ထူးထူးဆန်းဆန်း ရွေ့လျားနေသော ကျောက်တုံးများ

Death Velly National Park






Death Velly Desert


Free Stock Photo of Death Valley Sand Dunes in High Resolution
S

Death Velly National Park ဟာ အမေရိကား ကယ်လီဖိုးနီးယားပြည်နယ်မှာ ရှိပြီး အပူပြင်းဆုံးနဲ့ အခြောက်သွေ့ဆုံး၊ ပင်လယ်ရေ မျက်နှာပြင်ထက် အနိမ့်ဆုံး အမျိုးသားဥယျာဉ် တစ်ခုလည်း ဖြစ်ပါတယ်.. ဧက ၃သန်းကျော် ကျယ်ဝန်းလှတဲ့  ကန္တာရကြီးတစ်ခုလည်း ရှိနေပြီး သူရဲ့ဘေးမှာတော့ ပေပေါင်း တစ်သောင်းကျော်ခန့် မြင့်ပြီး နှင်းဖုံးနေတဲ့ တောင်ထွတ်တွေ၊ အရောင်စုံကျောက်လွှာတွေ ထပ်ထပ်ပြီးဖြစ်ပေါ်နေတဲ့ တောင်တန်းတွေ  ၀ိုင်းရံနေပါတယ်.. အဲဒီ Death Velly National Park ဟာ  ခရီးလမ်းပန်း ခက်ခဲကြမ်းတမ်းလွန်းတဲ့ နေရာမှာ ရှိပေမဲ့လို့ တစ်နှစ်မှာ လူဦးရေ ၇သိန်းကျော်ခန့် သွားရောက်ကြပြီး သဘာဝရှုခင်းများ၊ ပထ၀ီဝင် မြေပြင်အနေအထား ပြောင်းလဲလာပုံများ ၊ ရှေးခေတ်ကျောက်လွှာများနဲ့ တောရိုင်းတိရိစ္ဆာန်များ၊ သစ်ပင်များ၊ ခြောက်သွေ့နေတဲ့ ကန္တာရရှုခင်းများ၊ ညရှုခင်းများကို လေ့လာကြည့်ရှုဖို့နဲ့ တောင်တက်ဖို့ သွားရောက်တတ်ကြပါတယ်.. ရွှေရှာကြသူများဟာ ၄င်းဒေသကို ဖြတ်သန်းချိန်မှာ လူပေါင်းများစွာ အသက်ဆုံးရှုံးခဲ့ရတာကြောင့် Death Velly ရယ်လို့ နံမည် တွင်လာခြင်းဖြစ်ပါတယ်.. အဲဒီ Death Velly National Park မှာ ရှိတဲ့ Racetrack Playa ကွင်းပြင်ကတော့ ထူးဆန်းအံ့သြဖွယ် ကောင်းအောင် ရွေ့လျားနေတဲ့ ကျောက်တုံးတွေကြောင့် ပိုပြီး လူသိများ ထင်ရှားလာပါတယ်.. ရွေ့လျားနေတဲ့ ကျောက်တုံးတွေအကြောင်းကို အောက်မှာ ဓာတ်ပုံများနဲ့ ဖော်ပြပေးထားပါတယ်။

ထူးဆန်းစွာရွေ့လျားနေသော ကျောက်တုံးများ

sailing stones 1


sailing stones 2



sailing stones 3


Death Velly မှာ ရှိနေတဲ့ Racetrack Playa ကွင်းပြင်ကြီးဟာ တောင်တန်းတွေ အထပ်ထပ် ၀ိုင်းရံနေတဲ့ကြားက သဘာဝအတိုင်း ဖြစ်ပေါ်နေတဲ့ ကွင်းပြင်ဖြစ်ပြီး သာမာန်အချိန်မှာ ကွင်းပြင်ဟာ ရေထုဖုံးလွှမ်းနေတဲ့ ရေကန်အဖြစ် မြင်တွေ့ရပါတယ်.. နွေရာသီမှာ Racetrack Playa ကွင်းပြင်က ရေတွေခမ်းခြောက်လို့ ရွံနွံတွေဟာ အက်ကွဲကြောင်းများ ဖြစ်ပေါ်နေပြီး ဆောင်းရာသီမှာတော့ ရေတွေခဲနေတတ်ပါတယ်.. ရေတွေ ခမ်းခြောက်သွားချိန်မှာတော့ ယောက်ျားကြီးတစ်ယောက် မ နိုင်တဲ့ အရွယ်အစား (သို့မဟုတ်) အဲဒီအရွယ်အစားထက် အနည်းငယ်ကြီးတဲ့ အနေအထားရှိ ကျောက်တုံးတွေဟာ ထူးဆန်းအံ့သြဖွယ် သူ့နည်းသူ့ဟန်နဲ့ ရွံမြေပြင်ပေါ်မှာ နေရာရွေ့သွားလာနေတဲ့ စွပ်ကြောင်းတွေကို တွေ့ရှိရပါတော့တယ်.. ဒီကျောက်တုံးတွေ ရွေ့လျားနေတဲ့အကြောင်းအရာဟာ လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာကတည်းက လူတိုင်းအတွက် ပဟေဠိသဖွယ် ဖြစ်နေကြပါတယ်.. အဲဒီကျောက်တုံးတွေဟာ လူ့စွမ်းအား၊ လူ့ပယောဂကြောင့် မဟုတ်ဘဲ သူ့သဘာဝအတိုင်း အလိုလို နေရာရွေ့နေကြပြီး   ၄င်း Racetrack Playa  ဒေသဟာ ရာသီဥတု ကောင်းမွန်တဲ့ နွေရာသီလို အချိန်မှာတောင် ခရီးလမ်းပန်း ခက်ခဲကြမ်းတမ်းတာကြောင့် လူပြတ်လွန်းတဲ့ ဒေသလဲ ဖြစ်ပါတယ်..  သွားလာဖို့ ခက်ခဲသော်လည်း များစွာသော ဘူမိဗေဒပညာရှင်များဟာ ထိုနေရာကို စွန့်စားသွားရောက်ကာ ထူးဆန်းလှတဲ့ ကျောက်တုံးတွေ ရွေ့လျားတဲ့အကြောင်းကို စိတ်ဝင်တစား လေ့လာစုံစမ်းကြပါတယ်.. ဓာတ်ပုံများကို ရိုက်ယူခဲ့ကြပါတယ်.. ထိုနေရာဟာ ဆောင်းရာသီလို ရာသီဥတုဆိုးဝါးပြီး နှင်းမုန်တိုင်းတွေ အချိန်မရွေး တိုက်ခိုက်နိုင်တဲ့ အချိန်အခါမျိုးမှာတော့ ဘယ်သူမှ သွားရောက်ဖို့ မဖြစ်နိုင်ဘူးလို့ ဆိုကြပါတယ်။


sailing stones 4


sailing stones 5





sailing stones 6


sailing stones 8


sailing stones 9

sailing stones 10


sailing stones 11





sailing stones 13


sailing stones 14


sailing stones 15


လျှို့ဝှက်ချက်တွေရှိနေတဲ့ Racetrack Playa မှာ ရေတွေခမ်းပြီး ရွံ့ပြင်ကြီးလည်း တဖြေးဖြေး ခြောက်သွေ့ သွားတဲ့အချိန်မှာတော့ အက်ကွဲကြောင်းတွေ ဖြစ်နေပြီး ညီညာပြန့်ပြူးနေတဲ့ မြေပြင်ပေါ်မှာ ကျောက်တုံးတွေ ရွေ့လျားရာကနေ ဖြစ်ပေါ်နေတဲ့ လမ်းကြောင်းတွေကို အထင်အရှား တွေ့ရနိုင်ပါတယ်.. အချို့ ဘူမိဗေဒ ပညာရှင်များကတော့ ၄င်းဖြစ်ရပ်ဟာ မြေပြင်ပေါ်က ရွံ့တွေ မခြောက်သွေ့ခင် စိုစွတ်နေဆဲအချိန်မှာ ကျောက်တုံးပေါ်မှာ တင်ကျန်နေဆဲ ရေခဲပြင် ခပ်ပါးပါးကြောင့် ပြင်းထန်တဲ့ လေတိုက်ခတ်ချိန်မှာ နေရာမှ တစ်ရွေ့ရွေ့ ရွေ့စေနိုင်တာ ဖြစ်လိမ့်မယ်လို့ ကောက်ချက်ချကြပေမဲ့ တကယ်တမ်းတော့ ဒီယူဆချက်ဟာ လုံးဝမှန်ကန်တယ်လို့ မပြောနိုင်လောက်အောင်ဘဲ ရွံပြင်ကြီးတစ်ခုလုံးနဲ့ ကျောက်တုံးတွေအားလုံး ခြောက်သွေ့သွားပြီး ပက်ကြားအက်ထနေအောင် အပူချိန် မြင့်မားနေတဲ့ နွေရာသီလို အချိန်မျိုးမှာတောင် ကျောက်တုံးတွေဟာ ထူးဆန်းစွာ ရွေ့လျားနေတတ်ကြပါတယ်လို့ ဆိုပါတယ်။ အဲဒီလို ခြောက်သွေ့  ညီညာနေတဲ့ မြေပြင်ပေါ်မှာ နေရာရွေ့နေကြရုံမျှမက  ကျောက်တုံး ရွေ့လျားတဲ့ လမ်းကြောင်းရာတွေ ခပ်နက်နက်နဲ့ ထင်ထင်ရှားရှား ဖြစ်ပေါ်နေတာကိုပါ ထူးဆန်းအံ့သြဖွယ် တွေ့ရပါတယ်.. ကွင်းပြင်ထဲကို ရောက်လာတဲ့ ကျောက်တုံးတွေကတော့ အနီးအနား ကျောက်တောင်တွေကနေ ပဲ့ကျ လိမ့်ဆင်းကျလာတတ်တဲ့ ကျောက်တုံးတွေ ဖြစ်ကြပါတယ်.။ ဘေးဝန်းကျင်က တောင်များမှာ အများအားဖြင့် ဒိုလိုမိုက်ကျောက် အမျိုးအစားတွေ ဖြစ်ကြကြောင်း သိရပါတယ်။

sailing stones 12



Racetrack Playa မှာ ဖြစ်ပေါ်နေတဲ့ ကျောက်တုံးတွေ ရွေ့လျားနေတဲ့ အဖြစ်အပျက်ဟာ လူသားတွေရဲ့ စဉ်းစားတွေးခေါ်မှု၊ ဆင်ခြင်ကြံဆမှုတွေကို စိန်ခေါ်နေတဲ့ အဖြစ်အပျက်တစ်ခု အဖြစ် ထင်ရှားလာနေပါတယ်.. ဒီကိစ္စကို အတိအကျ အဖြေထုတ်နိုင်ဖို့တော့ ခက်ခဲနေသေးတယ်လို့ ဆိုပါတယ်.. နောက်ထူးခြားချက်တစ်ခုက ကျောက်တုံးတွေ ရွေ့လျားရာ လမ်းကြောင်းအားလုံးဟာ မျဉ်းပြိုင်အနေအထားအတိုင်း ရွေ့နေကြခြင်းပါဘဲ.. နှစ်စဉ်လေ့လာချက်များအရ ကျောက်တုံးတွေဟာ ကိုယ်စီလမ်းကြောင်းအတိုင်း ရွေ့လျားနေတတ်ပြီး အချို့ကျောက်တုံးများရဲ့ လမ်းကြောင်းဟာ  အဖြောင့်အတိုင်း ရှိနေသော်လည်း အချို့ကျောက်တုံးတွေရဲ့ ရွေ့လျားရာလမ်းကြောင်းမှာ အဖြောင့် သဏ္ဍာန်မှ ရုတ်တရက် ချိုးကွေ့သွားပြီး၊ အချို့မှာ  အနည်းငယ် တိမ်းစောင်းကောက်ကွေ့တဲ့ လမ်းကြောင်းမျိုးတွေ ဖြစ်ပေါ်နေတတ်တယ်လို့ သိရပါတယ်..  ကျောက်တုံးတွေရဲ့ ရွေ့လျားရာ လမ်းကြောင်းတွေကို အထင်အရှားမြင်နိုင်ကြပေမဲ့လို့ ကျောက်တုံးတွေ ရွေ့နေတာကိုတော့ မျက်မြင်ကိုယ်တွေ့ ဘယ်သူကမှ မမြင်ဖူးကြဘူးလို့ ဆိုပါတယ်.. ဘယ်အချိန်မှာ ကျောက်တုံးတွေရွေ့တယ်.. (Speed) အရှိန်ဘယ်လောက်နဲ့ ရွေ့လျားနေတယ်ဆိုတာကိုလည်း ဘယ်သူကမှ အတိအကျ မပြောနိုင်ကြပါဘူး။  အချို့ကျောက်တုံးများဟာ ပေါင်ချိန်အနည်းငယ်သာ လေးသော်လည်း အချို့သော ကျောက်တုံးကြီးများမှာ ပေါင် ၇၀၀ခန့်ပင် ရှိတတ်ပြီး အချို့ကျောက်တုံးများမှာ ပေအနည်းငယ်ခန့်သာ ရွေ့လျားကြသော်လည်း အချို့မှာတော့ ကိုက်ပေါင်းများစွာ ကွာဝေးအောင် ရွေ့လျားထားကြောင်း သိရပါတယ်။








sailing stones 7
မြေပြင်ပေါ်မှ ထင်ရှားနေတဲ့ ရွေ့လျားကြောင်းများ


အဲဒီ Death Velly က Racetrack Playa ဒေသတစ်ပိုက်ဟာ လူနေအိမ်ခြေလဲမရှိ၊ ခရီးလမ်းပန်းလည်း ခက်ခဲ ကြမ်းတမ်းလွန်းပါတယ်.. ဒီလောက် လူသူမနီး၊ အစွန်အဖျားကျပြီး လမ်းဆိုး၊ ရာသီဥတုဆိုးဝါးတဲ့  နေရာဒေသတစ်ခုမှာ သဘာဝမဟုတ်တဲ့  ကျောက်တုံးတွေ ရွေ့နေတဲ့အကြောင်းဟာ ခုချိန်ထိတော့ အဖြေအတိအကျထုတ်ဖို့ ခက်ခဲနေသေးတဲ့ ပဟေဠိတစ်ပုဒ် အနေနဲ့သာ ရှိနေသေးကြောင်းနဲ့ ဒီသတင်းလေးကို ဖတ်မိပြီး ဓာတ်ပုံတွေကို တွေ့ချိန်မှာ ကျွန်မကိုယ်တိုင်လည်း စိတ်ဝင်စားမိတာကြောင့် အချက်အလက်များ၊ ဓာတ်ပုံများကို စုစည်းကာ စာဖတ်သူများ၊ မိတ်ဆွေသူငယ်ချင်းများ  ကြည့်ရှုနိုင်ရန် ပြန်လည် ဝေမျှခြင်းဖြစ်ပါတယ်။ စိတ်ဝင်စားသူများ Google Earth မှာလည်း Racetrack Playa လို့ရိုက်ထည့်ပြီး ရှာမယ်ဆိုရင် အဲဒီနေရာဒေသရဲ့ တည်နေရာအနေအထားနဲ့ ရွေ့နေတဲ့ ကျောက်တုံးများရဲ့ ဓာတ်ပုံများကို ရှာဖွေကြည့်ရှုလို့ ရပါကြောင်း တင်ပြရင်းနဲ့ ဒီပိုစ့်လေးကို နိဂုံးချုပ်ပါတယ်ရှင်။


လေးစားချစ်ခင်စွာ



Photos and Sources: http://virtual.yosemite.cc.ca.us/ghayes/Racetrack%20Playa.htm

http://planetoddity.com/the-mysterious-sailing-stones-of-death-valley/

ကျောက်တုံးရွေ့လျားရာ လမ်းကြောင်းများ

39 Responses to “ထူးထူးဆန်းဆန်း ရွေ့လျားနေသော ကျောက်တုံးများ”

noblemoe said...

တကယ်ကို ထူးဆန်းပါတယ် မမရယ် မမပိုစ့်တင်ပေးလို့ သာသိတာ

သာယာချမ်းမြေ့ပါစေရှင်း

Zin Ei said...

တော်တော်ထူးဆန်းတယ်..... သေချာသိချင်တယ်....
သေချာ ထပ်ပြောပြပါဦးနော်

ချစ်သော

သဘာဝရဲ့ ထူးဆန်းတဲ့ လျို့ဝှက်ချက်တွေ ပေါ့နော် .......... ဓါတ်ပုံလေးတွေက လှလိုက်တာ ..... သွားတောင် သွားချင်လာပြီ :-))

naungyoe said...

အဲဒါဘယ်မှာလဲဟင်

shwezinu said...

ညီမ ချောရေ

ထူးဆန်းတယ်နော် ဒါကြောင့် ကောင်းကင်ပြာကြီး ရဲ့ အောက် မှာ မဖြစ်နိုင်ဘူးဆိုတာ မရှိဘူးလို့ ပြောခဲ့ ကြတယ်ထင်တယ် ကျေးဇူးနော်ညီမ

ခင်မင်စွာဖြင့်
ရွှေစင်ဦး

zaytaryar said...

ထူးထွေ သည့် အံရာ သော် .......ဟော်ဟော်ဟော် အနန္တစကြာ ၀ဠာကြီးက ပြောမပြတတ်လောက်အောင်
နတ်ရှိုင်းပေသကိုး မမချောရဲ့ လာဖက်သွားပါတယ် ဂူဂလ်ကနေလဲ ရှာရှိပါအုံးမယ်...။

ရှာရှာဖွေဖွေ တင်ပြတတ်တယ်..
အဲဒီစေတနာသတ္တိလေးတွေက အကျိုးပေးနေတာနေမှာ
(ကျောက်တုံးတွေ တက်စီးပြီး လိုရာမောင်းနှင်လို့ရရင် ကောင်းမယ်နော်:P)

ပညာရှင်တွေက ဘာပြောလဲလို့ သိချင်လိုက်တာ.. သူတို့လည်း သေချာမသိသေးဘူးထင်တယ်.. ကမ္ဘာကြီးမှာ အဖြေရှာလို့မရနိုင်တာတွေ အများကြီး ရှိသေးတယ် ထင်တယ်နော်..

သွားလည်ဦးမှ.....ကျောက်တုံးပေါ်ငုတ်တုပ်ထိုင်နေတဲ့ သရဲနဲ့တွေလဲ ဇတ်လမ်းရတာပေါ့

MaMa said...

ထူးဆန်းလွန်းလို့ စိတ်ဝင်စားတယ်။ ဘယ်အချိန်မှာရွေ့လဲ၊ ဘယ်နှုန်းနဲ့ရွေ့လဲ၊ လမ်းကြောင်းဘာ့ကြောင့်ပြောင်းလဲ????????????? ပဟေဠိတွေများလိုက်တာနော်။

သံလိုက်လို စွဲငင်အားတွေများ အဲဒီကျောက်တုံးတွေထဲမှာ ရှိနေသလား...
အုံး စားသွားတယ်...
မျှဝေတာ ကျေးဇူးပါ မချောရေ...
စာလုံးပေါင်း သတ်ပုံအတွက် ကျေးဇူးနော်...ညီမက သတ်ပုံညံ့တယ်...
နောက်လည်း မှားတာတွေ့ရင် ပြင်ပေးပါအုံးနော်..

phyophyo said...

တကယ်ကြီး စိတ်ဝင်စားဖို့ကောင်းတယ်နော်၊ မချော ပြောမှ သိတာ၊ လမ်းကြောင်းတွေက နက်နေတယ်၊ အံ့သြစရာကြီး၊ အထူးအဆန်းတွေမျှဝေပေးတာ ကျေးဇူးတင်ပါတယ်၊
စာတွေအများကြီးရေးနိုင်လို့လည်း ချီကျူးပါတယ်၊ စကားမစပ် မချောက .. တကယ်ချောတယ် :)

လသာည said...

တော်တော် စိတ်ဝင်စားစရာ ကောင်းတယ်နော်။ ရှာရှာဖွေဖွေ တင်ပြပေးတာ ကျေးဇူးတင်ပါတယ်နော်း))

ပြီးခဲ့တဲ့ လက ခရီးထွက်နေလို့ မရောက်ဖြစ်ခဲ့ဖူး။ ဒါပေမယ့် ပြီးခဲ့တဲ့ သုံးရက်အတွင်း အကုန်လာဖတ်သွားပြီးပြီ။ ဖတ်တာများတာနဲ့ ကွန်မန့်သီးသန်စီ မထားခဲ့တာပါ။ ပို့စ်အားလုံးအတွက် ကျေးဇူးတင်ပါတယ်..လို့.

ထူးထူးဆန်းဆန်းတွေမို့ ပုံတွေသေချာကြည့်သွားပါတယ်။
တော်တော်အပင်ပမ်းခံတင်ပေးရတာ ကြည့်လိုက်တာနဲ့သိတယ်..။
ဘာပဲဖြစ်ဖြစ် တခေါက်လောက်တော့ ရောက်ဖူးချင်မိသား..။

ညီမလေးတို့ စိတ်တွေ တခါတခါ ဘယ်လိုရွှေ့မှန်းမသိ ရွှေ့သွားသလိုထင်တယ်နော် ။ သဘာဝတရားကြီးက ထူးဆန်းတယ်။ ပဟေဠိလဲဆန်တယ် ။ အဖြေရှာရလဲ ခက်တယ် ....

ဒါ သရဲတွေ ရွေ့ပေးတာနဲ့ တူ၏ ...း)

အဲဒါ ဖတ်ဖူးတယ် .. ဘယ်မှာလဲ မှတ်မိတော့ဘူး ..

တော်တော်ထူးဆန်းအံ့သြဖွယ်ကောင်းတဲ့ ရွေ့လျားနေတဲ့ ကျောက်တုန်းတွေ အကြောင်း ဖတ်ခွင့် တွေ့ခွင့် ရတဲ့ အတွက် ကျေးဇူးတင်ပါတယ်ခင်ဗျ.
ခင်မင်စွာဖြင့်
ဇော်သိင်္ခ

ဘာကြောင့်ဒီလို ဖြစ်ရတယ် ဆိုတာ သိပါတယ်။
ဒီလို လူအသွားအလာ ပြတ်လပ်လွန်းတဲ့နေရာ ဖြစ်လို့ အင်မတန် ခေါင် တာကြောင့်
ကျောက်တုံးတွေက ပျင်း လို့ ပြေးတမ်း လိုက်တမ်း ကစားကြတာပါ။
ပုံ
ဆရာရွှီး

ယွန်း said...

မြေကြီးရဲ့ အောက်က မမြင်နိုင်တဲ့ ဆွဲငင်အားတစ်ခုကြောင့်များလားး???????
နေရာအနှံ့ ကိုရွေ့  နေတာလားးး တဖက်တည်းကို ဦးတည်ပြီးရွေ့  နေတာလားးးး??????
တော်တော် ထူးဆန်းတယ်...စဉ်းစား စ၇ာတွေချည်းပဲ.........

blackroze said...

အံသြဖို့ကောင်းတယ်နော်..မကြီး..
သဘာဝတရားကြီးမှာလည်းလျှို့ဝှက်ချက်တွေ
ရှိနေတာဘဲနော်

စိတ်ဝင်စားတယ်
တော်တော်လေးကို အံသြဖို့ကောင်းတယ် မမရေ..။
ကျောက်တုံးတွေရွှေ့နေတာကို မြင်ဖူးချင်တယ်...
discoveryက မပြဘူးလား မသိဝူးနော် ။
မျှဝေပေးတဲ့ မမချောကို ကျေးဇူးတင်စွာဖြင့်..

chindwinthu said...

ထူးဆန်းထွေလာလေးတွေ ဖတ်ရတာ စိတ်ဝင်စားဖို့ကောင်းတယ်။

မချော ကျောက်တုံးတွေက ခပ်ထူးထူးဆန်းဆန်းပဲနော်... ကမ္ဘာအတွင်းပိုင်း အပူရှိန်ကြောင့်လို့ ၀တ်ရည်တော့ ထင်တယ်... :)

စိတ်ဝင်စားစရာလေးပဲ မချောရေ... တစ်ခါကတော့ဖတ်ဖူးတယ်.. ဒါပေမယ့် မမှတ်မိတော့ဘူး..း)))


ခင်မင်တဲ့
နေ၀သန်

jr said...

ထူးဆန်းလိုက်တာနော်။
ဂျူ စာတွေ မဖတ်ဖြစ်၊ မဖတ်နိုင်တာကြာဘီ။
အပြင်စာတွေ။
ကျေးဇူးပါချောရေ။

စိတ်ဝင်စားစရာအရမ်းကောင်းတယ်နော်။
မျှဝေတဲ့စေတနာကို ကျေးဇူးတင်တယ်။
ဒိုကူးမန်တရီ ပို့စ်ပဲ။

ထူးဆန်းတယ်နော် ... ဒါမယ့်လေ အပြင်မှာ အဲလိုရွှေ့ လာတာ တွေ့ လိုက်ရရင် သေသွားမလား မသိဘူး .. သရဲ ဆိုပြီးတော့လေ ... ;P

သံလိုက် ( လျှပ်စစ် ) တွေနဲ့ ကမ္ဘာ မှာ ထူးဆန်းထွေလာ ဖြစ်နေတာကို ဟေုသုတ ဖြစ်ရပါတယ်။
ငြိမ်းစိုးဦး

အင်ကြင်းသန့် said...

ဒါများ လွယ်လွယ်လေး....သရဲခြောက်တာက လွယ်လို့ ဘာများဖြစ်မတုန်း.... :D

တည်ငြိမ်မင်းလွင် said...

မချောလေးရေ....ထူးထူးဆန်းဆန်းလေးတွေ...အရမ်းအရှာတော်တာပဲဗျို့..ကျေးဂျူးနော်..မကြီးသဲလေးရေ

Htet said...

ရှူး....တိုးတိုး မြန်မာပြည်က ဂန္ဘီရ ဆရာတွေ တွေ့ သွားရင် သက်ဝင်ကျောက်ဆိုပြီး လာကောက်နေဦးမယ်။

ကျေးဇူးတင်ပါတယ်
ကျွန်တော်က သဘာဝတ၇ားတွေကို စိတ်ဝင်စားတော့ 
အစစအဆင်ပြေစေလို့ ပါ
နောက်လဲ ဖော်ပြပေးနိုင်ပါစေ.....ဆန္ဒပြုပါတယ်

သိဂီၤ said...

အရမ်းကိုထူးဆန်းတယ်နော်...
ဒီကျောက်တုံးလေးတွေက မှော်အတတ်ပညာများ တတ်ထားသလား ချောရေ...:D

kotunygn said...

Thanks so much for sharing ur knowledge ......

win hlaing said...

အင်..ခေတ်တွေလဲပြောင်း ကမ္ဘာတွေလဲပြောင်း.. ကျောက်တုန်းတွေလဲနေရာပြောင်း photoshop ရဲ့ ပညာတွေလည်းပြောင်းလဲတိုးတက်လာပြီထင်ပါရဲ့

ဖြိုး said...

အင်း........တကယ်ကိုသဘာဝအ၇ဆို၇င်တော့.........ထူးဆန်းတာပဲ။။။စောင့်ကြည့်နိုင်၇င်ကောင်းမယ်နော်။။။။

ခေါ်န် said...

ဝါးးးးးးးးးးးးးးတော်တော်ထူးဆန်းတယ်နော်
မိုက်တယ်............စိတ်လဲဝင်စားတယ် တခါမှ မကြားဖူးဘူး......
များများတင်နိုင်ပါစေနော်အမ

ုKZL said...

အမေ၇းထားတဲ့.........အ၇မ်းဖတ်လို့ ကောင်းပါတယ်........နောက်လည်းများများတင်နိုင်ပါစေ........