ပါစေရှင်း
မိုး

peace said...

ရောက်ဖူးချင်လိုက်တာ ဒီလိုထူးထူးဆန်းဆန်းတွေ မြင်ခွင့်ရလို့ အင်တာနက်သုံးရကျိုးနပ်ပါတယ်

တိဘက်ပြည်မှာလည်း အဲလိုအိမ်တွေအများကြီးပဲနော်..
ဓာတ်ပုံတွေကြည့်ဖူးတယ်...
သွားတော့ကြည့်ချင်တယ်...ကံကပါမလားဘူး...
မိုးခါးလေးပြောသလို ဘလော့ဂ်ဂါတွေစုပြီး ကျိုက်ထီးရိုးဘုရားဖူးတော့သွားချင်သား...

အီးမေးလ်မှာ တခါကြည့်ဖူးတယ်၊ ဘုရားဖူးဖို့ကတော့ ရဟတ်ယာဉ်နဲ့ သွားသင့်တယ်
ထင်တာပဲ ...း)

ရှေးနှစ်ပေါင်းများစွာထဲက ဗိသုကာ ပညာက အံ့မခန်း ဖြစ်နေခဲ့တယ်။
ကမ္ဘာအရပ်ရပ်က အံ့ဖွယ်တွေ ကြည့်ရင် ဟိုးခေတ်က လက်ရာတွေပဲ တွေ့ရလိမ့်မယ်။
ခရီးသွားရတာ ဝါသနာပါတဲ့သူအတွက်တော့ ပုံကြည့်တာနဲ့တင် ချက်ချင်းသွားချင်မိ မှာပဲ။
တောင်ပတ်လမ်းတွေကိုသာ ဘယ်လိုလျှောက်ရမလဲ မသိတာ။ ရင်ခုန်စိတ်လှုပ်ရှားဖို့ တော့တော်တော်ကောင်းနိင်တယ်။

blackroze said...

မကြီးချောရေ..ဘုရားကျောင်းကတကယ်အသည်းယားစရာပါလားနော်
အဲဒီပုံတွေကိုကြည့်ရင်းနဲ့သိုင်းဝတ္ထုတွေထဲမှာဖတ်ဖူးတဲ့ရှောင်လင်ဂိုဏ်းတို့
ဝူတန်ဂိုဏ်းတို့..ခွန်းလွန်းဂိုဏ်းတို့..ဆိုတာတွေမျက်စိထဲတောင်
မြင်ယောင်မိတယ်...

ရေတံခွန်လေးတွေနဲ့ဆိုရင်တော့ ဘယ်လောက်ရင်ဖိုစရာကောင်းကောင်း
သွားနေချင်သေးတာပ...
ရေပြာပြာစိမ်းစိမ်းလေးတွေမြင်ရင် အလိုလိုပျော်နေတာကော..

ဒီမေလ်းလေးက ကြာခဲ့ပါပြီ
သို့သော်.... ထုဆစ် ပုံဖော် တတ်သူများရဲ့ လက်ထဲမှာပေါ့
ကျောက်လေးတစ်ပွင့် လက်သွားသလိုမျိုး...........

ခင်မင်စွာဖြင့်
ကိုရီး{ကိုကြီး}

မမချော ။ တင်ဆက်မှုကို တော့ အပြတ်အသတ်လေးစားတယ်။ အဲဒီကို ဘုရားဖူးသွားချင်လို့ လိုက်ပို့မလားဟင်။ ကျွန်တော်က လူစိုက်ပါမယ်။ အစ်မက ကုန်ကျစရိတ်ခံ ၊ လမ်းပြလုပ်ပေးပေါ့နော်။ ဟီဟိ

ငြိမ်းချမ်းပါစေ

မိုးယံ

phyophyo said...

မချောရေ ..
စိတ်ဝင်စားဖို့ကောင်းလိုက်တာ၊ ထူးထူးဆန်းဆန်းဆောက်ထားကြတာနော်၊ အသည်းယားဖွယ်လူသွားလမ်းကတော့ ကြောက်စရာကြီး၊
ပုပ္ပါးတောင်အမြင့်တောင် တက်ပြီးမှ ကြောက်နေလို့၊
ခင်မင်လေးစားလျှက်

အဲဒီမှာနေရဲပါဘူး....သားသားကြောက်ကြောက်...

ပုံ

ကျောက်ကျောက်

MaMa said...

စရိတ်မကုန်ဘဲ ကိုယ်တိုင်ရောက်သွားရသလိုဘဲ။ ပို့ပေးတာကျေးဇူးနော်။

ဝါးးမွန်တော့ ခုမှ မြင်ဘူးတာ မမချောရေ..
သွားလည်ချင်လိုက်တာ..
ကြည့်ရင်းတော့ အသည်းတစ်ယားယားနဲ့ ရင်ခုန်စရာကြီး..
အမြင့်ကြီးပဲ ကြောက်လိုက်တာ..

မြင်ဘူးတယ် ချောရေ ဟိုတစ်ခါ Travel and living channel မှာလာတုန်းက
အဲဒီထဲက သွားချင်တာ..ကြောက်ဖို့တော့ကောင်းတယ်..
အသည်းတယားယားနဲ့

hkawn said...

အရမ်းစိတ်ဝင်စားဖို့ ကောင်းတယ်နော်
အခွင့်အခါရှိရင်တော့ရောက်ဖူးချင်ပါတယ် အမ .......

Hnin said...

Dear Ma Chaw,
I have problems with my laptop. Though I cann't read and write in zawgyi font, I'm keeping to look your photos. Your blog gives pleasure. Thanks for your collection.

Have a nice day,
Yours
Hnin

အစ်မချော.... လိုက်ပို့ပေးလေနော် ဟီး ဟိုရောက်ရင် အစ်မရှေ့ကတက် အနော်နောက်မှလိုက်တက်မယ်။ ကြောက်စရာဂျီး ဟဟဟ :)
ဗဟုသူတရတယ် အစ်မချောရေ ကျေးဇူးပါ ။

ခင်တဲ့(ချိုကျ)

shwezinu said...

ညီမ ချော ရေ

ထူးဆန်းအံဘွယ် ပါဘဲ ကြည့်ရတာကို အသဲယားတယ် နေတဲ့ သူတွေရော ဆောက်လုပ်တဲ့ ပညာရှင် တွေ ကိုရောချီးကျူးပါရဲ့

ခင်မင်စွာဖြင့်
ရွှေစင်ဦး

Aye Thandar said...

မကြီးချောရေ ကြည့်တာနဲ့ကို ဒူးတုန်နေတယ် ... ခုလိုတွေ့လိုက်ရတော့ ဟိုးရှေးခေတ်က ဗိသုကာပညာရှင်တွေကို အရမ်းလေးစားတယ်.. မဖွံ့ဖြိုးသေးတဲ့ခေတ်မှာတောင် ဒီလိုမျိုးဖန်တီးနိုင်တာ တကယ့်ကို အံ့မခန်းပါဘဲ...ဒီပုံလေးတွေကို ကြည့်ခွင့်ရအောင်ရှာဖွေပေးတဲ့သူကိုလည်း အရမ်းကျေးဇူးတင်ပါတယ်...
အစိမ်းရောင်လွင်ပြင်ကို အမြဲအားပေးနေမယ့်
အေးသန္တာ

seeseinshinss said...

သွားအုံးမယ်လေ တခါတခေါက်လောက်တော့ အခုတော့ ပုံတွေကြည့်သွားပြီ
မျှဝေပေးတာ ကျေးဇူးတင်ပါတယ်

flowerpoem said...

သွားလည်းသွားချင်တယ် အမ ကြောက်လည်းကြောက် တယ် အသည်းယားစရာကြီးနော် အမ...

တောင်ပေါ်ကဘုရားကျောင်းကို တထိုင်တည်းနဲ့သွားလိုက်တယ်...မမချော ကျေးဇူးကြောင့်ပေါ့

winko said...

ကျေးဇူးအထူးတင်ပါတယ်ဗျာ......

ဗိသုကာလေးကို စိတ်ဝင်တစားလေ့လာမိသွားတယ်.. မချောရေ.... သွားမယ်ဆို လက်တို့လိုက်...း)))


ခင်မင်တဲ့
နေ၀သန်

ညီမလေးအတွက်တော့ ခရီးသွားခြင်းဟာ ဝါသနာတွေထဲက တခုပဲမို့ ခုလို လှပတဲ့ရှု့ခင်းတွေသာ မြင်ရမယ်ဆို စွန့်စားရစေအုန်းတော့ သွားချင်မိတယ်ချောရေ ။

ဘုရားကျောင်းကိုလဲအလည်သွားလိုသဗျာ ကြည့်ရတာလဲ အသည်းတယားယား

ရှေးက မှတ်တမ်းတင်နိုင်သော လူသားတို့၏ ဖန်တီးမှုများ အမွေအဖြစ်တည်နေသောကြာင့် သွားနိုင် ရောက်နိုင် ကြပါစေ...

သွားကြည့်ချင်စိတ်ပေါက်လာတယ်နော်။
တရုပ်ပြည်က ပိသုကာလက်ရာတွေနဲ့ စကေးကြီးကြီးမားမားတွေကို တည်ဆောက်နိုင်တာက တော့ သူ့ရဲ့ ထူးခြားမှုလို့ထင်တာပဲ။
သေချာရှာဖွေတင်ပြပေးတဲ့ စေတနာကိုတော့ အစဉ်လေးစားလျှက်ပါ။
ကျေးဇူးတင်တယ် ချောရေ။
ခင်မင်လျှက်


တည်ငြိမ်မင်းလွင် said...

တစ်ခါမှမကြည့်ဘူး.ဘူး....မချောလေးရဲ့..

အရမ်းကြည့်လို့ကောင်းတယ်ဟ........တနေ့တော့မချောလေးနဲ့အတူတူရောက်အောင်သွားကြတာပေါ့လေ..

နော..............မီးနဲ့သွားချင်ရဲ့လားဟေ

ဟား....သွားချင်လိုက်တာဗျာ

San aung said...

Hi , sister ,

I often go to china , so please let me know the details , means in which province as soon as possible

Many thanks